Monday, August 24, 2015

ဆင်ဘို - ဗန်းမော် - မြစ်ကြီနား သွား စက်လှေများအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးငွေများ ကောက်ခံ

ဆင်ဘို - ဗန်းမော် - မြစ်ကြီနား သွား စက်လှေများအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးငွေများ ကောက်ခံ 23-8-2015 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမှ ဗန်းမော် - မြစ်ကြီးနားသို့ ပြေးဆွဲလျက်ရှိသော စက်လှေများအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံလျက်ရှိကြောင်း ဗန်းမော်မြို့နေ ဒေသခံများထံမှ သိရသည်။ ဆင်ဘို - ဗန်းမော် - မြစ်ကြီးနားမြို့များသို့ သွားလာလျက်ရှိသော စက်လှေများအား သြဂုတ်လ ဒုတိယအပတ်မှစ၍ KIA အဖွဲ့မှ မူးယစ်ဆေးဝါးအကြောင်းပြပြီး စစ်ဆေးမှုများပြုလုပ်ခြင်းနှင့် စက်လှေ(အသေး) တစ်စီးလျှင် ငါးထောင်ကျပ် ၊ ထုံး/ ဘိလပ်မြေများတင်ဆောင်သည့် စက်လှေ(အကြီး)တစ်စီးလျှင် နှစ်သောင်း၊ သုံးသောင်း ကျပ်ခန့် အတင်းအကြပ်ကောက်ခံ လျက်ရှိကြောင်း စက်လှေအလုပ်သမားတစ်ဦးမှ ပြောကြားခဲ့သည်။ “ ဇူလိုင်လတုန်းကမှ ဆက်ကြေးငွေတွေပေးဆောင်ရမယ်ဆိုလို့ ပေးပြီးပြန်လာတုန်း ရှိသေးတယ် အခုတစ်ခါ ထပ်ပေး ရမယ်ဆိုတော့ ကျွန်တော်တို့မှာ အခက်အခဲအများကြီးဖြစ်ပါတယ်၊ ပြီးရင် ကချင်ပြည်နယ်မှာက တိုက်ပွဲတွေ ဖြစ်နေပြန် တော့ ခရီးသည်နဲ့ကုန်ပစ္စည်းတွေ သိပ်မရတဲ့အထဲ အခုလိုဆက်ကြေးငွေတွေကို မကြာခဏကောက်ခံနေတော့ ကျွန်တော် တို့ စက်လှေပိုင်ရှင်တွေလည်း စက်လှေလိုင်းတွေကို ပိတ်သိမ်းဖို့ စဉ်းစား နေကြပြီ ” ဟု စက်လှေပိုင်ရှင်တစ်ဦးမှလည်း ပြောကြားခဲ့သည်။ “ စက်လှေလိုင်းတွေ ပိတ်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ဒုက္ခရောက်ကြောင်း၊ အခုလို KIA အဖွဲ့က ဆက်ကြေး ကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းတို့ကို ပြုလုပ်နေခြင်းကြောင့် နောက်ဆုံး နစ်နာသူတွေမှာ ဒေသခံတိုင်းရင်းသားတွေပဲ ဖြစ်ကြောင်း ” ဗန်းမော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ပြောပြပါသည်။ နော်ဂျာ ဆင်ဘို - ဗန်းမော် - မြစ်ကြီနား သွား စက်လှေများအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးငွေများ ကောက်ခံ 23-8-2015 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ဆင်ဘိုမှ ဗန်းမော် - မြစ်ကြီးနားသို့ ပြေးဆွဲလျက်ရှိသော စက်လှေများအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံလျက်ရှိကြောင်း ဗန်းမော်မြို့နေ ဒေသခံများထံမှ သိရသည်။ ဆင်ဘို - ဗန်းမော် - မြစ်ကြီးနားမြို့များသို့ သွားလာလျက်ရှိသော စက်လှေများအား သြဂုတ်လ ဒုတိယအပတ်မှစ၍ KIA အဖွဲ့မှ မူးယစ်ဆေးဝါးအကြောင်းပြပြီး စစ်ဆေးမှုများပြုလုပ်ခြင်းနှင့် စက်လှေ(အသေး) တစ်စီးလျှင် ငါးထောင်ကျပ် ၊ ထုံး/ ဘိလပ်မြေများတင်ဆောင်သည့် စက်လှေ(အကြီး)တစ်စီးလျှင် နှစ်သောင်း၊ သုံးသောင်း ကျပ်ခန့် အတင်းအကြပ်ကောက်ခံ လျက်ရှိကြောင်း စက်လှေအလုပ်သမားတစ်ဦးမှ ပြောကြားခဲ့သည်။ “ ဇူလိုင်လတုန်းကမှ ဆက်ကြေးငွေတွေပေးဆောင်ရမယ်ဆိုလို့ ပေးပြီးပြန်လာတုန်း ရှိသေးတယ် အခုတစ်ခါ ထပ်ပေး ရမယ်ဆိုတော့ ကျွန်တော်တို့မှာ အခက်အခဲအများကြီးဖြစ်ပါတယ်၊ ပြီးရင် ကချင်ပြည်နယ်မှာက တိုက်ပွဲတွေ ဖြစ်နေပြန် တော့ ခရီးသည်နဲ့ကုန်ပစ္စည်းတွေ သိပ်မရတဲ့အထဲ အခုလိုဆက်ကြေးငွေတွေကို မကြာခဏကောက်ခံနေတော့ ကျွန်တော် တို့ စက်လှေပိုင်ရှင်တွေလည်း စက်လှေလိုင်းတွေကို ပိတ်သိမ်းဖို့ စဉ်းစား နေကြပြီ ” ဟု စက်လှေပိုင်ရှင်တစ်ဦးမှလည်း ပြောကြားခဲ့သည်။ “ စက်လှေလိုင်းတွေ ပိတ်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေး ဒုက္ခရောက်ကြောင်း၊ အခုလို KIA အဖွဲ့က ဆက်ကြေး ကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းတို့ကို ပြုလုပ်နေခြင်းကြောင့် နောက်ဆုံး နစ်နာသူတွေမှာ ဒေသခံတိုင်းရင်းသားတွေပဲ ဖြစ်ကြောင်း ” ဗန်းမော်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ပြောပြပါသည်။ နော်ဂျာ

No comments: