Sunday, August 30, 2015

KIA ရင်း(၆)မှ ပြည်သူ့စစ်သင်တန်း ပေးရန်အတွက် လူသစ်များ အတင်းအဓမ္မ လူသစ်စုဆောင်း လျှက်ရှိ

KIA ရင်း(၆)မှ ပြည်သူ့စစ်သင်တန်း ပေးရန်အတွက် လူသစ်များ အတင်းအဓမ္မ လူသစ်စုဆောင်း လျှက်ရှိ ========================================= 29, August, 2015 By Kachin People KIA ရင်း(၆)လှုပ်ရှားရာ ဖားကန့်ဒေသတွင် KIA ရင်း(၆)လက်အောက်ခံ ပြည်သူ့စစ် တပ်ခွဲ(၃)နှင့်(၄) ဖွဲ့စည်းထားပြီး လှုပ်ရှားလျှက်ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ(၂၂)ရက်နေ့က ပြည်သူ့စစ်သင်တန်းပို့ချရန်အတွက် ဒေသခံပြည်သူများအား အတင်းဓမ္မ လူသစ်စုဆောင်းရာ ကျား/မ အင်အားစုစုပေါင်း(၁၃၀)ခန့်ရှိကြောင်း သင်တန်းကာလမှာ(၃)လဟု သိရှိရပါသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူအများစုမှာ ဝေးလံခေါင်ပါးသော ကျေးရွာများ၊ လမ်းဘေး ဈေးဆိုင်များ၊ ရေမဆေးကျောက်ရှာဖွေသူများဖြစ်ပြီး ပြည်သူ့တပ်ခွဲမှ တကက၊ တက အဆင့် ရှိသူတို့ဦးစီး၍ လိုက်လံ ခေါ်ဆောင်လျှက်ရှိကြောင်းသိရှိရသည်။ ၎င်းတို့ဖမ်းဆီးခေါ်ဆောင် ခံရသော ဒေသခံများထဲတွင် အသက်(၁၈)နှစ်အောက်ခလေးများ ပါဝင်သည်ဟု ဖမ်းဆီးခံရသူ၏ ဆွေမျိုးသားချင်းတစ်ဦးမှပြောပြချက်အရ သိရှိရသည်။

No comments: