Sunday, August 30, 2015

KIA မှ စစ်ရှောင်ဒုက္ခသည်များအား လိုက်လံဖမ်းဆီးခြင်းကို ရပ်တန့်ပေးပါ =========================================

KIA မှ စစ်ရှောင်ဒုက္ခသည်များအား လိုက်လံဖမ်းဆီးခြင်းကို ရပ်တန့်ပေးပါ ========================================= 28, August, 2015 By Kachin People တပ်မတော်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားတိုင်း KIA မှ ၎င်းပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဟု သိရှိရပါသည်။ အချို့သော ဒုက္ခသည်များမှာ ထွက်ပြေးလာပြီး အချို့သော ဒုက္ခသည်အများစုမှာ ထွက်ပြေး၍ မလွတ်နိုင် သောကြောင့် မိသားစုဝင်များ KIA ထဲတွင် တာဝန်ထမ်းဆောင်နေခြင်းကြောင့်သာ နေနေကြရ သည်ဟု ဆိုပါသည်။ KIA မှ ရှိပြီးသား ဒုက္ခသည်တွေကိုတောင် ထမင်းနပ်မှန်အောင် မကျွေးနိုင်ပဲ ဒုက္ခသည်များ ထပ်တိုးပွားအောင်လုပ်ဆောင်နေခြင်း၊ စစ်ရှောင်ဒေသခံများကို ဒုက္ခသည်အဖြစ် ဆက်လက် ဖမ်းဆီး ခေါ်ဆောင်နေခြင်းအပေါ် ရပ်တန်းကရပ်ဖို့ တာဝန်ရှိသူအဆင့်ဆင့်အား တိုင်ကြား သွားမည်ဟု ထွက်ပြေးလာသူ ဒုက္ခသည်တစ်ဦးမှ ပြောကြားထားပါသည်။

No comments: