Friday, August 28, 2015

ခေတ်ပညာတတ် ဒေသခံလူငယ်များအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ

ခေတ်ပညာတတ် ဒေသခံလူငယ်များအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ 27-8-2015 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများနှင့်ဘွဲ့ရရှိပြီး သူများအား သြဂုတ်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် စာရင်းပြုစုလျက်ရှိကြောင်း ယင်းဒေသခံရွာသား များထံမှ သိရသည်။ အဆိုပါအဖွဲ့သည် လမုံကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးကို ခေါ်ယူ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် ဘွဲ့ရရှိပြီးသူ ကချင်လူငယ်များအား လူသစ်အဖြစ်စုဆောင်းရန် လာရောက်စည်းရုံး ပြောဆိုခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အမည်စာရင်းများပြုစုပေးရန် ပြောကြားခဲ့ကြောင်း လမုံကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။ “ ရွာကိုရောက်လာပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်တွေ့တယ်၊ ရွာမှာရှိတဲ့ပညာတတ် လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ စာရင်းတောင်းတယ်၊ လူသစ်စုဆောင်းမလို့ပဲနေမှာပေါ့ ” ဟု ရွာသားတစ်ဦး ကပြောသည်။ “ KIAအဖွဲ့က ပညာတတ်လူငယ်တွေရဲ့ နာမည်စာရင်း လိုက်တောင်းနေတယ်ကြားလို့ ရွာတွေမှာရှိတဲ့ ပညာတတ် လူငယ်တွေ တခြားမြို့တွေကို အားလုံးရှောင်ပြေးကုန်ကြပြီ၊ ကလေးတွေက ကျောင်းပိတ်ကြလို့ မိဘတွေဆီခဏ ပြန်လာကြတာ၊ အခွင့်အရေးရရင်ရသလို လုပ်တော့တာပဲ၊ သူတို့မှာမိဘစိတ်မရှိကြဘူးလားဗျာ ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။ ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့်ကြိုးပမ်းနေသော KIA အဖွဲ့ အနေဖြင့် မိမိဒေသအတွင်းရှိ ပညာတတ် လူငယ်များကို အတင်းအကြပ် လူသစ်စုဆောင်းသည့်လုပ်ရပ်သည် ငြိမ်းချမ်းရေးကိုပျက်စီးစေမည့် အရိပ်အယောင်များဟု ခံစားမိကြောင်းနှင့် ဒေသခံတိုင်းရင်းသားများမှာလည်း KIA အဖွဲ့၏ လုပ်ရပ်များအပေါ် အကြီးအကျယ် စိတ်ဓာတ်ပျက် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ ဒေသခံရှေ့နေ တစ်ဦးက ပြောကြား ခဲ့သည်။ ဆိုင်နော်(ဖားကန့်) ခေတ်ပညာတတ် ဒေသခံလူငယ်များအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ 27-8-2015 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများနှင့်ဘွဲ့ရရှိပြီး သူများအား သြဂုတ်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် စာရင်းပြုစုလျက်ရှိကြောင်း ယင်းဒေသခံရွာသား များထံမှ သိရသည်။ အဆိုပါအဖွဲ့သည် လမုံကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးကို ခေါ်ယူ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် ဘွဲ့ရရှိပြီးသူ ကချင်လူငယ်များအား လူသစ်အဖြစ်စုဆောင်းရန် လာရောက်စည်းရုံး ပြောဆိုခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အမည်စာရင်းများပြုစုပေးရန် ပြောကြားခဲ့ကြောင်း လမုံကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။ “ ရွာကိုရောက်လာပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်တွေ့တယ်၊ ရွာမှာရှိတဲ့ပညာတတ် လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ စာရင်းတောင်းတယ်၊ လူသစ်စုဆောင်းမလို့ပဲနေမှာပေါ့ ” ဟု ရွာသားတစ်ဦး ကပြောသည်။ “ KIAအဖွဲ့က ပညာတတ်လူငယ်တွေရဲ့ နာမည်စာရင်း လိုက်တောင်းနေတယ်ကြားလို့ ရွာတွေမှာရှိတဲ့ ပညာတတ် လူငယ်တွေ တခြားမြို့တွေကို အားလုံးရှောင်ပြေးကုန်ကြပြီ၊ ကလေးတွေက ကျောင်းပိတ်ကြလို့ မိဘတွေဆီခဏ ပြန်လာကြတာ၊ အခွင့်အရေးရရင်ရသလို လုပ်တော့တာပဲ၊ သူတို့မှာမိဘစိတ်မရှိကြဘူးလားဗျာ ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။ ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့်ကြိုးပမ်းနေသော KIA အဖွဲ့ အနေဖြင့် မိမိဒေသအတွင်းရှိ ပညာတတ် လူငယ်များကို အတင်းအကြပ် လူသစ်စုဆောင်းသည့်လုပ်ရပ်သည် ငြိမ်းချမ်းရေးကိုပျက်စီးစေမည့် အရိပ်အယောင်များဟု ခံစားမိကြောင်းနှင့် ဒေသခံတိုင်းရင်းသားများမှာလည်း KIA အဖွဲ့၏ လုပ်ရပ်များအပေါ် အကြီးအကျယ် စိတ်ဓာတ်ပျက် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ ဒေသခံရှေ့နေ တစ်ဦးက ပြောကြား ခဲ့သည်။ ဆိုင်နော်(ဖားကန့်)

No comments: