Monday, August 24, 2015

ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးအား KIA အဖွဲ့မှ အနိုင်ကျင့်ဖမ်းဆီးငွေညှစ် 22-8-2015

ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးအား KIA အဖွဲ့မှ အနိုင်ကျင့်ဖမ်းဆီးငွေညှစ် 22-8-2015 ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ မှော်ဒေသတွင် ရေမဆေးကျောက်ရှာဖွေတူးဖော်ရာ ကျောက်အောင်သွား သော အလုပ်သမားတစ်ဦးအား သြဂုတ်လ ၁၉ ရက်နေ့က KIA အဖွဲ့မှ ဖမ်းဆီးသွားကြောင်း ရေမဆေးကျောက် ရှာဖွေသူများထံမှ သိရသည်။ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ စကားဝါမှော်တွင် ယခင်ရွှေကျင်းဟောင်းများ၊ မြေစာပုံဟောင်းများအား ဒေသခံများမှ ရေမဆေးကျောက်ရှာဖွေလျက်ရာ မောင်နိုင် ၂၅ နှစ်မှ မျှောတိုက် ရှာဖွေစဉ် ကျောက်စိမ်းရိုင်း တစ်တုံးအား ရရှိခဲ့သဖြင့် ကျောက်ဝိုင်းတွင် ရောင်းချခဲ့သည်။ ယခင်ကျင်းဟောင်းပိုင်ရှင် ဒေါ်ကျင်မေ မှ ကျောက်ရောင်းရငွေ ကျပ်သိန်း ၁၅၀ အနက် ကျပ်သိန်း ၁၀၀ အားပေးရန် တောင်းခဲ့ရာ မောင်နိုင် မှ မပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် ဒေါ်ကျင်မေ က KIA အဖွဲ့သို့ သွားရောက်တိုင်ကြားခဲ့မှုကြောင့် KIA အဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးထံမှသိရသည်။ “အဆင်မပြေလို့ ဒီမှာလာလုပ်စားကြတာ၊ ကျောက်အောင်တော့လည်း KIA အဖွဲ့က ဖမ်းသွားတယ် ၊ KIA ကလည်း လူသစ်ခဏခဏလာစုနေတယ်၊ မနေ့ကပဲ ရေမဆေးကျောက်ရှာနေတဲ့ ကောင်လေး ၅ ယောက် ကို ဖမ်းခေါ်သွားတယ်” ဟု ဒေသခံရေမဆေးကျောက်ရှာဖွေသူ အလုပ်သမားတစ်ဦးက ပြောသည်။ KIA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများထံမှ မကြာခဏဆက်ကြေးကောက်ခံခြင်းနှင့် ရိက္ခာစုဆောင်းခြင်း၊ ယခုကဲ့သို့ ဆင်းရဲနွမ်းပါး ရေမဆေးကျောက်ရှာဖွေနေသူများအား ငွေညှစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကျူးလွန်နေသောကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေအုံးမှာ ဖြစ်ကြောင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားခဲ့သည်။ ဆိုင်နော်(ဖားကန့်) ရေမဆေးကျောက်ရှာဖွေသူ တစ်ဦးအား KIA အဖွဲ့မှ အနိုင်ကျင့်ဖမ်းဆီးငွေညှစ် 22-8-2015 ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ မှော်ဒေသတွင် ရေမဆေးကျောက်ရှာဖွေတူးဖော်ရာ ကျောက်အောင်သွား သော အလုပ်သမားတစ်ဦးအား သြဂုတ်လ ၁၉ ရက်နေ့က KIA အဖွဲ့မှ ဖမ်းဆီးသွားကြောင်း ရေမဆေးကျောက် ရှာဖွေသူများထံမှ သိရသည်။ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ စကားဝါမှော်တွင် ယခင်ရွှေကျင်းဟောင်းများ၊ မြေစာပုံဟောင်းများအား ဒေသခံများမှ ရေမဆေးကျောက်ရှာဖွေလျက်ရာ မောင်နိုင် ၂၅ နှစ်မှ မျှောတိုက် ရှာဖွေစဉ် ကျောက်စိမ်းရိုင်း တစ်တုံးအား ရရှိခဲ့သဖြင့် ကျောက်ဝိုင်းတွင် ရောင်းချခဲ့သည်။ ယခင်ကျင်းဟောင်းပိုင်ရှင် ဒေါ်ကျင်မေ မှ ကျောက်ရောင်းရငွေ ကျပ်သိန်း ၁၅၀ အနက် ကျပ်သိန်း ၁၀၀ အားပေးရန် တောင်းခဲ့ရာ မောင်နိုင် မှ မပေးနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် ဒေါ်ကျင်မေ က KIA အဖွဲ့သို့ သွားရောက်တိုင်ကြားခဲ့မှုကြောင့် KIA အဖွဲ့မှ လာရောက်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးထံမှသိရသည်။ “အဆင်မပြေလို့ ဒီမှာလာလုပ်စားကြတာ၊ ကျောက်အောင်တော့လည်း KIA အဖွဲ့က ဖမ်းသွားတယ် ၊ KIA ကလည်း လူသစ်ခဏခဏလာစုနေတယ်၊ မနေ့ကပဲ ရေမဆေးကျောက်ရှာနေတဲ့ ကောင်လေး ၅ ယောက် ကို ဖမ်းခေါ်သွားတယ်” ဟု ဒေသခံရေမဆေးကျောက်ရှာဖွေသူ အလုပ်သမားတစ်ဦးက ပြောသည်။ KIA အဖွဲ့အနေဖြင့် ဒေသခံတိုင်းရင်းသားများထံမှ မကြာခဏဆက်ကြေးကောက်ခံခြင်းနှင့် ရိက္ခာစုဆောင်းခြင်း၊ ယခုကဲ့သို့ ဆင်းရဲနွမ်းပါး ရေမဆေးကျောက်ရှာဖွေနေသူများအား ငွေညှစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများကို ကျူးလွန်နေသောကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေအုံးမှာ ဖြစ်ကြောင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားခဲ့သည်။ ဆိုင်နော်(ဖားကန့်)

No comments: