Thursday, August 27, 2015

***KBZ ဘဏ် ကမောက်ကမဖြစ်စေပြီး တိုင်းပြည်စီးပွားရေး ယိမ်းယိုင်စေရန် လုပ်ဆောင်နေသည်ဟု သံသယ ရှိသူများတွင် တိုးနိုင်မန်း ပါဝင်နေ***

ရေဘေးကြောင့်ပျက်စီးခဲ့ သည့်ရထားလမ်းပိုင်းများ ပြန်လည်ပြုပြင်ပြီးစီး =============================================== နေပြည်တော် သြဂုတ် ၂၆ ဇူလိုင် ၁၇ ရက်မှစတင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာ့မီးရထား၏ တိုင်းအသီးသီးတွင် ရထားလမ်းပိုင်းများ ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး ပြည်သူများ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ရထားလမ်းများပျက်စီးမှုတွင် တိုင်း အမှတ် (၂) မန္တလေး-မြစ်ကြီးနား လမ်းပိုင်းမှ ပေ ၁ဝဝ ကျော်ရှည်သည့် ကံကြီး-ဇော်ချောင်းတံတားအမှတ် (၂၈၁)၏ မန္တဘေးဘက်အခြမ်း ကမ်းကပ်ခုံနောက်ပေ ၈ဝ နှင့် မြစ်ကြီးနားဘက်ခြမ်း ကမ်းကပ်ခုံနောက် ပေ ၁၂ဝ ရေတိုက်စားပြီးသံလမ်းများ ပတ္တလားပုံသဏ္ဌာန် ဖြစ်ပွားခဲ့သည်။ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် လမ်းပိုင်းများတွင် ပိတ်မိနေသော ခရီးသည်များအား သွားလာရေးအဆင်ပြေစေရန် သံလမ်းကူးကြိုးတန်းများ ပြုလုပ်ခြင်း၊ ကယ်ဆယ်ရေးအဖွဲ့များက ခရီးသည်များကို ကူညီပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အစားအသောက်များ ကျွေးမွေးခြင်းတို့ကို မြန်မာ့မီးရထားဝန်ထမ်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များက ကူညီဆောင်ရွက် ပေးခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာ့မီးရထား အင်ဂျင်နီယာ နှင့် လုပ်သားများသည် အခက်အခဲများကြားမှ ကြိုးပမ်းပြင်ဆင်ဆောင်ရွက်မှု ကြောင့် ပျက်စီးမှုအများဆုံးဖြစ်သည့် ကံကြီး-ဇော်ချောင်းလမ်းပိုင်း တံတား အမှတ် (၂၈၁) ကို သြဂုတ် ၁၆ ရက်ကလည်းကောင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို သြဂုတ် ၁၇ ရက်ကလည်းကောင်း ပြန်လည်ဖွင့်လှစ်ခဲ့သည့်အတွက် မန္တလေး-မြစ်ကြီးနား အစုန်/အဆန်ခရီးစဉ်ကို ခရီးသွားပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ (သတင်းစဉ်)

No comments: