Sunday, August 23, 2015

ဆွမ်ပရာဘွမ်မြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၁၂၀ ပို့ဆောင်ထောက်ပံ့

ဆွမ်ပရာဘွမ်မြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ် ၁၂၀ ပို့ဆောင်ထောက်ပံ့ ဆွမ်ပရာဘွမ်မြို့နယ် စစ်ဘေးရှောင်ပြည်သူများ၏ လတ်တလော လိုအပ်လျက် ရှိသော စားနပ်ရိက္ခာများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှု၊ ပူတာအို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှု ဖြင့် မလိခညီအစ်ကိုများ ကုမ္ပဏီက ပထမအကြိမ်အဖြစ် မော်တော်ယာဉ် နှစ်စီးဖြင့် ဆန်အိတ် ၁၂ဝ ကို သြဂုတ် ၂ဝ ရက်က ပူတာအိုမြို့နယ် ဆွမ်ပီယာန် ကျေးရွာသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ သြဂုတ် ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် ဆန်အိတ် ၁ဝဝ ကို ပို့ဆောင်ပေး သွားမည်ဖြစ်ပြီး ဆွမ်ပီယာန်ကျေးရွာသို့ ပေးပို့ရောက်ရှိထား သော ဆန်အိတ် များ ကို ဆွမ်ပရာဘွမ်မြို့နယ်မှ မော်တော်ယာဉ်ဖြင့် လာရောက် သယ်ယူကာ စစ်ဘေးရှောင်ပြည်သူများသို့ ဆက်လက်ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။ (ခရိုင် ပြန်/ဆက်)

No comments: