Tuesday, August 25, 2015

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိလာတဲ့ ကချင်အုပ်စုများ

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိလာတဲ့ ကချင်အုပ်စုများ ----------------------------------------------------------------------- တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုအပြီးသတ်လက်မှတ်ရေးထိုးဖို့ နိုင်ငံတော်သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၅) ဖွဲ့ထံ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးဖြစ်ပါတယ်။ ကမ်းလှမ်းခံရတဲ့ ၁၅ ဖွဲ့အနက်မှ KNU, KNU/KNLA-PC, RCSS/SSA, DKBA စတဲ့ လက်နက်ကိုင် ၄ ဖွဲ့ကတော့ သဘောတူလက်ခံတဲ့အကြောင်း ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကျန်တဲ့ ၁၁ ဖွဲ့ကတော့ UWSA, NDAA, KIO/KIA, ABSDF, KNPP, PNLO, SSPP/ SSA, CNF, MNSP, ALP, NSCN(K) အဖွဲ့တွေပဲဖြစ်ပါတယ်။ အဲဒီ ၁၁ ဖွဲ့ထဲမှာ KIO/KIA ကလွဲလို့ ကျန်တဲ့ အဖွဲ့တွေဟာ အပစ်ရပ်လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတဲ့ အဖြေတွေ မပေးသေးတာကိုလည်းတွေ့ရပါတယ်။ လက်ရှိအနေအထားအရ ကမ်းလှမ်းချက်အတိုင်း လက်မှတ်ထိုးမှာက ၄ ဖွဲ့၊ လက်မှတ်မထိုးဘူးလို့ ငြင်းလိုက်တာက KIO/ KIA တစ်ဖွဲ့တည်းဖြစ်ပါတယ်။ ကျန်တဲ့လက်နက်ကိုင်အဖွဲ့တွေ ဘယ်ဘက်ကိုလိုက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေ ပါတယ်။ KNU အပါအ၀င် ၄ ဖွဲ့ဘက်ကိုလိုက်ရင် ငြိမ်းချမ်းရေးလိုချင်တယ်လို့ သတ်မှတ်နိုင်ပြီး KIO/KIA ဘက်လိုက် ရင်တော့ ငြိမ်းချမ်းရေးမလိုချင်တာကြောင့်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ရှည်လျားခဲ့တဲ့ ပြည်တွင်း စစ်ကို အဆုံးသတ်ဖို့ အခုချိန်ဟာ အချိန်အခါကောင်းပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေ တွေဝေမနေဘဲ ရဲရဲတင်းတင်း ဆုံးဖြတ်သင့်တယ်လို့မြင်ပါတယ်။ အများပြည်သူကလည်း ပြည်တွင်းငြိမ်းချမ်းရေးကို ရစေချင်နေကြပါပြီ။ အများဆန္ဒနဲ့ ဆန့်ကျင်ပြီး KIO/ KIA အပါအ၀င် ကချင်အုပ်စုတွေကတော့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးရေးကို နည်းမျိုးစုံသုံးပြီး ဟန့်တားနှောင့်ယှက်နေတာ တွေ့ရပါ တယ်။ ဒါဟာ အန္တရာယ်ကြီးပါတယ်။ ရည်ရွယ်ချက်ရှိရှိ NCA လက်မှတ် မထိုးဖြစ်အောင် ပူးပေါင်းကြံစည်မှု ဆိုရင်တော့ ဒါဟာ ခွင့်လွှတ်စရာ အကြောင်းမရှိပါဘူး။ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း အဖြေရှာဖို့လည်း လိုပါ တယ်။ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်စေဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်ပြိုင်တည်း NCA မှာ လက်မှတ်ရေးထိုးသွားရေး မူကို ဆက်လက်စွဲကိုင်ထားမယ်ဆိုပြီး KIO ကကြေညာချက် ထုတ်လာပါတယ်။ KIO/KIA ဟာ အပစ်ရပ်ရေးနဲ့ ပတ်သက်ပြီး တော်တော်လေးလှုပ်လှုပ်ရှားရှား လုပ်လာတာတွေ့ရပါတယ်။ သြဂုတ် ၁၇ နဲ့ ၁၈ ရက်နေ့တွေတုန်းကလည်း လိုင်ဇာမှာ လူထုတွေ့ဆုံပွဲဆိုပြီး KIO/ KIA, KBC, RC ခေါင်းဆောင်တွေက ဦးစီး ဦးဆောင်လုပ်ခဲ့ကြတယ်။ ဘာမှမသိနားမလည်တဲ့ ဒေသခံပြည်သူတွေကို လက်နက်ကိုင်အားလုံးပါဝင်မှ လက်မှတ်ထိုးပါ၊ မပါရင်မထိုးပါနဲ့ဆိုပြီး ပြောခိုင်းတယ်။ ဒါကိုလူထုဆန္ဒခံယူပွဲအရ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်ရေးမူကို စွဲကိုင် တာပါဆိုပြီး ပြောလာတယ်။ ကလေးကလား လုပ်ဇာတ်တွေနဲ့ ငြိမ်းချမ်းရေးကို လက်တစ်လုံးခြားလှည့်စားဖို့ကြံစည်နေတာ သတိထားစရာ ကောင်းနေပါတယ်။ KIO, KIA, KBC, RC ဆိုတာ လက်နက်ကိုင်နဲ့ ဘာသာရေးအဖွဲ့တွေပါ။ ပုလင်းတူဘူးဆို့အဖွဲ့တွေလို့လည်း ပြောနိုင်ပါ တယ်။ နောက်ထပ် KNO ဆိုတဲ့အဖွဲ့လည်းပေါ်လာပြန်ပါတယ်။ KNU, KNU/KNLA-PC, DKBA, RCSS/SSA တို့ အပစ် ရပ်လက်မှတ်ထိုးမှာကို မနာလိုဝန်တိုစိတ်နဲ့ ဘေးထိုင်ဘုပြောနေတဲ့အဖွဲ့ပါ။ နေတော့ နိုင်ငံခြား၊ ပြောတော့ တိုင်းရင်းသား အရေးဆိုတော့ ပုံရိုင်းရိုင်းပြောရရင် ခွေးဖင်က နတ်စကား ထွက်တယ်လို့ပဲပြောရတော့မှာပေါ့။ သူများပေးတာယူ ကျွေးတာ စားနေတဲ့ ပြည်ပအခြေစိုက် KNO အဖွဲ့က ဘာမသိညာမသိ ၀င်ဟောင်နေတာကတော့ ကြားမကောင်းဘူးလို့ပဲ ပြော ရပါမယ်။ ဒီတော့ KIO, KIA, KBC, RC, KNO ဆိုတဲ့ ကချင်အုပ်စုတွေဟာ ငြိမ်းချမ်းရေးကိုမလိုလားဘူးဆိုတာ မြင်သာစေ ပါတယ်။ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိတ်၊ အဇီး၊ ရ၀မ်၊ လီဆူး၊ ရှမ်း စတဲ့ တိုင်ရင်းသားမျိုးနွယ်စုတွေ အတွက်တော့ စိတ်မကောင်းစရာပါ။ လိုချင်တောင့်တမျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးကို လက်နက်ကိုင်နဲ့ ဘာသာရေး ခေါင်းဆောင်တစ်စုရဲ့ လုပ်ကြံဖန်တီးနေမှုကြောင့် ဝေးကွာရမယ့် အခြေအနေဆိုက်နေပါပြီ။ ငြိမ်းချမ်းရေးမလိုချင်တဲ့လူ ဘယ်သူရှိမလဲ။ မျိုးနွယ်စုတွေရဲ့ ဆန္ဒနဲ့သွေဖည်ပြီး KIO/ KIA ခေါင်းဆောင်တွေဟာ အာဏာနဲ့ စည်းစိမ်ဥစ္စာတည်မြဲဖို့ ငြိမ်းချမ်းရေးမရချင်ဘူးဆိုတာ ရှင်းနေပါတယ်။ ပိုပြီး စိတ်မကောင်းစရာက (၁၀)ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ၊ ကချင်ပြည်နယ် အရပ်ဘက် လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးကွန်ယက်ဆိုတဲ့ အသင်းအဖွဲ့တွေကလည်း KIO/KIA ရဲ့လေသံနဲ့ တစ်ပုံစံတည်းလိုက်ပြီး လက်နက်ကိုင်အားလုံးပါမှ လက်မှတ်ထိုးရေးမူကို ကျင့်သုံးပါဆိုပြီး မီးလောင်ရာလေပင့်လုပ်ပေးလိုက်ကြပြန် ပါတယ်။ KIO, KIA, KBC, RC, KNO, (၁၀)ကြိမ်မြောက် အရပ်ဘက်လူ့အဖွဲ့အစည်းငြိမ်းချမ်းရေးဖိုရမ်၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများဖိုရမ် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီ၊ ကချင်ပြည်နယ် အရပ်ဘက်အဖွဲ့ အစည်းများ ငြိမ်းချမ်းရေးကွန်ယက် ဆိုတဲ့ ကချင်အုပ်စုတွေဟာ ပြည်တွင်းငြိမ်းချမ်းရေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေကြတာကိုတွေ့ရပါတယ်။ သူတို့ကြောင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေပါ ရောယောင်ပြီး အမှားဘက်ပါသွားမှာစိုးရိမ်ရပါတယ်။ ဒီလိုသာ ဆက်ပြီးလုပ်ကြံဝါဒမှိုင်းတိုက်နေကြအုံးမယ်ဆိုရင် တိုင်းပြည်အတွက် အလွန်ပဲအန္တရာယ်ကြီးပါတယ်။ ပြည်တွင်းငြိမ်းချမ်း ရေးအတွက် အန္တရာယ်ရှိလာတဲ့ ကချင်အုပ်စုတွေကို အချိန်မီ ရှင်းလင်းသုတ်သင်မှသာ တိုင်းပြည်အေးချမ်းမယ်လို့ ဆိုချင် ပါတယ်။ #ဇော်နိုင်ထွန်း

No comments: