Wednesday, August 26, 2015

ကျောက်စိမ်းကုမ္ပဏီတစ်ခု မိုင်းခွဲစဉ် ကျောက်ရှာဖွေသူ ၁၂ ဦး ဒဏ်ရာရရှိ ===========

ကျောက်စိမ်းကုမ္ပဏီတစ်ခု မိုင်းခွဲစဉ် ကျောက်ရှာဖွေသူ ၁၂ ဦး ဒဏ်ရာရရှိ ========================================= ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ခုက တောင်ကမ်းပါးယံတစ်ခုကို မိုင်းခွဲဖြိုချစဉ် ကျောက်ရှာဖွေသူ ၁၂ ဦး ဒဏ်ရာရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရသွားသည်ဟု သတင်း ရရှိသည်။ ဖားကန့်မြို့နယ်ဆိပ်မူအုပ်စုရှိ ရတနာရောင်ခြည်ကျောက်စိမ်း ကုမ္ပဏီလုပ်ကွက်အတွင်း သြဂုတ်၂၄ ရက် နေ့လယ်က ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖားကန့်မြို့မရဲစခန်းနှင့် ဒေသခံများထံမှ သတင်းရရှိသည်။ ‘‘ကုမ္ပဏီက မိုင်း ၃၂ လုံးခွဲတာ။ မပေါက်ဘဲကျန်နေသေးတယ်ဆိုတာကို ကုမ္ပဏီက သတိ ပေးနေလျက်နဲ့ ရေမဆေးတွေက ပြေးဝင်ကောက်ကြတာ။ အဲဒီလို မြေတွေမှာ ကျောက်ပါတတ်မှန်း သိကြတော့လေ။ ၁၂ ယောက် ဒဏ်ရာရပေမယ့် သုံးယောက်ကတော့ တော်တော်ထိတယ်’’ဟု ဆိပ်မူကျေးရွာအုပ်စု ဒေသခံတစ်ဦးက ပြောသည်။ ဖားကန့်မြို့မ ရဲစခန်းက အမျိုးသားသုံးဦးဒဏ်ရာပြင်းထန်ခဲ့ပြီး ပေါင်ကျိုးခြင်းနှင့် ကိုယ်ခန္ဓာ အနှံ့ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။ အခြားသူများမှာ အသေးစားဒဏ်ရာသာရခဲ့ ခြင်းကြောင့် ဆေးရုံတွင် ကုသရန် မလိုခဲ့ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ကျောက်စိမ်းကုမ္ပဏီက တောင်ကမ်းပါးယံကို လွန်ဖြင့် ပေ ၂၀ အနက်ခန့်ဖောက်ကာ မိုင်းထည့်ဖောက်ခွဲခြင်းဖြစ်ပြီး မိုင်းအားလုံးမပေါက်ကွဲမီ ရေမဆေးသမားများက ၀င်ရောက်ကာ ကျောက်ရှာဖွေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အဆိုပါရဲတပ်ဖွဲ့ဝင်က ရှင်းပြသည်။ မိုင်းအား လုံးမကွဲသေးသောကြောင့် ရေမဆေးသမားများ ကျောက်လာမကောက်ရန် ကုမ္ပဏီက အသံချဲ့ စက်ဖြင့် သတိပေးခဲ့သေးသည်ဟု ၎င်းက ပြောသည်။ By 7Days

No comments: