Sunday, August 23, 2015

ချောင်းရေနှင့်မျောပါသွားသူနှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက်တွေ့ရှိ =========================

ချောင်းရေနှင့်မျောပါသွားသူနှစ်ဦးအနက် တစ်ဦးအားသေဆုံးလျက်တွေ့ရှိ ============================================== မိုးမောက် သြဂုတ် ၂၂ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့၏အရှေ့ဘက် နှစ်မိုင်ခန့် အကွာ ကျောက်စခန်းကျေးရွာရှိ ကျောက်စခန်းအပန်းဖြေစခန်း(STONE VILLAGE)နန့်ကျရီချောင်းအတွင်း၌ ကွန်ပျူတာတက္ကသိုလ်ကျောင်းသား တစ်ဦးနှင့် ဗန်းမော်တက္ကသိုလ်ကျောင်းသူတစ်ဦးတို့ အားလွန်ချော်ကျရာမှ တစ်ဦးမှာရေနစ်သေဆုံးပြီး အခြားတစ်ဦးမှာ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၂၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅ဝ က မောင်ကျော် လင်း နိုင် (၁၈ နှစ်) ပထမနှစ် ဗန်းမော်ကွန်ပျူတာတက္ကသိုလ်နှင့် မစုမြတ်မွန် (၁၉ နှစ်) တတိယနှစ် ရူပဗေဒ ဗန်းမော်တက္ကသိုလ်တို့နှစ်ဦးသည် မိုးမောက် မြို့၏ အရှေ့ဘက်နှစ်မိုင်ခန့်အကွာ ကျောက်စခန်းကျေးရွာရှိ ကျောက်စခန်း အပန်းဖြေစခန်း (STONE VILLAGE) နန့်ကျရီချောင်းအတွင်း၌ ရှိနေ ကြစဉ် မစုမြတ်မွန်မှာ ကျောက်တုံးပေါ်မှ ခြေထောက်ရေဆေးစဉ် အားလွန် ချော်ကျခဲ့ကြောင်း၊ ကျောက်တုံးပေါ်တွင် အတူရှိနေသူ မောင်ကျော်လင်းနိုင်က ဆင်း၍ဆယ်ယူစဉ် မစုမြတ်မွန်၏နှင့် မောင်ကျော်လင်းနိုင်တို့မှာ နန့်ကျရီ ချောင်းအတွင်းမျောပါသွားကြောင်းSTONE VILLAGE အပန်းဖြေစခန်း မန်နေဂျာ ဦးသိန်းဌေးက ကျောက်စခန်းရဲကင်းရှိ ရဲတပ်ကြပ် ဟိန်းလတ်ထွေး၊ ကျောက်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဖေတို့ထံ လာရောက် အကြောင်းကြားသဖြင့် ရဲတပ်ကြပ် ဟိန်းလတ်ထွေးက မိုးမောက်မြို့မရဲစခန်း တာဝန်မှူး ဒုရဲအုပ်စိုင်းဝေယံဦးထံ ဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့ခဲ့သည်။ မိုးမောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်ငယ်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွေးနှင့်တပ်ဖွဲ့ဝင်များသည် ကျောက်စခန်းကျေးရွာသူ ကျေးရွာ သားများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်၍ ရေနှင့်မျောပါသွား သူများကိုရှာဖွေခဲ့ရာ မစုမြတ်မွန်၏အလောင်းအား ရှာဖွေတွေ့ရှိခဲ့သဖြင့် မိုးမောက်ပြည်သူ့ဆေးရုံသို့ ရဲဆေးစာနှင့်အတူ ပေးပို့ခဲ့သည်။ သြဂုတ် ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့၊ မိုးမောက် မြို့နယ်ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊ ရွာသူ/ရွာသူများနှင့် ရေငုပ် ကျွမ်းကျင်သူများက ရေနောက်မျောပါ ပျောက်ဆုံးနေသူ မောင်ကျော်လင်း နိုင်ကို တွေ့ရှိရေး ဆက်လက်ရှာဖွေလျက်ရှိသည်။ ဆီမီးခုံ-နန်းရီ

No comments: