Sunday, August 23, 2015

မန်မာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးမျှော်လင့်အားထားရာ ----------------------------------------------------------------------

မြန်မာ့ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးမျှော်လင့်အားထားရာ ---------------------------------------------------------------------- မြန်မာနိုင်ငံ အနေနှင့် ဆယ်စုနှစ် ခုနစ်နှစ်စာ နီးပါး ရှည်ကြာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်စေနိုင်ပြီး သမိုင်းဝင်မည့် ငြိမ်းချမ်းရေးဆိုင် ရာ သဘောတူညီချက်ကိုရရှိရန် လက်တစ်ကမ်းသာ လိုပါတော့ သည်။ ဩဂုတ်လတွင် တပ်မ တော်အပါအဝင် မြန်မာ့အစိုးရ ဘက်မှ ကိုယ်စားပြုပုဂ္ဂိုလ်ခုနစ်ဦး ခန့်သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ ခေါင်းဆောင် များနှင့်တွေ့ဆုံကာ နိုင်ငံလုံးဆိုင် ရာ အပစ်အခတ်ရပ်စဲရေးသဘော တူစာချုပ်ပါ အကြောင်းအရာများ ကို အပြီးသတ်ဆွေးနွေးခဲ့ကြပါ သည်။ စာရေးသူကိုယ်တိုင် အစိုးရ အား အကြံပြုပြောဆိုကူညီပေးခဲ့ ရသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောစာချုပ်ကို ဆွေးနွေးရာတွင် တစ်နှစ်ခွဲနီးပါးမျှ ကြာအောင် ကြိုးပမ်းဆောင်ရွက် ခဲ့ရပြီး နှစ်ဖက်စလုံးမှလည်း ခက် ခဲပြင်းထန်သောညှိနှိုင်းမှုများလုပ် ဆောင်ခဲ့ရပါသည်။ ယင်းစာချုပ် မှာ တပ်မတော်ကဏ္ဍနှင့် နိုင်ငံ ရေးကဏ္ဍဆိုင်ရာ ဆောင်ရွက် ချက်များအကြား ရှုပ်ထွေးသော သတ်မှတ်ချက်များ ပါရှိသည့် အတွက် ရိုးရှင်းလွယ်ကူသော သဘောတူညီချက်မျိုးမဟုတ်ပေ။ စာချုပ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ကာလရှည် ကြာ သဘောကွဲလွဲခဲ့ကြသည့် ဖက်ဒရယ်စနစ်ကဲ့သို့သော ကိစ္စ ရပ်များအပြင် ပစ်ခတ်တိုက်ခိုက်မှု များကို လုံးဝရပ်တန့်နိုင်မည့် နိုင်ငံ ရေး ဆွေးနွေးပွဲများတွင်လည်း တရားဝင်ငြိမ်းချမ်းရေးသဘော တူညီချက်တစ်ရပ်ရရှိရန် ဆွေး နွေးခြင်းများပြုနိုင်မည့် ကနဦးစံ နှုန်းထားများပါဝင်ပါသည်။ အရေးကြီးသည့်မေးခွန်းမှာ မည်သည့်အဖွဲ့အစည်းက တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ်တွင် ပါဝင် လှုပ်ရှားဆွေးနွေးလာမည်ဆို သည့်အချက်ပင်ဖြစ်သည်။ အစိုး ရဘက်မှ တောင်းဆိုသည်မှာ သဘောတူစာချုပ်ချုပ်ဆိုရာတွင် နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲ ရေးဆိုင်ရာ သဘောတူညီချက် ရထားပြီးသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ဖြင့်သာ ကနဦးလက်မှတ်ရေးထိုးထားရန် ဖြစ်သည်။ အစိုးရက အပစ်အခတ် ရပ်စဲရေးစာချုပ်ချုပ်ဆိုရာတွင် လတ်တလော တပ်မတော်နှင့် ပဋိပက္ခဖြစ်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်သုံးဖွဲ့နှင့် လက်နက်ကိုင်မဟုတ်သည့် တိုင်း ရင်းသားအဖွဲ့အစည်းအချို့ကို ချန်လှပ်ထားလိုသည်။ ထို့ကြောင့် လက်နက်ကိုင် တပ်ဖွဲ့ ၁၅ ဖွဲ့က မည်မျှလိုလို လားလား လက်မှတ်ရေးထိုးမည် ကသာ အဓိကဖြစ်သည်။ သို့ရာ တွင် ကချင်လွတ်မြောက်ရေးတပ် မတော် (KIA)အနေဖြင့် ၂၀၁၂ ခုနှစ်က တပ်မတော်နှင့် ရေကုန် ရေခန်းတိုက်ခိုက်သော တိုက်ပွဲ များကြောင့် ၎င်းတို့အတွက် ခက် ခဲနိုင်ပါသည်။ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ကလည်း ကိုယ် ပိုင်အုပ်ချုပ်ရေးအပြည့်အဝရရှိ လျက်ရှိသည်ကို ပျော်မွေ့နေ သောကြောင့် ၎င်း၏ ယင်းအထူး အခွင့်အရေးများ ဆုံးရှုံးသွားရ မည်ကို စိုးရိမ်ပူပန်လျက်ရှိသည်။ ယခုကဲ့သို့ အရေးတကြီး ကာလတွင် နိုင်ငံတကာက နိုင်ငံ လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အတွက် ဖိအား များ ပေးသင့်ပြီးယင်းလုပ်ငန်းကြီး အရှိန်အဟုန်ဖြင့် အကောင်အ ထည်ဖော်နိုင်ရေးအတွက် တတ် အားသည့်ဘက်မှကူညီရန် အ ဆင်သင့် ဖြစ်နေသင့်ပါသည်။ တိုက်ပွဲများကို တရားဝင် အပြီး သတ်ရပ်ဆိုင်းနိုင်ခြင်းမရှိလျှင် ဒီမို ကရေစီပြောင်းလဲမှုများ၊ စီးပွား ရေးဖွံ့ဖြိုးမှုများရှိစေသည့်တိုင် အောင် မြန်မာနိုင်ငံအနေဖြင့် ရှေ့ လျှောက်ရန် မည်သို့မှမဖြစ်နိုင်ပါ။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ် လပ်ရေးရရှိခဲ့သည်။ ပြည်တွင်း စစ်သည်လည်း လွတ်လပ်ရေးရ ပြီး လအနည်းငယ်အတွင်းမှာပင် စတင်ဖြစ်ပွားခဲ့ပြီး အစိုးရအနေ ဖြင့် ကွန်မြူနစ်သူပုန်များအား ပွဲဦး ထွက်နှိမ်နင်းခဲ့ရသည်။ ထို့နောက် အခြားတော်လှန်ပုန်ကန်မှုများ (အများအားဖြင့် တိုင်းရင်းသား လူနည်းစုလက်နက်ကိုင်များ)ကို တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။ ယနေ့တွင် ရာပေါင်းများစွာသော ကျေး ရွာပြည်သူ့စစ်များနှင့် တစ်ဒါဇင် မကသော တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များရှိနေသည်။ ယင်းတို့ထဲမှ အာဏာအကြီးဆုံး ဖြစ်သော ‘ဝ’ ပြည်သွေးစည်းညီ ညွတ်ရေးအဖွဲ့ (UWSA)တွင် လက်နက်ကိုင်တပ်သားပေါင်း အနည်းဆုံးနှစ်သောင်းခန့်ရှိသည်။ တိုက်ပွဲများသည် တရုတ်နှင့် ထိုင်းနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်း သားများအတွက် လူနေမှုပုံစံတစ် ခုဖြစ်လာခဲ့သည်။ အပစ်အခတ် ရပ်စဲမှုများပြုလုပ်လိုက်၊ ချိုးဖောက်လိုက်နှင့် ဖြစ်နေခဲ့ကြသည်။ နှစ်ဖက်သော အဖွဲ့အစည်းများ တွင် မယုံကြည်မှုများ မြင့်တက်လျက်ဖြစ်သည်။ ရွေးကောက်ပွဲကြီး ကျင်းပ ရန် လအနည်းငယ်သာလိုတော့ သည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်း ရေးသို့ လှမ်းမျှော်ကြည့်နိုင်မည့် အခွင့်အရေးသည်လည်း အချိန် အနည်းငယ်သာကျန်ရှိတော့သည်။ နိုင်ငံရေးစွမ်းအင်များသည် ရွေးကောက်ပွဲမဲဆွယ်မှုများနှင့် သမ္မတလောင်းရွေးချယ်မှုဆီသို့ သာ အာရုံရှိကြသည်။ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ရေးထိုးခြင်း ဆိုင်ရာဖြစ်စဉ်သာ ပျက်စီးသွား ပါက နိုင်ငံအတွင်း ပဋိပက္ခများ တစ်ဟုန်ထိုး မြင့်မားသွားစေနိုင် ပါသည်။ ယင်းပဋိပက္ခတို့သည် ယခုကဲ့သို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲခြင်းဖြစ်စဉ်နှင့်အတူ ဟန်ချက်ညီညီရှိနေမှု၊ စီးပွားရေး ဖွံ့ဖြိုးမှုတို့ ကြိုးစားဆောင်ရွက်နေ ချိန်တွင် လုံးဝအဖြစ်မခံနိုင်ချေ။ ယခုအချိန်တွင် နောက်ကြောင်း ပြန်လှည့်ပါက လက်ရှိပိုင်ဆိုင် ထားသည့် အခြေအနေသို့ ပြန် လည်ရောက်ရှိရန် နှစ်ပေါင်းများ စွာထပ်မံအချိန်ယူရဦးမည်ဖြစ် သည်။ တစ်ဖက်တွင်လည်း တစ် နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူစာချုပ်ကို လာမည့် ရက်သတ္တပတ်များအတွင်း လက် မှတ်ရေးထိုးနိုင်ပါက လာမည့်ရွေး ကောက်ပွဲတွင် ငြိမ်းချမ်းရေးဖြစ် စဉ်ကို ပိုမိုအရှိန်အဟုန်ပြင်းစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ သေ ချာသည်မှာ အပစ်အခတ်ရပ်စဲ ရေးနှင့် ကျယ်ပြန့်ပြည့်စုံသော နိုင်ငံရေးဆွေးနွေးပွဲများ စတင် ခြင်းသည် မြန်မာနိုင်ငံ၏ အစိုးရ သစ်အတွက် ကျက်သရေမင်္ဂလာ တစ်ပါးပင်ဖြစ်ပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူညီ ချက်သည် အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအ ကြား ယခင်သဘောတူညီချက်ရရှိ ထားပြီးသော ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် သဘောတူ စာချုပ်များပါ အချက်အလက်များ ကို ပိုမိုကျစ်လျစ်၍ ပြည့်စုံသော သဘောတူညီချက်စာချုပ်တစ်ခု အနေဖြင့် ပြန်လည်စုစည်းတင်ပြ ထားခြင်းဖြစ်ပါသည်။ ယင်းစာ ချုပ်တွင် လိုက်နာဆောင်ရွက်ရ မည့် တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ် များ၊ စည်းကမ်းများနှင့် နှစ်ဖက် သဘောတူအပစ်အခတ်ရပ်စဲရေး စောင့်ကြည့်အဖွဲ့များကို ဖွဲ့စည်း သွားရေးတို့ဖြင့် အနာဂတ်တွင် ပဋိပက္ခများမဖြစ်ပေါ်စေရန် ရည် ရွယ်ရေးဆွဲထားသည်ကို တွေ့ရ ပါသည်။ စာချုပ်တွင်ပါရှိသည့် အချို့သောအခန်းများမှာ ပစ်ခတ် တိုက်ခိုက်မှု တစ်စုံတစ်ရာဖြစ်ပေါ် ခဲ့ပါက ချက်ချင်းဖြေရှင်းနိုင်ရန် (လက်နက်ကိုင်တပ်ဖွဲ့များ)အ တွက် ရုံးအဖွဲ့များထားရှိနိုင်ရန်နှင့်တပ်နေရာ ချထားခြင်းများကို တိကျပြတ်သားသော ဧရိယာ သတ်မှတ်ချက်များဖြင့် လုပ် ဆောင်သွားရန်ပါဝင်သည်။ အချို့သောအခန်းများမှာ ပဋိပက္ခဖြစ် ပွားရာဒေသများမှ ရာထောင်ချီ သော ပြည်သူများ၏ လူနေမှုဘဝ များအတွက် လိုအပ်သော ပညာ ရေး၊ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင် ရာ ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် သဘောတူစီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်သွားကြ ရန်နှင့် နေရပ်စွန့်ခွာဒုက္ခသည်များ ၏ နေရပ်ပြန်နိုင်ရေးကို လုပ်ဆောင်သွားကြရန်တို့ပါဝင်ပါသည်။ ‘‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးစာချုပ်’’ကို သ ဘောတူ လက်မှတ်ရေးထိုးပြီး သည်နှင့် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအရေး သည် တရားမဝင် အဖွဲ့အစည်း များအဖြစ် သတ်မှတ်ထားခြင်း များ မဟုတ်တော့သည့်အတွက် နိုင်ငံရေးပါတီများနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ကြတော့မည် ဖြစ်ပါသည်။ ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်သည့် နိုင်ငံ ရေးဆွေးနွေးပွဲများ စတင်သည့် အချိန်တွင် လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးသည် ပြည် ထောင်စုအရေးနှင့် လူမျိုးစုကိစ္စ ရပ်များကို လက်နက်ကိုင်အဖွဲ့ အစည်း အချင်းချင်းကြားတွင် သာမကဘဲ အရပ်ဘက်အဖွဲ့အ စည်းများ၊ အတိုက်အခံနိုင်ငံရေး ပါတီများဖြစ်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကဲ့သို့သော ပါတီများနှင့်ပါ ကျယ်ကျယ်ပြန့်ပြန့်ဆွေး နွေးသွားနိုင်ကြမည် ဖြစ်ပါသည်။ ‘‘ဤစာချုပ်အရ နိုင်ငံရေး ဆွေးနွေးပွဲများသည် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးကို အဓိကဦးတည်ဆွေးနွေးသွား မည်’’ဟု ပါရှိပါသည်။ ယင်းအချက်သည် အလွန်အရေးကြီးပြီး အနှစ် သာရပြည့်ဝသော အချက်လည်း ဖြစ်သည်။ ယခင်နှစ်အနည်းငယ် အထိ တရားဝင် သုံးစွဲခွင့်မရခဲ့ သည့် ဖက်ဒရယ်ဆိုသည့် စကား ရပ်မှာ ပြည်ထောင်စုမှ ခွဲထွက် ခြင်းဟု တပ်မတော်က နှစ်ပေါင်း ရှည်ကြာ သတ်မှတ်ယူဆထားခဲ့ ခြင်းကြောင့်ဖြစ်ပါသည်။ လက်ရှိတွင် ဤစာချုပ်နှင့် စပ်လျဉ်း၍ ကျန်ရှိနေသော အ ခက်အခဲတစ်ခုမှာ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးမည်ကို တိတိကျကျ မရှိသေးခြင်းဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးရန် အကျုံးဝင်သော်လည်း လက်နက်ကိုင်ထား ခြင်းမရှိသည့် အဖွဲ့ငယ်သုံးဖွဲ့ကိုပါဝင်လက်မှတ်ထိုးရန် ဖိတ်ခေါ် ထားခြင်းမရှိသေးပေ။ အစိုးရ အနေဖြင့် ထိုအဖွဲ့ငယ်သုံးဖွဲ့အား ပါဝင်လက်မှတ်ထိုးရန် ဖိတ်ခေါ် လိုက်သည်နှင့် တစ်ပြိုင်နက် အခြားသော နိုင်ငံရေးအဖွဲ့အစည်းများလည်းပါဝင်လာရန် တောင်းဆိုလာကြမည်လားဟု စိုးရိမ်နေသည်ကို တွေ့ရသည်။ အစိုးရအနေဖြင့် လွန်ခဲ့သည့် လများအတွင်း နိုင်ငံ၏ အရှေ့ မြောက်ပိုင်းဒေသများတွင် အစိုးရ တပ်မတော်နှင့် အပြင်းအထန် တိုက်ပွဲများဖြစ်ပွားခဲ့သည့် ရက္ခိုင့် တပ်မတော် (AA)၊ တအာင်န်း အမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA)နှင့် ကိုးကန့်အဖွဲ့ (MNDAA)တို့ကို တိုက်တွန်းမှု တစ်ခုပြုလုပ်ခဲ့ပါသည်။ ယင်းမှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစိုး ရက လက်ခံသည့်အဖွဲ့ ၁၅ ဖွဲ့ နည်းတူပင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်များတွင် နှစ် ဖက်သဘောတူအပစ်အခတ်ရပ် စဲရေး လက်မှတ်ရေးထိုးပြီးမှ တစ် နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် ဝင် ရောက်လက်မှတ်ရေးထိုးရန်ဖြစ် သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ထားသည့်အဖွဲ့ ၁၅ ဖွဲ့၏ အမြင်များမှာလည်း အမျိုးမျိုးကွဲ ပြားကြသည်ကို တွေ့ရသည်။ သက်တမ်းအရှည်ဆုံးနှင့် အကြီး မားဆုံးလက်နက်ကိုင်အဖွဲ့အ စည်းတစ်ခုအပါအဝင်ဖြစ်သည့် KNU အနေဖြင့် ယင်းစာချုပ်ကို လက်မှတ်ရေးထိုးရန် အစိုးရ၏ ဖိတ်ခေါ်မှုကို လက်ခံကြောင်းနှင့် ပါဝင်လက်မှတ်ရေးထိုးရန် ဆုံး ဖြတ်ထားပြီးဖြစ်သည်ကို တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ် သည်။ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) နှင့်အခြားသော ကရင်လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုတို့ကလည်း အလားတူထုတ်ပြန်ကြေညာထားပြီးဖြစ် သည်။ သို့သော် ကချင်လွတ် မြောက်ရေးတပ် (KIA)နှင့် ‘ဝ’ပြည်နယ်စစ်တပ် (UWSA) တို့ကမူတွန့်ဆုတ်နေဟန်ရှိပါသည်။ အခြေအနေများမှာ နေ့စဉ်နှင့် အမျှပြောင်းလဲနိုင်ဖွယ်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် လာမည့် သောကြာနေ့တွင် တွေ့ဆုံသွား ရန်ရှိနေသည်။ ယခုကဲ့သို့ အလွန်အရေးကြီး ပြီး လိပ်ခဲတည်းလည်းဖြစ်နေသည့် အခြေအနေတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ‘‘တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်’’နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ ထောက်ခံအားပေးရန် လိုအပ်နေပါသည်။ ဤသည် ပင်လျှင် ယခုစာချုပ်ကို အားပေးထောက် ခံခြင်းဖြစ်ပြီး အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အကူအညီများပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြရာရောက် ပါသည်။ အရေးတကြီးဆောင်ရွက် သွားရန်ရှိသည့် ကိစ္စရပ်များဖြစ် သည့် မြေမြှုပ်မိုင်းများရှင်းလင်း ရေးမှအစ နှစ်ဖက်ပစ်ခတ်ရပ်စဲ ရေးစောင့်ကြည့်သည့်ကော်မတီ များ ဖွဲ့စည်းသွားရေးကိစ္စရပ်များ အကောင်အထည်ဖော် ဆောင် ရွက်သွားနိုင်ရန်အတွက် နိုင်ငံ တကာမှ နည်းပညာဆိုင်ရာ အကူ အညီများနှင့် ငွေကြေးထောက်ပံ့ မှုဆိုင်ရာ အကူအညီများကို လိုအပ်နေပါသည်။ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ကမ္ဘာ့ဘဏ် တို့အပြင် အနောက်နိုင်ငံအလှူ ရှင်များဖြစ်သည့် ဥပမာ ဥရောပ သမဂ္ဂ၊ နော်ဝေးနိုင်ငံ၊ ဆွစ်ဇာ လန်နိုင်ငံတို့သာမက တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်သင့် ပါသည်။ ယခုစာချုပ်သည် အမှန် တကယ်အောင်မြင်မှုတစ်ခုဖြစ် သည်။ ယင်းစာချုပ်သည် အာရှ တစ်ခွင်၏ ခက်ခဲနက်နဲသော လက်နက်ကိုင်ပဋိပက္ခများအနက် မှ တစ်ခုကို ချုပ်ငြိမ်းနိုင်ရန် အဓိက ကျသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ် ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေသည့်အချိန်နှင့် တိုက် ဆိုင်နေသည့်အတွက် ပိုမိုအရေး ကြီး၍ အကဲဆတ်သော အနေ အထားလည်း ဖြစ်နေပြန်သည်။ ထို့ကြောင့် ယခုကိစ္စကို ယခင်က ထက် ပိုမိုအာရုံစိုက်ဆောင်ရွက် ကြဖို့ လိုပါသည်။ ယခင်ကထက် ပိုမိုကူညီထောက်ပံ့ဖို့လည်း လို အပ်နေပေသည်။။ 7Day သြဂုတ်လ (၆) ရက်တွင် ပြုလုပ်သော UPWC နှင့် SD တို့၏ (၉)ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) မူကြမ်း ဆွေးနွေးပွဲကို တွေ့ရစဉ် (MPC)

No comments: