Friday, August 28, 2015

မြစ်ဆုံစီမံကိန်းဧရိယာရှိ ကျေးရွာတွင် ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများ မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေ

မြစ်ဆုံစီမံကိန်းဧရိယာရှိ ကျေးရွာတွင် ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများ မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေ ဩဂုတ်လ ၂၈ ရက် ၂၀၁၅ မြစ်ဆုံစီမံကိန်းတွင် ပါဝင်သည့် ဒေါင်ပန်ကျေးရွာ ဟောင်းနေရာ၌ တရုတ်ကုမ္ပဏီ(CPI) အစောင့်ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ ရွှေကျင်နေသည့် အတွက် မြေနေရာဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ ကြောင်း သတင်းရရှိသည်။ ရွှေတူးဖော်သူများကို လုပ် ကိုင်ခွင့်ပေးထားခြင်းကြောင့် မြစ် ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းချိန်တွင် မိမိဒေသသို့ ပြန်လည်နေထိုင်ခွင့် ရရှိပါက မြေနေရာမရှိမည်ကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ‘‘ကျွန်တော်တို့ကိုတော့ ကန့် သတ်နယ်မြေဆိုပြီး လုံးဝမဝင်ရ ဘူး။ ရွှေကျတော့လာကျင်နေကြတယ်။ ဒါက ဘယ်လိုလဲမသိဘူး။ အခုက အားလုံးက ဝိုင်းဝန်းပိတ် ပင်တော့ တစ်နေ့ကျလို့ရှိရင် ရွာ ဟောင်းကိုပြန်လာပြီး နေနိုင်မယ် လို့မျှော်လင့်တယ်။ အခုက CPI က ရွှေကျင်သမားတွေကို ခွင့်ပြု ထားတော့ ကျွန်တော်တို့လည်း အားလုံးပြောင်းသွားမှာကို စိုးရိမ် နေတယ်’’ဟု ဒေါင်ပန်ကျေးရွာမှ မလိယန်သို့ ပြောင်းရွှေ့နေထိုင် သည့် ဘာသာရေးဆရာတစ်ဦးက ပြောသည်။ မြစ်ဆုံစီမံကိန်းဧရိယာအ တွင်း ဒေါင်ပန်ကျေးရွာမှ ပြောင်း ရွှေ့ခဲ့ရသည့် ဒေသခံများသည် ၎င်းတို့၏ ကျွဲ၊ နွားများကို စီမံကိန်း ဧရိယာအတွင်းမှ သွားရောက်ခေါ် ဆောင်ရာတွင် CPI ကုမ္ပဏီက ဒေသခံများအား ဝင်ခွင့်မပြုသော် လည်း CPI စီမံကိန်းအစောင့်များ နှင့် လုပ်ငန်းရှင်များက စက်ကြီး များဖြင့် ရွှေတူးဖော်နေကြ ကြောင်း ဒေါင်ပန်ကျေးရွာမှ ဘာသာရေးဆရာတစ်ဦးက ပြော သည်။ အဆိုပါစီမံကိန်းဧရိယာ တွင် မလိယန်သို့ ပြောင်းရွှေ့သွား သည့် ကျွဲ၊ နွားများ အကောင်ရေ ၅၀ ခန့်ရှိနေဆဲဖြစ်ပြီး အဆိုပါကျွဲ များကိုသွားယူရန် CPI ကုမ္ပဏီသို့ ခွင့် တောင်းခဲ့သော်လည်း ခွင့်မပြု ၍ သွားရောက်ယူနိုင်ခြင်းမရှိ ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါဒေါင်ပန်ကျေးရွာ တွင် အိမ်ခြေ ၄၀ေ ကျော်နေထိုင် ကာ လုပ်ကိုင်စားသောက်ရန် အဆင်ပြေသည့် မြေနေရာဖြစ်ပြီး ယခုပြောင်းရွှေ့နေထိုင်သည့် မလိယန်တွင် လုပ်ကိုင်စား သောက်ရန် အခက်အခဲများစွာရှိ နေကြောင်း အသက် (၄၀)အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။ မြစ်ဆုံတန်ဖရဲကျေးရွာရှိ လယ်ကွင်များတွင်လည်း လုပ်ငန်းရှင်များ ရွှေတူးဖော်လုပ်ကိုင်လျက် ရှိကြောင်း အောင်မြင်သာဒေသခံ များက ပြောသည်။ 7Day News Journal

No comments: