Thursday, August 27, 2015

အားနည်းချက်နှင့် အားသာချက်များကို လေ့လာပြီး တစ်ပွဲချင်းအပေါ် အာရုံစိုက် ကစားသွားမည်ဟု မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ပြောကြား ရန်ကုန် သြဂုတ် ၂၇ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအနေဖြင့် ယမန်နေ့ ညနေပိုင်းက အုပ်စုတွင်း ပြိုင်ဘက်အသင်းများ ဖြစ်သည့် တီမောအသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါ အသင်း နှစ်သင်း၏ အားနည်းချက်နှင့် အားသာချက်များကို လေ့လာခဲ့ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီ က ပြောသည်။ မြန်မာယူ-၁၉ အသင်းသည် သြဂုတ် ၂၃ ရက်တွင် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် စင်ကာပူ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အတွင်း အခွင့်အရေး ဖန်တီးမှုများ အားနည်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ်တွင် လူစားဝင်ကစားသော ကောင်းချစ်နိုင် သွင်းယူခဲ့သည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် သြဂုတ် ၂၄ ရက် နံနက် ၇ နာရီခွဲတွင် ပြိုင်ပွဲကျင်းပရာ အမျိုးသား အားကစားကွင်းကြီး အနီးရှိ လေ့ကျင့်ရေးကွင်း၌ ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်များ ပြုလုပ်ခဲ့ပြီး လက်ကျန်ပွဲစဉ် များတွင် တစ်ပွဲချင်းအပေါ် အာရုံစိုက် ကစားသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

No comments: