Monday, August 31, 2015

ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း( ၁ )

ငြိမ်းချမ်းရေးလော စစ်ပွဲလော – အပိုင်း( ၁ ) -------------------------------------------------------------------------- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလည်အဖွဲ့ SD နှင့် UPWC တို့၏ ရှစ်ကြိမ် မြောက် ဆွေးနွေးပွဲပြီး SD အဖွဲ့နှင့် UNFC အဖွဲ့ဝင်များ EAOs အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းမှုကိုဇူလိုင်လ ၂၆ မှ ၂၉ ထိ ချင်းမိုင်တွင် ပြုလုပ်ခဲ့ကြသည်။ ဤအစည်းအဝေးမှလည်း NCA လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါရေးကို မူအဖြစ် ဆက်လက်ကိုင်စွဲခဲ့ကြသည်။ ထိုဆွေးနွေးပွဲအပြီး သြဂုတ် ၂ ရက်နေ့တွင်မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဟူသော ခေါင်းစဉ်အောက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ဖို့လိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တတိယအဆင့်တွင်မှ SSR နှင့် DDR တို့ ဆွေးနွေးရမှာဖြစ်ကြောင်း မိမိတို့၏တပ်များ ဖျက်ရလျင် ဘယ်အဖွဲ့မှ လက်ခံမည် မဟုတ်ကြောင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နားလည်မှု အာမခံချက်ရလျင်ယနေ့သဘောတူ နက်ဖန်ထိုးလို့ရကြောင်း ပြောဆိုသွားပါသည်။ KNU ဒုဥက္ကဌ လည်းဖြစ် SD အဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ နော်စီဖိုးရာစိန်က လည်းအလားတူ ပြောဆိုခဲ့ပါသည်။ သြဂုတ်လ ၆ / ၇ ရက်နေ့များမှာ SD နှင့် UPWC တို့ ရန်ကုန်မြို့တွင် နဝမကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ UPWC နှင့် SD တို့ ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်တွင်NCA စာချုပ်အချက်အလက်အားလုံးကို နှစ်ဖက်သဘောတူကြောင်း အများပြည်သူသိရှိရန် ထုတ်ပြန်မည်ဖြစ်ကြောင်း NCA စာချုပ်ချုပ်နိုင်ရေး နိုင်ငံရေးဆွေးနွေးပွဲများမှ ငြိမ်းချမ်းရေးရရှိရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်းတို့ပါဝင်သည်။ထို့ပြင် အသိသက်သေအဖြစ် နိုင်ငံတကာမှ UNနှင့် အိမ်နီးချင်း ၃ နိုင်ငံဖြစ်သော တရုတ် အိန္ဒိယ ထိုင်း တို့ပါဝင်မည်ဖြစ်ပြီး ပြည်တွင်းသက်သေအဖြစ် ဒေါ်အောင်ဆန်း စုကြည်အပါ ပြည်တွင်းမှ ထင်ရှားသည့် နိုင်ငံရေးခေါင်းဆောင်များ ပါဝင်မည်ဟုသိရသည်။ ဆွေးနွေးပွဲအပြီး SD ၏ သတင်းစာရှင်းလင်းပွဲတွင် NCA လက်မှတ်ထိုးရေးတွင် အားလုံးပါဝင်ရေးကို အစိုးရက ပယ်ချကြောင်း ဤကိစ္စနှင့်ပတ်သက်ပြီး နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိပ်သီးခေါင်းဆောင်များ တွေ့မည်ဆိုရာ၌ အစိုးရဖက်က သမတနှင့် ကာချုပ်ပါဝင်မှာ ဖြစ်ပြီး တိုင်းရင်းသားများဖက်က အင်အားကြီးငါးဖွဲ့ဖြစ်သော KNU/ KIO/ NMSP/ KNPP/ SSPP တို့မှ ခေါင်းဆောင်များ ပါဝင်မည်ဟုဆိုသည်။ NCA လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ မိမိအဖွဲ့လိုက်၎င်း လူထုဆွေးနွေးပွဲများခေါ်ယူ၍၎င်း ပြုလုပ်သဘောထား ယူခဲ့ကြသည် ။သြဂုတ်လ ၂၀ တွင် SD နှင့် MPC တို့ ချင်းမိုင်တွင်တွေ့ဆုံပြီး နေပြည်တော်ထိပ်သီးဆွေးနွေးပွဲအတွက် တွေ့ဆုံညှိနှိုင်းခဲ့သည်။ထို့နောက် တိုင်းရင်းသားအဖွဲ့အားလုံး၏ အစည်းအဝေးကို သြဂုတ်လ ၂၁ မှ ၂၄ ထိ ချင်းမိုင်တွင် ပြန်လည်ပြုလုပ်ခဲ့သည်။ အဓိကအားဖြင့် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးကို ဆက်လက်ကြိုးပမ်းသွားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုပါသည်။ နေပြည်တော်သို့ သမတနှင့်တွေ့ဆုံရန် KNU/ KIO/ NMSP/ KNPP/ SSPP တို့မှ ခေါင်းဆောင် ၅ ဦး SD မှ ၃ ဦး စုစုပေါင်း ၈ ဦး သွားရောက်မည်ဟုဆိုသည်။ နေပြည်တော် တွေ့ဆုံပွဲမှာ သြဂုတ်လကုန် သို့မဟုတ် စက်တင်ဘာ လဆန်းပိုင်းတွင် ဖြစ်နိုင်မည်ဟုဆိုပါသည်။နောက်ဆုံးသတင်းများအရ စကတင်ဘာ ၉ ရက်နေ့တွင် တွေ့ဆုံမည်ဟု ဆိုပါသည်။ - လက်မှတ်ထိုးမည့်အဖွဲ့များ - တိုင်းရင်းသားများဖက်မှ တင်ပြသော အားလုံးပါဝင်လက်မှတ်ထိုးရေးဆိုသည်မှာ မူလ EAOsတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့်ABSDF အပါ ပေါင်း ၁၇ ဖွဲ့ဖြစ်သည်။ ၎င်း တို့မှာ - ၁။ KNU ကရင်အမျိုးသားအစည်းအရုံး ၂။ KPC ကရင်ငြိမ်းချမ်းရေးကောင် ၃။ DKBA ၄။ KIO ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ၅။ KNPP ကရင်နီတိုးတက်ရေးပါတီ ၆။ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ ၇။ NMSP မွန်ပြည်သစ်ပါတီ ၈။ CNF ချင်းအမျိုးသားတပ်ဦး ၉။ ALP ရခိုင်လွတ်မြောက်ရေးပါတီ ၁၀။ PNLO ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ၁၁။ ABSDF ၁၂။ PSLF ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ၁၃။ AA ရခိုင်တပ်မတော် ၁၄။ MNDAA ကိုးကန့်အဖွဲ့ ၁၅။ LDU လားဟူဒီမိုကရက်တစ်ယူနီယံ ၁၆။ WNO ဝအမျိုးသား အစည်းအရုံး ၁၇။ ANC ရခိုင်အမျိုးသားကောင်စီ တို့ဖြစ်သည်။ - ထို ၁၇ ဖွဲ့ထဲမှ နံပတ် ၁၂ မှ ၁၇ ထိ ၆ ဖွဲ့အားလက်မှတ်ထိုးရန် ပယ်ချထားပြီး နံပတ် ၁ မှ ၁၁ ထိ ၁၁ ဖွဲ့နှင့် အစိုးရနှင့် သီးခြား အပစ်ရပ်ထားသောအဖွဲ့ ၄ ဖွဲ့ ပေါင်း ၁၅ ဖွဲ့နှင့်သာ NCA လက်မှတ်ထိုးမည်ဟု အစိုးရက သဘောတူထားခဲ့သည်။ - သီးခြား၎ ဖွဲ့မှာ - ၁။ UWSA ဝအဖွဲ့ ၂။ NDAA မိုင်းလားအဖွဲ့ ၃။ RCSS ဦးရွက်ဆစ်အဖွဲ့ ၄။ နာဂအဖွဲ့ တို့ဖြစ်သည်ဟု ဆိုပါသည်။ - ကြားဖြတ်တွေ့ဆုံမှု - ၂၀၁၅ သြဂုတ်လ 3/4 ရက်နေ့များတွင်နေပြည်တော်၌ သမတ ကာချုပ်တို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ ခေါင်းဆောင်များ တွေခဲ့ကြပါသည် ။တွေ့ဆုံခဲသူများမှာ KNU မှဥက္ကဌစောမူတူးစေးဖေါ အတွင်းရေးမှူး ဖဒိုစောကွယ်ဝင်း DKBA မှ ဒုစစ်ဦးစီးချုပ် စောမိုရှေး KPC မှ စောရင်နု နှင့် RCSS မှ ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ဒုခေါင်းဆောင် စိုင်းလှ နှင့် စိုင်းဟန်တို့ဖြစ်သည်။၎င်း တို့နှင့်အတူ EBO ( EU Burma Office )မှ ဒါရိုက်တာဟန်ညောင်ဝေလည်းပါဝင်သည်။ ၎င်းတွေ့ဆုံမှုမှာ နဝမအကြိမ် SD နှင့် UPWC တို့ မတွေ့ဆုံမှီ တွေ့ဆုံခြင်းဖြစ်သည်။၎င်းတွေ့ဆုံမှုမှာ NCA လက်မှတ်ထိုးရေး ကြန့်ကြာနေမှုအပေါ်မည်သို့တွေ့ကြုံရမည်ဆိုသည်ကို အတူတကွ စဉ်းစားခြင်းဖြစ်ကြောင်း SD နှင့် UPWC တွေ့ဆုံမှုအားအထောက်အကူု့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖဒိုစောကွယ်ဝင်း ကပြောဆိုခဲ့ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပါ။l ဤတွေ့ဆုံမှုနှင့် ပတ်သက်ပြီး အအစိုးရအနေနှင့် သူနှင့်နီးစပ်သော အဖွဲ့များအား NCA လက်မှတ်အမြန်ထိုးရေး ခေါ်ယူစည်းရံုးသိမ်းသွင်းခြင်းဖြစ်သလို ကျန်အဖွဲ့များအား ၎င်းအဖွဲ့များမှ တဆင့်ဖိအားပေးစေလို၍ ဖြစ်ကြောင်း သုံးသပ်ကြပါသည်။် - NCA နှင့်ကျော်လွှားခဲ့သောအချက်များ - NCA မူကြမ်းတွင် အဓိကကွဲလွဲမှုမှာ တိုင်းရင်းသားတို့၏ အခွင့်အရေးနှင့်သက်ဆိုင်သော အခြေခံဥပဒေဆိုင်ရာ အချက်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ပြသနာဖြစ်သည်။ တိုင်းရင်းသားတို့တောင်းဆိုနေသည့် တန်းတူရးပြသနာတွင် ပြည်နယ်များအနေနှင့် ပြည်နယ်အစိုးရကို ကိုယ်တိုင်ရွေးကောက် တင်မြှောက်ခွင့်။ ပြည်နယ်အလိုက်ဥပဒေပြဌာန်းခွင့်။ ပြည်နယ်တွင်းရှိ သယံဇာတများအား စီမံကွပ်ကဲနိုင်ခွင့်တို့ အလိုရှိသည်။ စသည့်ပြည်နယ်များမှ အလိုရှိသည့်တန်းတူရေးဆိုင်ရာ ပြသနာများမှာ ၂၀၀၈ အခြေခံဥပဒေဆိုင်ရာ ပြဌာန်းချက်များနှင့် မကိုက်ညီပေ။ လက်ရှိခြေဥအရ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ခွင့်အာဏာ သည် ပြည်နယ်လွှတ်တော်၌မရှိ။ သမတ၌သာ ရှိသည်။ ပြည်နယ်များရှိ သယံဇာတများ စီမံကွပ်ကဲခွင့်မှာလည်း ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွင်သာရှိသည်။ ပြည်နယ်လွှတ်တော်များ၏ ဥပဒေပြဌာန်းခွင့်မှာလည်း အကန့်အသတ် အလွန်ကြီးသည်။ ထိုကြောင့် လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက၂၀၀၈ ခြေဥကို လက်မခံကြောင်း ပြောဆိုကြခြင်းဖြစ်သည်။ အခြေခံဥပဒေနှင့်ပတ်သက်၍ အစိုးရနှင့်စစ်တပ်တို့၏ ရပ်တည်မှု နှင့် တိုင်းရင်းသားတို့၏ရပ်တည်မှုကွာခြားသည်။သို့ဖြစ်ရာ ဤပြသနာကို နိုင်ငံရေးဆွေးနွေးပွဲဆီသို့နောက်ပို့လိုက်ခြင်းဖြင့် NCA သဘောတူညီမှုကိုရယူထားသည်ဟုဆိုရမည်။ ဒုတိယအားဖြင့် ပြသနာကြီးမှာ လက်နက်ကိုင် တပ်ဖွဲ့ ပြသနာဖြစ်သည်။ အစိုးရဘက်ကတင်ပြသည်ကတော့ DDR ဟုခေါ်သည့် Disarmament Demobilization Reintegration ဟုဆိုသည့် လက်နက်ဖြုတ်သိမ်းခြင်း စစ်မှုထမ်းအဖြစ် မှနှုတ်ထွက်ခွင့်ပြုခြင်း အရပ်သားများအဖြစ်သို့ ပြန်လည်ပေါင်းစည်းခြင်းတို့ဖြစ်သည်။ တိုင်းရင်းသားဖက်မှ တင်ပြသည့် SSR ဆိုသည်မှာ Security Sector Reformလုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်သည်။ ဤသဘောထား ၂ ခုမှာလည်း အမှန်တော့ ကွဲလွဲမှုကြီးမားသည်။ သို့သော် NCA လက်မှတ် ထိုးနိုင်ရေးအတွက် ဤကွဲလွဲချက်အားလည်း နိုင်ငံရေးဆွေးနွေးပွဲဆီသို့ ပို့ထားလိုက်သည်။NCA လက်မှတ်ထိုးနိုင်ရန် နိုင်ငံရေးပြသနာများကိုနိုင်ငံရေးဆွေးနွေးပွဲများဆီသို့ ပို့ထားခြင်းသည်မှန်ကန်သည်ဟု ဆိုနိုင်သော်လည်း လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဤအချက်များကို အလျော့အတင်းမပြုနိုင်ပါက NCA ပြန်ပျက်သွားနိုင်သည်ဆိုသည်ကိုတော့ သတိမူရန်လိုအပ် သည်။ - အားလုံးပါဝင်ရေး - NCA လက်မှတ်ထိုးရေးတွင် အားလုံးပါဝင်ရေးကိုမူအဖြစ်ထားကြောင်း လော်ခီးလာဆုံးဖြတ်ချက်အဖြစ်ပြောဆိုကြသည်။ သို့သော် NCA လက်မှတ်ထိုးရေး နောက်ဆုံးအချိန်နီးကပ်လာချိန် အစိုးရကလည်း ၆ ဖွဲ့ကိုလက်မခံဟု အတိအလင်းရပ်ခံလာချိန်တွင် တိုင်းရင်းသားအဖွဲ့များကြား သဘောထား မတူညီမှုများကို တွေ့လာရသည်။ ၂၀၁၅ သြဂုတ် ၁၁ ရက်နေ့ နဝမကြိမ်မြောက်SD နှင့် UPWC ဆွေးနွေးပွဲအပြီးတွင် အစိုးရမှ တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့သို့ NCA လက်မှတ်ထိုးရန် ပေးပို့ခဲ့သည်။ လက်ရှိ တိုင်းရင်းသားများ စုပေါင်းဆွေးနွေးသည့် ကိုယ်စားလှယ် အဖွဲ့အားကျော်၍ တဖွဲ့ချင်းစီသို့ ဖိတ်ခေါ်စာပို့ခြင်းသည် တိုင်းရင်းသားအဖွဲ့များအား ခွဲခြားဘို့ကြိုးစားခြင်းဖြစ်သည်ဟု အချို့ကယူဆကြသည်။ MPC ကမူဤသို့ တဖွဲ့ချင်းစီသို့ စာပို့ခြင်းသည် အပစ်ရပ်ရေးရေနှင့် ပတ်သက်ပြီး တဖွဲ့ချင်းစီ၏ တာဝန်ခံမှု လိုအပ်၍ဟုဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ဆုံးဖြတ် ချက်ကို တဖွဲ့ချင်းချသည်မှာ မှန်သော်လည်း NCAလက်မှတ်ထိုးရာတွင် အတူတကွထိုးမည်ဟု ဆိုပါသည်။ တိုင်းရင်းသားအဖွဲ့များအနေနှင့် အားလုံးပါဝင်ရေးနှင့်ပတ်သက်ပြီး မိမိတဖွဲ့ချင်းအစည်းအဝေး များ သက်ဆိုင်ရာတိုင်းသားလူထုနှင့်အစည်း အဝေးများ ပြုလုပ်ပြီး ချင်းမိုင်တွင် အဖွဲ့အသီးသီးမှ ကိုယ်စားလည်များ ၄ ရက်ကြာ အကြိတ်အနယ်ဆွေးနွေးကြသည်ကို တွေ့ရသည်။ ဤတွင်အားလုံး ပါဝင်ရေးနှင့်ပတ်သက်ပြီး ကွဲလွဲမှုများကို တွေ့ရသည်။ ၎င်းချင်းမိုင်ဆွေးနွေးပွဲ မတိုင်မှီ သြဂုတ် ၁၇ ရက်တွင် KNU/ KPC/ DKBA/ RCSS ၄ ဖွဲ့ပူးတွဲ၍ NCA လက်မှတ်ထိုးမည်ဟု ကြေငြာလိုက်သကဲ့သို့ ABSDF ကလည်း NCA လက်မှတ်ထိုးမည်ဟု ကြေငြာခဲ့သည်။ သို့ဖြစ်ရာ တခြားအဖွဲ့များ လက်မှတ်မထိုးရင်တောင်မှ ၎င်းတို့လေးငါးဖွဲ့ဘဲ ထိုးမည့်အဓိပ္ပါယ်ထွက်နေသည်။သို့သော် နော်စီဖိုးရာစိန်အနေနှင့် KNU လက်မှတ်ထိုးမည်ဆိုသည်မှာ လေးငါးဖွဲ့ထဲ ထိုးရေးမဟုတ် အားလုံးနှင့်အတူထိုးရေးဟု ဆိုခဲ့ရသည်။ သို့သော်မည်သည့်အဖွဲ့များပါဝင်မည်ကို ထပ်မံညှိနှိုင်းသွားမည်ဟု ဆိုခဲ့သည်။ ချင်းမိုင် နောက်ဆုံးဆွေးနွေးအပြီးတွင်ပအို့အဖွဲ့မှ ခွန်ဥက္ကာက အားလုံးပါဝင်ရေးမူနှင့်ဆက်သွားမည်ဟု ပြောလိုက်သည်။အကယ်၍ ကျန်သောအဖွဲ့ရှိပါက ဘယ်လိုအာမခံချက်ပေးမလဲ ဆိုသည်ကိုညှိနှိုင်းမည်ဟု ဆိုခဲ့သည်။လက်ရှိ နေပြည်တော်သွားမည့် ကြီးငါးကြီးတွင်ပါဝင်သည့် ၅ ဖွဲ့၏ သဘောထားများကို လေ့လာကြည့်ရာ အောက်ပါအတိုင်းတွေ့ရသည်။ KIO အနေနှင့် လက်မှတ်ထိုးရေးကို ဗဟိုအနေနှင့် ဆုံးဖြတ်ချထားပြီးဖြစ်သည်။ သို့သော် အားလုံးပါဝင်ရေးကိုမူကိုဆုပ်ကိုင်ထားသည်။ လိုင်ဇာလူထုအစည်းအဝေးကလည်းအားလုံးပါဝင်မှ လက်မှတ်ထိုးရေးကို ဆုံးဖြတ်ခဲ့ကြသည်။ SSPP/SSA အတွင်းရေးမှူး စဝ်ခွန်ဆိုင်းကလည်း အားလုံးပါဝင်လက်မှတ်ထိုးသင့်ကြောင်း၊ အကန့်အသတ်ထားရှိခြင်းသည် ပြည်တွင်းစစ်မီး ပွါးချန်ရာရောက်သည်ဟု ဆိုခဲ့သည်။ ထို့အတူအားလုံးပါဝင်သင့်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်အောင်မင်းက အားလုံးပါဝင်ရေးမူကို ရပ်ခံဘို့ ဆော်သြခဲ့သလို ဒုဥက္ကဌ နိုင်ဟံသာကလည်း အားလုံးအတူလက်မှတ်ထိုးမည်ဟုဆိုခဲ့သည်။ KNPP အနေနှင့် သြဂုတ် ၂၂ နေ့က လွိုင်ကော်တွင် နိုင်ငံရေးပါတီများ လူထုအဖွဲ့အ စည်းကိုယ်စားလည်များနှင့် တွေ့ဆုံပြီးနောက် ကြေငြာချက်တခု ထုတ်ပြန်ခဲ့သည်။၎င်းကြေငြာချက်အရ KNPP အနေနှင့် အားလုံးပါဝင်ရေးကိုကြိုဆိုကြောင်း လတ်တလော အားလုံးမပါဝင်နိုင်သေးပါက ကျန်ရှိသော အဖွဲ့များအား ရန်လိုတိုက်ခိုက်မှုမပြုရန် ထိုးစစ်ဆင်ခြင်းမပြုရန် NCA လက်မှတ်ထိုးကြမည့်အဖွဲ့များနှင့် အခွင့်အရေးတန်းတူရရန် အစိုးရနှင့်တပ်မှ အာမခံပေးရန် ထိုအာမခံချက်အတွက် NCA လက်မှတ်မထိုးမှီ ကြိုတင်၍ ဂတိကဝတ်တစောင် လက်မှတ်ရေးထိုးရန်လိုအပ် သည်ဟု ဆိုပါသည်။ KNU အတွင်းရေးမှူးဖဒိုစောကွယ်ထူးဝင်းကလည်း နေပြည်တော်ဆွေးနွေးပွဲတွင် အားလုံးပါဝင်ရေးမူကို တင်ပြသွားမည်ဖြစ်ပြီး မဖြစ်နိုင်ရင်လက်တွေ့ဖြစ်နိုင်သည့်နည်းလမ်းနှင့် ဆောင်ရွက် မည်ဖြစ်ကြောင်း NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့များအတွက် စစ်ရေးအာမခံချက် နိုင်ငံရေးအရပါဝင်ဆွေးနွေးမှု ညှိနိုင်းသွားမည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။ နောက်ဆုံးဆွေးနွေးပွဲတွင် တက်ရောက်ခြင်းမရှိသည့် KPC နှင့် DKBA .၂ ဖွဲ့အနေနှင့်လည်းသီးခြားလက်မှတ်ထိုးမည် မဟုတ်ဘဲ အတူတကွNCA လက်မှတ်ထိုးမည် ဖြစ်ကြောင်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ဆိုပါသည်။ သြဂုတ်လ ၂၄ တွင် EAOs ၁၅ ဖွဲ့ကြေငြာချက်ထုတ်ပြန်ရာရာတွင် NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးမူကို ဆက်လက်စွဲကိုင်ပြီး ညီညွတ်စွာ ဆက်လက်ဆောင်ရွက်မည်ဟု ဆိုခဲ့သည်။ သို့သော် အထက်ဖေါ်ပြပါအကြောင်း အချက်များအရ လက်ရှိ NCA လက်မှတ်ထိုးရာတွင် အားလုံးပါဝင်ရေးထက် မပါနိုင်ကလည်းအဖွဲ့များနှင့် မည်သို့နားလည်မှုယူမည်ဆိုသည်ကို ဆွေးနွေးညှိနှိုင်းမည့် သဘောဟုယူဆရဘွယ်ရှိပါသည်။ လက်ရှိအနေအထားအရ NCA လက်မှတ်ထိုးရာတွင် EAOs အဖွဲ့ဝင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့လုံးက လက်မှတ်ထိုးလိုသော်လည်းအစိုးရနှင့်စစ်ဖက်က ၆ ဖွဲ့ကို လက်မခံနိုင်သေးဟူသည့် အခြေအနေ ဖြစ်ပေသည်။ နေပြည်တော်ဆွေးနွေးပွဲအာ်း စက်တင်ဘာလ ၉ ရက်တွင် ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု MPC ဆိုသည်။ မကြာမှီ ရက်ပိုင်းအတွင်း အဖြေတခုထွက်မည်ဟု မျှော်လင့်ရပေသည်။ - ဆက်လက်ဖေါ်ပြပါမည် #မောင်မောင်စိုး (မိုးမခ)

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သော MNDAA နှင့် ပါဝင်ပက်သက်သူများ အားလုံး ကိုယ့်တာဝန် ကိုယ်ယူရမည် ===================================

နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သော MNDAA နှင့် ပါဝင်ပက်သက်သူများ အားလုံး ကိုယ့်တာဝန် ကိုယ်ယူရမည် ========================================= 30, August, 2015 By Kachin People ကိုးကန့်သောင်းကျန်းသူတပ်ဖွဲ့ MNDAA နှင့် တပ်မတော် တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့မှာ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက် မှုအား အဟန့်အတားဖြစ်အောင် MNDAA အဖွဲ့အား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့ကြပြီး တပ်မတော်ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ MNDAA သောင်းကျန်းသူနှင့် ပက်သက်သူမှန်သမျှ အဖွဲ့အစည်းအားလုံးကို ကိုယ့်တာဝန်ကိုယ်ယူရမည်ဟု ထုတ်ပြန်ခဲ့သည်။ ယခု NCA စာချုပ်တွင် MNDAA အပါအ၀င် ပါဝင်ပက်သက်ခဲ့သော သောင်းကျန်းသူအဖွဲ့များ အားလုံးကို လက်နက်ချရမည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ပြောကြားခဲ့သည်။ KIA တပ်မဟာ(၄)အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားသော MNDAA အား နည်းအမျိုးမျိုးဖြင့် ကူညီထောက်ပံ့မှုများပေးခဲ့ပြီး ၎င်းလှုပ်ရှားရာ ဒေသအတွင်းမှ တပ်မတော်စစ်ကြောင်းများ ထိုးစစ်ကို အဟန့်အတားဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ လားရှိုး၊ ကွတ်ခိုင်နှင့် မူဆယ်ဒေသအတွင်း ဘဏ်နှင့် စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးတောင်း ခြင်း၊ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လူစည်ကားရာ နေရာများတွင် မိုင်းထောင်ဖောက်ခွဲကာ ပြည်သူလူထုကြောက်လန့်အောင် ပြုလုပ်ခြင်းများ စသည့် အဖျက်အမှောက်လုပ်ငန်းများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ယခင် KIO/KIA ဌာနချုပ်ဟောင်း (သို့မဟုတ်)ကံကောင်းခဲ့တဲ့မြို့ =========================================

ယခင် KIO/KIA ဌာနချုပ်ဟောင်း (သို့မဟုတ်)ကံကောင်းခဲ့တဲ့မြို့ ========================================= 30, August, 2015 By Kachin People ၂၀၁၁ ခုနစ် ဇွန်လမှစတင်ကာ တပ်မတော်နှင့် KIA တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး KIA ရှေ့တန်းစခန်းများ ရင်းဌာနချုပ်များ တပ်မတော်မှ ထိန်းချုပ်ခဲ့သည်။ ၂၀၁၂ အတွင်း KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပတ်ဝန်းကျင်ရှိ အချက်အချာကျသောတောင်ကုန်းများနှင့် စစ်ဗျူဟာ အရေးကြီးမြေများကို တပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့သည်။ လိုင်ဇာပတ်ဝန်းကျင်ရှိ KIA စခန်းများရှိရာ တောင်ကုန်းများအား တပ်မတော်မှ သိမ်းပိုက်ပြီးချိန်တွင် KIO/KIA ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်များမှာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းမြို့တွင် ကျန်ရှိခဲ့သူများမှာ အပြစ်မဲ့ပြည်သူများနှင့် အောက်ခြေ ရဲဘော်များ၏ မိသားစုဝင်များသာ ကျန်ရှိခဲ့သည်။ KIO/KIA ဌာနချုပ်ဟောင်း လိုင်ဇာမြို့ကို သိမ်းမည်ဆိုပါက အချိန်မရွေး သိမ်းနိုင်သော အခြေအနေမျိုးတွင် ရှိသော်လည်း ၎င်းမြို့တွင်နေထိုင်ကြသော အပြစ်မဲ့ဒေသခံများ၊ အောက်ခြေ KIA ရဲဘော်များ၏ မိသားစုဝင်များအား နိုင်ငံတော်အကြီးအကဲများက သနားငဲ့ညှာပေးခဲ့ သောကြောင့် လိုင်ဇာမြို့မှာ ကျန်ရှိခဲ့ခြင်းဖြစ်ပါသည်။

အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အစည်းအဝေး စက်တင်ဘာလဆန်းသို့ ရွှေ့ဆိုင်း =========================================

အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အစည်းအဝေး စက်တင်ဘာလဆန်းသို့ ရွှေ့ဆိုင်း ========================================= အစိုးရနှင့် KIO အဖွဲ့တို့၏ ပဋိပက္ခညှိနှိုင်းရေးအစည်းအဝေးကို သြဂုတ်လကုန်တွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း KIO အဖွဲ့မှ စက်တင်ဘာ ပထမပတ်အတွင်းမှသာ တွေ့ဆုံရန် အကြောင်းပြန်ထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)ထံမှ သိရသည်။ “အစိုးရဘက်က ခေါင်းဆောင်ဖြစ်တဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဒီလ ၂၈ ရက်မှာတွေ့ဖို့ ကမ်းလှမ်းထားတယ်။ ဒါပေမဲ့ KIO အဖွဲ့ကတော့ သူတို့မှာ စီစဉ်စရာလေးတွေ ရှိသေးလို့ တွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အကြောင်းပြန်တယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခွန်အောင်က ဆိုသည်။ အစိုးရဘက်မှ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က နှစ်ဖက်တွေ့ဆုံရန် သြဂုတ်လ ၂၆ ရက်နေ့တွင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့(PCG)ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ပြီး KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးဇော်တောင်က စက်တင်ဘာလ ပထမအပတ်တွင်းမှသာ တွေ့ဆုံရန် အကြောင်းပြန်ထားခြင်းဖြစ်သည်ဟု ဦးခွန်အောင်က ရှင်းပြသည်။ “ကျွန်တော်တို့ကတော့ KIO အဖွဲ့က ပြန်လည်ပေးပို့ထားတဲ့ အကြောင်းကြားစာကို အစိုးရဘက်ကိုတင်ပြထားတယ်။ အစိုးရဘက်ကတော့ ဒီနေ့ထိ ဘာမှအကြောင်းမပြန်သေးဘူး” ဟု ဦးခွန်အောင်က ဆက်လက်ပြောကြားသည်။ အဆိုပါ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို အစိုးရနှင့် KIO အဖွဲ့တို့ ၂၀၁၃ စက်တင်ဘာ ဆွေးနွေးပွဲ သဘောတူညီချက်များအရ ဖွဲ့စည်းခဲ့ကာ ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလမှ စတင်၍ နှစ်ဖက်တွေ့ဆုံမှုကို ရပ်နားထားခြင်းဖြစ်သည်။ လာမည့်ဆွေးနွေးပွဲတွင် အစိုးရဘက်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဦးဆောင်ပြီး KIO ဘက်မှ ဗိုလ်မှူးဇော်တောင်က ဦးဆောင်ကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)ထံမှ သိရသည်။ အစိုးရနှင့် KIO အဖွဲ့တို့သည် နောက်ဆုံးတွေ့ဆုံခဲ့သည့် ဧပြီလမတိုင်ခင်က အစည်းဝေး အကြိမ်ပေါင်း ဆယ်ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ဦးခွန်အောင်က ပြောကြားသည်။ By The Voice Weekly

Sunday, August 30, 2015

KIA ရင်း(၆)မှ ပြည်သူ့စစ်သင်တန်း ပေးရန်အတွက် လူသစ်များ အတင်းအဓမ္မ လူသစ်စုဆောင်း လျှက်ရှိ

KIA ရင်း(၆)မှ ပြည်သူ့စစ်သင်တန်း ပေးရန်အတွက် လူသစ်များ အတင်းအဓမ္မ လူသစ်စုဆောင်း လျှက်ရှိ ========================================= 29, August, 2015 By Kachin People KIA ရင်း(၆)လှုပ်ရှားရာ ဖားကန့်ဒေသတွင် KIA ရင်း(၆)လက်အောက်ခံ ပြည်သူ့စစ် တပ်ခွဲ(၃)နှင့်(၄) ဖွဲ့စည်းထားပြီး လှုပ်ရှားလျှက်ရှိသည်။ ပြီးခဲ့သည့် သြဂုတ်လ(၂၂)ရက်နေ့က ပြည်သူ့စစ်သင်တန်းပို့ချရန်အတွက် ဒေသခံပြည်သူများအား အတင်းဓမ္မ လူသစ်စုဆောင်းရာ ကျား/မ အင်အားစုစုပေါင်း(၁၃၀)ခန့်ရှိကြောင်း သင်တန်းကာလမှာ(၃)လဟု သိရှိရပါသည်။ ဖမ်းဆီးခေါ်ဆောင်ခံရသူအများစုမှာ ဝေးလံခေါင်ပါးသော ကျေးရွာများ၊ လမ်းဘေး ဈေးဆိုင်များ၊ ရေမဆေးကျောက်ရှာဖွေသူများဖြစ်ပြီး ပြည်သူ့တပ်ခွဲမှ တကက၊ တက အဆင့် ရှိသူတို့ဦးစီး၍ လိုက်လံ ခေါ်ဆောင်လျှက်ရှိကြောင်းသိရှိရသည်။ ၎င်းတို့ဖမ်းဆီးခေါ်ဆောင် ခံရသော ဒေသခံများထဲတွင် အသက်(၁၈)နှစ်အောက်ခလေးများ ပါဝင်သည်ဟု ဖမ်းဆီးခံရသူ၏ ဆွေမျိုးသားချင်းတစ်ဦးမှပြောပြချက်အရ သိရှိရသည်။

KIA မှ စစ်ရှောင်ဒုက္ခသည်များအား လိုက်လံဖမ်းဆီးခြင်းကို ရပ်တန့်ပေးပါ =========================================

KIA မှ စစ်ရှောင်ဒုက္ခသည်များအား လိုက်လံဖမ်းဆီးခြင်းကို ရပ်တန့်ပေးပါ ========================================= 28, August, 2015 By Kachin People တပ်မတော်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားတိုင်း KIA မှ ၎င်းပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဟု သိရှိရပါသည်။ အချို့သော ဒုက္ခသည်များမှာ ထွက်ပြေးလာပြီး အချို့သော ဒုက္ခသည်အများစုမှာ ထွက်ပြေး၍ မလွတ်နိုင် သောကြောင့် မိသားစုဝင်များ KIA ထဲတွင် တာဝန်ထမ်းဆောင်နေခြင်းကြောင့်သာ နေနေကြရ သည်ဟု ဆိုပါသည်။ KIA မှ ရှိပြီးသား ဒုက္ခသည်တွေကိုတောင် ထမင်းနပ်မှန်အောင် မကျွေးနိုင်ပဲ ဒုက္ခသည်များ ထပ်တိုးပွားအောင်လုပ်ဆောင်နေခြင်း၊ စစ်ရှောင်ဒေသခံများကို ဒုက္ခသည်အဖြစ် ဆက်လက် ဖမ်းဆီး ခေါ်ဆောင်နေခြင်းအပေါ် ရပ်တန်းကရပ်ဖို့ တာဝန်ရှိသူအဆင့်ဆင့်အား တိုင်ကြား သွားမည်ဟု ထွက်ပြေးလာသူ ဒုက္ခသည်တစ်ဦးမှ ပြောကြားထားပါသည်။

KIA တပ်မဟာ(၄)၏ မဟာဗျူဟာနှင့် စတေးခံ TNLA ==================================

KIA တပ်မဟာ(၄)၏ မဟာဗျူဟာနှင့် စတေးခံ TNLA ========================================= 28, August, 2015 By Kachin People KIA ၏ မဟာဗျူဟာအနေဖြင့် တပ်မဟာ(၄)သည် ကချင်နှင့်ရှမ်းနယ်စပ်ရှိ အချက်အခြာ နေရာကို စွဲကိုင်ထားပြီး လှုပ်ရှားကာ ၎င်းဒေသရှိ TNLA (တအောင်းသောင်းကျန်းသူအဖွဲ့)ကို သစ္စာခံအဖြစ် မွေးမြူခဲ့သည်။ TNLA တို့ ကြီးစိုးရာဒေသတွင် မူးယစ်ဆေးဝါးနှင့် တရားမ၀င် မှောင်ခိုလုပ်ငန်းများကို ယခုထိတိုင် ကြီးမားကျယ်ပြန့်စွာ လုပ်ကိုင်နေဆဲဖြစ်သည်။ KIA တပ်မဟာ(၄)နှင့် TNLA တို့ ပူးပေါင်း၍ လားရှိုး၊ မူဆယ်နှင့် ကွက်ခိုင်ဒေသတွင် မူးယစ်ဆေးဝါးနှင့် မှောင်ခိုလုပ်ငန်းများမှ အကျိုးအမြတ်များစွာရရှိနေပြီး ကချင်ပြည်နယ်နှင့် ရှမ်းမြောက်မှထွက်ရှိသမျှ သဘာဝသယံဇာတများကိုလည်း တရုတ်နိုင်ငံသို့ ရောင်းချလျှက် ရှိသည်။ ၎င်းဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထံမှလည်း လစဉ်ဆက်ကြေးငွေများ ကောက်ခံလျှက် ရှိသည်။ KIA ၏ အကူအညီဖြင့် TNLA မှာငွေကြေးဥစ္စာနှင့် လက်နက်ခဲယမ်း စုဆောင်းမိကာ တအောင်းကျေးရွာများမှ ဒေသခံများကို လူသစ်စုဆောင်းတော့သည်။ တအောင်းဒေသခံများမှာ အလွန်ရိုးသားသော တောင်ယာလုပ်ငန်းလုပ်ကိုင်သူများဖြင့်သဖြင့် KIA မှ အသုံးချရန် အကောင်းဆုံး အခွင့်အရေးဖြစ်ခဲ့သည်။ KIA မှ လူမျိုးရေးနှင့် နိုင်ငံရေးကို တဘက်အစွန်း ရောက်အောင် ၀ါဒမှိုင်းတိုက်ပေးခဲ့သည်။ TNLA နယ်မြေအတွင်းရှိ ထွက်သမျှ သယံဇာတ၊ မူးယစ်ဆေးဝါး ရောင်းချရန်အတွက် တဖက်နိုင်ငံရှိ အဆက်အသွယ်အားလုံးကို KIA/KIO က ထိန်းချုပ်ထားသည်။ KIA မှ ကချင်ပြည် နယ်နှင့် ရှမ်းမြောက်ရှိ စီးပွားရေးနယ်မြေ၊ တဖက်နိုင်ငံနှင့် ဆက်သွယ်သော လမ်းကြောင်းများ ထိန်းချုပ်နိုင်ရန်အတွက် TNLA ကို အသုံးချခဲ့သည်။ TNLA အနေဖြင့် တပ်မတော်မှ ထိုးစစ်ဆင် ချိန်တွင် စောလျှင်စွာ စစ်မျက်နှာမှထွက်ခွာခဲ့ရပြီး လက်တစ်ဆုပ်သာသာ ကျန်ရှိသော KIA သစ္စာခံ TNLA များက တပ်မတော်စစ်ကြောင်းများအား ချုံခိုတိုက်ခိုက်ခြင်းသာ ပြုလုပ်နိုင်တော့သည်။

အမြင်ကျဉ်းနေသေးတဲ့ ပူတာအို၊ ဆွမ်ပရာဘွမ် ဒေသခံတွေကို အသုံးချလိုက်တဲ့ KIA တပ်မဟာ(၁)

အမြင်ကျဉ်းနေသေးတဲ့ ပူတာအို၊ ဆွမ်ပရာဘွမ် ဒေသခံတွေကို အသုံးချလိုက်တဲ့ KIA တပ်မဟာ(၁) ========================================= 29, August, 2015 By Kachin People ကချင်ပြည်နယ်အတွင်း လှုပ်ရှားနေသော KIA မှာလည်း ၂၀၁၁ ဇွန်လမှစတင်ကာ တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် လူ/လက်နက်ခဲယမ်းများ၊ ရှေ့တန်းစခန်းများ၊ ရင်းဌာနချုပ်များ၊ မှောင်ခိုစီးပွားရေးလုပ်ကိုင်လျှက်ရှိသော လမ်းကြောင်းများကို လက်လွှတ်လိုက်ရပြီး၊ ဒေသခံများ သောင်းနှင့်ချီ ဒုက္ခရောက်ခဲ့ ကြသည်။ ထို့ကြောင့် KIA သည် ဒုက္ခသည်များ အကြောင်းပြကာ ပြည်ပအထောက်အပံ့များကို ပိုမိုတောင်းခံလာပြီး ပြည်တွင်းမှလည်း စီးပွားရေးလုပ်ငန်းရှင်များဆီမှ အခွန်(ဆက်ကြေး)များကို တိုးမြှင့်ကောက်ခံခဲ့သည်။ လူသစ်စုဆောင်းရန်အတွက် ကချင်ပြည်နယ်အတွင်း ကြိုးစားလာချိန် တွင် အမြင်ကျယ်လာသော ဒေသခံပြည်သူများက လက်နက်ကိုင်သောင်းကျန်းမှုကို ဆန့်ကျင် လာကြသည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးမှုနောက်ကျသော အမြင်ကျဉ်းမြောင်း နေသေးသော ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသရှိ ဒေသခံများအား စည်းရုံးသိမ်းသွင်းရတော့သည်။ ပူတာအိုဒေသရှိ ဒေသခံများမှာ အလွန်ရိုးသားကြပြီး ရှေ့လူမှ ဒါဆို ဒါကိုပဲ ယုံကြည်ကြပြီး လိုက်လုပ်ကြသော အကျင့်ရှိသည်။ ထိုအချက်ကို KIA ခေါင်းဆောင်ပိုင်းမှ ကောင်းကောင်း အသုံးချခဲ့ကြသည်။ ထို့ကြောင့် KIA ရှေ့တန်းတပ်စခန်းများနှင့် လှုပ်ရှားတပ်ရင်းမှာတွင် ပူတာအို၊ ဆွမ်ပရာဘွမ်ဒေသမှ ရဲဘော်များသာ ထားရှိကြသည်။ KIA သည် အာဏာတည်မြဲရေးအတွက် စီးပွားရေးကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အတွင်းရှိ ရိုးသားသော ဒေသခံများအပြင် အခြားတိုင်းရင်းသား လူမျိုးများကိုပါ အသုံးချခဲ့ပါသည်။ စစ်ပွဲများကို ဆင်နွှဲခဲ့သည်။ ထောင်ပေါင်းများစွာသော ဒေသခံများကို ဒုက္ခသည် ဘ၀သို့ တွန်းပို့ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတမှ ဖိတ်ခေါ်ထားသော NCA လက်မှတ်ထိုးရေးကို တက်ရောက်စေလိုကြောင်း၊ အခြားတိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များက လက်မှတ် ထိုးရန်အသင့်ရှိသည်ဟု ဆိုထားသောကြောင့် KIA အနေဖြင့် လက်မှတ်ထိုးရန်လိုအပ်ကြောင်း၊ ပြည်တွင်းနေ ကချင်ဒေသခံများ၊ ထောင်သောင်းမက ဒုက္ခသည်များ၊ အောက်ခြေကရဲဘော် များအား စာနာထောက်ထား၍ ထာဝရဘုရားသခင်၏ အလိုတော်ကျ လိုက်နာဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါကြောင်း ကချင်ဒေသခံများက တောင်းဆိုထားပါသည်။

Saturday, August 29, 2015

မကြာမီ အချိန်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဘီယာဈေးကွက်မှာ မြင်တွေ့ရတော့မဲ့ Regal Seven ဘီယာစာနယ်ဇင်း မိတ်ဆက်

မကြာမီ အချိန်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ဘီယာဈေးကွက်မှာ မြင်တွေ့ရတော့မဲ့ Regal Seven ဘီယာစာနယ်ဇင်း မိတ်ဆက် နိုင်ငံတစ်ဝှမ်းတွင် အထူးအောင်မြင်မှုကို ရရှိထားပြီး ဥရောပက အကြီးဆုံးဘီယာထုတ်လုပ်တဲ့ Heineken ကုမ္ပဏီဟာ မြန်မာနိုင်ငံအတွက် အထူးသီးသန့်အဖြစ် ထုတ်လုပ်ထားသော Regal Seven ဘီယာအား ပထမဦးစွာစတင် ဖွင့်လှစ်ခြင်းအခမ်းအနားနဲ့စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို ( ၂၇.၈.၁၅ ) ရက်နေ့ည ၆နာရီတွင် Strand Hotel မှာပရိသတ်ပေါင်း ၃၀၀ခန့်ဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲအပြီး ၇နာရီခွဲမှာတော့ ဖိတ်ကြားထားသော အနုပညာ အသိုင်းအ၀ိုင်းမှ နာမည်ကြီးအနုပညာရှင်များ သရုပ်ဆောင်များ၊ မော်လ်ဒယ်များ၊ အလှမယ်များ၊ အဆိုကျော်များအပါအ၀င် အနုပညာ ညီအစ်ကိုမောင်နှမတွေ ရောက်ရှိ လာပြီးRegal Seven party ရဲ့ တမူထူးခြားတဲ့ အခမ်းအနားအပြင်အဆင်တွေက ဖိတ်ကြားထားသော ဧည့်သည်တော်များကို စိတ်လှုပ်ရှားစရာကောင်းအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဆိုပါဘီယာအား Regal Seven ဟု အမည်ပေးရခြင်းမှာ Regal ဆိုတာ တော်ဝင်ဆန်ပြီးအရမ်းကိုခမ်းနားကြီးကျယ်ပြီး အံ့သြစရာကောင်းတဲ့အဓိပ္ပါယ်ရကာ Seven ကတော့ ကမ္ဘာမှာရော မြန်မာမှာပါ ကံကောင်းတယ်လို့ အသိအမှတ်ပြုခြင်း ခံထားရတဲ့ နံပတ်လို့ သိရပါတယ်။ ဒီ၂ခုရဲ့ပေါင်းစပ်မှုကတော့ Regal Seven ဘီယာဖြစ်ကြောင်း အဆိုပါပွဲမှတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။ Regal Seven ဘီယာကို ထုပ်ပိုးမှု ပုံစံ၃မျိုးနဲ့မြန်မာနိုင်ငံမှာ စတင်ဖြန့်ချိမှာဖြစ်ပြီး မကြာခင်အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ ဘီယာဈေးကွက်အတွင်းမှာမြင်တွေ့ရတော့မယ်လို့သိရပါတယ်။ Trend Myanmar https://m.facebook.com/TrendMyanmar

အစ်ကိုဖြစ်သူ၏ အပြစ်အတွက် ညီမနှစ်ဦး မုဒိမ်းကျင့်ခံပြီး ပေးဆပ်ရန် အိန္ဒိယ ကျေးရွာကောင်စီတစ်ခု အမိန့်ချ

အစ်ကိုဖြစ်သူ၏ အပြစ်အတွက် ညီမနှစ်ဦး မုဒိမ်းကျင့်ခံပြီး ပေးဆပ်ရန် အိန္ဒိယ ကျေးရွာကောင်စီတစ်ခု အမိန့်ချ --------------------------------------------------------------------------------- အစ်ကိုဖြစ်သူ၏ လူမှုရေး ဖောက်ပြန်မှုအတွက် ညီမနှစ်ဦးကို မုဒိမ်းပြန်ကျင့်ရန် ကျေးရွာအုပ်ချုပ်ရေး ကောင်စီတစ်ခု၏ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယတွင် ဒေါသတကြီး ဝေဖန်ရှုတ်ချမှုများ ပေါ်ပေါက်လာကြောင်း သိရသည်။ မိန်းကလေး နှစ်ဦး၏ အစ်ကိုသည် မျိုးရိုးအဆင့်အတန်း ပိုမြင့်သည့် မိသားစု တစ်ခုမှ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးကို ခိုးပြေးသွားသည့်နောက် မိန်းကလေးနှစ်ဦးက ကိုယ်စား အပြစ်ဒဏ် ခံယူရန် ကျေးရွာအုပ်ချုပ်ရေး ကောင်စီက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယ၏ ဟိန္ဒူဘာသာရေး အခြေပြု လူ့အဖွဲ့အစည်းတွင် မျိုးရိုးအဆင့်အတန်း ခွဲခြားဆက်ဆံမှုများ ပြင်းပြင်းထန်ထန် ကျန်ရှိနေဆဲ ဖြစ်သည်။ ကျေးရွာကောင်စီ ဆုံးဖြတ်ချက်အရ မုဒိမ်းကျင့်ခံပြီး အစ်ကို၏ အပြစ်ကြွေးကို ပေးဆပ်ရမည့် မိန်းကလေး နှစ်ဦးအနက် တစ်ဦးသည် ၁၅ နှစ်မျှသာ ရှိသေးသည်။ အဆိုပါ မိန်းကလေးနှင့် အစ်မဖြစ်သူ အသက် ၂၃ နှစ်အရွယ် မီနက်ရှီကူမာရီတို့သည် မုဒိမ်းကျင့်သည့် ပြစ်ဒဏ်ကို ခံယူပြီးပါက တစ်ကိုယ်လုံး ဗလာကျင်း အဝတ်ချွတ်ပြီး ကျေးရွာထဲ လှည့်လည်သွားလာကာ မိသားစုကိုယ်စား အရှက်ရစေရမည်ဟု အမျိုးသားများချည်း ပါဝင်ဖွဲ့စည်းထားသည့် ကျေးရွာကောင်စီက ဆုံးဖြတ်ခဲ့သည်။ ဒေလီမြို့တော် မြောက်ဘက် ယူတာပရာဒက်ရှ်တွင် ဖြစ်ပွားခဲ့သော ကိစ္စသည် အိန္ဒိယ၏ ကျေးလက်လူ့အဖွဲ့အစည်းများတွင် အမျိုးသမီးများအပေါ် အပြင်းအထန် နှိမ့်ချဆက်ဆံမှုများ ရှိနေဆဲ ဆိုသည်ကို ထင်ရှားလာစေသည်။ ကျေးရွာကောင်စီ၏ ဆုံးဖြတ်ချက် အပြီးတွင် ဖခင်ဖြစ်သူက သမီးနှစ်ဦးကို ခေါ်ဆောင်ကာ ဒေလီမြို့တော်သို့ အလျင်အမြန် တိမ်းရှောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ညီအစ်မ နှစ်ဦးသည် ၎င်းတို့၏ မျိုးနွယ်စုဝင် မိန်းကလေးများကို သူစိမ်းအမျိုးသားများက လုံးဝ ထိကိုင်ခွင့်ပင် မရှိအောင် စောင့်ထိန်းသည့် ဒါလစ် မျိုးရိုးမှ ဖြစ်သည်။ သို့သော်လည်း သူမတို့၏ အစ်ကိုက မျိုးရိုးအဆင့်အတန်း သတ်မှတ်မှု ပိုမိုမြင့်မားသည့် ဂျတ်အနွယ်ဝင် အိမ်ထောင်ရှင် မိန်းကလေး တစ်ဦးနှင့် ချစ်ကြိုက်ပြီး ခိုးပြေးသွားသည့်နောက် ကျေးရွာကောင်စီက မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ပြန်ပေးဆပ်ရမည်ဟုဆိုကာ အဆိုပါ စက်ဆုပ်ဖွယ် ပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အစ်ကိုဖြစ်သူ ခိုးပြေးသွားသည့် မိန်းကလေးမှာ ဖေဖော်ဝါရီလအတွင်းက မျိုးရိုးတူ အမျိုးသား တစ်ဦးနှင့် ဖိအားပေး လက်ထပ်စေခြင်း ခံခဲ့ရသူ ဖြစ်သည်။ ထို့နောက်တွင် မိန်းကလေး နှစ်ဦး၏ အစ်ကိုနှင့် ခိုးရာလိုက်သွားသော်လည်း အမျိုးသား၏ မိသားစုများ နှိပ်စက်ညှင်းပန်းခံနေရကြောင်း သတင်းများကြောင့် မတ်လတွင် ရွာသို့ ပြန်လာခဲ့သည်။ ကျေးရွာကောင်စီက ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒါလစ်မျိုးနွယ်များ အနေဖြင့် ပြန်လည် အရှက်တကွဲဖြင့် ပေးဆပ်ရမည်ဟု အဆုံးအဖြတ် ပေးခဲ့သည်။ Zee Newsက အဆိုပါ သတင်းကို ဖော်ပြလိုက်သည့်နောက် အိန္ဒိယတွင် အမျိုးသမီး အခွင့်အရေး တောင်းဆိုသူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ဝေဖန်ခဲ့ကြသည်။ မီနက်ရှီတို့ ညီအစ်မသည် ဒေလီသို့ ရောက်ရှိနေပြီးနောက် သူမတို့ မိသားစုကို အကာအကွယ်ပေးရန် တရားရုံးချုပ်ထံ အသနားခံ တင်ပြထားကြောင်း သိရသည်။ သို့သော်လည်း သူမတို့ အနေဖြင့် နေရပ်ပြန်သွားပါက ကျေးရွာကောင်စီ၏ အညှိုးကြီးကြီးဖြင့် ၎င်းတို့၏ ပြစ်ဒဏ်ကို မဖြစ်မနေ အကောင်အထည် ဖော်မည်ကို စိုးရိမ်နေရဆဲ ဖြစ်သည်။ အိန္ဒိယတွင် ၂၀၁၂ ခုနှစ်က အသက် ၂၃ နှစ်အရွယ် ကျောင်းသူတစ်ဦးကို ဒေလီရှိ ဘတ်စ်ကား တစ်စီးပေါ်တွင် အမျိုးသား တစ်စုက ဝိုင်းဝန်းမုဒိမ်းကျင့်ပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ် ပေါ်ပေါက်လာပြီးနောက် အမျိုးသမီးများ၏ လုံခြုံရေးနှင့် ပတ်သက်၍ အကြီးအကျယ် စိန်ခေါ်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အိန္ဒိယ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို အလွန်အကျွံ အထက်စည်းမှ ဆက်ဆံမှုကို သမားရိုးကျ သဘောထားပြီး မုဒိမ်းမှု ကျူးလွန်ခြင်းကို အပြစ်တစ်ခုဟု ခံယူရန် ငြင်းဆိုသူ အများအပြား ရှိနေဆဲဟုလည်း သိရသည်။ 7Day

နာဂခွဲထွက်ရေးသူပုန် ၆ ဦးသေဆုံး

နာဂခွဲထွက်ရေးသူပုန် ၆ ဦးသေဆုံး ----------------------------------------- မြန်မာနဲ့ နယ်စပ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနာဂပြည်နယ်မှာ အိန္ဒိယ အစိုးရတပ်တွေနဲ့ နာဂခွဲထွက်ရေးသူပုန်ကြား တိုက်ပွဲမှာ နာဂစစ်သည် ၆ ဦး သေဆုံးတယ်လို့ အိန္ဒိယအစိုးရကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသားပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်တဖက်ကမ်း နာဂပြည်နယ်က တူဆန်ခရိုင်အတွင်းမှာ နာဂအဖွဲ့တစ်ဖွဲ့နဲ့ အိန္ဒိယအစိုးရတပ်တွေ မနေ့က သောကြာနေ့က တိုက်ပွဲ ဖြစ်ခဲ့တာပါ။ ဒီလအစောပိုင်းက ဝန်ကြီးချုပ်မိုဒီဟာ နာဂဆိုရှယ်လစ်ကောင်စီထဲက အင်အား အကြီးဆုံးအဖွဲ့ဖြစ်တဲ့ Isak Muivah အုပ်စုနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုလိုက်နိုင် တဲ့အတွက် နှစ်ပေါင်းများစွာကြာ လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ပြီလို့ ဆိုရမှာပါ။ သို့သော်လည်း အဲဒီလို သဘောတူချက်ကို မကျေနပ်တဲ့ Khaplang အဖွဲ့နဲ့ မနေ့က တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲဒီအဖွဲ့အပါအဝင် နာဂခွဲထွက်သူပုန် ၂ ဖွဲ့ ၃ ဖွဲ့ လောက်ဟာ မြန်မာနိုင်ငံရဲ့ ထူထပ်တဲ့တောင်တောင်တွေထဲမှာ ခြေကုတ်ယူပြီး အိန္ဒိယတပ်တွေကို တိုက်နေတယ်လို့ အိန္ဒိယ စစ်ဖက်ထောက်လှမ်းရေးက ပြောတယ်လို့ရိုက်တာက ရေးသားပါတယ်။ အဲဒီအချက်ကိုတော့ မြန်မာအစိုးရက ငြင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်နမိတ်ထဲ ကျူးကျော်လာတဲ့ဘယ်လိုအဖွဲ့ကိုမဆို လက်ခံမှာမဟုတ်ကြောင်း ပြောထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လတုန်းက K (Khaplang) အဖွဲ့က အိန္ဒိယတပ်တွေကို ခြုံခိုတိုက်ခိုက်တာကြောင့် စစ်သား ၂၀ လောက်သေဆုံးပြီး တစ်ပတ်လောက်အကြာမှာ K အဖွဲ့က ခေါင်းဆောင်ကို ဖမ်းဆီးလိုက်နိုင်ပါတယ်။ နာဂဆိုရှယ်လစ်ကောင်စီဟာ လွတ်လပ်တဲ့နိုင်ငံအဖြစ် အိန္ဒိယထံက ခွဲထွက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့တဲ့တိုက်ပွဲတွေကြောင့် လူဦးရေ ၅၀၀၀၀ (ငါးသောင်း)လောက်သေဆုံးခဲ့တယ်လို့ ရိုက်တာမှာ ဖေါ်ပြပါတယ်။ သြဂုတ်လ ၁၄ ရက်နေ့မှာ ကျရောက်တဲ့ ၆၉ နှစ်မြောက် နာဂလွတ်လပ်ရေးနေ့ မှာ နာဂဆိုရှယ်လစ်ကောင်စီ - Isak Muivah (NSCN-IM) အထွေထွေ အတွင်းရေးမှူး Th Muivah ကို ကျည်ကာ မှန်လုံခန်းအတွင်းကနေ မိန့်ခွန်းပြော ကြားနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ AFP)

ဆွမ်ပရာဘွမ်) Lawt Mai Yang ကျေးရွာ အထက်ပိုင်း Nhkrung Tu တောင်သို့ တပ်မတော်စစ်ကြောင်းများ ချီတက်လာခြင်းကြောင့် သြဂုတ်လ ၂၄ ရက် ညနေပိုင်း ၈း၀၀ မှ ၁၁း၀၀ အတွင်းတစ်ကြိမ်၂၅ ရက်နေ့ တစ်နေကုန် ပြီ ယခု ၂၆ ရက်နေ့ မနက်ပိုင်း ၈း၀၀ မှ ၁၁း၀၀ အချိန်များတွင် ပြင်းပြင်းထန်ထန် ပစ်ခတ်မှုများရှိခဲ့ကြောင်းသတင်းရရှိ

( ဆွမ်ပရာဘွမ်) Lawt Mai Yang ကျေးရွာ အထက်ပိုင်း Nhkrung Tu တောင်သို့ တပ်မတော်စစ်ကြောင်းများ ချီတက်လာခြင်းကြောင့် သြဂုတ်လ ၂၄ ရက် ညနေပိုင်း ၈း၀၀ မှ ၁၁း၀၀ အတွင်းတစ်ကြိမ်၂၅ ရက်နေ့ တစ်နေကုန် ပြီ ယခု ၂၆ ရက်နေ့ မနက်ပိုင်း ၈း၀၀ မှ ၁၁း၀၀ အချိန်များတွင် ပြင်းပြင်းထန်ထန် ပစ်ခတ်မှုများရှိခဲ့ကြောင်းသတင်းရရှိပါသည်။ အင်အားမမျှတမှုကြောင့် Lawt Mai Yang ပတ်လည်မှ နေရာအချို့အားလက်လွတ်ခဲ့ရကြောင်း KIA မျိုးချစ်ရဲဘော် တစ်ဦး မှိုင်းကြောင့် ခြေထောက် ဒဏ်ရာရရှိခဲ့ကြောင်းနှင့် မြန်မာ့တပ်မတော်ဖက်မှ အကျအဆုံး မသိရသေးသော်လည်း ထိခိုက်မှုများရှိနိုင်ကြောင်း သတင်း ရရှိပါသည်။ သြဂုတ်လ ၁၅ ရက်နေ့ ဦးကွမ်ဂျီးခွန်းဆတ် ( Slg.Kumji Hkun Sak) တို့လင်မယားနှင့် အခြားရွားသား (၂) ဦးတို့မှာ ဂျာရာယာန် ( Jara Yang)ကျေးရွာ မှ မိမိနေအိမ်သို့ ပြန်ပြီး ပစ္စည်းသွားယူစဉ် တပ်မတော်မှ တွေ့ရှိပြီး အမြောက်ဖြင့် ပစ်ခတ်ခြင်းခံရကြောင်း ထိခိုက်မှုမရှိသော်လဲ ယမ်းစံများလွှင့်စင်ထိခိုက်မှုမျှသာရှိကြောင်းသတင်းရရှိပါသည်။ တစ်ဆက်တည်း မနက်ပိုင်း ၁၁ နာရီအချိန်ဂျာရာယာန် (Jara Yang) ကျေးရွာအထက်ပိုင်းရှိ တောင်ယာ အတွင်း စပါးရိတ်သိမ်းနေသူများကိုလဲ အမြောက်များနှင့် ပစ်ခတ်မှုများရှိကြောင်း ထိခိုက်မှုမရှိကြောင်း သတင်းရရှိပါသည်။ ယခုအချိန် မလိယာန် တွင်ခြေကုတ်ယူနေသော ပတ်ပတ်လည်လည် အတွင်း လူရိပ်မြင်တိုင်း လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်နေကြောင်း ဂျာရာယာန် ကျေးရွာ အနီးရှိ စစ်ဘေးဒုက္ခသည် စခန်းအားသြဂုတ်လ ၂၁ ရက်နေ့တွင် Salang Yang သို့ပြောင်းရွှေ့ ခဲ့ရကြောင်းသတင်းရရှိပါသည်။ အဆိုပါ စစ်ဘေးဒုက္ခသည် စခန်းမှ ပြည်သူ ၁၂၁၉ တို့အား ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် KBC မှတက်နိုင်သမျှကူညီလျှက်ရှိကြောင်းနှင့် မေတ္တာ( Metta Foundation ) မှလဲလာရောက်ကူညီ မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Update News >>>>> “ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး တိမ်းမှောက် ယာဉ်မောင်းပွဲချင်းပြီးသေဆုံး”

Update News >>>>>
“ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အိမ်စီးကားတစ်စီး တိမ်းမှောက် ယာဉ်မောင်းပွဲချင်းပြီးသေဆုံး”
ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၂၄၂ တွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသည့် အိမ်စီးကား(ALPHARD)တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသားမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ်၂၉ ရက် နံနက်၆နာရီကျော်တွင် ဖြစ်ပွားခဲ့သည့် ထိုယာဉ်တိမ်းမှောက်မှုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်တွင်ပါရှိခဲ့ပြီး အမျိုးသမီးမှာဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း အမြန်လမ်းကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- သူရစိုးဖေ့ဘွတ်ခ်
ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်၂၄၂ တွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသည့် အိမ်စီးကား(ALPHARD)တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသားမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သြဂုတ်၂၉ ရက် နံနက်၆နာရီကျော်တွင် ဖြစ်ပွားခဲ့သည့် ထိုယာဉ်တိမ်းမှောက်မှုတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ယာဉ်ပေါ်တွင်ပါရှိခဲ့ပြီး အမျိုးသမီးမှာဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ တင်ပို့ထားကြောင်း အမြန်လမ်းကြက်ခြေနီ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓာတ်ပုံ- သူရစိုးဖေ့ဘွတ်ခ်

ဒီချုပ်၏ ပါတီဆိုင်ရာကိစ္စများ ပြောရေးဆိုခွင့်ရှိသူစာရင်း ထုတ်ပြန်

ဒီချုပ်၏ ပါတီဆိုင်ရာကိစ္စများ ပြောရေးဆိုခွင့်ရှိသူစာရင်း ထုတ်ပြန် ပါတီမူဝါဒများအား ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောမည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောရေးဆိုခွင့် ရှိသူများစာရင်းကို တရားဝင် ထုတ်ပြန်လိုက်ပြီး ပါတီ၏ အရေး ကြီးသော မူဝါဒဆိုင်ရာကိစ္စရပ် များအား နာယက ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာ ထုတ်ပြန်ပြောကြားမည် ဖြစ် ကြောင်း သတင်းရရှိသည်။ သြဂုတ် ၂၈ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောရေးဆိုခွင့်ရှိသူများစာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ‘‘အဓိကကတော့ လာမယ့်ရွေးကောက်ပွဲအတွက်ပါ။ ရွေးကောက်ပွဲစရင် မဲဆွယ်တဲ့ကိစ္စတွေနဲ့ အလုပ်များတော့မှာလေ။ ဒါကြောင့် အခုကတည်းက တရားဝင်လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးလိုက်တဲ့သဘောပါ’’ဟု ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောသည်။ အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲကြေညာစာတမ်း၊ နိုင်ငံရေးမူဝါဒသဘောထားများနှင့် စပ်လျဉ်း၍ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာ ပြောရေးဆိုခွင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် ဆက်သွယ်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းလမ်း ညွှန်ချက်များနှင့် စပ်လျဉ်း၍ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်းကောင်း၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စည်းရုံးရေးခရီးစဉ်များနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်းက လည်းကောင်း၊ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စား လှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ကိစ္စနှင့် စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းဖြန့်ချိမှုနှင့် ပတ်သက်၍ ဒီလှိုင်းအမှုဆောင်အရာရှိချုပ် ဦးသိန်းဦးက လည်းကောင်း ပြောရေးဆိုခွင့်ရှိကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ‘‘ဒီထဲမှာ မပါတဲ့သူတွေက လုံးဝမပြောရဘူးမဟုတ်ပါဘူး။ သူတို့သိတဲ့ကိစ္စတွေဆိုရင်တော့ ပြောခွင့်ရှိပါတယ်။ ဒါပေမဲ့လည်း ကြေညာချက်ထဲမှာပါတဲ့ ကဏ္ဍ တွေဆိုရင်တော့ သတ်မှတ်ထား တဲ့သူတွေပြောတာပဲ တရားဝင် တာပေါ့’’ ဟု ဦးဉာဏ်ဝင်းက ဆို သည်။ ယခင်က အင်န်အယ်လ်ဒီ၏ ပြောရေး ဆိုခွင့်ရှိသူများအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဇေယျာသော်အစရှိသူတို့အား တာဝန်ပေးထားပြီး ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် အထက်ပါအတိုင်း ထပ်မံတာဝန်ပေးလိုက်ခြင်း ဖြစ်သည်။ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) Byမင်းဟိန်းကျော်On Sat, 2015-08-29 06:30Location ရန်ကုန်Issue No.No.840 Saturday, August 29, 2015

Friday, August 28, 2015

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် ===============================================

နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် =============================================== ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၅၂/၂ဝ၁၅) ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်) နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့် ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၈-၇-၂ဝ၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၂၈/၂ဝ၁၅) ဖြင့် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ကြေညာထားပြီး နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များကိုလည်း စိစစ်ခွင့်ပြုခဲ့သည်။ ၂။ နိုင်ငံရေးပါတီများမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် စည်းရုံးမဲဆွယ်ရန် မိမိတို့ပါတီ၏ မူဝါဒသဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခွင့်များ ကို ၈-၉-၂ဝ၁၅ ရက်နေ့မှ ၆-၁၁-၂ဝ၁၅ ရက်နေ့အထိ ခွင့်ပြုပေးရန်ရှိပါသည်။ နိုင်ငံရေးပါတီများက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြလိုလျှင် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် သတ်မှတ်ခွင့်ပြုပေးသည့်ရက်မတိုင်မီ အနည်းဆုံး(၇)ရက်ကြိုတင်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဟောပြောတင်ပြလိုသည့် စာမူနှင့်အတူ ခွင့်ပြုမိန့်လျှောက်ထားရမည်။ ခွင့်ပြုမိန့် လျှောက်ထားသည့်စာမူသည် (A4)) အရွယ်အစားစက္ကူ (၇)မျက်နှာထက် မပိုစေရ။ ၃။ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောခွင့်ပြုရန် လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအား အဆင်ပြေစွာ အလှည့်ကျဟောပြောတင်ပြနိုင်စေရန်အတွက် နိုင်ငံရေးပါတီတစ်ခုချင်းအလိုက် ဟောပြောတင်ပြ ခွင့်ရရှိသည့် နေ့ရက်နှင့် အချိန်ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ညှိနှိုင်းသတ်မှတ်ပေးပါမည်။ ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဟောပြောတင်ပြလိုသည့် စာမူကို လိုအပ်သလိုစိစစ်ပြီး ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍- (က) ခွင့်ပြုမိန့်ထုတ်ပေးခြင်းသို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ (ခ) ခွင့်ပြုမိန့်ထုတ်ပေးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သော နေ့ရက်၊ အချိန် ဇယားနှင့်အညီ ခွင့်ပြုသည့် နေ့ရက်၊ အချိန်အပိုင်းအခြားနှင့် ဟောပြောရန် ခွင့်ပြုသည့် ပုဂ္ဂိုလ်၏အမည်ကို ခွင့်ပြုမိန့်တွင် ဖော်ပြရမည်။ (ဂ) ခွင့်ပြုမိန့်လျှောက်ထားခြင်းကို ငြင်းပယ်ပါက အကျိုးအကြောင်းဖော်ပြလျက် လျှောက်ထားသူထံ အကြောင်းကြားရမည်။ ၅။ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောရာတွင် နိုင်ငံရေးပါတီတစ်ခုအား- (က) ရေဒီယိုအစီအစဉ်မှ ဟောပြောတင်ပြလျှင် ဟောပြောချိန် ၁၅ မိနစ်အထိ ခွင့်ပြုမည်။ (ခ) ရုပ်မြင်သံကြားအစီအစဉ်မှ ဟောပြောတင်ပြလျှင် ဟောပြောချိန် ၁၅ မိနစ်အထိ ခွင့်ပြုမည်။ (ဂ) ပါတီ၏သီချင်းများကိုလည်း ဟောပြောရန်ခွင့်ပြုသည့် သတ်မှတ်ချိန် ၁၅ မိနစ်အတွင်း ထုတ်လွှင့် ခွင့်ပြုမည်။ (ဃ) ဟောပြောစည်းရုံးမှုအား မြန်မာဘာသာဖြင့်ဖြစ်စေ တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ စည်းရုံးဟော ပြောခွင့်ပြုပါမည်။ ၆။ နိုင်ငံရေးပါတီများသည် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြရာတွင် အောက်ဖော်ပြပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုရ- (က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထိခိုက်စေသည့် ဟောပြောမှုပြုလုပ်ခြင်း၊ (ခ) လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိခိုက်စေသည့် ဟောပြောမှုပြုလုပ်ခြင်း၊ (ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများကို လေးစားလိုက်နာမှု မရှိခြင်း၊ (ဃ) နိုင်ငံတော်အား အကြည်ညိုပျက်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိပါးစေရန် ဟောပြောမှုပြုလုပ်ခြင်း၊ (င) တပ်မတော်ပြိုကွဲရေးကိုဖြစ်ပေါ်စေရန် သို့မဟုတ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေရန် ဟောပြောမှု ပြုလုပ်ခြင်း၊ (စ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့်ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ဟောပြောမှု သို့မဟုတ် စည်းရုံး လှုံ့ဆော်မှုပြုလုပ်ခြင်း၊ (ဆ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း၊ (ဇ) ငြိမ်းချမ်းစွာပညာသင်ကြားရေးကို ထိခိုက်ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်ဟောပြောခြင်း၊ (ဈ) နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့၏ တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား ဆန့်ကျင်ဆန္ဒပြစေရန် သွေးထိုးလှုံ့ဆော်ဟောပြောခြင်း။ ၇။ နိုင်ငံရေးပါတီများသည် မိမိတို့၏ မူဝါဒသဘောတရားနှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီးဖြစ်ပေါ်လာအောင် မည်သို့ဆောင်ရွက်ဖော်ဆောင်မည်ကို ဥပဒေများနှင့်အညီ ဟောပြော မဲဆွယ်စည်းရုံးကြရမည်ဖြစ်ပါသည်။ ၈။ သို့ဖြစ်၍ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် နိုင်ငံရေးပါတီများသည် စည်းရုံးမဲဆွယ်ရန် ကိစ္စ အလို့ငှာ မိမိတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြမှုများပြုလုပ်ကြရာတွင် ဤကြေညာချက်နှင့်အညီ ဆောင်ရွက်ကြရန် ဖြစ်သည်။ ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

မြစ်ကြီးနား - မန္တလေးရထားစီးခရီး သည်ထံမှဆွဲကြိုးဖြတ်ပြေးသူဖမ်းမိ

မြစ်ကြီးနား - မန္တလေးရထားစီးခရီး သည်ထံမှဆွဲကြိုးဖြတ်ပြေးသူဖမ်းမိ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင် အင်းတော်မြို့နယ်ဆည်ရွာဘူတာ မှ သြ(၂၅)ရက်နေ့မနက် ၁ နာရီ ၄၅ မိးနစ်က မြစ်ကြီးနား -မန္တလေး ရ ထားစီးခရီးသည်တစ်ဦးဝတ်ဆင်ထား သည့်ရွေဆွဲကြိုးတစ်ကုံးကိုဖြတ်ယူ ထွက်ပြေးသူတစ်ဦးအားမီးရထား ရဲ တွေကဖမ်းဆီးရမိလိုက်ကြောင်းသိရ ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ရွေညော င် ပင်ရပ်ကွက်နေ ဒေါ်ပြားတင် ဆိုသူ သည်မြစ်ကြီးနား-မန္တလေးရထားအား စီးနင်းလိုက်ပါလာခဲ့ရာမှသူမထိုင်နေ သည့်ခုံဘေးအနီးရှိပြတင်းတံ ခါး ပေါက်မှအမည်မသိလူတစ်ဦးကသူမ ဝတ်ဆင်ထားသောရွှေအလေးချိန် ၂ ကျပ်သားရှိရွှေဆွဲကြိုးတစ်ကုံးကို အ လစ်သုတ်ဖြတ်ယူကာ ရထားပေါ် က နေခုန်ချထွက်ပြေးသွားခြင်းကြော င့် မီးရထားရဲများကရထားပေါ်ကခုန်ဆင်ပြီးဆွဲကြိုးဖြတ်သူကို လုံးထွေး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ကြိုးဖြတ်ယူသူမှာ မိုးကောင်း မြို့ နတ်ကြီးကုန်းရပ်ကွက်နေထွန်း ထွန်းလှိုင်ဆိုသူဖြစ်ကြောင်းသိရပြီး အင်းတော်မြို့မရဲစခန်းကပထမသ တင်းပေးတိုင်တန်းချက်အမှတ်၁၁၀/ ၂၀၁၅ပုဒ်မ ၃၇၉( နှိုက်)အရအမူဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်သိရသည်။

ခေတ်ပညာတတ် ဒေသခံလူငယ်များအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ

ခေတ်ပညာတတ် ဒေသခံလူငယ်များအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ 27-8-2015 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများနှင့်ဘွဲ့ရရှိပြီး သူများအား သြဂုတ်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် စာရင်းပြုစုလျက်ရှိကြောင်း ယင်းဒေသခံရွာသား များထံမှ သိရသည်။ အဆိုပါအဖွဲ့သည် လမုံကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးကို ခေါ်ယူ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် ဘွဲ့ရရှိပြီးသူ ကချင်လူငယ်များအား လူသစ်အဖြစ်စုဆောင်းရန် လာရောက်စည်းရုံး ပြောဆိုခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အမည်စာရင်းများပြုစုပေးရန် ပြောကြားခဲ့ကြောင်း လမုံကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။ “ ရွာကိုရောက်လာပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်တွေ့တယ်၊ ရွာမှာရှိတဲ့ပညာတတ် လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ စာရင်းတောင်းတယ်၊ လူသစ်စုဆောင်းမလို့ပဲနေမှာပေါ့ ” ဟု ရွာသားတစ်ဦး ကပြောသည်။ “ KIAအဖွဲ့က ပညာတတ်လူငယ်တွေရဲ့ နာမည်စာရင်း လိုက်တောင်းနေတယ်ကြားလို့ ရွာတွေမှာရှိတဲ့ ပညာတတ် လူငယ်တွေ တခြားမြို့တွေကို အားလုံးရှောင်ပြေးကုန်ကြပြီ၊ ကလေးတွေက ကျောင်းပိတ်ကြလို့ မိဘတွေဆီခဏ ပြန်လာကြတာ၊ အခွင့်အရေးရရင်ရသလို လုပ်တော့တာပဲ၊ သူတို့မှာမိဘစိတ်မရှိကြဘူးလားဗျာ ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။ ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့်ကြိုးပမ်းနေသော KIA အဖွဲ့ အနေဖြင့် မိမိဒေသအတွင်းရှိ ပညာတတ် လူငယ်များကို အတင်းအကြပ် လူသစ်စုဆောင်းသည့်လုပ်ရပ်သည် ငြိမ်းချမ်းရေးကိုပျက်စီးစေမည့် အရိပ်အယောင်များဟု ခံစားမိကြောင်းနှင့် ဒေသခံတိုင်းရင်းသားများမှာလည်း KIA အဖွဲ့၏ လုပ်ရပ်များအပေါ် အကြီးအကျယ် စိတ်ဓာတ်ပျက် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ ဒေသခံရှေ့နေ တစ်ဦးက ပြောကြား ခဲ့သည်။ ဆိုင်နော်(ဖားကန့်) ခေတ်ပညာတတ် ဒေသခံလူငယ်များအား လူသစ်စုဆောင်းရန် KIA အဖွဲ့မှ စာရင်းကောက်ခံလျက်ရှိ 27-8-2015 ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သူများနှင့်ဘွဲ့ရရှိပြီး သူများအား သြဂုတ်လ ၂၅ ရက်နေ့တွင် KIA အဖွဲ့မှ လူသစ်စုဆောင်းရန် စာရင်းပြုစုလျက်ရှိကြောင်း ယင်းဒေသခံရွာသား များထံမှ သိရသည်။ အဆိုပါအဖွဲ့သည် လမုံကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးကို ခေါ်ယူ၍ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများနှင့် ဘွဲ့ရရှိပြီးသူ ကချင်လူငယ်များအား လူသစ်အဖြစ်စုဆောင်းရန် လာရောက်စည်းရုံး ပြောဆိုခြင်းဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ အမည်စာရင်းများပြုစုပေးရန် ပြောကြားခဲ့ကြောင်း လမုံကျေးရွာ ရွာသားတစ်ဦးထံမှ သိရသည်။ “ ရွာကိုရောက်လာပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်တွေ့တယ်၊ ရွာမှာရှိတဲ့ပညာတတ် လူငယ်အမျိုးသား၊ အမျိုးသမီးတွေရဲ့ စာရင်းတောင်းတယ်၊ လူသစ်စုဆောင်းမလို့ပဲနေမှာပေါ့ ” ဟု ရွာသားတစ်ဦး ကပြောသည်။ “ KIAအဖွဲ့က ပညာတတ်လူငယ်တွေရဲ့ နာမည်စာရင်း လိုက်တောင်းနေတယ်ကြားလို့ ရွာတွေမှာရှိတဲ့ ပညာတတ် လူငယ်တွေ တခြားမြို့တွေကို အားလုံးရှောင်ပြေးကုန်ကြပြီ၊ ကလေးတွေက ကျောင်းပိတ်ကြလို့ မိဘတွေဆီခဏ ပြန်လာကြတာ၊ အခွင့်အရေးရရင်ရသလို လုပ်တော့တာပဲ၊ သူတို့မှာမိဘစိတ်မရှိကြဘူးလားဗျာ ” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးကပြောသည်။ ထိုကဲ့သို့ လူသစ်စုဆောင်းမှုများကို နည်းမျိုးစုံဖြင့်ကြိုးပမ်းနေသော KIA အဖွဲ့ အနေဖြင့် မိမိဒေသအတွင်းရှိ ပညာတတ် လူငယ်များကို အတင်းအကြပ် လူသစ်စုဆောင်းသည့်လုပ်ရပ်သည် ငြိမ်းချမ်းရေးကိုပျက်စီးစေမည့် အရိပ်အယောင်များဟု ခံစားမိကြောင်းနှင့် ဒေသခံတိုင်းရင်းသားများမှာလည်း KIA အဖွဲ့၏ လုပ်ရပ်များအပေါ် အကြီးအကျယ် စိတ်ဓာတ်ပျက် လျက်ရှိကြောင်း မြစ်ကြီးနားမြို့ ဒေသခံရှေ့နေ တစ်ဦးက ပြောကြား ခဲ့သည်။ ဆိုင်နော်(ဖားကန့်)

ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်လို့ ရွေးကောက်ပွဲဝင်တာလို့ ဦးအောင်မင်းပြော =====

ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်လို့ ရွေးကောက်ပွဲဝင်တာလို့ ဦးအောင်မင်းပြော ============================= ၂၈..၈..၁၅ - လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကယားပြည်နယ်ကို ကျေးဇူးဆပ်ချင်သောကြောင့် ဖြစ်သည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဩဂုတ်၂၇ က ပြည်ထောင်စုလွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။ ဝန်ကြီး ဦးအောင်မင်းသည် ကယားပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၇)တွင် အမျိုးသားလွှတ်တော်နေရာအတွက် တသီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရန် အမတ်လောင်းစာရင်း တင်ထားပြီးဖြစ်သည်။ - “ငြိမ်းချမ်းရေးပြတ်ရင်လေ ကျွန်တော်အားလုံးကို တာ့တာလုပ်လို့ရတယ်။ ငြိမ်းချမ်းရေးမပြတ်သေးတော့ ငြိမ်းချမ်းရေး သံယောဇဉ်နဲ့ ကျွန်တော်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခြင်းဖြစ်တယ်။ ကယားပြည်နယ်ကို ဘာလို့ရွေးလည်းဆိုတော့ ကယားပြည်နယ်မှာ ကျွန်တော် အကြာကြီးတာဝန်ထမ်းဆောင်ခဲ့ဖူးလို့ ကယားပြည်နယ်ကို ကျွန်တော်ကျေးဇူးပြန်ဆပ်ချင်တယ်” ဟု ဦးအောင်မင်းက ပြောသည်။ - ဝန်ကြီးဦးအောင်မင်းသည် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တောင်ငူမြို့နယ်၊ ပြည်သူ့လွှတ်တော် နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ “ပါတီကလည်း တစ်ယောက်ရွေးထားတယ်။ အဲ့တစ်ယောက် ရွေးထားတဲ့အခါကြတော့ ကျွန်တော်က တရားမျှမျှတတပဲ သူ့ကို ဦးစားပေးလိုက်တယ်။ ပေးလိုက်တော့ ကျွန်တော်က ရွေးချယ်စရာမရှိတော့ ကျွန်တော်က တစ်သီးပုဂ္ဂလ ဖြစ်သွားတာပေါ့ဗျာ” ဟု ဗိုလ်ချုပ်ဟောင်းလည်းဖြစ်သူ ဦးအောင်မင်းက တသီးပုဂ္ဂလ ဝင်ပြိုင်ရသည့်အနေအထားကို ရှင်းပြသည်။ - ဦးအောင်မင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၇)တွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးရယ်၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီမှ ဦးရောဘတ်ညေးရယ်၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယားပြည်နယ်)မှ ဒေါ်ပိုးမြာနှင့် ဝါရင့်အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်ကျော်စိုးတို့လည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ - လက်ရှိတွင် ဦးအောင်မင်းသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီ(UPWC)၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သလို အဆိုတော်ရဲလေး၏ ယောက္ခမ တော်စပ်သူလည်းဖြစ်သည်။ ============ Mizzima - News in Burmese

မြစ်ဆုံစီမံကိန်းဧရိယာရှိ ကျေးရွာတွင် ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများ မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေ

မြစ်ဆုံစီမံကိန်းဧရိယာရှိ ကျေးရွာတွင် ရွှေတူးဖော်နေခြင်းကြောင့် ဒေသခံများ မြေနေရာဆုံးရှုံးမည်ကို စိုးရိမ်နေ ဩဂုတ်လ ၂၈ ရက် ၂၀၁၅ မြစ်ဆုံစီမံကိန်းတွင် ပါဝင်သည့် ဒေါင်ပန်ကျေးရွာ ဟောင်းနေရာ၌ တရုတ်ကုမ္ပဏီ(CPI) အစောင့်ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ ရွှေကျင်နေသည့် အတွက် မြေနေရာဆုံးရှုံးမည်ကို ဒေသခံများ စိုးရိမ်ပူပန်နေ ကြောင်း သတင်းရရှိသည်။ ရွှေတူးဖော်သူများကို လုပ် ကိုင်ခွင့်ပေးထားခြင်းကြောင့် မြစ် ဆုံစီမံကိန်းလုံးဝရပ်ဆိုင်းချိန်တွင် မိမိဒေသသို့ ပြန်လည်နေထိုင်ခွင့် ရရှိပါက မြေနေရာမရှိမည်ကို စိုးရိမ်ပူပန်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ‘‘ကျွန်တော်တို့ကိုတော့ ကန့် သတ်နယ်မြေဆိုပြီး လုံးဝမဝင်ရ ဘူး။ ရွှေကျတော့လာကျင်နေကြတယ်။ ဒါက ဘယ်လိုလဲမသိဘူး။ အခုက အားလုံးက ဝိုင်းဝန်းပိတ် ပင်တော့ တစ်နေ့ကျလို့ရှိရင် ရွာ ဟောင်းကိုပြန်လာပြီး နေနိုင်မယ် လို့မျှော်လင့်တယ်။ အခုက CPI က ရွှေကျင်သမားတွေကို ခွင့်ပြု ထားတော့ ကျွန်တော်တို့လည်း အားလုံးပြောင်းသွားမှာကို စိုးရိမ် နေတယ်’’ဟု ဒေါင်ပန်ကျေးရွာမှ မလိယန်သို့ ပြောင်းရွှေ့နေထိုင် သည့် ဘာသာရေးဆရာတစ်ဦးက ပြောသည်။ မြစ်ဆုံစီမံကိန်းဧရိယာအ တွင်း ဒေါင်ပန်ကျေးရွာမှ ပြောင်း ရွှေ့ခဲ့ရသည့် ဒေသခံများသည် ၎င်းတို့၏ ကျွဲ၊ နွားများကို စီမံကိန်း ဧရိယာအတွင်းမှ သွားရောက်ခေါ် ဆောင်ရာတွင် CPI ကုမ္ပဏီက ဒေသခံများအား ဝင်ခွင့်မပြုသော် လည်း CPI စီမံကိန်းအစောင့်များ နှင့် လုပ်ငန်းရှင်များက စက်ကြီး များဖြင့် ရွှေတူးဖော်နေကြ ကြောင်း ဒေါင်ပန်ကျေးရွာမှ ဘာသာရေးဆရာတစ်ဦးက ပြော သည်။ အဆိုပါစီမံကိန်းဧရိယာ တွင် မလိယန်သို့ ပြောင်းရွှေ့သွား သည့် ကျွဲ၊ နွားများ အကောင်ရေ ၅၀ ခန့်ရှိနေဆဲဖြစ်ပြီး အဆိုပါကျွဲ များကိုသွားယူရန် CPI ကုမ္ပဏီသို့ ခွင့် တောင်းခဲ့သော်လည်း ခွင့်မပြု ၍ သွားရောက်ယူနိုင်ခြင်းမရှိ ကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါဒေါင်ပန်ကျေးရွာ တွင် အိမ်ခြေ ၄၀ေ ကျော်နေထိုင် ကာ လုပ်ကိုင်စားသောက်ရန် အဆင်ပြေသည့် မြေနေရာဖြစ်ပြီး ယခုပြောင်းရွှေ့နေထိုင်သည့် မလိယန်တွင် လုပ်ကိုင်စား သောက်ရန် အခက်အခဲများစွာရှိ နေကြောင်း အသက် (၄၀)အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြော သည်။ မြစ်ဆုံတန်ဖရဲကျေးရွာရှိ လယ်ကွင်များတွင်လည်း လုပ်ငန်းရှင်များ ရွှေတူးဖော်လုပ်ကိုင်လျက် ရှိကြောင်း အောင်မြင်သာဒေသခံ များက ပြောသည်။ 7Day News Journal

ရွေးကောက်ပွဲ မဲမသမာမှုရှိမှာ ဒေါ်စုစိုးရိမ်

August 26, 2015 ရွေးကောက်ပွဲ မဲမသမာမှုရှိမှာ ဒေါ်စုစိုးရိမ် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အပြတ်အသတ် အနိုင်ရမယ်လို့ သူယုံကြည်ကြောင်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်မှုမှာ ရရှိတဲ့ တိုးတက်မှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုတွေ ရှိနေသေးတယ်လို့ AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ NLD အနေနဲ့ မဲအများဆုံး ရမှာ သေချာတယ်လို့ သူ့အနေနဲ့ မျှော်လင့်ထားကြောင်း မနေ့က AFP နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ လွှတ်တော်နေရာ အများစုအတွက် NLD အနေနဲ့ နိုင်ခြေ ရှိ မရှိ မေးမြန်းရာမှာတော့ ရွေးကောက်ပွဲဟာ အမှန်တကယ် လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် သူ့ပါတီအနေနဲ့ အနိုင်ရမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် NLD အနေနဲ့ ပီပြင်တဲ့ အစိုးရဖွဲ့နိုင်အား ရှိတယ်လို့ ဆိုပါတယ်။ “ကျမတို့ရှေ့မှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေကို ကြည့်ခြင်းအားဖြင့် ကျမတို့ နိုင်ခဲ့ရင် ပိုပြီး ပီပြင်ကောင်းမွန်တဲ့ အစိုးရ ဖွဲ့ပေးနိုင်မယ့် အခြေအနေ ကျမတို့မှာ ရှိတယ်လို့ ကျမ ယူဆပါတယ်။” ဒါပေမဲ့လည်း ရွေးကောက်ပွဲမှာ ဘာသာရေးလွှမ်းမိုးမှုအပြင် မဲ မသာမာမှုတွေအတွက် သူ့အနေနဲ့ စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “လာမယ့် ရွေးကောက်ပွဲမှာ မသမာမှုတွေ၊ မဲကလိမ်ကျမှုတွေ စသဖြင့်တို့ ရှိမှာကို ကျမတို့ မစိုးရိမ်ဘူးလားလို့ မေးမယ်ဆိုရင်တော့ ကျမတို့ စိုးရိမ်မကင်း မဖြစ်ဘဲ ဘယ်နေပါ့မလဲလို့ ပြန်ဖြေရမှာပါ။” ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းတွေမှာ တော်တော်များများ မှားယွင်းနေတဲ့အတွက် NLD အနေနဲ့ ဝေဖန် ကန့်ကွက်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် အများဆုံး ၁,၁၅၁ ဦးနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် NLD အနေနဲ့ ရွေးကောက်ပွဲကနေ နောက်ဆုတ်ဖို့ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ တဘက်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရဲ့ သမ္မတအဖြစ် ထမ်းဆောင်ခွင့်မရှိတဲ့အတွက် NLD အနိုင်ရခဲ့ရင် လွှတ်တော်မှာ သမ္မတ ရွေးကောက်တင်မြှောက်ဖို့အတွက် NLD အနေနဲ့ အဆိုတင်သွင်းမယ့် သမ္မတလောင်းအမည်ကို ရွေးကောက်ပွဲပြီးမှ ကြေညာမှာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်ဟာလည်း ပါတီတွင်းကပဲ ဖြစ်တယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောခဲ့ပါတယ်။ အရင်ကတော့ ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို NLD အနေနဲ့ သမ္မတလောင်း အမည်စာရင်း တင်သွင်းနိုင်မယ့် အလားအလာ ရှိတယ်လို့ အများက ထင်ကြေးပေးခဲ့ကြတာပါ။ လက်ရှိ လွှတ်တော်ကိစ္စရပ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေတဲ့ သူရဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက်နေ့က သူ့ပါတီဖြစ်တဲ့ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ရာထူးကနေ ညတွင်းချင်း အင်အားသုံးပြီး ရုတ်တရက် ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဝေဖန်ပါတယ်။ “ကျမတို့ နိုင်ငံအနေနဲ့ ဒီမိုကရေစီကို ဖော်ဆောင်တဲ့လမ်းကြောင်းကို ဦးတည်သွားနေတယ်လို့ ယူဆခံထားရတာ ဖြစ်ပါတယ် ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့်တော့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ ခရီးသိပ်မပေါက်သေးဘူး ဆိုတာကို တွေ့ရပါတယ်။” NLD အတွက် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ၂၅ နှစ်တာ ကာလအတွင်း ပထမဆုံးအကြိမ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်တပ်ကနေ အာဏာလွှဲပြောင်း ပေးအပ်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှိနေသမျှ NLD အနိုင်ရမယ်ဆိုရင် စစ်တပ်အနေနဲ့ လက်ခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီစာနယ်ဇင်းကောင်စီနဲ့ တနင်္လာနေ့က တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ စစ်တပ်အနေနဲ့လည်း လာမယ့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတာကို လိုလားကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာမယ့် ရလဒ်အဖြေကိုလည်း ထောက်ခံ အတည်ပြုမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်ရှင်။ အင်ကြင်းနိုင် http://burmese.voanews.com/content/nld-election/2932616.html

ဝါရှင်တန်ပြည်နယ် တောမီး လောင်ကျွမ်းမှု သမိုင်းတစ်လျှောက် အကြီးဆုံး ဖြစ်လာ

ဝါရှင်တန်ပြည်နယ် တောမီး လောင်ကျွမ်းမှု သမိုင်းတစ်လျှောက် အကြီးဆုံး ဖြစ်လာ ဝါရှင်တန် ၊ ၂၆-၈-၂ဝ၁၅ အမေရိကန် ပြည်ထောင်စု အနောက်ပိုင်း ဝါရှင်တန်ပြည်နယ် ၌ လောင်ကျွမ်းလျက် ရှိသော တောမီးသည် ၄င်းပြည်နယ် သမိုင်း တစ်လျှောက်တွင် လောင်ကျွမ်းခဲ့သော တောမီးများ အနက် အကြီးမားဆုံး ဖြစ်လာကြောင်း ပြည်နယ် အာဏာပိုင်များက သြဂုတ် ၂၄ ရက်တွင် ပြောကြားသည်။ ဝါရှင်တန် ပြည်နယ် မြောက် အလယ်ပိုင်းရှိ အိုကာနိုဂန် ခရိုင်တွင် လောင်ကျွမ်း နေသည့် အဆိုပါ တောမီးသည် သြဂုတ် ၂၄ ရက်တွင် မြေဧက ၂၅ဝဝဝဝ ကျော်အထိ မီးလောင်ကျွမ်း ခဲ့ပြီး လွန်ခဲ့သော ၂ဝ၁၄ ခုနှစ်က စံချိန်ချိုး ခဲ့သော Carlton မီးထက်ပို၍ ဆိုးရွားလာကြောင်း အမေရိကန် သစ်တောဆိုင်ရာ မီးသတ်ဌာနမှ ပြောရေးဆိုခွင့် ရှိသူ မိုက်ဖိရစ်ခ် က ပြောကြားသည်။ လွန်ခဲ့သော ရက်သတ္တပတ် အတွင်းက အဆိုပါ တောမီးကို ငြှိမ်းသတ်နေစဉ် မီးသတ်သမား သုံးဦး သေဆုံးခဲ့ပြီး ယခုလက်ရှိတွင် ၄င်းတောမီးကို ငြှိမ်းသတ်နိုင်ရန် လူ ၁၂၅ဝ ဦး ပါဝင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ နိုင်ငံတစ်ဝန်း၌ လောင်ကျွမ်း နေသောတောမီး ၁၆ ခုသည် မြေဧက ၆ဝဝဝဝဝ ကျော်အထိ လောင်ကျွမ်း လာခဲ့ပြီး နေအိမ်အလုံး ၂ဝဝ ခန့်မှာ မီးလောင်ပျက်စီး ခဲ့ကြောင်း၊ ထို့အပြင် ဒေသခံ ၁၂ဝဝဝ ဦးမှာလည်း စိုးရိမ်ပူပန် နေရကြောင်း ဝါရှင်တန် ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေးအင်စလီ က ပြောကြားသည်။ PyiChitThar http://www.pyichitthar.com

ရေကြီးရေလျှံ ဒေသ၏ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါ

ရေကြီးရေလျှံ ဒေသ၏ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေး ရောဂါ ရေကြီးရေလျှံ ဒေသတွေမှာ ခြင်ပေါက်ပွားမှုနှုန်း များလာရာကနေ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေး အန္တရာယ် ရင်ဆိုင်ဖို့ ရှိနေပါတယ် ဆရာ။ ဘယ်လို ကြိုတင်ကာကွယ်မှုမျိုး လုပ်သင့်ပါသလဲ ခင်ဗျာ။ ကိုထွေး(ပေါက်) ရေကြီးရေလျှံ ဒေသမှာ ခြင်ပေါက်ပွားမှု များလာပြီး ခြင်က တစ်ဆင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါနဲ့ ဆင်ခြေထောက် ရောဂါတို့ ကူးစက် နိုင်ပါတယ်။ ငှက်ဖျားရောဂါဟာ ငှက်ဖျားပိုး သယ်ဆောင်တဲ့ အနောဖလိခြင် (Anophilic) ကိုက်လို့ ကူးစက်တာ ဖြစ်ပါတယ်။ ငှက်ဖျားရှိရာ ဒေသမှာ ရေကြီးမှုတွေ ဖြစ်ပွားတာကြောင့် အဲဒီက လူတွေ ရေဘေး ကယ်ဆယ်ရေး စခန်းတွေကို ရောက်ရှိလာပြီး သူတို့ကို ကိုက်တဲ့ ခြင်က တစ်ဆင့် ရောဂါ မရှိတဲ့လူတွေကို ကိုက်ရင် ငှက်ဖျားရောဂါတွေ ကူးစက် လာနိုင်ပါတယ်။ ဒါကြောင့် ခြင်မကိုက်အောင်၊ ခြင်မပေါက်ပွားအောင် ဂရုစိုက် နေထိုင် သင့်ပါတယ်။ ငှက်ဖျားရောဂါဟာ အသက်အရွယ် မရွေး ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ ငှက်ဖျားရောဂါ ဖြစ်ရင် ငှက်ဖျားဆေးကြောင့် လမစေ့ဘဲ ကလေး မွေးခြင်း၊ အသေ မွေးခြင်းတို့ ဖြစ်တတ်ပါတယ်။ ညဘက်မှာ ခြင်ကိုက် မခံရအောင် သတိထားရမယ်။ ငှက်ဖျားရှိတဲ့ ဒေသမှာ အလုပ် သွားလုပ်တဲ့ သူတွေ ပြန်လာလို့ သူတို့ကို ကိုက်တဲ့ ခြင်က တစ်ဆင့် ဖြစ်ပွား နိုင်သလို၊ ပြောင်းရွှေ့ နေထိုင်သူတွေ ကြောင့်လည်း ရောဂါ ရတတ်ပါတယ်။ ငှက်ဖျားရောဂါ လက္ခဏာတွေ ကတော့ ချမ်းတုန်ပြီး အဖျားတက်ခြင်း၊ တက်ဖျား၊ ကျဖျား ရှိရာမှ ချွေးထွက်ပြီး ကောင်းသွားခြင်း၊ ရောဂါ ပြင်းထန်ပါက တခြားသူရဲ့ အကူအညီ မပါဘဲ မထူနိုင်၊ မထနိုင်၊ လမ်းမလျှောက် နိုင်ခြင်း၊ ဆေးမသောက်နိုင်ဘဲ အော့အန်ခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်း၊ မှိန်းခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းနဲ့ သေဆုံးခြင်းတို့ အထိ ဖြစ်စေပါတယ်။ ငှက်ဖျားရောဂါ ဖြစ်ပွားတယ်လို့ သံသယ ရှိရင် နီးစပ်ရာ ကျန်းမာရေး ဌာနကို အမြန်ဆုံး သွားရောက် ပြသ သွေးဖောက် စစ်ဆေးပြီး ဆေးကုသမှု ခံယူ သင့်ပါတယ်။ ငှက်ဖျားရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ဖို့ ခြင်ဆေးရည် စိမ်ထားတဲ့ ခြင်ထောင် ဒါမှမဟုတ် ခြင်ထောင်နဲ့ အိပ်ရပါမယ်။ ညအချိန် ခြင်မကိုက်အောင် အ၀တ်အစား လုံလုံခြုံခြုံ ၀တ်ပြီး အိပ်ရမယ်။ အ၀တ်အစားနဲ့ လွတ်နေတဲ့ လက်၊ ခြေထောက်၊ မျက်နှာတို့ ခြင်မကိုက်အောင် ဆေးလူးခြင်းနှင့် ခြင်ဆေးခွေ ထွန်းခြင်း ဆောင်ရွက် နိုင်ပါတယ်။ အိမ် အနီးမှာ ရှိတဲ့ ခြင် ခိုအောင်းနိုင်တဲ့ ချုံနွယ်တွေကို ရှင်းလင်း ပစ်ရမယ်။ ရပ်ကွက် ကျေးရွာ အနီးရှိ ချောင်းတွေ၊ မြောင်းတွေမှာ ရေမ၀ပ်အောင် ရေစီးရေလာကောင်းအောင် ဆောင်ရွက်ရမယ်။ ပိုးလောက်လမ်းစား ငါး၊ ဒေါင်းငါးတွေကို မွေးမြူ သင့်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဟာ အသက်အရွယ် မရွေး ဖြစ်နိုင်ပြီး ခုခံအားစနစ် အားနည်းတဲ့ ကလေးတွေမှာ ပိုမို ဖြစ်ပွားတတ်ပါတယ်။ မြန်မာနိုင်ငံမှာ အသက် သုံးနှစ်ကနေ ၁၂ နှစ်အတွင်း ကလေးတွေမှာ ပိုမို ဖြစ်ပွားတယ်။ သွေးလွန်တုပ်ကွေး ရောဂါဟာ အသက်ဆုံးပါးတဲ့ အထိ ဖြစ်ပွားနိုင်လို့ ကာကွယ်ရမယ်။ သွေးလွန်တုပ်ကွေး ရောဂါ လက္ခဏာတွေကတော့ ရုတ်တရက် ဖျားခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မျက်စိအောင့်ခြင်း၊ အော့အန်ခြင်း၊ အနီစက်များ ထွက်ခြင်း ဖြစ်ကာ နှစ်ရက်၊ သုံးရက်အတွင်း အဖျားကြီးခြင်း၊ ကော်ဖီရောင်များ အန်ခြင်း၊ အမဲရောင် ၀မ်းများသွားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ မှိန်းနေခြင်းနှင့် ခြေဖျားလက်ဖျားအေးခြင်း၊ သွေးလန့်ခြင်း လက္ခဏာတွေ ဖြစ်တတ်လို့ အနီးဆုံး ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြသဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါဟာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် (Dengue virus) သယ်ဆောင်တဲ့ ခြင်ကျားခေါ် ခြင်ပုန်း နေဘက်ကိုက်လို့ ဖြစ်ရတာပါ။ ခြင်ပုန်ခေါ် ခြင်ကျားဟာ ရောကြည်ရေသန့်မှာပဲ ပေါက်ပွားတတ်ပြီး နေ့ရောညပါ ကလေးတွေ အိပ်စက်ရင် ခြင်ထောင် ချပြီး သို့မဟုတ် ခြင်လုံ ဆန်ခါတပ်တဲ့ အခန်းမှာ အိပ်သင့်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် လိုက်နာရမယ့် အချက်တွေကတော့ ရေသိုလှောင်ထားတဲ့ ရေကြည် ရေအိုင်တွေ၊ ရေလှောင်ကန်တွေကို လုံခြုံအောင် ဖုံးအုပ် ထားရမယ်။ ဘုရားပန်းအိုး၊ သောက်ရေခွက်များမှ ရေကို နေ့စဉ် လဲလှယ် ပေးရပါမယ်။ မိုးရေတင်နိုင်တဲ့ ဘူးခွံ၊ ပုံးခွံ၊ တာယာဟောင်း၊ အိုးခြမ်းပဲ့၊ ပလပ်စတစ်အိတ်၊ အုန်မှုတ်ခွက်၊ စသည်တို့ကို မီးရှို့ခြင်း၊ မြေမြှုတ်ခြင်း ပြုလုပ်ကာ ရှင်းလင်း ပစ်ရမယ်။ အိမ်တွင်း အိမ်ပြင် သန့်ရှင်းအောင် ထားရမယ်။ အခန်းမှာ လုံလောက်တဲ့ အလင်းရောင် ရရှိရပါမယ်။ လေကောင်းလေသန့် ရရှိရပါမယ်။ ပြတင်းပေါက်တွေ ဖွင့်ထားရမယ်။ ခြင်လုံဆန်ခါ တပ်ရပါမယ်။ ကလေး ငယ်တွေကို ခြင်မကိုက်အောင် ဂရုစိုက်ရမယ်။ ကလေးများကို အက်ျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပြီး ခြင်ဆေးလူးခြင်း၊ ခြင်ဆေးထွန်ခြင်းများ ဆောင်ရွက်နိုင်သလို လျှပ်စစ်ခြင်ရိုက်တံ သုံးနိုင်ပါတယ်။ ခြင်မပေါက်ပွားအောင် ရေများကို ဖုံး၊ သွန်၊ လဲ၊ စစ်ပေးရမယ်။ ခြင်လောက်လမ်း နှိမ်နင်းရာမှာ လိုအပ်ပါက မာလာသီရွန်၊ ဒီဒီတီဆေးမှုတ်ခြင်း၊ ပါလာဆီယွန်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း စတဲ့ သွေးလွန် တုတ်ကွေး ကာကွယ်ရေးလုပ်ငန်းများမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုတယ်။ ခြင်ထောင်များ ခြင်ဆေးရည်၊ အဘိတ်ဆေးရည် စိမ်နိုင်ပါတယ်။ သွေးလွန်တုတ်ကွေး ရောဂါနှင့် ပတ်သက်ပြီး ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးလို့ ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ခြင်းနဲ့ အနိုင် ယူရမယ်။ သွေးလွန်တုပ်ကွေး ဖြစ်တယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသပြီး ဓာတ်ဆားရည်တိုက်ခြင်း၊ ပဋိဇီဝ ဆေးကျွေးခြင်း၊ ထိုးခြင်း၊ လိုအပ်တဲ့ သွေး သို့မဟုတ် ချို/ငန် ဒရစ်ချိတ်ခြင်းများဖြင့် ရောဂါသက်သာအောင် ဆောင်ရွက်နိုင်ပါတယ်။ ရေဖတ် တိုက်နိုင်တယ်။

တစ်နိုင်ငံလုံးပါပြီး အားလုံးကတိတည်မည့် ခိုင်မြဲသည့် အပစ်ရပ်စဲရေးစာချုပ် ရေးထိုးမြှု�

တစ်နိုင်ငံလုံးပါပြီး အားလုံးကတိတည်မည့် ခိုင်မြဲသည့် အပစ်ရပ်စဲရေးစာချုပ် ရေးထိုးမှုဖြစ်ရန် လိုလားဟု ဒေါ်အောင်ဆန်းစုကြည်ပြော "မြန်မြန်ထိုးစေချင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန် အကောင်းဆုံးဖြစ်အောင်လို့ အမြန်ဆုံးကောင်းအောင် ဖြစ်စေချင်တာပါ။ အမြန်ကမန်းကတမ်းထိုးပြီး မကောင်းရင် မကောင်းဘူးလေ။ အဓိက ကတော့ ထိုးလို့ရှိရင်မြဲဖို့ပဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် (၂၇)ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက်တစ်ဦး မေးမြန်းမှုမှာ ဖြေခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးပါပြီး အားလုံးကတိတည်မည့် ခိုင်မြဲသည့် အပစ်ရပ်စဲရေးစာချုပ် ရေးထိုးမှုဖြစ်ရန် လိုလားဟု ဒေါ်အောင်ဆန်းစုကြည်ပြော "မြန်မြန်ထိုးစေချင်တယ်လို့ ပြောတာမဟု... youtube.com

မတရားအသင်း ကြေညာခံထားရသော ပုဂ္ဂိုလ်များနှင့် ဆက်ဆံလျှင် ပုဒ်မ ၁၇/၁၊ ၁၇/၂ ဖြင့် အရေးယူမှု�

မတရားအသင်း ကြေညာခံထားရသော ပုဂ္ဂိုလ်များနှင့် ဆက်ဆံလျှင် ပုဒ်မ ၁၇/၁၊ ၁၇/၂ ဖြင့် အရေးယူမှုများ ရှိလာပါက သမ္မတအမိန့်ဖြင့် ကာကွယ်ရန် ပြင်ဆင်ထားဟု ဦးအောင်မင်းပြော လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က မတရားအသင်း ကြေညာခံထားရတဲ့ ပုဂ္ဂိုလ်များနှင့် ဆက်ဆံရင် အချိန်မရွေး ပုဒ်မ ၁၇/၁၊ ပုဒ်မ၁၇/၂ များဖြင့် အရေးယူ ခံရနိုင်တာကြောင့် အဲဒီပုဂ္ဂိုလ်၊ အသင်းအဖွဲ့တွေနဲ့ ရယူသည့် သဘောတူညီချက်မှာ ဥပဒေကြောင်းအရ တရားဝင်၊ မ၀င် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင့်တယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။ ဦးအောင်မင်းက သမ္မတကြီးပေးတဲ့ အမိန့်နဲ့ပဲ သွားပြောတာ ဖြစ်တာကြောင့် အကယ်၍ ၁၇/၁ နဲ့ စွဲလာမယ်ဆိုရင် သမ္မတအမိန့်နဲ့ ကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ ပြန်လည်ရှင်းလင်း တင်ပြခဲ့ပါတယ်။ မတရားအသင်း ကြေညာခံထားရသော ပုဂ္ဂိုလ်များနှင့် ဆက်ဆံလျှင် ပုဒ်မ ၁၇/၁၊ ၁၇/၂ ဖြင့် အရေးယူမှုများ ရှိလာပါက သမ္မတအမိန့်ဖြင့် ကာကွယ်ရန် ပြင်ဆင်ထားဟု ဦးအောင်မင်းပြော လ... youtube.com

ပူတာအိုခရိုင်၌ အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံဘောလုံးပြိုင် ================================================

ပူတာအိုခရိုင်၌ အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံဘောလုံးပြိုင် ================================================ ပူတာအို သြဂုတ် ၂၇ ကျောင်းသားလူငယ်များ၏ကိုယ်ကာယကျန်းမာကြံ့ခိုင်လာစေရန်၊ ကျောင်းသားလူငယ်အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရန်နှင့် စည်းကမ်းသေဝပ်ပြီး ဥပဒေကို လေးစားလိုက်နာတတ်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ် ပူတာအိုခရိုင်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ကျောင်း ပေါင်းစုံဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၅ ရက် မွန်းလွဲ ၂ နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ကျင်းပသည်။ အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံး ဦးစီးအရာရှိ ဦးခင်မောင်ရီက အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။ ကွင်းဖွင့်ပွဲတွင် အထက(ခွဲ) ဆန်ဂေါင်အသင်း နှင့် အထက(ခွဲ)လေယာဉ်ကွင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက(ခွဲ)လေယာဉ်ကွင်းအသင်းက လေးဂိုး-တစ် ဂိုးဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲသို့ ပူတာအိုခရိုင်အတွင်းရှိ ပူတာအို/ မချမ်းဘောမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းက သြဂုတ် ၂၅ ရက်မှစတင်ကာ တစ်နေ့လျှင်သုံးပွဲဖြင့် စက်တင်ဘာ ၅ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။ (ခရိုင် ပြန်/ဆက်)

သူတစ်လူငါတစ်မင်းနဲ့ငြိမ်းချမ်းရေးအလှမ်းမဝေးစေချင်

သူတစ်လူငါတစ်မင်းနဲ့ငြိမ်းချမ်းရေးအလှမ်းမဝေးစေချင် =============================== ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်မယ်လို့ ပြည်သူတွေအထင်ကြီးခဲ့ပေမယ့် ကြားနေရတဲ့သတင်းတွေက စိတ်မချမ်းမြေ့ စရာပါ။ NCA မူကြမ်းကိုတောင် သဘောတူလက်မှတ်ထိုးခဲ့နိုင်တဲ့အတွက် NCA အချောသတ်ကိုလည်း လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ထင်မှတ်ခဲ့ကြပါတယ်။ UPWC နဲ့ SD တို့ကလည်းလုပ်လိုက်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေက ၉ ကြိမ်တောင်ရှိခဲ့ပြီဆိုတော့ အထင်ကြီးခဲ့ကြတာပေါ့။ ဒါပေမယ့်လည်း ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို အပြီးသတ်ချုပ်ဆိုခါနီးရောက်မှ အဆီအငေါ်မတည့်တာတွေ ဖြစ်နေပါတယ်။ အဓိက ကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ဖြစ်နေတာလို့ ယေဘူယျဆန်ဆန် ပြောနိုင်ပါတယ်။ အစိုးရအနေနဲ့ကတော့ သမ္မတကြီးကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံ NCA လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်တိုင်းရင်းသားလက်နက်ကိုင်တချို့က ၁၅ ဖွဲ့နဲ့ မဟုတ်ဘဲ လက်နက်ကိုင်အားလုံးပါမှ ထိုးမယ်ဆိုပြီး ပြောလာကြပါတယ်။ KNU၊ KNU/ KNLA-PC၊ DKBA၊ RCSS/SSA တို့ကတော့ သမ္မတကြီးရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး သဘောတူလက်မှတ် ရေးထိုးမယ်လို့ ဆိုပါတယ်။ NCA ကမောက်ကမဖြစ်နေတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က သူတစ်လူငါတစ်မင်း လုပ်နေတာကြောင့်ဆိုတာ မြင်သာနေပါတယ်။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အာလုံး ပါဝင်ရေး၊ မပါဝင်ရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ အချင်းချင်း ကြားမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ အထူးသဖြင့် KNU ခေါင်းဆောင်ပိုင်းမှာတောင် အမြင်မတူမှုတွေ ဖြစ်နေတာ တွေ့ရပါတယ်။ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးက NCA ကို လက်မှတ်ထိုးမယ်ဆိုပြီး ပြောတယ်။ သူက ပြတ်သားတယ်၊ ဆုံးဖြတ်ချက်ကို မပြင်ဘူး။ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ကို လာတွေ့တုန်းက သူဘာပြောခဲ့လဲ။ “သတ္တိရှိလို့ စစ်တိုက်လာခဲ့တာ အခုလည်း သတ္တိရှိလို့ ငြိမ်းချမ်းရေးယူတာ” ဆိုပြီး ပြောသွားတယ်။ ပြောတဲ့ကတိတည်အောင်လည်း အခု NCA ကို လက်မှတ်ထိုးဖို့ လက်ခံလိုက်တယ်။ KNU ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်ကတော့ SD ခေါင်းဆောင်လုပ်ရလို့ သွေးကြွသွားသလား မသိဘူး။ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါမှ NCA မှာ KNU လက်မှတ်ထိုးမယ် ဆိုပြီး ပြောတယ်။ KNU အဖွဲ့ဝင်တွေကတော့ မူတူးဆေးဖိုးရဲ့စကားကိုသာ လက်ခံပြီး နော်စီဖိုးရာစိန်ရဲ့ စကားကိုတော့ လက်မခံဘူးလို့ ပြောနေကြပါတယ်။ NCA မှာ လက်နက်ကိုင်အားလုံးပါဝင်ရေးမူနဲ့ပတ်သက်ပြီး KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးဟာ လာမယ့် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှသာဖြစ်လာနိုင်မယ်ဆိုပြီး ပြောသွားပါတယ်။ သူပြောသလိုဆိုရင် ငြိမ်းချမ်း ရေးဟာအလှမ်းဝေးသွားတော့မယ့်သဘောဖြစ်နေတာပေါ့။ အားလုံးပါမှထိုးမယ်ဆိုတဲ့ အဖွဲ့တွေထဲမှာ KIO/KIA ကထိပ်ဆုံးကပဲ။ သူ့ခိုင်းဖတ်အဖွဲ့တွေဖြစ်တဲ့ TNLA နဲ့ AA တို့မပါလို့ မထိုးချင်တာပါ။ KIO/ KIA ရဲ့ ကလိန်ကျစ်ဥာဏ်ကို KNPP၊ SSPP/SSA၊ MNSP ဆိုတဲ့အဖွဲ့တွေကလိုက်ပြီး နားယောင်နေတာ အံ့သြစရာပါ။ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးငြိမ်းချမ်းဖို့အတွက် ကိုယ့်ဘာသာဆုံးဖြတ်ပေါ့။ ငြိမ်းချမ်းရေးယူဖို့ ကိစ္စကို အဖော်လိုက်ညှိနေတာ ကိုယ်ပိုင်ဦးနှောက်မရှိတဲ့သူတွေရဲ့လုပ်ရပ်ပါ။ KIO/KIA ခေါင်းဆောင်တွေရဲ့သွေးဆောင်ဖြားယောင်းမှုနောက်ကိုမလိုက်ဘဲ အချိန်မီပြုပြင်ကြဖို့လိုပါတယ်။ သမ္မတရဲ့ကမ်းလှမ်းချက်အတိုင်း NCA မှာ လက်မှတ်ရေးထိုးပြီး ကိုယ့်ဒေသငြိမ်းချမ်းအောင်၊ တိုးတက်အောင် လုပ်ပါလို့ပဲ ပြောချင်ပါတယ်။ NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်ရေးနဲ့ပက်သတ်ပြီး တိုင်းရင်းသားတွေဘက်က ကြီး ၅ ကြီးအဖွဲ့ကို သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ဆီ ဆွေးနွေးညှိနှိုင်းဖို့စေလွှတ်မယ်လို့သိရပါတယ်။ ကြီး ၅ ကြီးထဲမှာ KNU၊ KIO ၊ KNPP ၊ SSPP/SSA နဲ့ MNSP အဖွဲ့တွေက ခေါင်းဆောင်တွေပါဝင်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ အခွင့်အရေးကိုတစ်မျိုးပြီးတစ်မျိုးမရိုးအောင် တောင်းနေတော့တာပါပဲ။ သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့က လက်ခံတွေ့ဆုံကောင်းတွေ့ဆုံနိုင်ပါတယ်။ ဒါပေမယ့် MNDAA လိုအဖွဲ့မျိုး၊ MNDAA ကိုကူတိုက်ပေးခဲ့တဲ့ TNLA နဲ့ AA တို့လိုအဖွဲ့မျိုးတွေကို NCA မှာ ပါဝင်ခွင့် ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလို့ပဲမြင်ပါတယ်။ အခွင့်အရေးပေးရင်ပေးသလို လက်တစ်ဆုံးနှိုက်တတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စဉ်းစား ချင့်ချိန်ပြီးတောင်းဆိုဖို့လိုပါတယ်။ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး လိုစိတ်ဓါတ်မျိုးမွေးသင့်ပါတယ်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လနဲ့KIAခေါင်းဆောင် ဂမ်ရှောင်၊ ဒုခေါင်းဆောင် ဂွမ်မော် တို့လို စိတ်ဓါတ်မျိုးကိုရှောင်သင့်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးထက် ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင်နေတာတွေရပ်ကြပါတော့။ ဒေသခံပြည်သူ တွေရဲ့ဘ၀ကိုစာနာထောက်ထားပြီး အချိန်မနှောင်းခင် NCA မှာ လက်မှတ်ထိုးကြဖို့တိုက်တွန်းချင်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ သူတစ်လူငါတစ်မင်းလုပ်နေကြမယ်ဆိုရင် ငြိမ်းချမ်းရေးဟာ အလှမ်း ဝေးသွားတော့မှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တစ်စု ကြောင့် ငြိမ်းချမ်းရေးအလှမ်းမဝေးစေချင်ဘူးလို့သာ ရိုးသားစွာပြောချင်ပါတယ်။ နေမင်းခန့်

Thursday, August 27, 2015

ရေခဲရေ နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း ------------------------------------------------

ရေခဲရေ နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း ------------------------------------------------ ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်းမဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ ကနေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လိုအစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေ ကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။ အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။ (အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ က တော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုး မဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။)(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်း နဲ့ ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့  က သင့် ကို နိုးထအောင်လုပ်နိုင်ပါတယ် နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့ မယ်ဆိုယင် သင် နဲ့  ကျွန်ုပ်တို့  ဟာ အနဲ ဆုံး အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီ ကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ် နဲ့  သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေးလိုက်ပါဗျာ။ ဘာသာပြန်ဆိုသူ nyinyi Posted by hnin thakhin at 11:27 PM Social Action for Women - SAW
အားနည်းချက်နှင့် အားသာချက်များကို လေ့လာပြီး တစ်ပွဲချင်းအပေါ် အာရုံစိုက် ကစားသွားမည်ဟု မြန်မာယူ-၁၉ အသင်းနည်းပြချုပ် ပြောကြား ရန်ကုန် သြဂုတ် ၂၇ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအနေဖြင့် ယမန်နေ့ ညနေပိုင်းက အုပ်စုတွင်း ပြိုင်ဘက်အသင်းများ ဖြစ်သည့် တီမောအသင်းနှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ပြီး အဆိုပါ အသင်း နှစ်သင်း၏ အားနည်းချက်နှင့် အားသာချက်များကို လေ့လာခဲ့ကြောင်း မြန်မာယူ-၁၉ အသင်း နည်းပြချုပ် ဂတ်ဆီဇီ က ပြောသည်။ မြန်မာယူ-၁၉ အသင်းသည် သြဂုတ် ၂၃ ရက်တွင် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် စင်ကာပူ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲချိန်အတွင်း အခွင့်အရေး ဖန်တီးမှုများ အားနည်းခဲ့ပြီး ပွဲချိန် ၇၇ မိနစ်တွင် လူစားဝင်ကစားသော ကောင်းချစ်နိုင် သွင်းယူခဲ့သည့် တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် သြဂုတ် ၂၄ ရက် နံနက် ၇ နာရီခွဲတွင် ပြိုင်ပွဲကျင်းပရာ အမျိုးသား အားကစားကွင်းကြီး အနီးရှိ လေ့ကျင့်ရေးကွင်း၌ ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်များ ပြုလုပ်ခဲ့ပြီး လက်ကျန်ပွဲစဉ် များတွင် တစ်ပွဲချင်းအပေါ် အာရုံစိုက် ကစားသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ကချင်စစ်ရှောင်ဒုက္ခသည်များအတွက် ပူတာအိုရှိ စာသင်ကျောင်းများတွင် ဆန်အလှူခံနေဟုဆို =========================================

ကချင်စစ်ရှောင်ဒုက္ခသည်များအတွက် ပူတာအိုရှိ စာသင်ကျောင်းများတွင် ဆန်အလှူခံနေဟုဆို ========================================= မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တို့ကြား ဖြစ်ပွား နေသော တိုက်ပွဲများကြာင့် တိမ်းရှောင်နေရသော ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည် များအား ကူညီထောက်ပံ့ရန် ပူတာအိုမြို့ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ပြည်နယ်အုပ်ချုပ် ရေးပိုင်းက ဆန်များအလှူခံနေကြောင်း သတင်းရရှိသည်။ ယင်းသို့ ဆန်အလှူခံခြင်းကို ပူတာအိုမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပညာရေးမှူး ရုံး၏တရား ဝင်စာဖြင့် သြဂုတ် ၂၅ ရက်က အလှူခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် ပူတာအိုနှင့် မချမ်းဘောရှိ ဘာသာရေးအသင်းများကလည်း ဆွမ်ပရာဘွမ်ရှိ စစ်ဘေး ဒုက္ခသည်များအား ကူညီရန် အုပ်ချုပ်ရေးဘက်မှ ဆန်အလှူခံနေကြောင်း မချမ်းဘောမှ ဘာသာ ရေးဆရာတစ်ဦးက ပြောသည်။ ‘‘ကျွန်တော်တို့အသင်းတော်လည်း ဆွမ်ပရာဘွမ်မြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ဆိုပြီး ဘယ်လောက်ထည့်နိုင်မလဲလို့ ပြောတယ်။ ကျွန်တော်တို့လည်း နေ့တိုင်း ဒီမှာ ပူတာအိုမှာ ဒုက္ခသည်အယောက် ၂၀၀ ကျော်ကို ကျွေးမွေးနေရတဲ့အတွက် သိပ်များများတော့ မကူညီနိုင်ဘူးလို့ပဲပြောပြီး ဆန်တစ်အိတ်စာ ကျပ်ငွေသုံးသောင်း လှူခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။ ယင်းသို့ ဆန်အလှူခံနေသော်လည်း ပူတာအိုမှ ဆွမ်ပရာဘွမ်သို့ သွားလာရန်မှာ ယခုအချိန်တွင် အခက်အခဲများစွာရှိနေပြီး အဆိုပါဒုက္ခသည်များထံသို့ ရေလမ်းဖြင့်သွားမှသာ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ပူတာအိုမြို့သည် ယခင်ကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် ဆန်ရှားပါး သည့်ဒေသဖြစ်၍ အချို့ကျောင်းများတွင် ဆန်အနည်းငယ်သာ ကောက်ခံရရှိခဲ့ကြောင်း ဒေသခံ ကျောင်းဆရာမတစ်ဦးက ပြောသည်။ အဆိုပါကိစ္စကို အသေးစိတ်မေးမြန်းနိုင်ရန် ပူတာအိုမြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းခက်ခဲသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။ ကချင်ပြည်နယ် အစိုးရအဖွဲ့ကမူ ယင်းဆန်အလှူခံသည့်ကိစ္စကို မသိရှိသေးကြောင်း အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ မြန်မာ့တပ်မတော်နှင့် ကေအိုင်အိုတို့ကြား ပြန်လည်ဖြစ်ပွားသော စစ်ပွဲများကြောင့် ဆွမ်ပရာဘွမ်ဘက်သို့ ရောက်ရှိလာသည့် ဒုက္ခသည်မှာ လက်ရှိအချိန်အထိ ၉၈ ဦးရှိပြီး ၎င်းတို့အား ဆန်နှင့်အခြားပစ္စည်းများ ကူညီခဲ့ကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားသည်။ ထို့ပြင် ဆွမ်ပရာဘွမ်ဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် စစ်ဘေး ဒုက္ခသည်များသာမက ဒေသခံပြည်သူများကိုပါ ထောက်ပံ့ကူညီရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။ သို့သော် ကေအိုင်အေထိန်းချုပ်နယ်မြေရှိ ဆွမ်ပရာဘွမ်မြို့နယ် မလိခမြစ်ကမ်း တစ်လျှောက် ကျေးရွာများတွင် ဒုက္ခသည်ဦးရေ ၁,၄၀၀ ကျော်ရှိနေပြီးသွားရောက် ကူညီမည့် သူများကို တပ်မတော်က လမ်းကြောင်းပိတ်ထား၍ ဒုက္ခသည်များအတွက် ဆေးဝါးနှင့် အစား အသောက်များ အခက်အခဲများစွာရှိနေကြောင်း သိရသည်။ ထို့ပြင် သြဂုတ် ၂၅ ရက်တွင် ဆွမ်ပရာဘွမ်မြို့နယ်ရှိ လောဒ်မိုင်ယန်ကျေးရွာအနီး ကေအိုင် အေ တပ်မဟာ(၁)လက်အောက် တပ်ရင်း(၇)ဒေသ၌ အစိုးရနှင့် ကေအိုင်အေတို့တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။ By 7Days

လက်နက်၊ ခဲယမ်းများနှင့်ကျပ်သိန်းပေါင်း ၁၄ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

လက်နက်၊ ခဲယမ်းများနှင့်ကျပ်သိန်းပေါင်း ၁၄ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော် သြဂုတ် ၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာမိုးညဲမြို့၊နမ့်ဖာတီးကျေးရွာအနီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် သြဂုတ်၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်အဆိုပါကျေးရွာနေ လောင်စီး ၃ဝ နှစ်(ဘ)ဦးထင်ရှန်း၏နေအိမ်မှ ပီနံအိတ် လေးအိတ်ဖြင့်ထုပ်ထားသော လက်နက်မျိုးစုံ ၁ဝ လက်၊ကျည်မျိုးစုံ ၁၂၉ တောင့်၊ ပစ္စတိုကျည်အိမ်တစ်ခု၊ မိုင်းတစ်လုံးနှင့် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၁၄၁၆ဝ ကျပ်ရှိ စိတ်ကျြွှမူးယစ်ဆေးပြားအထုပ်ကြီး ၁၁၈ ထုပ် (၇ဝ၈ဝဝဝ)ပြား တို့အား တရားခံ လောင်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင်နေအိမ် ပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းရာ ကျည်အိမ်လေးခုနှင့် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံ နှင့် လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများအား ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တရားမ၀င် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်များ သိမ်းဆည်းရမိ

တရားမ၀င် သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်များ သိမ်းဆည်းရမိ နေပြည်တော် ၊ သြဂုတ် ၂၇ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လမ်းလုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းမှ ကာမိုင်း-ဖားကန့်ဘက်သို့ ယာဉ်မောင်း ကိုလတ်(၂၈)နှစ် (ဘ)ဦးမောင်မောင် ရွှေဘိုမြို့နယ်နေထိုင်သူ မောင်းနှင်လာသော ယာဉ်အမှတ်၊ လ/၉၈၁၇ ယူဒီအမျိုးအစား ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ဆီပေပါအခွံ(အသစ်) ၆၅ လုံးအတွင်း ၀ှက်၍ သယ်ဆောင်လာသော အမိုနီယမ်နိုက်ထရိတ်(မြေဆီ) ၂၆၀ အိတ် ကာလတန်ဖိုး ကျပ်သိန်း ၁၃၀ ခန့်အား သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းသို့ အပ်နှံကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

လက်နက်၊ ခဲယမ်းများနှင့်ကျပ်သိန်းပေါင်း ၁၄ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

လက်နက်၊ ခဲယမ်းများနှင့်ကျပ်သိန်းပေါင်း ၁၄ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ နေပြည်တော် သြဂုတ် ၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)တာမိုးညဲမြို့၊နမ့်ဖာတီးကျေးရွာအနီး တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်စဉ် သြဂုတ်၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင်အဆိုပါကျေးရွာနေ လောင်စီး ၃ဝ နှစ်(ဘ)ဦးထင်ရှန်း၏နေအိမ်မှ ပီနံအိတ် လေးအိတ်ဖြင့်ထုပ်ထားသော လက်နက်မျိုးစုံ ၁ဝ လက်၊ကျည်မျိုးစုံ ၁၂၉ တောင့်၊ ပစ္စတိုကျည်အိမ်တစ်ခု၊ မိုင်းတစ်လုံးနှင့် ကာလတန်ဖိုးကျပ်သိန်းပေါင်း ၁၄၁၆ဝ ကျပ်ရှိ စိတ်ကျြွှမူးယစ်ဆေးပြားအထုပ်ကြီး ၁၁၈ ထုပ် (၇ဝ၈ဝဝဝ)ပြား တို့အား တရားခံ လောင်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့အပြင်နေအိမ် ပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းရာ ကျည်အိမ်လေးခုနှင့် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးအား ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိ တရားခံ နှင့် လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများအား ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပါကင် အလိုရှိသည်

ပါကင် အလိုရှိသည် --------------------- ပြီးခဲ့သည့် သြဂုတ် ၈ ရက်က ထိုင်းနိုင်ငံသားတစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးတို့ကို တာချီလိတ်မြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားအနီး၌ မသင်္ကာဖွယ်ရာ တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာမှတစ်ဆင့် မြန်မာ၌ကျယ်ပြန့်လာနေပြီဖြစ်သည့် အပျိုစင်ဈေး ကွက်ကို ရဲတပ်ဖွဲ့က တွေ့ရှိ သွားသည်။ အဆိုပါနိုင်ငံခြားသားက မြန်မာအမျိုးသမီးတစ်ဦးထံမှတစ်ဆင့် ယင်းမိန်းကလေးကို ထိုင်းဘက် တွင် အိမ်ဖော်အလုပ်လုပ်ရမည်ဟု စည်းရုံးပြီး အပျိုရည်ဖျက်နိုင်ရန်အတွက် ခေါ်ယူလာခြင်းဖြစ်နေသည်။ လွန်ခဲ့သည့် နှစ်လခန့်ကလည်း ထိုသူသည် အပျိုစင်အမျိုးသမီးငယ်နှစ်ဦးကို မြန်မာအမျိုးသမီးတစ်ဦးထံမှ ခေါ်ယူထားသူ ဖြစ်နေပြန်သည်။ ရှာဖွေပေးခအဖြစ် ဘတ် ၉ဝဝဝ (ငွေကျပ် ၃ သိန်းနီးပါး) ပေးရသည်ဟု ယင်းထိုင်းနိုင်ငံသားက ရဲထံထွက်ဆိုထားသည်။ နိုင်ငံ၏ ဓလေ့ထုံးတမ်းများအရ မြန်မာအမျိုးသမီးတစ်ဦး၌ တန်ဖိုးထားအပ်သော အရာများထဲတွင် အပျိုစင်ဘဝသည်တစ်ခုအနေဖြင့် ပါဝင်သည်။ အများသူငါ အထူးသဖြင့် အိမ်ထောင်ဘက်က တန်ဖိုးထားတက်ကြသည်။ ထိုအရာသည် ယနေ့ကာလတွင် ကြီးစွာဒုက္ခပေးတော့ မည့် အရာအဖြစ် မြန်မာအမျိုးသမီးထုနှင့်လက် တစ်ကမ်းအကွာတွင် နီးကပ်စွာ သန္ဓေတည်လာနေပြီဖြစ်သည်။ အထက်ပါဖြစ်စဉ်တစ်ခုက နယ်စပ်မြို့တွင် ဖြစ်ပွားခဲ့သည်ဟုဆိုနိုင်သော်လည်း နိုင်ငံအတွင်းပိုင်း မြို့ကြီးမြို့ငယ်များအနှံ့တွင် အလားတူဖြစ်ရပ်များ ဖြစ်ပွားနေခြင်း ရှိ မရှိဆိုသည်မှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံမှာ တကယ်ဖြစ်နေပြီလား အသက်အရွယ်ပြည့်မီခြင်း မရှိသေးသည့် မိန်းကလေးများ၏ အပျိုစင်ဘဝကို အရောင်းအဝယ်ပြုလုပ်နေသည့်အဖြစ်အပျက်များက လူ အ များသိသာမြင်သာသည့် နေရာ များသို့သတင်းတစ်ခုအဖြစ်များပြား စွာထွက်ပေါ်လာခြင်း မရှိသော်လည်း မကြာသေးမီက ရန်ကုန်မြို့ တွင် ဖြစ်ပျက်ခဲ့သောအမှုတစ်ခုက ယခုကဲ့သို့ အဖြစ်အပျက်များဖြစ်ပျက်နေသည် ကိုကောင်းစွာ အသိပေးလိုက်သလို ဖြစ်သွားခဲ့သည်။ ထိုဖြစ်ရပ်မှာ မိခင် ဖြစ်သူက မိမိ၏သွေးသားအရင်းသ မီးဖြစ်သူ၏အပျိုစင်ဘဝကို တရုတ်နိုင်ငံသားတစ်ဦး ထံသို့ မြန်မာ ကျပ် ငွေ သိန်း သုံးဆယ်ကျော်ဖြင့် ရောင်းစားခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ လူကုန်တားရဲတပ် ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ”ဒီလို ကိ စ္စတွေ ရှိနေပါပြီ”ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံလူကုန်တား ရဲတပ်ဖွဲ့မှ အငြိမ်းစားဒုတိယရဲမှူး ကြီးတစ်ဦးဖြစ်သူ ဦးညွန့်လှိုင်က လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောပြန်သည်။ ”ရန်ကုန်မြို့ထဲက ပြည့်တန်ဆာ တွေရှိတဲ့ တချို့နေရာတွေမှာ ကား ထိုးရပ်လိုက်ပြီဆိုတာနဲ့ ပါကင်ယူမ လားဆိုပြီး မေးတဲ့ခေါင်းတွေ ရှိ တယ်”ဟု ၎င်း ကပြောသည်။ လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်း၊ HIV ရောဂါအကြောင်း အသိပညာပေးခြင်းများကို ဆောင် ရွက်နေေ သာ Sex Support Kayin Nation Society မှ အထွေထွေအတွင်းရေး မှူးဦးသန်းထွန်းကလည်း ယခုကဲ့သို့ အသက်အရွယ် မပြည့် မီသေးသည့် မိန်းကလေးများ အပျိုစင်ခန္ဓာကိုယ် ရောင်းစားခြင်းဖြစ်ရပ်သည် မြန်မာ ရွှေ့ပြောင်းလုပ်သားများတွင် များ စွာဖြစ်ပွားနေသည် ကို တွေ့နေရ ကြောင်းဆိုသည်။ ထိုသို့ဆိုလျှင် မြန်မာတွင် အပျိုစင်ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေသည်မှာအမှန်ဟု ရဲနှင့်အရပ် ဘက်အဖွဲ့အ စည်းတို့က ယခုအခါတွင် အတည်ပြုလိုက်ကြပြီဖြစ်သည်။ အရင် ဒီလိုတွေ ဖြစ်ခဲ့ဖူးတယ် ၂ဝ၁၅ တာချီလိတ်ကဲ့သို့ပင် ၂ဝ၁၂ ခုနှစ်တုန်းကလည်းအလားတူ ဖြစ်ခဲ့ဖူးကြောင်းမြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ အငြိမ်းစားယူခဲ့ သူဦး ညွန့်လှိုင်ပြောသည်။ သို့သော် မြန် မာနိုင်ငံတွင် မဟုတ်ဟု သူက ပြော သည်။ ထိုင်းနိုင်ငံ၏အရှေ့ဘက်ပိုင်း မြို့တစ်မြို့တွင်ရှိသော မရီနာဆိုသည့် အနှိပ်ခန်းတစ်ခုကို ဝင်ဖမ်းစဉ်လိင် လုပ်သားများထဲမှ အသက် ၁၈ နှစ် အောက် မြန်မာမိန်းကလေး အချို့မှာ ၎င်းတို့၏ အပျိုစင်ဘဝကို ထိုင်းနိုင်ငံသားတို့ထံ ရောင်းစားခံရရင်း အ နှိပ်ခန်းထဲရောက်လာသည်ကို တွေ့ခဲ့ရဖူးကြောင်းပြောသည်။ ”အဲဒီအချိန်က တည်းက တော်တော်များနေပြီဆိုတာ ပေါ်နေပြီ”ဟု ၎င်းက ပြောသည်။ ထို့ပြင် ၂ဝဝ၉ ခုနှစ်ခန့်ကလည်း အသက် ၁၄ နှစ် အ ရွယ် မြန် မာမိန်းကလေးတစ်ဦး၏ အပျိုစင်ဘဝကို အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် နယ်သာလန်နိုင်ငံသားတစ်ဦးနှင့် ကြားမှဆောင်ရွက်ပေးသော ပွဲစားတစ်ဦးကို လူကုန်ကူးမှု ဥပဒေပုဒ်မ ၂၄/၃၂ (လူကုန်ကူမှု နှင့် လူကုန်ကူးမှုတွင် ပူးပေါင်းပါဝင် မှု) ဖြင့် ဖမ်းဆီးခဲ့ရကြောင်း ၎င်းက ဆက် ပြောသည်။ ပြည်တွင်းတွင် မြန်မာအချင်း ချင်းဖြစ်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်ကဖြစ်ခဲ့ သည်။ သို့သော် လည်း အဆိုပါပြစ်မှု ကို ကျူးလွန်ခဲ့သည့် အဓိကတရားခံ ဖြစ်သူကို ဖမ်းဆီးရမိခဲ့ခြင်းမရှိဘဲ ကြားမှ စီစဉ်ပေးသည့် ပွဲစားများကိုသာ ဖမ်းဆီး ရမိခဲ့သည်ဟ မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသည်။ အပျိုစင်ဈေးကွက် နောက်ဆက်တွဲ အသက်အရွယ်ပြည့်မီခြင်းမရှိသေးသည့် မိန်းကလေးတစ်ဦး၏ အပျိုစင်ခန္ဓာကိုယ်ကို ရောင်းချခြင်း ဓလေ့များပြားလာခြင်း၊ ယင်းထဲတွင် အသက်မပြည့်မီသေးသည့် ၁၆ နှစ် အောက်မိန်းကလေးများမှာ အဓိက ပစ်မှတ်ထားခံနေရပုံနှင့် ပတ်သက် ၍ မြန်မာတွင်လွန်ခဲ့သည့် ဆယ်စု နှစ် နှစ်ခုကျော်ခန့်က သုတေသန တစ်ခုပြုလုပ်ခဲ့ဖူးကြောင်း ဦးအောင် မျိုးမင်းက ပြောသည်။ ထိုစဉ်က ပါကင်(အပျိုစင်)ဆိုသည့် အရာအပေါ် အဓိပ္ပာယ်ဖွင့်ကြရာတွင် အတွေးအ ခေါ်အယူအဆနှစ်မျိုး ဖြစ်ခဲ့ကြသည်ဟု ၎င်းကပြောသည်။ ”တရုတ်တွေက ဒါလုပ်ရင် အသက်ရှည်တယ်၊ ယောက်ျားခွန်အားပြည့်တယ်ဆိုတဲ့ အယူအဆ ရှိကြတယ်။ အနောက်နိုင်ငံ သားေ တွ တော်တော်များများ သတ်မှတ်ထားတဲ့ အယူအဆကတော့ လိင်ဆက်ဆံမှုတစ်ခါမှမပြုရသေးတဲ့ သူနဲ့ လိင်မှုပြုလုပ်ရင် HIV ရော ဂါဖြစ် ပွားမှုနှုန်း လျော့မယ်၊ ဖြစ်ပွားမှုမရှိနိုင်ဘူးဆို တဲ့အတွေးတွေ ရှိတယ်။ ပြည့်တန်ဆာလုပ်သားတွေကျတော့ လူတကာနဲ့ ဆက်ဆံကြရတယ်။ ဒီတော့ HIV ဖြစ်ပွားနိုင်တယ်။ ဒီလိုအပျိုစင်ကျတော့ HIV ဖြစ်ပွားမှုမရှိနိုင်ဘူးဆိုတဲ့အတွေး လည်းရှိနေပြန်တယ်” ဟု ၎င်းကပြောသည်။ ယင်းကြောင့် အသက်အရွယ်မပြည့်သေးသည့် အမျိုးသမီးငယ်များသည် ယင်းကဲ့သို့ စိတ်နေသဘောထားရှိသူများ၏ အဓိ ကပစ် မှတ်ထားစရာ သားကောင်ဖြစ်လာခဲ့ပြီး ထိုသို့ သောမှုခင်းများ တဖြည်းဖြည်းများပြားလာခဲ့သည်။ မြန်မာနိုင်ငံ၏ အ ချို့သောနေရာများတွင် အဆိုပါ အပျိုစင်ရောင်းချခြင်းကိစ္စနှင့် ပတ်သက်၍ ထူးခြားသည့် အယူအဆမျိုးရှိသေးကြောင်း မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ခင်မောင်လှက ပြောသည်။ ၎င်းက ”ဒါက ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသမှာ၊ အဲဒီဒေသမှာရှိတဲ့ မိန်းကလေးတွေက သူတို့အရွယ်ရောက်ပြီဆိုတာနဲ့ သူတို့ရဲ့ခန္ဓာကိုယ် ကို ဒီလို အပျိုစင်အနေနဲ့ရောင်းစားပြီးရတဲ့ငွေကို မိဘကိုကန်တော့တာကို ကျေးဇူးဆပ်ခြင်းတစ်မျိုး၊ မွန်မြတ်တဲ့ အလုပ်တစ်ခုဆိုပြီးတော့ သူတို့ရဲ့ စိတ်ထဲမှာသတ်မှတ်ထားတယ်။ ရှမ်း ပြည်နယ်ဘက်မှာက ဒါက သူတို့ရဲ့ ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေတယ်။ ပြောရရင်တော့ ဒီလို သဘောတူညီမှုနဲ့ လုပ်တယ်ဆိုတာကိုလည်း လူကုန်ကူးမှု လိင်ခေါင်းပုံဖြတ်မှုနဲ့ အရေးယူလို့ရတယ်”ဟုပြောသည်။ နိုင်ငံတကာမှာလည်း ဒီလိုရှိတယ် ယခုကဲ့သို့ မှုခင်းဖြစ်ရပ်များသည် နိုင်ငံတကာတွင်လည်း များစွာဖြစ်ပွားနေကြောင်းကို တာဝန်ရှိသူများက ယခုကဲ့သို့ပြောခဲ့သည်။ (Equa-lity Myanmar) မှ ဦးအောင်မျိုးမင်းက ”ဒီလိုကိစ္စမျိုးက အာရှဒေသမှာတော့ အရမ်းတွင်ကျယ်တယ်။ ထိုင်းမှာဆိုရင် အပျိုစင် (ပါကင်)ဈေးနဲ့ အပျိုစင်မဟုတ်တော့ဘဲ နောက်ပိုင်း ပါကင်မဟုတ်တော့တဲ့ နောက်မှာသတ်မှတ်တဲ့ဈေး၊ ရတဲ့ဈေးပေါ့ဗျာအရမ်း ကွာကြ တယ်။ ဒီလိုကိစ္စမျိုးဖြစ်ချင်ရင် သာမန်ထက်ပိုတဲ့ ဈေးနှုန်းမျိုးတွေကိုပေးရတယ်။ ပြောရရင်တော့ ရောင်းသူလည်းရှိတယ်၊ ဝယ်သူလည်းရှိ တယ်။ ဒီလိုကိစ္စမျိုး ဖြစ်အောင်လို့ ထောက်ပံ့တယ်ပြောရမလား၊ ပွဲစားပြောရမလား၊ သူလည်း ရှိတယ်။ စစ်တမ်းကောက်တဲ့ အချိန် တုန်းကဈေးနဲ့ဆိုရင် သာမန်ပြည့်တန်ဆာက ထိုင်းဘတ်ငွေ ၁ဝဝဝ ပေးရရင် အပျိုစင်(ပါကင်)က နှစ်ေ သာင်း၊ နှစ်ေ သာင်းကျော်ပေးရ တယ်။ ဒီလိုကိစ္စမျိုးက ကလေးတွေအပေါ်မှာ အသက်မပြည့်သေးတဲ့ သူတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ကိစ္စဖြစ်တော့ ပိုပြီးတော့ ဖြစ်ပွားလာစေတယ်”ဟု ဆိုသည်၊။ လူကုန်ကူးမူ၊ HIV ရောပါများ အသိပညာပေးခြင်းပြုလုပ်သည့် Porniss Association မှ မန်နေဂျာ ကိုစည်သူဟန်က ယခု ကဲ့သို့ ဖြစ်ရပ်များသည် ကမ္ဘာ့နိုင်ငံဒေသအသီးသီး နှင့် ကမ္ဘောဒီးယား၊ ထိုင်းနှင့်အာရပ် ဒေသနိုင်ငံများတွင် တွင်ကျယ်စွာ ဖြစ် ပွားနေသော ကိစ္စတစ်ခုဟု ပြောသည်။ အရှေ့တောင်အာရှ၌ အပျိုစင်ရောင်းဝယ်မှု ပြုလုပ်ရာတွင် ကမ္ဘောဒီးယားနိုင်ငံမှာ အထင်ရှား ဆုံးဖြစ်ပြီး ဆင်း ရဲနွမ်းပါးသည့် မိသားစုအချို့က ၎င်းတို့၏ သမီးကညှာတို့ကို ပန်းဦးရောင်းချခြင်းဖြင့် ဘဝထွက် လမ်းရှာကြ သည်။ ဒေါ် လာထောင်ေ ပါင်း များစွာ ရကြ၍ဖြစ်သည်။ ထိုသို့ ပန်းဦးမစွန့်မီ အပျိုစစ် စစ်ဖြစ်ကြောင်း ဆေးစစ်ချက်ထောက်ခံစာလည်း တင်ပြရသေးသည်။ အခုတော့ ပုံစံပြောင်းပြီး လုပ်နေတာတွေလည်းရှိတယ် အရွယ်မရောက်သေးသော မိန်းကလေးများ၏ အပျိုစင်ခန္ဓာကိုယ်အား အရောင်းအဝယ်ပြုလုပ်ရန် ကြံစည်နေသူများသည် ယခင်က စားဝတ်နေမှုမပြေလည်သော မိသားစုများမှ မိန်းကလေးများကိုသာ အဓိကပစ်မှတ်ထားခဲ့သော်လည်း ယနေ့အချိန်တွင်မူ လူတန်းစား မခွဲခြားတော့ဘဲ အလွှာပေါင်းစုံမှ မိန်းကလေးများကို ပစ်မှတ်ထားနေပြီဖြစ်ကြောင်း ပြောင်းလဲသွားမှုနှင့်ပတ်သက်၍ လူကုန်ကူးမူ၊ HIV ရောဂါများအသိပညာပေးခြင်း လိင်ပိုင်းဆိုင်ရာ အသိပညာပေးခြင်းများကိုဆောင် ရွက်နေသော အခရာအဖွဲ့မှ ဒါရိုက် တာ ဒေါ် ထားထားက ”အခုက အမျိုးသမီးတိုင်းကို ခြိမ်းခြောက်တဲ့ ပြဿနာတစ်ခု ဖြစ်လာပြီ။ ဖြစ်လာပြီဆိုတာကလည်း ဆင်းရဲချမ်းသာ မရွေးဖြစ် လာပြီ။ ကြားထဲမှာလည်း ဆက်သွယ်ပေးတဲ့သူ ရှိတယ်။ ပွဲစားလို့ပြောရမှာပဲ။ အခုဖြစ်နေတာက မနူးမနပ်အရွယ်တွေကို ရည်း စားဖြစ် အောင်လုပ်တယ်။ ကောင်လေးနဲ့ သူတို့ပစ်မှတ်ထားတဲ့ကောင်မလေး ကြိုက်သွားအောင် ချိတ်ပေးတယ်။ ပြီးတော့မှ ဒီလိုရောင်း စားတဲ့ကိစ္စ တွေကိုဆက်ပြီးလုပ်တယ်”ဟု ၎င်းကရှင်းပြသည်။ ဆက်လက်၍ ၎င်းကပင် ” ပြီး ခဲ့တဲ့နှစ်လလောက်က ခြံကြီးဝင်းကြီး နဲ့ နေတဲ့ မိန်းကလေးကို အိမ်ဖော်မိန်းကလေးက ချိတ်ပေးတယ်။ ပါ သွားတယ်။ ကာယကံရှင်မိန်းကလေးကကြာတော့ မဟုတ်မှန်းသိတယ်နဲ့တူပါတယ်။ မိဘကိုပြန်ပြောပြတယ်။ ရန်ကုန်တိုင်းမှာပဲ ဖြစ် သွားတာ။ ဒါပေမဲ့ ကောင်မလေးဘက်က သူ့ ချစ်တဲ့သူကို ရဲပြန်တိုင်ရတဲ့ပုံစံဖြစ်နေတယ်။ ကောင်မလေးက ဆယ့်သုံးနှစ်လောက် ပဲ ရှိသေးတယ်။ နောက်တစ်ခုကအသက် ၂ဝ လောက်။ ကြည့်မြင်တိုင်မှာနေတယ်။ ကောင်မလေးက ရောင်းစားခံရတော့မယ်။ ဒါပေမဲ့ မဖြစ်ခင် ရဲစခန်းမှာ အမှုတွေ ဘာတွေဖြစ်တော့ ကောင်မလေးက သူကိုယ်တိုင် ကျွန်မချစ်သူနဲ့ လိုက်ခဲ့တာပါဆိုပြီးထွက်ဆိုတော့ ဘာမှ လုပ်လို့မရတော့ဘူး။ ကျွန်မတို့လည်း အဲ့ဒီကိစ္စအတွက်နဲ့ ဟိုဘက်က လူကုန်ကူးဂိုဏ်းပဲလားမသိဘူး။ ခြိမ်းခြောက်ခံရတယ်။ ကျွန်မတို့ က ကောင်မလေး မိသားစုဘက်က ပြောလို့ သွားပြီးကူညီတာ။ ကျွန်မတို့လည်း ဘာမှလုပ်လို့မရလိုက်ဘူး။ ဒီလို ပုံစံပြောင်းသွားတာဟာ မိန်းကလေးတွေအတွက် အရမ်း အန္တရာယ်များတဲ့ပုံစံကို ပြောင်းသွားတာ”ဟု ရှင်းပြသည်။ ရဲတပ်ဖွဲ့က ဒီလိုပြောတယ် အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ”ဒီ လိုအမှုမျိုးဆိုတာက ဖော်ထုတ် ဖို့ခက် တယ်။ အလွတ်သဘော ကြားသိနေ ရတာတွေ ရှိပေမယ့် ဖမ်းမိဖို့ခက်တယ်။ ဖြစ်ပွားတာတွေကလည်း စားဝတ်နေမှုမပြေ လည် တာတွေကိုပဲ ပစ်မှတ်ထားတယ်။ အသက် ၁၆ နှစ် အောက် အမျိုးသမီးတွေကတော့ အဓိကပစ်မှတ်ထားခံရတယ်။ အ ရေးယူမယ်ဆို ရင်တော့ လူကုန်ကူးမှုနဲ့ပဲ အရေးယူတယ်။ ထိုင်းနိုင်ငံမှာ ဆိုရင်တော့ တော်တော်များပါတယ်။ သူတို့က ၁၆ နှစ်အောက် မိန်းက လေးတွေ ကိုသွေးစစ်တယ်။ ပြီးတော့ မှန်ခန်းတွေမှာ ထည့်ထားတယ်။ သွားတဲ့ဖောက်သည်က ကြိုက်တဲ့သူ ကိုခေါ်လို့ရတယ်။ နိုင်ငံတွေအားလုံး မှာ ဒီလိုကိစ္စမျိုးမရှိတဲ့နိုင်ငံဆိုတာတော့ တစ်နိုင်ငံမှ မရှိနိုင်ဘူး။ နိုင်ငံတိုင်းမှာရှိတယ်။ ကမ္ဘောဒီးယားမှာဆိုရင် Child Sex နဲ့ပတ် သက်ပြီး ပေါ်ပေါ်တင်တင်လုပ်ကြတယ်။ ဒါ က မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုအရဆိုရင်တော့ လုံးဝလက်ခံနိုင်စရာမရှိ ဘူး။ တကယ် တမ်းပြောရရင် ဒီလို ကိစ္စမျိုး မြန်မာနိုင်ငံမှာဖြစ်နေတာ တွေကို ဖော်ထုတ်ချင်တာပေါ့ကွာ။ ကိုယ့်တူမ ကိုယ့်သားသမီးအ ရွယ်တွေ ဖြစ်နေ တာကွာ။ ဒါပေမဲ့ ခုနက ပြောတဲ့ အခက်အခဲတွေ ရှိနေတယ်” ဟု ဆိုသည်။ အခက်အခဲတွေက ဘာတွေလဲ ယခုကဲ့သို့ မြန်မာအမျိုးသမီးတစ်ဦး၏ တန်ဖိုးထားအပ်သော အပျိုစင်ဘဝကို အရောင်းအဝယ်ပြုလုပ်နေသော မှုခင်းများဖော်ထုတ် သည့်နေ ရာတွင် ကြီးမားသည့်အခက်အခဲမှာ နှစ်ဦးနှစ် ဖက်သဘောတူညီစွာ ရောင်းဝယ် သည့်ကိစ္စ ဖြစ်နေ သည်ဟု မြန်မာနိုင်ငံ လူကုန် တားရဲ တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် အရပ် ဖက်လူမှုအဖွဲ့အစည်းများက တူညီ စွာပြောဆိုကြသည်။ ဒုတိယရဲမှူးကြီး သက်နောင် က အဆိုပါကိစ္စနှင့် ပတ်သက်၍ ”အဆိုးဆုံးက နှစ်ဦးနှစ်ဖက်သဘောတူညီစွာ ကျေနပ်လက်ခံကြ ပြီးဖြစ်သွားတဲ့အတွက် ဖော်ထုတ် ဖို့်ဆို တာ ခက်ခဲသွားတာ။ ရောင်းသူဝယ်သူအသံတူတော့ အမှုအခင်းအနေနဲ့ ဖြစ်မလာတော့ဘူး။ အဓိက ပြောရရင်တော့ ကလေးတွေက သူတို့ဘဝရပ်တည်ဖို့ ခက်ခဲတော့ ဒီလိုကိစ္စမျိုးမှာ အသံမထွက်တော့ဘူး။ ရဲတပ်ဖွဲ့ဘက်ကလည်း သတင်းအနေနဲ့ မရရှိတော့ ဘူး”ဟုပြော သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အငြိမ်းစားဒုတိယရဲမှူးကြီးဦးညွန့်လှိုင်က ”နှစ်ဦးနှစ်ဖက်သဘောတူညီမှုနဲ့လုပ်ကြတာဖြစ်တော့ ရဲတပ်ဖွဲ့ဆီ ကို အမှုအဖြစ် တက်မလာဘူး။ သတင်းတက်မလာဘူး။ ဖြစ်ပွားတာတွေက ကာယကံရှင်နဲ့ သူ့ရဲ့မိဘပတ်ဝန်းကျင်က သဘောတူ လို့ဖြစ် တာတွေဖြစ်တော့ ခက်တယ်။ အခု တာချီလိတ်မှာ ထိုင်းအထူးစုံစမ်းရေး ဌာနက ဖမ်းမိလိုက်တယ်ဆိုတာက လည်း သူ့ကို ဖော်တဲ့ သူရှိ လို့လို့ပြောရ မယ်။ အဲ့ဒီဖမ်းမိလိုက်တဲ့ ထိုင်းနိုင်ငံ သားက စားဖားကြီး၊ သူနဲ့ အိပ်ခဲ့ဖူး တဲ့ ကလေးတွေက ဟုတ်ပါတယ်။ သူနဲ့ ကျွန်မတို့ အိပ်ခဲ့ဖူးတယ်ဆိုပြီးထွက်ဆိုလို့ ဖမ်းမိလိုက်တာ။ အဲဒီလို ထွက်ဆိုတာမျိုးမရှိရင် ဖမ်းလို့ရမှာ မဟုတ်ဘူး”ဟု ဆိုသည်။ ဒါတွေလုပ်ဖို့ လိုအပ်နေပြီ လူကုန်ကူးမှု၊ လိင်အကြမ်းဖက် မှုများနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကာယကံရှင်များနှင့်တွေ့ ဆုံကူညီခြင်းစသည်တို့ကို ဆောင် ရွက်နေသော အခရာအဖွဲ့မှ ဒါရိုက် တာ ဒေါ်ထားထားက ယင်းကဲ့သို့ ဖြစ်ပွားနေသော ကိစ္စများနှင့်ပတ်သက်၍ ယခုကဲ့သို့ပြောခဲ့သည်။ ”ပြောရရင် မိဘအုပ်ထိန်းသူရဲ့ ဆုံးမပုံ၊ အသိပညာပေးပုံတွေ အရမ်းလိုအပ်တယ်။ ကျွန်မတို့ဆီမှာက လူဆိုတာ ဒီလိုပြောရင်ကြောက် တတ်တယ်၊ ဒီလိုပြောရင်ကြိုက်တတ်တယ်ဆိုတာကို မိဘဖြစ်တဲ့သူက မသင်ပေးဘူး။ ခန္ဓာကိုယ်ဆိုတာ ဒီလိုထိတွေ့ရင် သာယာတတ် တယ်ဆိုတာကို အသိမပေးဘူး။ ကောင်လေး တွေနဲ့လျှောက်မသွားနဲ့ အတူတူအိပ်တာတွေမလုပ်နဲ့ ဆိုပြီးပဲ သင်ပေးတယ်။ အဲဒါတွေက အခု အားနည်းချက်ဖြစ်လာပြီ။ မှန်တာပြောရရင် ကျွန်မတို့ နိုင်ငံသားကလေးတွေဟာ လိင်အသိပညာကိုမရကြ ဘူး”ဟု နိုင်ငံ၏ အခြေ အနေကို သုံးသပ်သည်။ ထို့ပြင် ၎င်းက ”ကျွန်မတို့က လိင်အသိပညာပေးဆိုရင် လူတွေက လိင်ဆက်ဆံတာကိုသင်ပေးမယ်ထင်ကြတယ်။ အမှန်ကမဟုတ်ဘူး။ လိင်ဆက်ဆံတာက လူမပြောနဲ့ တိရစ္ဆာန်တောင် သင်ပေးစရာမလိုဘူး။ လိင်အသိပညာဆိုတာ ခန္ဓာကိုယ်ကို ဒီလိုဖွဲ့စည်းထားတယ်။ ဒီလိုပုံစံရှိတယ်။ ဒီလိုလုပ်ရင် သာယာတတ်တယ်။ ဒါကြောင့် ဒီလိုလာထိရင် ဒီလိုပြန်ပြီးလုပ်ရတယ်။ ဒီလိုလာလုပ်ပြီဆိုရင်မရိုးသားဘူး ဒီလိုသင်ပေးထားရမှာ။ သူတို့ တစ်စုံတစ်ခုကြုံတွေ့ရရင် မှန်ကန်တဲ့ဆုံး ဖြတ်ချက်ကို ချနိုင်ဖို့ မသင်ပေးထားတဲ့အတွက်ထိတွေ့ရင် သာ ယာတတ်တယ်။ မိဘဘက်ကလည်း ဟိုမသွားနဲ့ ဒီမသွားနဲ့ဆိုပြီး ခြိမ်းခြောက်ထားတာပဲရှိတယ်။ အပျိုစင်ဘဝကို ရောင်းစားတဲ့ ပုံစံကဒီ လိုပုံစံကိုပြောင်းသွားတဲ့အတွက် လိင်အသိပညာမပေးထားတဲ့အခါ အရမ်းအန္တရာယ် ကြီးသွားတယ်။ ဒီလိုတွေဖြစ်လာ တာက အစိုး ရနဲ့မိ ဘတွေမှာ အရမ်းတာဝန်ရှိတယ်”ဟု ပြောသည်။ သို့ပါသော်လည်း လက်ရှိဖြစ်ပွားနေသာ အပျိုစင်မိန်းကလေးများ၏ခန္ဓာကိုယ်ရောင်းဝယ်ခြင်းနှင့် ပတ်သက်၍ (Equality Myanmar) ၏တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်မှုအပေါ်တွင် ”မြန်မာနိုင်ငံမှာ ဖြစ်တယ်ဆို တာက လည်း နိုင်ငံတော်အစိုးရက နိုင်ငံခြားသား ဆိုရင်သိပ်ပြီးမကိုင်ရဲဘူး။ ပြီးတော့ သူတို့ရဲ့သက်ဆိုင်ရာသံရုံးတွေက လည်း သူတို့နိုင်ငံ သားမြန်မာနိုင်ငံ မှာအပြစ်ကျူးလွန်ရင် ထိုက်တန်တဲ့ အပြစ်ပေးဖို့ဆိုတာထက် ကယ် ထုတ်နိုင်ဖို့ကြိုးစားကြတာဆိုးတယ်။ အမှန်ဆိုရင်ပြစ် မှုကျူးလွန်ရင် ဘယ်သူမဆိုထိုက်တန်တဲ့ ပြစ်ဒဏ်ပေးဖို့ ပြုလုပ်ရမှာ”ဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း လက်ရှိဖြစ်ပွားနေသော အခြေ အနေများကို ခြုံငုံသုံးသပ်ပါက အမျိုးသမီးငယ်များ၏ မိဘအုပ်ထိန်းသူများမှာ မိမိ၏သားသမီးကို ကောင်း စွာ စောင့်ရှောက်ရတော့ မည် ဖြစ်ကြောင်း အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများက ပြောကြ သည်။မည်သို့ပင် ဖြစ်နေေ စကာမူ ပြည်တွင်းလိင်လုပ်သားဈေးကွက်တွင်တော့ အသက် ၁၈ နှစ်ကျော်လျှင် ဈေးကောင်းမရကြတော့ပေ။ ”ငယ်ငယ်လေးတွေ ရှိလား ပဲ မေးနေကြတော့ အငယ်ကို ကိုယ်တွေက ရှာထားရတော့တယ်။ ဒါမှအကြီးတွေနဲ့ ရောထည့်ပေးလို့ရမှာ။ မဟုတ်ရင်ကိုယ်တွေက ငတ်ေ သမယ်”ဟု ပန်းဆိုးတန်းတစ်နေရာမှ ပြည့်တန်ဆာခေါင်းက လက်ရှိဈေးကွက်အခြေအနေကို ရှင်းပြနေသည်။ ဤသို့ဆိုပါလျှင် ……။ (ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့)

အပစ်ရပ်စာချုပ် အမြန်ဆုံးဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော =============================== ၂၇..၈..၁၅

အပစ်ရပ်စာချုပ် အမြန်ဆုံးဖြစ်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော =============================== ၂၇..၈..၁၅ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အကြား အပစ်အခတ် ရပ်စဲရေးစာချုပ်ကို အမြန်ဆုံးလက်မှတ် ရေးထိုးကြစေချင်တယ်လို့ ပြောကြား လိုက်ပါတယ်။ - "အပစ်အခတ်ရပ်စဲကို အမြန်ဆုံးဖြစ်စေချင်တာပေါ့၊ တကယ်တစ်နိုင်ငံလုံး အားလုံးပါဝင်ပြီးတော့ အားလုံး ကနေပြီးတော့ ကတိတည်တဲ့စာချုပ်မျိုး ဖြစ်ပေါ်လာစေချင်တာပေါ့၊ ဒါမှပဲဒီနိုင်ငံဟာ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်မှာပါ" - ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို စတင်နိုင်မှာဖြစ် တဲ့အတွက် လက်ရှိကာလမှာ သက်ဆိုင်သူတွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အမြန်ဆုံး လက်မှတ် ထိုးနိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သူထင်မြင်ယူဆပါတယ်၊ စာချုပ်ကိုဖြစ်မြောက်စေချင်သလို အခုလို စာချုပ်တစ်ခု ချုပ်ဆိုဖို့ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးပမ်းကြရမယ် ဆိုတာကိုလည်း သူနားလည်ပါတယ်လို့ ပြောကြားပါတယ်။ - ဒ့ါအပြင် သူနဲ့ လက်ရှိတပ်မတော် ခေါင်းဆောင်တွေအကြား ရင်းနှီးမှုရရှိဖို့ သူ့ဖက်က ကြိုးစားခဲ့ပေမယ့် မျှော်လင့် သလို ဖြစ်ပေါ်လာခဲ့ခြင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ - "ဟုတ်ပါတယ် သိပ်ပြီးတော့ ရင်းနှီးမှုမရှိပါဘူး၊ အစ်မတို့လည်း ကြိုးစားပါတယ်၊ တပ်မတော်ခေါင်းဆောင်တွေ သိပ်ပြီးတော့ စိတ်ပါလက်ပါမရှိတာပါ" - တဆက်တည်းမှာပဲ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို သူ့အနေနဲ့ အမှန်အတိုင်း ဝေဖန်ပြောဆိုခဲ့ကြောင်း လည်း ပြောပါတယ်။ - ဓါတ်ပုံ ။ ။ဒေါ်အောင်ဆန်းစုကြည်အား၂၂.၈.၂၀၁၅ ရက်နေ့ ၊ နေလည် ၁း၃၀ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းနေအိမ်တွင် KNU မှ ဗိုလ်မှူးထူးထူးလေး၊့ ဦးဟန်ညောင်ရွေ နှင်အဖွဲလာရောက်တွေဆုံစဉ် ========== RFA

မြန်မာကျပ်ငွေ အကျပ်အတည်း ကြုံနေရပြီ

မြန်မာကျပ်ငွေ အကျပ်အတည်း ကြုံနေရပြီ Thursday, August 27, 2015 ပြီးခဲ့သည့် အပတ်အတွင်းက ငွေလဲလှယ်နှုန်းက တဒေါ်လာလျှင် ကျပ် ၁၃၀၀ ၀န်းကျင်အထိ မြင့်တင်လာခဲ့သည်။ မြန်မာ အစိုးရက ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားရှိလိုက်သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ငွေလဲနှုန်း အမြင့်ဆုံး သို့ ရောက်ရှိသွားခြင်းဖြစ်သည်။ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ နိုင်ငံရေးလှုပ်ခတ်မှုနှင့်အတူ ဖြစ်ပေါ်ခဲ့သည့် ဘဏ်များနှင့် ပတ်သတ်သော ကောလဟလများ၏ နောက်ဆက်တွဲအဖြစ် ဒေါ်လာဈေးနှင့် ရွှေဈေးများ ဈေးကွက်အတွင်း မြင့်တက်၍ မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဒေါ်လာဈေး မငြိမ်မသက်ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဟု စီးပွားရေး အသိုင်းအ၀န်းက ပြောဆိုကြသကဲ့သို့ အခြားအချက်များဖြစ်သော အမေရိကန်ဒေါ်လာ တန်ဖိုးမာနေခြင်း၊ တရုတ်နိုင်ငံမှ ယွမ်ငွေ တန်ဖိုးလျှော့ချခြင်း၊ ပြည်တွင်းအခြေအနေတွင် ကုန်သွယ်ရေးလိုငွေပြမှုကြောင့် ဒေါ်လာလိုအပ်ချက် မြင့်သထက်မြင့်လာခြင်း တို့ကလည်း ငွေလဲနှုန်းမြင့်တက်၍ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ဖြစ်နေစေကြောင်း ပြောဆိုကြသည်။ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ယခုကဲ့သို့ ရွှေဈေးနှင့် ဒေါ်လာဈေးများ မငြိမ်သက်မှုသည် နိုင်ငံရေးအရ ဆက်နွယ်မှုများမှ တဆင့် ဖြစ်ပေါ်လာခြင်းသာဖြစ်ကြောင်း၊ထို့အတူ ငွေလဲနှုန်း ဒေါ်လာတန်ဖိုး ဆက်တက်နေဦးမည်ဖြစ်ပြီး မြန်မာငွေကျပ်တန်ဖိုး ဆက်လက်ကျဆင်းနေဦးမည် သဘောရှိကြောင်း မှတ်ချက်ပြုသည်။ “အစိုးရရဲ့ဘဏ္ဍာရေး လိုငွေ ကြီးသထက်ကြီးလာ၊ ကုန်သွယ်ရေးလိုငွေလည်း ကြီးသထက်ကြီးလာလေ မြန်မာငွေတန်ဖိုးကလည်း ကျသထက်ကျနေမှာပဲ။ လိုငွေ ၂ ခုကြီးနေတဲ့ နိုင်ငံရဲ့ငွေကြေးသည် မကျပဲ မရှိဘူး။ ကျကို ကျမှာပဲ။ ဒီတော့ ဒီ လိုငွေ ၂ ခုကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ လိုငွေကနေ ပိုငွေအဖြစ်ကို ပြောင်းဖို့ ပြောနေတာ မဟုတ်ဘူး။ လိုငွေဖြစ်နေတာတွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပါ။ အဲ့သလို ဆိုရင်တော့ မြန်မာငွေတန်ဖိုးက တန့်သင့်သလောက် တန့်သွားမယ်” ဟု ပြောသည်။ ပြီးခဲ့သည့် ၁၀ လ အတွင်းတွင် ကုန်သွယ်ရေးလိုငွေပြမှု၊ ငွေပေးငွေယူရှင်းတန်း လိုငွေပြမှု နှင့် ငွေဖောင်းပွမှုနှုန်းတို့က မျှော်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့သည်။ နိုင်ငံခြားမှ ကုန်ပစ္စည်းတင်သွင်းမှုက အလျှင်အမြန် တိုးတက်လာပြီး ရင်းနှီးမြှုပ်နှံမှု စီးဝင်လာခြင်းကလည်း ဒေါ်လာလိုအပ်ချက်ကို ပြည့်မီခြင်း မရှိခဲ့ပါ။ အကျိုးဆက်အနေဖြင့် မြန်မာကျပ်ငွေ အပေါ် ယုံကြည်မှု နည်းပါးလာခဲ့သည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်က ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ထားရှိခြင်းကို လတ်တလော စွန့်ခွာခဲ့သည်။ အဆိုပါစနစ်ကို အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) ၏ အကူအညီဖြင့် လွန်ခဲ့သော ၃ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အချို့သော အခြေ အနေများကြောင့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်ဟု IMF က ဆိုသည်။ ထို့ကြောင့်လည်း လွန်ခဲ့သော ၁၀ လ ကစ၍ IMF ၏ မြန်မာနိုင်ငံအပေါ် အကောင်းမြင်မှုများကို ပြောင်းလဲစေခဲ့သည်။ မြန်မာကျပ်ငွေအားနည်းမှုကို ကာကွယ်ရန်အတွက် ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင် ဗဟိုဘဏ်က ၀င်ရောက်စွပ်ဖက်မှု အများအပြားပြုလုပ်ခဲ့ရာ နိုင်ငံခြား အရံငွေလည်း သိသိသာသာ ကျဆင်းခဲ့ရသည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ စာရင်းများအရ ၂၀၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇ ဘီလီယံကျော် ရှိရာမှ ၂၀၁၄ တွင် ၄ ဘီလီယံကျော်သာ ကျန်တော့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လကလည်း လောင်စာဆီနှင့် စားသုံးဆီကဲ့သို့သော ပစ္စည်းများတက်သွင်းသူအချို့ကို ဦးစားပေး၍ ဒေါ်လာငွေထောက်ပံ့ရန် ဗဟိုဘဏ်က ဆုံးဖြတ်ခဲ့ခြင်းက ကျန်ရှိနေသေးသော နိုင်ငံခြား အရန်ငွေကို အလျှင်အမြန် လျော့ကျသွားစေလိမ့်မည် ဖြစ်ကြောင်း IMF က သတိပေးခဲ့သည်။ ပုဂ္ဂလိက ကဏ္ဍသို့ ဘဏ်ငွေထုတ်ချေးမှုက ၂၀၁၄-၁၅ ဘဏ္ဍာရေး နှစ်အတွင်းတွင် ၃၆ ရာခိုင် နှုန်း တိုးတက်ခဲ့သည်။ “တကယ်လို့ အမေရိကန်က မကြာခင် အတိုးနှုန်းတွေ မြှင့်တင်လိုက်မယ်ဆိုရင် အမေရိကန်ဒေါ်လာက ပိုမိုခိုင်မာလာပြီး တော့ ကျပ်ငွေ အပေါ် ဖိအား ပိုကြီးသွားလိမ့်မယ်။ ကမ္ဘာ့ကုန်စည်ဈေးနှုန်းတွေ ကျဆင်းမှုကြောင့်လည်း ပိုမိုဆိုးရွားသွားပါ လိမ့်မယ်။ ဗဟိုဘဏ်က အခြေခံသတ်မှတ်တဲ့ နှုန်းထားတခု မပါဘဲနဲ့တောင် ဗဟိုဘဏ်ရဲ့ အရန်ငွေတွေ ဆက်လက် ဆုံးရှုံးနေဖွယ်ရှိပြီး အကျပ်အတည်းတခုဆီကို ဦးတည်သွားနိုင်ပါတယ်” ဟု IMF က သုံးသပ်ခဲ့သည်။ ယခုအခါ ကျပ်ငွေတန်ဘိုးကျဆင်းမှုကို ရှောင်လွှဲ၍ မရနိုင်တော့ဟု IMF က ပြောသည်။ ထို့ကြောင့် ဗဟိုဘဏ် အနေဖြင့် ပို့ကုန်များ အားသာချက် ရရှိရန်၊ သွင်းကုန်ကို လျှော့ချနိုင်ရန်နှင့် ငွေတန်ဘိုး မှန်မှန်ကျဆင်းနေသည်ကို ခွင့်ပြုထားခြင်း အစား ကျပ်ငွေတန်ဖိုးကျဆင်းမှုကို ရပ်တန့်ရန် ဆောင်ရွက်သင့်ကြောင်းလည်း IMF က အကြံပြုထားသည်။ IMF ၏ တွေ့ရှိမှုနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်မှ စီးပွားရေး ပညာရှင်တဦးဖြစ်သော Sean Turnell က “IMF ရဲ့ ဒီကြေညာချက်က စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုတဲ့ အပေါ်ယံနောက်မှာ နည်းလမ်းဟောင်း၊ အတွေးအခေါ် အယူအဆဟောင်း၊ ဆင်ခြင်တုံတရား မရှိခြင်းနဲ့ အုပ်ချုပ်ပုံ နည်းစနစ်ဟောင်းတွေ ရှိနေတယ် ဆိုတဲ့ ကိစ္စတွေကို ဖော်ထုတ်ပြထားပါတယ်”ဟု IMF ၏ အစီရင်ခံစာထဲတွင် ပြောကြားထားသည်။ ပြဿနာကို ဖြေရှင်းရာတွင် မြန်မာနိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရေးတွင် အတားအဆီးဖြစ်စေသော လမ်းညွှန် အမိန့်ပေးခြင်း ထိန်းချုပ်ခြင်းများ ရှိနေဆဲဟု Sean Turnell က ယုံကြည်သည်။ IMF ၏ အကြံပြုချက်ကြောင့် ဗဟိုဘဏ်က ကျပ်ငွေတန်ဘိုးကို လျှော့ချရန် လတ်တလော ခွင့်ပြုပေးနေခြင်း ဖြစ်ပုံရသည်။ ဩဂုတ်လ ၂၅ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာလျင် မြန်မာကျပ်ငွေ ၁၂၈၅ ကျပ်ဖြင့် ဗဟိုဘဏ်က ဈေးသတ်မှတ်ပေးခဲ့သည်။ သို့သော် ငွေလဲနှုန်းများ မြင့်တက်လာပြီး မြန်မာငွေတန်ဖိုး ကျဆင်းလာခြင်းက သွင်းကုန် တန်ဖိုးများ မြင့်တက်၊ ကုန်ဈေးနှုန်းမြင့်တက်မှုကို ဆက်တိုက်ဖြစ်စေပြီး ငွေဖောင်းပွမှုနှုန်း မြင့်တက်လာမည်ဖြစ်ကြောင်း စိုးရိမ်ကြသူများ ရှိသည်။ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက “သွင်းကုန်တန်ဖိုးတက်ရင် ကုန်ဈေးနှုန်းတက်၊ ကုန်ဈေးနှုန်းတက်ရင် ငွေဖောင်းပွမှုဖြစ်တယ်ပေါ့။ ငွေဖောင်းပွမှုဖြစ်တာကလည်း ထပ်မံပြီး ငွေတန်ဖိုးကို ကျစေပြန်တာပေါ့။ ငွေကြေးတည်ငြိမ်မှုကို အတတ်နိုင်ဆုံးထိန်းဖို့ လိုပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးကျလေ ငွေကြေးဖောင်းပွမှုဖြစ်လေ။ ငွေဖောင်းပွမှုဖြစ်လေ မြန်မာကျပ်ငွေတန်ဖိုးကျလေ ဆိုတာမျိုး ဖြစ်မယ်” ဟု ပြောသည်။ ကျပ်ငွေအတွက် စိုးရိမ်မှုများ အပြင် အစိုးရဘတ်ဂျက် လိုငွေပြမှု မြင့်တက်လာခြင်းကလည်း စိုးရိမ်စရာဖြစ်သည်ဟုလည်း IMF ကဆိုသည်။ အစိုးရက ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ရန် အရေးကြီးသည် IMF က အလေးအနက်ဖော်ပြခဲ့သည်။ လက်ရှိ လိုငွေပြမှုများကို ဖြတ်တောက်နိုင်ရန်အတွက် အစိုးရက အခွန်သက်သာခွင့်ပေးခြင်းများကို လျှော့ချသင့်ပြီး အခွန် ကောက်ခံခြင်းကို ကောင်းမွန်တိုးတက်လာအောင် ရည်ရွယ်ချက် ထားသင့်သည်ဟုလည်း ပြောသည်။ ထို့ပြင် ငွေကြေးသုံးစွဲမှုအတွက် ဦးစားပေး အစီအစဉ်များကို ပြန်လည်စိစစ်သင့်ပြီး စစ်ရေးအတွက် အကြောင်းမဲ့ သုံးစွဲနေသည်များကို လျှော့ချ၍ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အခြားကဏ္ဍများတွင် ပိုမိုသုံးစွဲသင့်ကြောင်းလည်း ဖော်ပြထားသည်။ IMF ၏ လေ့လာအကဲဖြတ်မှုကြောင့် ဗဟိုဘဏ်နှင့် အစိုးရအတွင်းရှိ ပြုပြင်ပြောင်းလဲရေးသမားများနှင့် ရှေးရိုးစွဲသမားများ ကြားတွင် မူဝါဒ အကျပ်အတည်းများ ပေါ်ပေါက်လာရဖွယ်လည်း ရှိနေပါသည်။ IMF ၏ အကြံပြုချက်ကြောင့် ဗဟိုဘဏ်က ကျပ်ငွေတန်ဘိုးကို လျှော့ချရန် လတ်တလော ခွင့်ပြုပေးနေခြင်း ဖြစ်ပုံရသည် (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၏ မှတ်သားလောက်စရာ စကား

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၏ မှတ်သားလောက်စရာ စကား