Tuesday, March 24, 2015

ကချင်ပြည်နယ်တွင် သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များဖမ်းမည် ===================

ကချင်ပြည်နယ်တွင် သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များဖမ်းမည်
============================================

ကချင်ပြည်နယ်တွင် ယာဉ်လိုင်စင်၊ ယာဉ်aမာင်းလိုင်စင်နှင့်လုပ်ငန်းလိုင်စင်မ ရှိသည့် မော်တော်ယာဉ်များကို သင်္ကြန်မတိုင်မီလာမည့် ဧပြီ ၁ ရက် မှစတင်၍ စီမံချက်ဖြင့်စစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း
ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲမှူး ရုံး ထံမှ သိရသည်။

ယင်းသို့ အရေးယူမှုများစတင် မည့်အကြောင်းကို လူထုကိုအကြောင်း ကြားခြင်းနှင့်မော်တော်ယာဉ်မောင်း နှင်ရာတွင် အထက်ပါလိုင်စင်များ တစ်ပါတည်းယူဆောင်လာရန် အသိ ပညာပေးခြင်းကို မတ် ၂၁ ရက်မှ ၃၁ရက်အထိလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်ပါရုံးမှတာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

''ပုံမှန်တော့အရေးယူနေတာ ပဲ။ သင်္ကြန်ကာလအတွက် အရေး ကြီးတယ်ထင်လို့ပါ''ဟု ၎င်းကဆိုသည်။

စစ်ဆေးအရေးယူမှုများကို သင်္ကြန်ကာလအတွင်း ပြုလုပ်မည် မဟုတ်ဘဲ ဧပြီ ၁ ရက်မှ ၁၀ ရက်ထိနှင့် သင်္ကြန်ကာလနောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း အထက်ပါရုံးထံမှသိရသည်။

အများပြည်သူသွားလာရာ လမ်းပေါ်တွင် မောင်းနှင်သည့် ဆိုင် ကယ်၊ မော်တော်ကား၊ ထော်လာဂျီ နှင့် သုံးဘီးဆိုင်ကယ်များအားလုံး ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင် နှင့်အငှားယာဉ်ဖြစ်ပါက လုပ်ငန်းလိုင်စင်များပါရှိရမည်ဖြစ
်ကြောင်း စည်းကမ်းထိန်းသိမ်းရေးကြီးကြပ် မှုကော်မတီကထုတ်ပြန်ထားသည်။

''ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနေသူတွေကမကျွမ်းကျင်ရင် အများပြည်သူအတွက် အန္တရာယ် ရှိနိုင်တယ်''

ယာဉ်ထိန်းရဲများကလမ်းဆုံလမ်းခွများတွင်သာ အဓိကဖမ်းဆီးလေ့ရှိသဖြင့် အထောက်အထားမ ပြည့်စုံသည့် ယာဉ်မောင်းသူအများစုမှာ လမ်းဆုံလမ်းခွ များကိုရှောင် ကွင်းသွားလာလေ့ရှိကြောင်း ဆိုင်ကယ် စီးလူငယ်တချို့ က ပြောသည်။

ယာဉ်မောင်းလိုင်စင်၊ ယာဉ်လိုင်စင်များမပါရှိသူများသည် မော်တော် ယာဉ် ဥပဒေပုဒ်မ ၂၂ အရ တရားရုံးသို့ တရားစွဲတင်ခံရမည်ဖြစ်ပြီး ဒဏ်ငွေကျပ် ၁၅၀ဝပေးဆောင်ရ နိုင်ကြောင်း အထက်ပါရုံးမှသိရသည်။

Dawei Watch 
#Democracytoday

ကချင်ပြည်နယ်တွင် သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များဖမ်းမည် ================

ကချင်ပြည်နယ်တွင် သင်္ကြန်မတိုင်မီ လိုင်စင်မဲ့ယာဉ်များဖမ်းမည် ======================

Dawei Wat

Monday, March 23, 2015

ကေအိုင်အေတပ်စခန်းအား အစိုးရတပ်မှ ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ကေအိုင်အေတပ်စခန်းအား အစိုးရတပ်မှ ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ် မာန်ဝိန်းကြီးမြို့နယ်အနီး ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ နန်ဖြတ်ပို့စ်အား မတ်လ ၂၂ရက်နေ့ နေ့လည် နှင့် ညနေပိုင်းအချိန်တွင်အစိုးရတပ်မှ ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက် ခိုက်ခဲ့ ကြောင်းသတင်းရရှိသည်။ လွန်ခဲ့သည့် မတ်လ ၂၁ရက်နေ့တွင်စတင်ကာ ကိုင်းထိပါတွင် တပ်စွဲထားသည့် အစိုးရစစ်တပ် တပ်မ ၈၈ မှ ၁၂၀မမဖြင့်စတင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ကေအိုင်အိုအရာရှိတစ်ဦးမှဆိုသည်။ လက်နက်ကြီးဖြစ်ခတ်သော်လည်း ၄င်းတို့တပ်ထံထိမှန်ခြင်းမရှိပဲ အခြားတစ်ဖက်မှ အစိုးရတပ်အား ထိမှန်ခဲ့ရာ ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦးကျဆုံးခဲ့ပြီး ထိုသို့ကျဆုံးသွားသည့်အတွက်ကြောင့် လေယာဉ်ဖြင့်လာ ရောက် ပစ်ခြင်းဖြစ်ကြောင်း ၄င်းမှဆက်လက်သုံးသပ်ပြောဆိုသည်။ အစိုးရစစ်တပ်မှ မာန်ဝိန်းကြီးမြို့နယ်အနီးတစ်ဝိုက်တွင် သစ်ခိုးလုပ်သည့်သူများအား ရှင်းလင်းရေး ဟုဆိုကာ ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း ထိုအနီးအဝိုက်တွင်မှာ မည်သည့်သစ်လုပ်သည့်သူများမရှိ ကြောင်းကေအိုင်အို အရာရှိတစ်ဦးကဆိုသည်။ ကေအိုင်အေမှ တပ်စွဲထားသည့် နန်ဖြတ်ပို့အားသိမ်းရန် လွန်ခဲ့သည့် မတ်လ ၁၇ရက်နေ့မှစတင်ကာ အစိုးရစစ် တပ် တပ်မ ၈၈မှ စစ်အင်အား ၂၀၀ကျော် အင်အားဖြည့်ထားကြောင်းသိရသည်။ ကေအိုင်အို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတ ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်တို့ နှင့်တွေ့ဆုံပြီး နောက် ကေအိုင်အေ နှင့် အစိုးရတပ်ကြားတိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်သို့ ရောက်ရှိနေသည့် ကေအိုင်အိုငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ ယခုလို စစ်ကြောင်းထိုးခြင်း ဂျက်လေယာဉ်ဖြင့်လာရောက်ပစ်ခတ်သည့် အခြေအနေများအားဆက်လက်စုံးစမ်းလျက်ရှိပြီး ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှ တပ်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မြင့်စိုးအားညှိနှိုင်းပြောဆိုရာ ၄င်းမှ မိမိတို့ တပ်အား ချက်ချင်းရုပ် သိမ်း ပေးမည်ဟုပြောဆိုထားသော်လည်း ယခုအချိန်အထိ အစိုးရစစ်တပ်မှ ၁၀၅၊ ၁၂၀ မမစသည့်လက်နက် ကြီးဖြင့် ဆက်လက်ပစ်ခတ်လျက်ရှိကြောင်းသိရသည်။ ဆွေးနွေပွဲကာလမှာ မတ်လ ၂၂ရက်နေ့တွင်နောက်ဆုံးနေ့ဖြစ်သော်လည်း ယခုလိုတိုက်ပွဲများ ဖြစ်ပွားသည့် အတွက် ကြောင့် မတ်လ ၃၀ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်းသတင်းရရှိသည်။

အစိုးရတပ် နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲပြင်းထန်ဆဲ

အစိုးရတပ် နှင့် ကေအိုင်အေတပ်တို့ တိုက်ပွဲပြင်းထန်ဆဲ

ယနေ့မနက် မတ်လ ၂၃ရက်နေ့ နံနက် ၅နာရီခန့်မှ စတင်ကာ အစိုးရတပ် နှင့် ကေအိုင်အေ တပ်တို့ကြား ယခုအချိန်ထိ တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီး အရာရှိတစ် ဦးမှသိရသည်။ ယမန်နေ့ မတ်လ ၂၂ရက်နေ့၌ အစိုးရစစ်တပ်မှ ကေအိုင်ကေတပ်စခန်းရှိရာ နန်ဖြတ်ပို့စ်အား ဂျက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့တွင်မှာမူ လေယာဉ်မသုံးတော့ပဲ ၄င်းတို့တပ်စွဲထားသည့်ကိုင်ထိတ်ပါပို့စ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်းသိရသည်။ ငြိမ်းချမ်း ရေးဆွေးနွေးပွဲမှ အစိုးရတပ်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်မြင့်စိုးအား ထိုသို့တိုက်ပွဲများ ဖြစ်ပွားလာခြင်းအပေါ်ဆွေးနွေး ညှိုနှိုင်းပြောဆိုထားရာ ၄င်းမှ တပ်အား ချက်ချင်းရုတ်သိမ်း ပေးမည်ဟု ပြောကြားထားသော်လည်း ယခုအချိန်ထိတိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိကြောင်းသိရသည်။ 

အုပ်ချုပ်ရေးမှူးရုံးမှပေးသည့်ဆန် စားလို့မရသည့်အတွက် ဒုက္ခသည်များ ၀က်စာသာကျွေးနေ

အုပ်ချုပ်ရေးမှူးရုံးမှပေးသည့်ဆန် စားလို့မရသည့်အတွက် ဒုက္ခသည်များ ၀က်စာသာကျွေးနေ

ပူတာအိုမြို့ လုံစွတ်ရပ်ကွက်ရှိ စစ်ဘေးဒုက္ခသည်များအား မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ၂၀၁၅ ဖေဖော်ဝါရီလဆန်းပိုင်းတွင်လှူဒါန်းခဲ့သည့် ဆန်အိတ် (၂၀)ကျော်အား စားလို့မရသည့်အတွက် ဒုက္ခသည်များမစားတော့ပဲ ၀က်စာသာကျွေးနေကြောင်းသတင်းရရှိသည်။ “ ဆန်တွေက အငွေ့တောင်ပျံတယ်။ စားလို့မရဘူး။ နံလည်းနံတယ်၊ ချဉ်လည်း ချဉ်တယ်။ကျွန်တော်တို့လည်း မစားလို့မဖြစ်ဘူးဆိုပြီး တခြားဆန်ကောင်းနဲ့ပေါင်းပြီးချက်စားတယ်။ အဲဒီချိန်မှာအကုန်လုံးဝမ်းလျှောကြတာပဲ။ အခုတော့အဲဒီဆန်တွေမစားတော့ဘူး။ ဒီဆန်တွေပြန်မစားတော့မှ လူနာလည်းမရှိတော့တာ။ သူတို့ပေးထားတဲ့ဆန်စားလို့ ၀မ်းလျှောသလိုဖြစ်နေတယ်။ ” ဟု ပူတာအိုစစ်ဘေးဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။ အဆိုပါဆန်စားနေချိန်ဒုက္ခသည်များ အယောက် ၃၀ ကျော် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့သေးကြောင်းလည်းဆိုသည်။ ဒုက္ခသည်စခန်းအား မြို့နယ်အုပ်ချုပ်ရေးရုံး၊ စရဖ၊ SB များမှ စားရင်းမကြာခဏလာရောက်ကောက်ခံမှုများရှိနေသော်လည်း မည်သည့် ကူညီမှုမှလည်း လုပ်ဆောင်ခြင်းမရှိကြောင်းဆိုသည်။ “ လူစာရင်းတော့ နေ့တိုင်းလာမေးတယ်။ လိုအပ်တာရှိရင်ပြောလို့လည်းပြောတယ်။ ပြီးတော့ ဟိုတစ်လောကဒီကဒုက္ခသည်ဖျားတုန်းက ဘယ်သူမှရောက်မလာဘူး။ အဖျားသက်သာမှပဲ ပြန်ရောက်လာတယ်။” ဟုဒုက္ခသည်စခန်းမှတာဝန်ရှိသူတစ်ဦးမှဆိုသည်။ အဆိုပါဒုက္ခသည်စခန်းတွင် အင်ခါဂါး၊ အင်ဖီဂါး၊ မပြုံးစသည့်ကျေးရွာများမှ ဒုက္ခသည်များ အယောက် ၂၅၁ ယောက်နေထိုင်သည့်စခန်းလည်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင်လည်း ပူတာခရိုင်အုပ်ချုပ်ရေးရုံးမှ ဒုက္ခသည်များအား ကျောက်၊ ဘိလပ်မြေများပါသည့် ဆန် အိတ်များ လာရောက်လှူးဒါန်းခဲ့ဖူးသည်။ 

Sunday, March 22, 2015

တနိုင်းမြို့နယ် တရုံချောင်းကူးတံတားတည်ဆောက်မှု မကြာမီ ပြီးစီးမည် =========================

တနိုင်းမြို့နယ် တရုံချောင်းကူးတံတားတည်ဆောက်မှု မကြာမီ ပြီးစီးမည်
=========================

တနိုင်း မတ် ၂၂

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့နယ်ခွဲ တရုံကျေးရွာအနီးတည်ဆောက်နေသည့် တရုံချောင်းကူးတံတားတည်ဆောက်မှုလုပ်ငန်းများသည် မတ် ၁၇ ရက်တွင် ၉၅ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကာ မကြာမီအတွင်း တည်ဆောက်မှုအားလုံးပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနား-တနိုင်း-နန်းယွန်း-ပန်ဆောင် မော်တော်ကားလမ်းပေါ်၌တည်ရှိသော အဆိုပါတရုံချောင်းကူးတံတားကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ကျေးလက်
ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလက စတင်ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေလတွင်ဖွင့်လှစ်နိုင်ရန် နေ့ရောညပါ တည်ဆောက်ခဲ့
ကြောင်း သိရသည်။ တံတားမှာ အရှည် ၂ဝဝဝ ပေ၊ အကျယ် ၂၃ ပေ၊ ၂ လမ်းသွား ဘေလီတံတားဖြစ်ကာ ခရိုင်ဆောက်လုပ်ရေးအဖွဲ့၊ ပါဝါဗျူးကုမ္ပဏီနှင့် ဆော့လော်မြို့နယ် ပြည်သူ့
ဆောက်လုပ်ရေးဌာနမှ လက်ထောက်အင်ဂျင်နီယာ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ ပူးပေါင်းတည်ဆောက်နေခြင်းဖြစ်သည်။

တံတားတည်ဆောက်ပြီးစီးသွားပါက တနိုင်း၊ နန်းယွန်းနှင့် ပန်ဆောင်မြို့နယ်များအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၏ ဆက်သွယ်သွားလာရေး လွယ်ကူချောမွေ့ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းနှင့်ဓါတ်ပုံများပေးပို့နိုင်ပါပြီ ဘာသာရေးကြော်ငြာများ ပရဟိတပွဲများ အလှူပွဲများအခမဲ့ ကြော်ငြာပေးပါမည် mohnyinnews@gmail.com

Friday, March 20, 2015

ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်မိုးကောင်း မြို့နယ်ဆားမော်ကျေးရွာနှင့် တောင်နီကျေးရွာအကြား မိုးကောင်းမြို့နှင့်ဆားမော်ကျေးရွာအကြားတွင်ဓားပြတိုက်မှု၊လူရိုက်လုယက်မှု၊ဆိုင်ကယ်စီးနင်းသွားသူများအားရိုက်နှက်၍ ဆိုင်ကယ်လုယက်မှုများဖြစ်ပေါ် နေပါသည် အလားတူ မိုးကောင်းမြို့နှင့်ဖားကန့်မြို့ သွားရာလမ်းတစ်လျှောက်တွင် မည်သည့်အဖွဲ့အစည်းမှန်းမသိဘဲမျက်နှာကိုအုပ်ပြီးခရီးသွား ပြည်သူများအားမည်သည့်ပစ္စည်းရှာဖွေမှန်းမသိဘဲအုပ်စုဖွဲ့ကာ နှောင့်ယှက်မှုများဖြစ်ပေါ် နေသည်ကိုဒေသခံပြည်သူ လူထု၏ပြောပြချက်များအရ သိရှိခဲ့ရပါသည် ထို့ကြောင့်ကချင်ပြည်နယ်တွင်စီးပွားရေးအရမဖြစ်မနေသွားလာ လှုပ်ရှားနေကြရသောဒေသခံပြည်သူလူထုများအခက်အခဲများနှင့်ကြုံတွေ့နေကြရပါသည် ထို့အတူမဖြစ်မနေသွားလာရ မည်ဆိုပါကတစ်ဦးတစ်ယောက်ထဲမသွားဘဲအပေါင်းအဖော်များနှင့် စုပေါင်း၍သွားကြရန်နှင့်သတိဝရိယရှိနိုင်ပါရန်အသိပေးအပ်ပါသည်

ယခုရက်ပိုင်းအတွင်း
်ကချင်ပြည်နယ်မိုးကောင်း
မြို့နယ်ဆားမော်ကျေးရွာနှင့်
တောင်နီကျေးရွာအကြား
မိုးကောင်းမြို့နှင့်ဆားမော
်ကျေးရွာအကြားတွင်ဓားပြတိုက်မှု၊လူရိုက်လုယက်မှု၊ဆိုင်ကယ်စီးနင်းသွားသူများအားရိုက်နှက်၍
ဆိုင်ကယ်လုယက်မှုများဖြစ်ပေါ်
နေပါသည်
အလားတူ
မိုးကောင်းမြို့နှင့်ဖားကန့်မြို့
သွားရာလမ်းတစ်လျှောက်တွင်
မည်သည့်အဖွဲ့အစည်းမှန်းမသိဘဲမျက်နှာကိုအုပ်ပြီးခရီးသွား
ပြည်သူများအားမည်သည့်ပစ္စည်းရှာဖွေမှန်းမသိဘဲအုပ်စုဖွဲ့ကာ
နှောင့်ယှက်မှုများဖြစ်ပေါ်
နေသည်ကိုဒေသခံပြည်သူ
လူထု၏ပြောပြချက်များအရ
သိရှိခဲ့ရပါသည်
ထို့ကြောင့်ကချင်ပြည်နယ်တွင်
်စီးပွားရေးအရမဖြစ်မနေသွားလာ
လှုပ်ရှားနေကြရသောဒေသခ
ံပြည်သူလူထုများအခက်အခဲများနှင့်ကြုံတွေ့နေကြရပါသည်
ထို့အတူမဖြစ်မနေသွားလာရ
မည်ဆိုပါကတစ်ဦးတစ်ယောက်ထဲမသွားဘဲအပေါင်းအဖော်များနှင့်
စုပေါင်း၍သွားကြရန်နှင့်သတိဝရိယရှိနိုင်ပါရန်အသိပေးအပ်ပါသည်

Thursday, March 19, 2015

ယခုရက်ပိုင်းအတွင်းကချင်ပြည်နယ်မိုးကောင်း မြို့နယ်ဆားမော်ကျေးရွာနှင့် တောင်နီကျေးရွာအကြား မိုးကောင်းမြို့နှင့်ဆားမော်ကျေးရွာအကြားတွင်ဓားပြတိုက်မှု၊လူရိုက် လုယက်မှု၊ဆိုင်ကယ်စီးနင်းသွားသူများအားရိုက်နှက်၍ဆိုင်ကယ် လုယက်မှုများဖြစ်ပေါ်နေပါသည် အလားတူမိုးကောင်းမြို့နှင့် ဖားကန့်မြိုသွားရာလမ်း တစ်လျှောက်တွင်မည်သည့် အဖွဲ့အစည်းမှန်းမသိဘဲမျက်နှာကိုအုပ်ပြီးခရီးသွားပြည်သူများအား မည်သည့်ပစ္စည်းရှာဖွေမှန်းမသိဘဲအုပ်စုဖွဲ့ကာနှောင့်ယှက်မှုများ ဖြစ်ပေါ်နေသည်ကိုဒေသခံပြည်သူလူထု၏ပြောပြချက်များအရသိရှိ ခဲ့ရပါသည် ထို့ကြောင့်ကချင်ပြည်နယ်တွင် စီးပွားရေးအရမဖြစ်မနေသွားလား လှုပ်ရှားနေကြရသောဒေသခံပြည်သူလူထုများအခက်အခဲများနှင့်ကြုံတွေ့နေကြရပါသည် ထို့အတူမဖြစ်မနေသွားလာ ရမည်ဆိုပါကတစ်ဦး တစ်ယောက်ထဲမသွားဘဲ အပေါင်းအဖော်များနှင့်စုပေါင်း၍သွားကြရန်နှင့်သတိဝရိယ ရှိနိုင်ပါရန်အသိပေးအပ်ပါသည်

ယခုရက်ပိုင်းအတွင်း
်ကချင်ပြည်နယ်မိုးကောင်း
မြို့နယ်ဆားမော်ကျေးရွာနှင့်
တောင်နီကျေးရွာအကြား
မိုးကောင်းမြို့နှင့်ဆားမော်ကျေးရွာအကြားတွင်ဓားပြတိုက်မှု၊လူရိုက်
လုယက်မှု၊ဆိုင်ကယ်စီးနင်းသွားသူများအားရိုက်နှက်၍ဆိုင်ကယ်
လုယက်မှုများဖြစ်ပေါ်နေပါသည်
အလားတူမိုးကောင်းမြို့နှင့်
ဖားကန့်မြိုသွားရာလမ်း
တစ်လျှောက်တွင်မည်သည့်
အဖွဲ့အစည်းမှန်းမသိဘဲမျက်နှာကိုအုပ်ပြီးခရီးသွားပြည်သူများအား
မည်သည့်ပစ္စည်းရှာဖွေမှန်းမသိဘဲအုပ်စုဖွဲ့ကာနှောင့်ယှက်မှုများ
ဖြစ်ပေါ်နေသည်ကိုဒေသခံပြည်သူလူထု၏ပြောပြချက်များအရသိရှိ
ခဲ့ရပါသည်
ထို့ကြောင့်ကချင်ပြည်နယ်တွင်
စီးပွားရေးအရမဖြစ်မနေသွားလား
လှုပ်ရှားနေကြရသောဒေသခ
ံပြည်သူလူထုများအခက်အခဲများနှင့်ကြုံတွေ့နေကြရပါသည်
ထို့အတူမဖြစ်မနေသွားလာ
ရမည်ဆိုပါကတစ်ဦး
တစ်ယောက်ထဲမသွားဘဲ
အပေါင်းအဖော်များနှင့်စုပေါင်း၍သွားကြရန်နှင့်သတိဝရိယ
ရှိနိုင်ပါရန်အသိပေးအပ်ပါသည်

Tuesday, March 17, 2015

ကျောင်းနေအရွယ် ဒေသခံလူငယ် (၆) ဦးအား KIA အဖွဲ့မှ လူသစ် အဖြစ် ဖမ်းဆီးခေါ်ဆောင်

ကျောင်းနေအရွယ် ဒေသခံလူငယ် (၆) ဦးအား KIA အဖွဲ့မှ လူသစ် အဖြစ် ဖမ်းဆီးခေါ်ဆောင်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ဒေသခံ မိန်းကလေး (၃)ဦးနှင့် ယောက်ျား လေး (၃) ဦးအား ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။
တနိုင်းမြို့နယ်၊ တဗျီချောင်းလည်စခန်းမှ KIA အဖွဲ့ဝင်များသည် မတ်လ ၁၁ ရက်နေ့၊ ညနေ ၃ နာရီအချိန် ခန့်တွင် တနိုင်းမြို့နယ်၊ လမုန်ကျေးရွာ အနီးသို့ရောက်ရှိလာပြီး ၎င်းကျေးရွာအနီးတွင် ငါးရှာရာမှ ပြန် လာသော မောင်အားဆာဝူ၊ အသက်(၂၅)နှစ်၊ လီဆူ/ခရစ်ယာန်၊ တောင်သူ၊ အမှတ်(၂)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်၊ အောင်အားဖူ၊ အသက် (၁၆)နှစ်၊ လီဆူ/ခရစ်ယာန်၊ တောင်သူ၊ အမှတ်(၅)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်၊ မောင်အားခီ၊ အသက်(၁၅)နှစ်၊ လီဆူ/ခရစ်ယာန်၊ တောင်သူ၊ အမှတ်(၅)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်၊ မညီဆာဝူး(ခ)မအားညီ၊ အသက်(၁၃)နှစ်၊ လီဆူ/ ခရစ်ယာန်၊ သတ္တမတန်း၊ အမှတ်(၂)ရပ်ကွက်၊ လမုန်ကျေးရွာ တနိုင်းမြို့နယ်၊ မဒူးလီဟဲ(ခ)မအားဒူ၊ အသက်(၁၄)နှစ်၊ လီဆူ/ခရစ်ယာန်၊ အဌမတန်း၊ အမှတ်(၄)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နှင့် မချာယော်နို(ခ)မအားချာ၊ အသက်(၁၄)နှစ်၊ လီဆူ/ ခရစ်ယာန်၊ အဌမတန်း၊ အမှတ်(၄)ရပ်ကွက်၊ လမုန်ကျေးရွာ၊ တနိုင်းမြို့နယ်နေ သူများအား လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၎င်းတို့၏ မိသားဝင် တစ်ဦးမှ ပြောပြပါသည်။
ယင်းကဲ့သို့ ဖမ်းဆီးခံရသူများထဲတွင် အသက်(၁၃)နှစ်နှင့် (၁၄) နှစ်အ ရွယ်ကျောင်းသူ များပါရှိနေခြင်းကြောင့် ၎င်းတို့၏ မိဘများမှာ စိုးရိမ်သော က ရောက်နေကြကြောင်းနှင့် KIA အဖွဲ့သည် အသက်မပြည့်သူများနှင့် အသက်အရွယ်ကြီးရင့်သူများအား ဖမ်းဆီးခေါ်ဆောင်ပြီး ပိုက် ဆံဖြင့် ပြန်ရွေး ခိုင်းခြင်းများ ပြုလုပ်လျက် ရှိကြောင်း လမုန်ကျေး ရွာဒေသခံ တစ်ဦးမှ လည်း ပြောပြခဲ့ပါသည်။

Credit စိုင်းနောင်မျိုး( တနိုင်း)
Shan News

Sunday, March 15, 2015

PEOPLE'S VOICE ================= ပြည်သူ့ အော်သံ ==============

PEOPLE'S VOICE
=================
ပြည်သူ့ အော်သံ
=================

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ အိမ်သုံးမီတာများကို လုပ်ငန်းသုံးပါဝါမီတာကြေးကောက်ခံ
နေခြင်း

ကျွန်တော်တို့မိုးညှင်းမြို့ပေါ်မှာ လျှပ်စစ်ဌာနမှအိမ်သုံးမီတာများကို
လုပ်ငန်းသုံးကြေးကောက်ခံနေတာနှစ်အတော်တန်ကြာခဲ့ပါပြီလျှပ်စစ်မှုးတွေဘယ်လောက်ပြောင်းပြောင်းမပြောင်းလဲတာကတော့အိမ်သုံးမီတာတွေက
ိုလုပ်ငန်းသုံးကြေးကောက်ခံမြဲပါ

လျှပ်စစ်ဌာနကပြောတာတော့အိမ်တစ်အိမ်မှာဈေးဆိုင်တခုဖွင့်တာနဲ့လုပ်ငန်းသုံးမီတာကြေး (၇၅ ကျပ်) ကောက်ခံမည်ဟုပြော
နေပါသည် ဈေးဆိုင်ဖွင့်တိုင်းကောက်မယ်ဆို
ရင်ဘာကြောင့်အားလုံးကိုမ
ကောက်လဲဆိုတာသိချင်ပါသည်

သို့သော်လဲ လျှပ်စစ်မှုးနဲ့ပိုင်သူများမီတာစာရေးနှင့်ပိုင်သူများသည် အိမ်မှာဆိုင်ဖွင့်ထားသော်လည်း
အိမ်သုံးမီတာကြေး ၃၅ ကျပ်သာကောက်ခံနေတာတွေ့နေရပါသည်

ပါတီဝင်တခုမှသားသမီးများ လျှပ်စစ်
နှင့်ပတ်သက်သောဆိုင်တခုဖွင့်ထား
သော်လဲအိမ်သုံးမီတာကြေး ၃၅ ကျပ်သာကောက်ခံနေပါသည်

ဒါကဥပမာပြောပြတာပါသူ့လိုမျိုး
အိမ်မှာဆိုင်ဖွင့်ပြီးအိမ်သုံးမီတာကြေးပဲ
ကောက်ခံနေတာအများကြီးပါပဲ

ကျွန်တော်တို့ရပ်ကွက်မှာကုန်
်ခြောက်ဆိုင်သေးသေးလေးဖွင့်လဲ
လုပ်ငန်းသုံးမီတာကြေး ၇၅ ကျပ်ပေးဆောင်နေရပါသည်

သို့အတွက်ကြောင့်

ကျွန်တော်တို့မိုးညှင်းမြို့မှာ

**လူချင်းတူသော်လဲ **

**ဆိုင်ချင်း တူသော်လဲ**

**ဲလုပ်ငန်းချင်းတူတော်လဲ**

ဲခွဲခြားကောက်
ံခံနေရတာကိုအများပြည်သူ
သိရှိအောင် ဒီမိုကရေစီတူဒေးသတင်းစာမှ

တစ်ဆင့်
တင်ပြလိုက်ပါတယ်

www.facebook.com/democracytodaynewspaper
www.myanmarnewsnetwork.com