Thursday, September 11, 2014

မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် (Live ) ထုတ်လွှင့်ပြသမည်။ စက်တင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ် မလေးရှား စံတော်ချိန် - ည ၈ နာရီခွဲ ************************************************************** ဗီယက်နမ်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အာဆီယံယူ-၁၉ ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာလ (၁၁)ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် အိမ်ရှင် ဗီယက်နမ်၊ ဂျပန်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် ညနေ (၆)နာရီ(၄၅)မိနစ်တွင် ယှဉ်ပြိုင်ကစားမည့် မြန်မာလက်ရွေးစင် ယူ-၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ဆီမီးဖိုင်နယ် ပွဲစဉ်ကို အောက်ပါလိပ်စာများတွင် တိုက်ရိုက်ဝင်ရောက် ကြည့်နိုင်ပါသည်။ ဖုန်း ၊ ကွန်ပျူတာဖြင့် ဒီမှာ ဝင်ကြည့်ပါ - http://www.malaysiaonlineradiomedia.com/ ဖုန်း ၊ ကွန်ပျူတာဖြင့် ဒီမှာ ဝင်ကြည့်ပါ - http://www.nayzawlin.com/2014/09/u19-myanmar-vs-u19-indonesia-aff-u-19.html ဖုန်းဆော့ဝဲလ်ဖြင့် ကြည့်လိုပါက ဆော့ဝဲလ် ဒေါင်းရန် - http://www.malaysiaonlineradiomedia.com/2014/09/blog-post_6.html နေဇော်လင်း @ Nay Zaw Lin1 Free Online Radio Media (Malaysia News) Free Online Tv Website - www.nayzawlin.com Free Media Website - www.malaysiaonlineradiomedia.com Free 4D Facebook Page - https://www.facebook.com/nayzawlin18 Free Health Facebook Page - https://www.facebook.com/nayzawlin4
အဆက်အသွယ်ပြတ်နေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန် ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့သွား Thursday, September 11, 2014 ဆက်သွယ်မှုပြတ်တောက်နေသည့် ခါကာဘိုရာဇီတောင် တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်မှုပြုလုပ်ရန် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဦးဆောင်သည့်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက်မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ကိုယ်ပိုင်လေ ယာဉ်ဖြင့် ထွက်ခွာသွားသည်။ မြန်မာနိုင်ငံမြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) အမြင့်ရှိ အရှေ့ တောင်အာရှ၏ အမြင့်ဆုံးရေခဲ တောင် ခါကာဘိုရာဇီသို့ တက္က သိုလ်ခြေလျင်နှင့် တောင်တက် အသင်း (သဘာဝခေါ်သံဖောင် ဒေးရှင်း)မှ တောင်တက်သမားနှစ် ဦးတက်ရောက်နေခဲ့ကြရာ သြ ဂုတ် ၃၁ ရက်၊ ညနေ ၀၅း၀၁ နာရီ က ခါကာဘိုရာဇီတောင်ထိပ်သို့ တက်ရောက်၍ အလံစိုက်နိုင်ခဲ့ ကြောင်း ရန်ကုန်မြို့ရှိ ဌာနရုံးခန်း သို့ သတင်းပေးပို့ပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်တောက် သွားခဲ့သည်ဟု သတင်းရရှိသည်။ ယင်းတောင်တက်သမား များကို ကယ်ဆယ်ရေးအတွက် ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ် ရေး ရဟတ်ယာဉ်နှစ်စီး၊ အရေး ပေါ်အချက်ပြ ဆက်သွယ်ရေးကိ ရိယာများ၊ တောင်တက်ပစ္စည်း ကိရိယာများ၊ စားနပ်ရိက္ခာများ၊ အသက်ကယ် ဆေးဝါးပစ္စည်း များ၊ ဆရာဝန်များ၊ ထူးဖောင်ဒေးရှင်းမှ အရေးပေါ်ကူညီကယ် ဆယ်ရေးအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရ (ဧ၀ ရက်တောင်ထိပ်သို့ တက်ရောက် မည့်) တောင်တက်သမားများ၊ ခါ ကာဘိုရာဇီတောင်ထိပ်သို့ မြန်မာလူမျိုးများထဲမှ ပထမဆုံးတက် ရောက်နိုင်ခဲ့သူ နမားဂျွန်ဆင်နှင့် ဒေသခံတိုင်းရင်းသားများ၊ ကျန် ထူးဖောင်ဒေးရှင်းဝန်ထမ်းအား လုံးမှ မြန်မာနိုင်ငံမြောက်ဘက်ဆုံး တဟွန်ဒမ်းရွာနှင့် တောင်ခြေစ ခန်းတို့တွင် အသက်ကယ်ရှာဖွေ ရေးကိစ္စများ၊ ကူညီကယ်ဆယ် ရေးကိစ္စများ ဆောင်ရွက်နိုင်စေ ရန် ပါဝင်ကူညီလျက်ရှိကြောင်း ထူးဖောင်ဒေးရှင်း၏ ဖေ့စ်ဘွတ်ခ် တွင် စက်တင်ဘာ ၁၀ ရက် ညနေက ထုတ်ပြန်ထားသည်။ ပူတာအိုနှင့် ရန်ကုန်မြို့များတွင်လည်း ထူးဖောင်ဒေးရှင်း ၀န်ထမ်းများ၊ အဲပုဂံမှ လေယာဉ်များဖြင့် အ ချိန်နှင့်တစ်ပြေးညီ လိုအပ်သော ပစ္စည်းများပေးပို့နိုင်စေရန် စီစဉ် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ယခုသွားရောက်သည့် ခရီး စဉ်တွင် သဘာဝခေါ်သံဖောင်ဒေး ရှင်းမှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံခြေလျင်နှင့် တောင်တက်အ ဖွဲ့ချုပ် နာယကဖြစ်သည့် စီးပွား ရေးလုပ်ငန်းရှင် ဦးတေဇ၊ ၎င်း၏ ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ် ရေးအဖွဲ့သားများ၊ ဦးတေဇရ ဟတ်ယာဉ် မတော်တဆမှုဖြစ်ခဲ့ စဉ်က ပါဝင်ခဲ့သည့် အဖွဲ့သားများလိုက်ပါသွားသည်ဟု ဆိုသည်။ တောင်တက်အဖွဲ့ဝင်များ စက်တင်ဘာ ၉ ရက်တွင် တဟွန် ဒမ်းရွာသို့ ပြန်လည်ရောက်ရှိရန် သတ်မှတ်ထားသော်လည်း တောင်ထိပ်ရောက်အဖွဲ့နှစ်ဦးမှာ တောင်ခြေစခန်းသို့ ပြန်လည်ရောက်ရှိ မလာသေးကြောင်း တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း(သဘာဝ ခေါ်သံ ဖောင်ဒေးရှင်း) မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ စက်တင်ဘာ ၁၀ ရက် နံနက်တွင် အသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အမှုဆောင်အဖွဲ့ဝင်အချို့ သည် ထူးဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်နာယက ဦးတေဇဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ရှာဖွေရန် စီစဉ်နေသည်။ ထို့အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပူတာအိုအခြေစိုက် အခြေချဗျူဟာတို့ကလည်း ပံ့ပိုးကူညီဆောင်ရွက်ကြမည်ဟု သတင်းရရှိသည်။ ‘‘သတ်မှတ်ချိန်အတွင်းမှာ ပြန်လည်ရောက်ရှိတယ်လို့ သတင်းပေးထားပေမယ့် တောင် ခြေက အဖွဲ့ဝင်တွေ ပြန်ရောက် လာပေမယ့် တောင်ထိပ်ရောက် အဖွဲ့နှင့် အဆက်အသွယ်ပြတ်နေ တယ်လို့ သတင်းပေးတယ်။ တခြားလမ်းကြောင်းကနေ ပတ်ပြီး သွားတာလားဆိုတာ မသိရသေးဘူး’’ ဟု ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ စက်တင်ဘာ ၉ ရက်က အဆိုပါ နှစ်ဦးသည် တောင်ခြေစခန်းတွင်ရှိသည့် ကျန်တောင်တက်အဖွဲ့ဝင် ခြောက်ဦးနှင့်အတူ တဟွန်ဒမ်းရွာသို့ ပြန်လည်ဆင်းလာပြီဟု သတင်းထုတ်ပြန်ခဲ့ခြင်းမှာ ထိုရွာတွင်ရှိသည့် သတင်းပေးပို့သူနှင့် ပြန်ကြားရေးအဖွဲ့ကြားတွင် နားလည်မှုလွဲပြီး သတင်းမှား ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။ ဦးတေဇဦးဆောင်သောအဖွဲ့ ပူတာအိုသို့ရဟတ်ယာဉ်ဖြင့် သွားစဉ် (ဓာတ်ပုံ−Htoo Facebook) 7Day Daily
ကိုးကန့် စီးပွားရေးဇုန် တည်ဆောက်မည် စက်တင်ဘာ ၁၁ ရက်၊ ၂၀၁၄ ခုနှစ် ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသတွင် ကိုးကန့်စီးပွား ရေးဇုန်တည်ဆောက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိ သည်။ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ကိုးကန့်မာလီပါဖွံ့ဖြိုးရေး ကုမ္ပဏီတို့ ပူး ပေါင်းတည်ဆောက်မည့်အဆိုပါ စီးပွားရေးဇုန်မှာ မြေဧကပေါင်း တစ်ထောင်ကျော်ပေါ်တွင်တည် ဆောက်မည်ဖြစ်ပြီး မြေယာဖော် ထုတ်ခြင်းလုပ်ငန်းများကိုပါအဆို ပါအဖွဲ့အစည်းများက လုပ်ကိုင် သွားမည်ဖြစ်သည်။ ဇုန်ကို ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် ခရိုင်၊ လောက်ကိုင်မြို့နယ်၊ ထင် ပါကျိုင်းကျေးရွာအုပ်စု၊တာစင် ကျိုင်းကျေးရွာအုပ်စုနှင့်ရန်ကျင် ထင်ဦးပိုင်အမှတ်(၁၂၃)ရှိမြေနေ ရာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရင်း နှီးမြှုပ်နှံမှုကော်မရှင်ကသြဂုတ်လ လယ်ပိုင်းတွင် လုပ်ကိုင်ခွင့်ပြုခဲ့ သည်။ ရောင်းချခြင်းနှင့် ငှားရမ်း ခြင်းလုပ်ငန်းများကိုလည်း ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် ထိုကုမ္ပဏီတို့ကအဓိကလုပ်ကိုင်သွားမည်ဖြစ်သည်။ အထက်ပါ စက်မှုဇုန်စီမံ ကိန်းကို သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်အစိုးရအဖွဲ့နှင့် လုပ်ငန်း ဆက်စပ်သည့် ပြည် ထောင်စုဝန်ကြီးဌာနများ၊အဖွဲ့အ စည်းများမှ သဘောထားမှတ်ချက် များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၄ခုနှစ်အတွင်း ခွင့်ပြုပေးခဲ့သော နိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းပေါင်း ငါးဆယ် ကျော်ရှိပြီဖြစ်သည်။ 7Day DAILY

RSO အခြေစိုက်ခွင့်ပေးရန် အစီအစဉ်မရှိဟု ကေအိုင်အိုပြော Thursday, September 11, 2014

ကေအိုင်အေထိန်းချုပ် နယ်မြေအတွင်း ရိုဟင်ဂျာတပ်မ တော် (RSO) ထူထောင်အခြေ စိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သော ဘင်္ဂါလီအဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံခဲ့ ခြင်းသည် တရားဝင်တွေ့ဆုံခဲ့ ခြင်း မဟုတ်ကြောင်းနှင့် ရိုဟင် ဂျာတပ်မတော် ထူထောင်အ ခြေစိုက်ခွင့်ပေးရန် ကိစ္စနှင့်ပတ် သက်၍ မည်သည့်အစီအစဉ်မှ မရှိကြောင်း ကေအိုင်အိုက ငြင်း ဆိုလိုက်သည်။ ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့် BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နု၊ ဘာသာရေးခေါင်းဆောင်အချို့နှင့် RSO တာဝန်ခံ တစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ တို့၂၀၁၄ မတ်လအတွင်းက ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သော ရုပ်သံမှတ်တမ်းတစ်ခုအင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည်။ ယင်းရုပ်သံမှတ်တမ်းတွင် ဦးမောင်ကျော်နုနှင့် အဖွဲ့က ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ရိုဟင်ဂျာတပ်မတော်ကို ဖွဲ့စည်း၍ အခြေစိုက်ခွင့်ပြုရန် တောင်းဆိုခဲ့ သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုသို့ ဆက်သွယ်မေး မြန်းခဲ့ရာ‘‘တစ်ဦးတစ်ယောက်အ နေနဲ့ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံခဲ့တာ ပါ။ ကေအိုင်အေအနေနဲ့ တရား ၀င်တွေ့တာ မဟုတ်ပါဘူး’’ ဟု ကေအိုင်အိုထိပ်ပိုင်းခေါင်းဆောင် တစ်ဦးကဖြေကြားခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ ရောက်ရှိနေသော ကေအိုင်အေဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန် မော်ကလည်း ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရား ၀င်ဆွေးနွေးခြင်းမဟုတ်ဘဲ ဗိုလ်မှူးကြီးဂျိမ်းစ်အနေဖြင့်လည်း ဗဟိုကော်မတီသို့ပြန်လည်တင်ပြခြင်းမရှိပေ။ ပြည်တွင်း၌ ဖြစ်ပွားနေသည့်ကိစ္စရပ်များအပေါ် ကေအိုင်အိုအနေဖြင့် လက်နက်တပ်ဆင်ပေးခြင်း၊စစ်သင်တန်းပေးခြင်းမရှိကြောင်းနှင့် အထက်ပါကိစ္စနှင့်ပတ်သက်၍လည်း မည်သည့်အစီအစဉ်မျှမရှိကြောင်း DVB သတင်းဌာနသို့ ပြောကြားထားသည်။ ကေအိုင်အိုနှင့် တွေ့ဆုံခဲ့ သော အဆိုပါဘင်္ဂါလီအဖွဲ့က၎င်း တို့သည် ရိုဟင်ဂျာ တိုင်းရင်းသား များဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန် မာ အစိုးရဘက်ကမူ ရိုဟင်ဂျာတိုင်းရင်းသား ဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားသည်။ မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့က တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များစစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန် တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းပြောကြား ထားသည်။ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)နှင့်ရိုဟင် ဂျာလွတ်မြောက်ရေးအဖွဲ့(RLO)ကို ဦးဆောင်သော ဘင်္ဂါလီလူမျိုး များသည် ၁၉၈၈ခုနှစ် ၁၉၉၄ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်များတွင်မောင် တောဒေသကို သိမ်းပိုက်ရန်ဝင် ရောက်အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မ တော်နှင့်လုံခြုံရေးတပ်ဖွဲ့များက ကာကွယ်နိုင်ခဲ့ကြောင်းရခိုင်ပဋိပ က္ခစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ တွင်ဖော်ပြထားသည်။ ကေအိုင်အို ဗဟိုကော်မတီ ဝင် ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင် ကလည်း ၎င်းနှင့် ရင်းနှီးသည့် ကချင်အမျိုးသမီးတစ်ဦး၏ ခင် ပွန်း အမေရိကန်နိုင်ငံသားတစ်ဦး ဖိတ်ကျွေးသော ညစာစားပွဲသို့ သွားရာ မျက်နှာစိမ်း မလေးရှား နှင့် ရခိုင်ပြည်နယ်ဘက်မှ မွတ် စလင် ခုနစ်ဦးခန့်နှင့် မမျှော်လင့် ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တရားဝင် ဆွေးနွေးခဲ့ခြင်း မဟုတ်ဘဲ ယင်း ရုပ်သံမှတ်တမ်းကို ယူကျု့ဘ်တွင် ဖြန့်ဝေနေခြင်းမှာ ကေအိုင်အိုအဖွဲ့ အတွင်း အချေအတင်ဖြစ်အောင် လုပ်လို၍ ဖြစ်နိုင်ကြောင်း DVB သတင်းဌာနအား ပြောကြားထား သည်။ လက်ရှိအချိန်တွင် ကေအိုင် အို ထိန်းချုပ်နယ်မြေ၌ ရက္ခိုင့် တပ်မတော် (AA)နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဌာနချုပ်တို့ တည်ရှိ သည်။ 7Day Daily

ခေါင်းလောင်းရှာဖွေသည့်အဖွဲ့ကို စိစစ်ရန်လိုပြီဟု မွန်သုတေသနအသင်း ဝေဖန် Thursday, September 11, 2014 တစ်လကျော်ကြာမြင့်နေပြီဖြစ်သည့် ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသည့် အဖွဲ့ကို ခွင့်ပြုချက်ပေးထားသော ရန်ကုန်တိုင်းအစိုးရအနေဖြင့် စိစစ်ကြပ်မတ်ရန် အချိန်တန်ပြီဖြစ်ကြောင်းမွန်သမိုင်း သုတေသနအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ‘‘တိုင်းအစိုးရ အားနည်းချက် ဖြစ်တယ်။ မရေရာတဲ့ကိစ္စကို ခွင့် ပြုတာ၊ ဘာလို့ခွင့်ပြုတာလဲ၊ ဘယ်အထောက်အထားနဲ့ ဆယ် မှာရောမေးခဲ့ရဲ့လား။ ပေါ့ပေါ့ဆ ဆ လက်မှတ်ထိုးပေးလိုက်တာ။ သိပ်စဉ်းစားထားပုံလည်း မရဘူး။ အစိုးရအဖွဲ့မှာတာဝန်ရှိတယ်’’ဟု မွန်သမိုင်းသုတေသနအသင်းတွဲ ဖက်အတွင်းရေးမှူး နိုင်ရဲဇော်က ပြောသည်။ နတ်နဂါးများကိစ္စမှာသဘာဝမကျကြောင်း၊ ပြည်သူကို တလွဲ ယုံကြည်မှုပေးခြင်းအတွက် ဦးစံ လင်းအား ခွင့်ပြုချက်ချပေးခဲ့သည့် တိုင်းအစိုးရတွင် တာဝန်ရှိကြောင်း၊ ၎င်းက ဆိုသည်။ ‘‘ခေါင်းလောင်းအပြင် မြတ် စွာဘုရားရွှေစင်ရုပ်တုတော်၊ ရတနာသေတ္တာတွေလည်း ပါတယ်လို့ ဦးစံလင်းက ပြောထားတယ်။ ခု ဘာမှ ပွင့်ပွင့်လင်းလင်းမသိရဘူး။ ပွင့်ပွင့်လင်းလင်းမရှိရင် မကောင်းဘူး။ ကြေညာဖို့ လိုတယ်’’ဟု အင် ဂျင်နီယာတစ်ဦးက ပြောသည်။ ဓမ္မစေတီခေါင်းလောင်း အထောက်အကူပြုအဖွဲ့က ဦးစံ လင်းကို ယုံကြည်ဆဲဖြစ်ပြီး ရေငုပ် သမားအချို့ပြန်သွားပြီဟု ဆို သည်မှာ မဟုတ်မှန်ဘဲ ရေငုပ်သ မား ၁၀ ဦးလုံးဖြင့် ဆက်လက်ရှာဖွေမှုလုပ်ဆောင်နေကြောင်း ပြန် ကြားရေးအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောသည်။ သင်္ဘောပေါ်တွင် SKY Net ရုပ်သံရိုက်ကူးရေးအဖွဲ့လည်းရှိ ကြောင်း၊ အဓိက အလှူရှင်တစ်ဦးမှာလည်း သင်္ဘောမှ စွန့်ခွာခြင်းမရှိဘဲသင်္ဘောပေါ်တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့က ဆိုသည်။ အစိုးရအနေဖြင့် ခေါင်း လောင်းရှာဖွေရေးအဖွဲ့ကို စိစစ် ကြပ်မတ်ခြင်း၊ ထိန်းသိမ်းခြင်း နည်းတစ်ခုခုကို ပြုလုပ်သင့် ကြောင်း အင်ဂျင်နီယာတစ်ဦးက လည်းပြောသည်။ တိုင်းလွှတ်တော်တွင် လွှတ် တော်ကိုယ်စားလှယ်တစ်ဦးဦးက ဓမ္မစေတီခေါင်းလောင်းနှင့်ပတ် သက်၍ ဦးစံလင်းအဖွဲ့ကို တိုင်း အစိုးရမှ လုပ်ပိုင်ခွင့်မည်သို့ချပေး ခဲ့သည်ကို မေးခွန်းမေးမြန်းသင့် ကြောင်း နိုင်ရဲဇော်က ဆိုသည်။ ယခင်ရက်များတွင် နေ့စဉ် လူထောင်ကျော်ခန့် သွားရောက် ကြည့်ရှုသော အေးရှားပွိုင့်ဘိုး လင်းစင်တာကမ်းစပ်၌ ယခုရက် ပိုင်းတွင် လူဆယ်ဂဏန်းသာ သွား ရောက်ကြည့်ရှုတော့သည်။ ရှာဖွေရေးအဖွဲ့က မည်သည့်အနက်တွင် တွေ့ရှိသည်ဟု နေ့စဉ်တိုးတက်မှုများပြော ရမည့်အစား လျှို့ဝှက်နေ၍ လူများယုံကြည် မှုလျော့ကျလာခြင်း ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းရှာ ဖွေမှုကို သြဂုတ် ၉ ရက်က စတင် ခဲ့ပြီး ဦးစံလင်းက ခေါင်းလောင်း ရှာတွေ့ပြီဟု သြဂုတ် ၂၆ ရက်၌သတင်းထုတ်ပြန်ခဲ့သည်။ ယင်းသို့ထုတ် ပြန်ပြီးနောက် ခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းလုပ်ဆောင် ရန် နောက်ထပ် ၁၇ ရက် ထပ်တိုး လုပ်ဆောင်သွားမည်ဟု ပြောခဲ့ပြီးစက်တင်ဘာ ၁၁ ရက်ဆိုလျှင် ၁၆ ရက်ပြည့်မြောက်ပြီ ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်းရှာဖွေရာ မြစ်ဆုံဝန်းကျင်ကိုတွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) 7Day Daily
ဥပဒေနှင့်ညီပါက ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ပေးနိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်မပြုနိုင်ဟု သမ္မတဦးသိန်းစိန်ပြော Thursday, September 11, 2014 ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများကို နိုင်ငံသားဥပဒေ နှင့်ညီပါက နိုင်ငံသားဖြစ်ခွင့်ပြု နိုင်သော်လည်း တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန် တိုက်တွန်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်ကို လက်တွေ့သိလိုပါက ရခိုင်သို့လာရောက်လေ့လာပြီးမှ ပြောကြားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ထို့အပြင် ရခိုင်ပြည်နယ်ပဋိ ပက္ခသည်လူမျိုးစုနှစ်ခုကြားက ပြဿနာသာဖြစ်ပြီး ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်တို့၏ ပဋိပက္ခအဖြစ် ပုံမဖော်ရန် ၎င်းက ဆက်လက် ပြောကြားသည်။ စက်တင်ဘာ ၈ ရက်က နယ်သာလန် လွှတ်တော်ဥက္ကဋ္ဌ၊ ပါလီမန်အမတ်များနှင့် တွေ့ဆုံ စဉ် ရိုဟင်ဂျာဒုက္ခသည်များကူညီ စောင့်ရှောက်မှုနှင့် နိုင်ငံမဲ့ရိုဟင် ဂျာများအရေးဟု ခေါင်းစဉ်တပ်၍ မေးမြန်းခဲ့သော နယ်သာလန် ပါလီမန်အမတ်တစ်ဦးအား ဦးသိန်းစိန်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂါလီများကို နိုင်ငံမဲ့ (stateless)ဟုပြော၍မရဘဲ အင်္ဂ လိပ်လက်ထက်က လယ်လုပ်ရန် ရခိုင်ပြည်နယ်အတွင်းသို့ အတား အဆီးမဲ့ဝင်ခွင့်ပြုခဲ့သည့် လူဝင်မှု ကြီးကြပ်ရေးမူဝါဒကြောင့်ဖြစ်၍ ၎င်းတို့တွင် မူရင်းဒေသရှိပြီးဖြစ် ကြောင်း ဦးသိန်းစိန်က ပြောကြား သည်။ ‘‘ဒီဘင်္ဂါလီတွေကို နိုင်ငံသား ဥပဒေနဲ့ညီရင် နိုင်ငံသားပြုပေး နိုင်တယ်။ လက်ရှိလည်းပေးထား တယ်။ ဆက်လည်းစိစစ်နေတယ်။ ဒါပေမဲ့ ဒီလူတွေကို တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုဖို့ဆိုတာ ဘယ်မြန်မာတိုင်းရင်းသားကမှ လက်မခံနိုင်ဘူး။ ပြီးတော့ သူတို့ ကို ရိုဟင်ဂျာလို့မသုံးပါနဲ့။ ရိုဟင် ဂျာဆိုတာ မြန်မာ့သမိုင်းမှာဘယ် တုန်းကမှမရှိခဲ့ပါဘူး’’ဟု သမ္မတ ဦးသိန်းစိန်က လွှတ်တော်အမတ် ကို ပြန်လည်တုံ့ပြန်ခဲ့သည်။ နယ်သာလန်ပါလီမန် အမတ်မှာ ၎င်းထံသို့ နယ်သာလန် အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ ပေးပို့ထားသော ဘင်္ဂါလီအရေး နှင့်ပတ်သက်သည့်စာကို သမ္မတ နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ရည် ညွှန်း မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတနှင့်အတူ လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲ ထွဋ်က အီးမေးလ်မှတစ်ဆင့် ဖြေ ကြားသည်။ ထို့အပြင် နယ်သာလန် သတင်းဌာနအချို့ကလည်း သမ္မတဦးသိန်းစိန်ခရီးစဉ်အတွင်း ရိုဟင်ဂျာတို့ အရေးနှင့် ပတ်သက်၍ မေးမြန်းရန် နယ်သာလန် အစိုးရကို နယ်သာလန်အခြေစိုက် အစ္စလာမ်မစ် အဖွဲ့တစ်ဖွဲ့က တောင်းဆိုခဲ့ကြောင်း ဖော်ပြကြ သည်။ ‘‘အခုအစိုးရက ရခိုင်မှာ ပဋိ ပက္ခထပ်မဖြစ်အောင်ထိန်းတယ်။ လူမျိုးစုနှစ်ခု သဟဇာတဖြစ် အောင် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံချက်ဆွဲပြီး နိုင်ငံ တကာနဲ့ ပူးပေါင်းလုပ်ဆောင် မယ်။ လက်တွေ့သိချင်ရင် လာ လေ့လာပါလို့ သမ္မတကြီးက ဖြေ ကြားခဲ့ပါတယ်’’ဟု ဦးရဲထွဋ်က ဖြေကြားသည်။ နယ်သာလန် နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်က မြန်မာ့အရေး လှုပ်ရှားသူများကို အခြေစိုက်နေထိုင်ခွင့်ပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ယခုအခါ မြန်မာအစိုး ရနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နေသည့် နိုင်ငံလည်းဖြစ် သည်။ နယ်သာလန်လွှတ်တော် အသိုင်းအဝိုင်းနှင့်တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အဓိကဆွေးနွေးခဲ့ပြီး ခရီးစဉ်တိုင်း အမြဲလို ဖိအားပေးခံခဲ့ရသည့် ရခိုင်ပြဿနာနှင့်ပတ်သက်၍ နယ်သာလန်လွှတ်တော်အမတ် တစ်ဦးကသာ မေးမြန်းခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ −အီးပီအေ) 7Day Daily

Wednesday, September 10, 2014

မြန်မာရွာသားများဘ၀ကို ခြိမ်းခြောက်နေသည့် တရုတ်တို့၏ စွမ်းအင်လောဘ -------------------------------------------------------------------------------- မြန်မာနိုင်ငံအနောက်ပိုင်းတွင် တရုတ်တို့ ကျောထောက်နောက်ခံပေးထားသည့် စွမ်းအင်နှင့် ကုန်သွယ်မှုဇုန်တို့၏ အကျိုးဆက်များက ရွာစွန်းကျွန်းလေးအပေါ် သက်ရောက်စပြုနေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းရွာလေးပေါ်က ယိုင်နဲ့နဲ့အရက်ဆိုင်တွင် ဖြစ်ပျက်သမျှအတွက် ကြမ္မာဆိုးကိုသာ ယိုးမယ်ဖွဲ့နေကြပုံရသည်။ ဖုန်အလိမ်းလိမ်းနှင့် တစ်ကိုယ်တော် ရေနံတူးသူ ဦးညွန့်ရွှေတစ်ယောက် ချန်းဘီယာနွေးနွေး တစ်ဘူးကိုပင် အားပါးတရမော့ချလိုက်ရင်း လတ်တလော တရုတ်တို့တွန်းအားကြောင့် သဘာဝဓာတ်ငွေ့ လှိုင်လှိုင်တူးနေသည့်အပေါ် ညည်းညူလိုက်ည်။ ‘‘ဒီကနေ့ တရုတ်တွေက အမြတ်အစွန်းတွေ အများကြီးရကြတာ။ ဒေသခံတွေက ဘာမှရတာမဟုတ်ဘူး။ ငါးကြီးရဖို့ ငါးစာတော့လိုတာပေါ့’’ ဤအရာကိုပင် အိမ်လုပ်ကာနေရသည့် ဦးညွန့်ရွှေ၏ ရေနံတူးသည့် ၀ါးဆိုင်းကို မကြာမီ ရွှေ့ပေးရတော့မည်။ ဤနေရာကို အထူးစီးပွားရေးဇုန်နှင့် ကူးသန်းသွားလာရေးလမ်းဆုံ လုပ်တော့မည်။ တရုတ်တို့၏ စွမ်းအင်နယ်နိမိတ် ချဲ့ထွင်ရေးအစီအစဉ်နှင့် ကုန်သွယ်ရေးလုံခြုံမှု တစ်စိတ်တစ်ပိုင်းအတွက် အရေးပါလှသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်။ ရမ်းဗြဲကျွန်းသည် အိန္ဒိယသမုဒ္ဒရာနှင့် တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်ကို သွယ်တန်းထားသည့် မိုင် ၇၇၀ ရှည်လျားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ အနောက်ဘက်ဂိတ်ဆုံး ဖြစ်နေသည်။ ယင်းပိုက်လိုင်းက အမေရိကန်တို့ စောင့်ကြပ်နေသော မလက္ကာရေလက်ကြားကို ရှောင်ကွင်းဖောက်လုပ်သွယ်တန်းထားသည်။ လူဦးရေသန်းတစ်ထောင့်သုံးရာကျော်ဖြင့် စီးပွားရေးအတက်မြန်လာနေသည့် တရုတ်တို့က စွမ်းအင်ကို ငမ်းငမ်းတက်လိုနေသည်။ တရုတ်တို့က ကမ္ဘာ့အကြီးဆုံး စွမ်းအင်အသုံးပြုသူ၊ ထုတ်လုပ်သူအဖြစ် အမေရိကန်ကို မကြာမီကျော်တက်သွားလိမ့်မည်ဟု အမေရိကန်စွမ်းအင်ဆိုင်ရာဌာနက ဆိုသည်။ မကြာသေးမီက ပြီးစီးသွားခဲ့သည့် ရေနံပိုက်လိုင်းက ၆ မိုင်ခွဲမျှသာ ရှည်လျားသည့် ဤကျွန်းငယ်လေးကို စတင်ရိုက်ခတ်နေပြီ ဖြစ်သည်။ ကုန်သွယ်မှု၏ ဗဟိုချက်မတစ်ခုဆိုရလျှင် မြန်မာနိုင်ငံ၏ ချို့ငဲ့သော အနောက်ဘက်ကမ်းခြေက စင်ကာပူလိုဖြစ်လာရန် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်မှ သဘာဝဓာတ်ငွေ့ ၆၆ ဒသမ ၆ ကုဗပေ (၁ ဒသမ ၈ ဘီလီယံကုဗမီတာ)ကို တရုတ်သို့ တင်ပို့ခဲ့သည်။ ယခု ရေနံပိုက်လိုင်းက ဤနှစ်အတွင်း စတင်ရန်ရှိပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့မှ ရေနံစည်ပေါင်း လေးသိန်းကျော် (၄၄၀,၀၀၀)ကို နေ့စဉ်သယ်ယူပို့ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ ‘‘အထူးစီးပွားရေးဇုန်’’၏ ပထမအဆင့်တွင် လာမည့် ၁၀ နှစ်အတွင်း မြေဧကပေါင်း ၂၄၇၁ ပေါ်တွင် ဇုန်တည်ဆောက်ရေးလုပ်ငန်းများ၊ ၁၂,၃၅၅ ဧကပေါ်တွင် လူနေအိမ်များနှင့် ရမ်းဗြဲကျွန်း၏ အရှေ့ဘက်ခြမ်းတွင် ရေနက်ဆိပ်ကမ်းတစ်ခု ဆောက်လုပ်ရေးတို့ပါဝင်သည်။ နှစ်ပေါင်းရာချီနေပြီဖြစ်သည့် ဦးညွန့်ရွှေလို ဒေသခံရွာသားများ၏ ရေနံတူးလုပ်ငန်းများက မရေရာတော့ပါ။ ယနေ့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နယူးယောက်အခြေစိုက် သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ သိပ္ပံကဲ့သို့သော ပွင့်လင်းမြင်သာမှုအဖွဲ့များက စိုးရိမ်ကြောင့်ကြဖြစ်နေရသည့် ဖြစ်ရပ်များတွင် ဦးညွန့်ရွှေရင်ဆိုင်နေရသည့် အခြေအနေမျိုးလည်း ပါဝင်သည်။ နိုင်ငံ၏ အရင်းအမြစ်များကို တူးဆွမွှေနှောက်မှုများကြောင့် ဒေသခံများ အမြတ်ထုတ်ခံရ၊ ဖိနှိပ်ခံရကာ ဆက်လက်ပြီး ဆင်းရဲချွတ်ခြုံကျနေသည့် အခြေအနေများပင် ဖြစ်သည်။ မြန်မာအများအပြားအတွက် လက်ရှိနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြစ်သည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးခြင်းတို့က စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားပေးရန်အတွက် ဟန်ပြသက်သက် လူမြင်ကောင်းရန် လုပ်နေခြင်းများလား၊ သို့တည်းမဟုတ် အမှန်တကယ်ပင် ဖိနှိပ်သည့် အကျည်းတန်လှသည့် သမိုင်းကကွက်ကို အဆုံးသတ်ရန် ကြိုးပမ်းမှုလေလားဆိုသည်က မသေချာ မရှင်းလင်းလှပါ။ ဦးညွန့်ရွှေဘက်က အမြင်ကတော့ အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးမှုအပေါ် သဲသဲမဲမဲဖြစ်နေပုံက အာဏာရှင်လက်သစ်ပုံစံတစ်ခု ဖြစ်သည်ဟူ၏။ ရမ်းဗြဲကျွန်းလေးပေါ်က ဖွံ့ဖြိုးမှုများက သူ့ကို အလုပ်လက်မဲ့အိုးမဲ့အိမ်မဲ့အဖြစ် တွန်းပို့မည်ကို စိုးရိမ်နေသည်။ ‘‘ရခိုင်မှာ အရင်းအမြစ်တွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့က အဲဒါတွေလည်း လိုချင်တယ်’’ လက်ယက်တွင်းများမှသည် ကမ်းလွန်ရေနံတူးဖော်မှုများဆီသို့ ရေနံတောင်ဟု ဒေသခံများ ခေါ်ဆိုကြသည့်နေရာတွင် အမိုးချွန်ချွန်နှင့် ဆောက်ထားသည့် တဲလေးများ ဟိုတစ်ကွက်ဒီတစ်ကွက်ရှိနေပြီး ငြမ်းဆင်ထားသည့် ပိရမစ်များ တောင်ကြောတစ်လျှောက်ပြန့်နေသလို ထင်ရသည်။ ဦးညွန့်သန်းလို တွင်းပိုင်ရှင်များက ကြေးနီရောင်အရည် ရှစ်ဂါလန်ခန့်ကို မြေတွင်းမှ နေ့စဉ်နှင့်အမျှ တူးဖော်ရရှိကြသည်။ ဓာတ်ဆီလိုအနံ့ရသည့် ရမ်းဗြဲရေနံစိမ်းကို အနီးအနားက ကျောက်ဖြူမြို့တွင် ရွှေ့ပြောင်းတဲများဖြင့် သန့်စင်ခဲ့ဖူးသည်။ ယင်းနောက် မော်တော်ဆိုင်ကယ်နှင့် ကားများအတွက် ရောင်းချခဲ့သော်လည်း ဆီသန့်စင်ရေးလုပ်ငန်းက အန္တရာယ်များလှသည်။ ယခုအခါတွင်မူ ပို၍စိတ်ချရသော ရန်ကုန်မြို့မှ ဓာတ်ဆီများကို ပို့ဆောင်လာနေပြီ ဖြစ်သည်။ တစ်နေ့တူးသည့် ရေနံစိမ်းအတွက် ၁၄,၀၀၀ ကျပ် (၁၄ ဒေါ်လာခန့်)ရကြောင်း ဦးညွန့်သန်းက ပြောပြသည်။ ဈေးချိုသည့် ရေနံဆီအဖြစ် သုံးကြသည်။ ရသမျှကို ရွာက သူ့မိန်းမထံပို့ပေးသည်။ တစ်နာရီခန့် လမ်းလျှောက်ရသည့် ရွာဖြစ်သော်လည်း အိမ်ပြန်ရန်တော့ သူအချိန်သိပ်မပေးနိုင်။ ရေနံစိမ်းတူးသည့်နည်းကတော့ မြန်မာနိုင်ငံကိုလိုနီခေတ်ကတည်းက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းပေးခဲ့သောနည်းပင် ဖြစ်သည်။ ၀ါး (သို့မဟုတ်) အပြာရောင် ပလတ်စတစ်ပိုက်ဖြင့် လုပ်ထားသည့် တော်ပီဒိုပုံစံထိပ်ဖူးကို တူးထားသော ကျင်းသို့ချသည်။ ရေနံစိမ်းပြည့်လာသည့် ထိပ်ဖူးကို အပေါ်ကို ကြိုးဖြင့် လက်နှင့်ဆွဲတင်သည် (သို့မဟုတ်) တွဲထုပ်တန်းတွင် တွဲထားသည့် မောင်းနှင့်ဆွဲတင်သည်။ သို့ရာတွင် ခေတ်မီရေနံရှာဖွေတူးဖော်ခြင်းက နေရာအတော်များများကို ၀င်ရောက်နေလေပြီ။ ပြီးခဲ့သည့် ဧပြီလပိုင်းက လေလံပစ်ခဲ့သည့် ကမ်းလွန်လုပ်ကွက် ၂၀ ကို ပံ့ပိုးပေးရန် ဤနေရာတွင် ပင်လယ်ဆိပ်ခံတစ်ခုဆောက်ရန် မြန်မာအစိုးရက စီစဉ်ထားသည်။ အနောက်နိုင်ငံ ရေနံကုမ္ပဏီများဖြစ်သည့် Shell, ENI, Total, Chevron တို့ပါဝင်သည့် အစုအစပ် ဖြစ်သည်။ ဒုတိယအကြီးဆုံး ကမ္ဘာ့ရေနံဖောက်သည်ကြီး တရုတ်မပါဝင်လာခြင်းက ထူးဆန်းနေသည်။ မြန်မာက သူ၏နိုင်ငံတကာမဟာမိတ်များအား စည်းတားထားပုံရကြောင်း ကောလာဟလများ ထွက်ပေါ်လာသည်။ သို့သော် တရုတ်က မြင်ကွင်းမှ ပျောက်ကွယ်မသွားပါ။ ဘေဂျင်းက မြန်မာ၊ အထူးသဖြင့် ရမ်းဗြဲကျွန်းကို လုံခြုံမှုများ၊ မြန်ဆန်သော ကုန်သွယ်မှုများ၏ အဓိကသော့ချက်အဖြစ် မြင်ထားသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်တွင် ရထားလမ်းများ၊ ကားလမ်းများ ဖောက်လုပ်ရန် အစီအစဉ်ရှိနေသည်။ သယ်ယူပို့ဆောင်ချိန်ကလည်း တိုတောင်းပြီး ပင်လယ်ဓားပြများဖြင့် ပြည့်နှက်နေသည့် ရေပြင်ကို ရှောင်ရှားနိုင်သည့် စီးပွားရေးပင်မလမ်းကြောင်းကြီး တည်ထောင်ရန်နှင့် ပို၍အရေးကြီးသည်က မလက္ကာရေလက်ကြားအသုံးပြုရာတွင် အမေရိကန်နှင့် ရှေ့လျှောက်ရင်ဆိုင်စရာမလိုသည့် အာမခံချက် ဖြစ်သည်။ လွန်ခဲ့သည့် ၁၀ နှစ် ဤရေနံပိုက်လိုင်းအစီအစဉ်ကို တင်ပြခဲ့စဉ်က တရုတ်စီးပွားရေးပညာရှင်များက စိုးရိမ်တကြီးဖြစ်ခဲ့ကြသည်။ ‘‘တရုတ်ရဲ့ အဓိကရေနံတင်ပို့မှုက အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က ဖြစ်တယ်။ လက်ရှိ မလက္ကာရေလက်ကြားအခြေအနေကိုကြည့်ရင် တခြားသင့်တော်တဲ့နည်းတစ်ခုခုကို ရွေးရတော့မယ်။ အမေရိကန်ထိန်းချုပ်မှုအောက် ရောက်ဖို့ဆိုတာက တရုတ်အတွက် အင်မတန် အန္တရာယ်များလွန်းတယ်’’ဟု အစီအစဉ်ကို ပူးတွဲရေးသားတင်ပြခဲ့သူ လီချန်ရန်းက ၂၀၀၄ ခုနှစ်တွင် စထရိတ်တိုင်မ်းသတင်းစာကို ပြောဆိုခဲ့သည်။ ပြုပြင်ပြောင်းလဲမှု အစစ်အမှန်လား ဟန်ပြလား ကျောက်ဖြူမှ မိနစ် ၄၀ မော်တော်ခရီးက သင့်ကို ရမ်းဗြဲကျွန်း၏ အေးဆေးငြိမ်သက်နေသည့် ဖြူညစ်ညစ် စစ်သင်္ဘောဆိပ်ခံအစုအပုံကို ကျော်ဖြတ်ပြီး ရေနံပိုက်လိုင်း၏ အနောက်ဘက်ဂိတ်ဆုံးဖြစ်သည့် ဆိပ်ကမ်းကို ခေါ်ဆောင်သွားလိမ့်မည်။ မကြာမီ ရေနံကိုစုပ်ယူတော့မည့် မြင့်မားစီးမိုးနေသော လိမ္မော်ရောင် ပိုက်လိုင်းများတစ်လျှောက် ဖြတ်မောင်းသွားစဉ် ရွှေဂက်စ်လှုပ်ရှားမှုစည်းရုံးသူတစ်ဦးဖြစ်သူ ကိုစိုးရွှေက မြန်မာနိုင်ငံအရေး သူ့အမြင်များကို ပြောပြနေသည်။ ‘‘အရင်စစ်အစိုးရနဲ့ အခုအစိုးရသစ်က အတူတူပါပဲ။ အင်္ကျီပဲလဲလိုက်တာပါ’’ဟု ၂၀၁၀ ရွေးကောက်ပွဲနှင့် တက်လာသည့် အရပ်သားတစ်ပိုင်းအစိုးရကို ရည်ညွှန်းပြောဆိုလိုက်သည်။ အနောက်နိုင်ငံသံတမန်များက ယင်းရွေးကောက်ပွဲကို အလိမ်အညာအဖြစ် လက်ခံထားကြသည်။ အ၀တ်လဲလိုက်သော်လည်း လူထုအကျိုးကို မငဲ့ကွက်သည့် ဤလူများကပင် တိုင်းပြည်၏ အရင်းအမြစ်များကို ဆက်လက်၍ လုယက်ရယူနေမည်ကို သူကစိုးရိမ်နေသည်။ အစိုးရသစ်တွင် ယခင်စစ်အစိုးရနှင့် အဆက်အသွယ်ကောင်းလှသည့် ပင်စင်စား စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ပြည့်နှက်နေသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်တွင် မြန်မာသည် ကမ္ဘာ့သို့ ဆန်အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်ခဲ့ပြီး အာရှတစ်ခွင်လုံးတွင် အကောင်းဆုံးပညာရေးတက္ကသိုလ်များရှိခဲ့သည့် နိုင်ငံတစ်နိုင်ငံအပါအ၀င် ဖြစ်ခဲ့သည်။ ရာစုနှစ်ထက်ဝက်ခန့် အာဏာရှင်အုပ်ချုပ်မှုနှင့် ညံ့ဖျင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုတို့က နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာဖြစ်စေခဲ့ပြီး ဆင်းရဲတွင်းနက်စေခဲ့သည်။ မြေပေါ်မြေအောက်သယံဇာတများဖြစ်သည့် ရေနံ၊ သဘာဝဓာတ်ငွေ့၊ သစ်၊ ရှားပါးသတ္တု၊ ကျောက်မျက်ရတနာများ တူးဖော်ရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံသူများ တန်းစီနေချိန်၊ ဈေးပေါသော လုပ်အားခများကို အသုံးချနိုင်မည့် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ချက်များအတွက် အမေရိကန်နှင့် ဥရောပတို့ထံမှ အားပေးသံသဲ့သဲ့မျှသာ ထွက်ပေါ်ခဲ့သည်။ သဘာဝသယံဇာတအရင်းအမြစ်များ ထိန်းချုပ်ကွပ်ကဲရေးသိပ္ပံမှ ဘီလီကိုက်က မြန်မာသည် အတိတ်ကလိုပင် ပွင့်လင်းမြင်သာမှုမရှိသည့် စီးပွားရေးစနစ်မျိုးကို ဆက်လက်အကောင်အထည်ဖော်သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ပြောဆိုလိုက်သည်။ ယင်းစနစ်တွင် လူတစ်စုကသာ အကျိုးများပြီး အောက်ခြေလူထုကို အကျိုးအမြတ်များ သက်ရောက်မှုမရှိပါ။ စီးပွားရေးကို အလျင်အမြန်ဖွင့်လှစ်ပြီး နိုင်ငံတကာကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ ဖက်စပ်လုပ်ရန် အားပေးမှုများသည် အတွင်းသိများကိုသာ အခွင့်အလမ်းကောင်းများရစေခဲ့သည်ဟု သူကထောက်ပြခဲ့သည်။ ‘‘ရေနံနဲ့ သဘာဝဓာတ်ငွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ပုန်းလျှိုးကွယ်လျှိုးပိုင်ဆိုင်ကြတဲ့သူတွေက အရင်ခရိုနီတွေပါပဲ။ သူတို့က အမြတ်ခွန်တွေရှောင်တာတွေ၊ လူ့အခွင့်အရေးဖောက်ဖျက်ကျူးလွန်မှုတွေအတွက် အပြစ်ပေးမခံရအောင် ရှောင်တာတွေမှာ ကျွမ်းကျင်ကြတယ်။ ပြီးတော့ ဒေသခံလူထုအဖွဲ့အစည်းတွေရဲ့ဘ၀ကို လုံးဝလျစ်လျူရှုထားတဲ့သူတွေပါ’’ pls read more>>www.searchmyanmar.com/link/frame/cid/41410/ 7daydaily ------------------------------------------------------------------------------- ဒီနေ့ဖတ်စရာများ>>http://www.searchmyanmar.com/click/search?lang=mm အားလုံးဖတ်ချင်လား? ဒါလေးတွေ Download ထားပါ http://www.searchmyanmar.com/apps

အရေးကြီးသတင်း

အရေးကြီးသတင်း ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ ကချင်တွင် အခြေစိုက်စခန်းဆောက်ခွင့် KIO ထံတောင်း ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် အခြေပြုသောဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ RSO (Rohingya Solidarity Organization) က ကချင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွင် ရိုဟင်ဂျာ တပ်မတော် ထူထောင် အခြေစိုက်ခွင့်ပြုရန် KIO ထံ တောင်းဆိုခဲ့ကြောင်း KIO နှင့် ဘင်္ဂါလီ ခေါင်းဆောင်များ ဆွေးနွေးပွဲ မှတ်တမ်းအရ သိရသည်။ ဆက်လက်ဖတ်ရန်။ http://www.shwemyanmarmediagroup.org/2014/09/kio.html

Tuesday, September 9, 2014

ခေါင်းဆောင်များအတွက် စီမံခန့်ခွဲရေးဆိုင်ရာအကြံပေးချက် ၁၀ ချက်


1. Share information ။ ။

မိမိသိရှိ၊ ရရှိသည့်သတင်းအချက်အလက်များကို လုပ်ဖော်ကိုင်ဘက်များကို အမြဲအသိပေးဝေမျှနေပါ။ ထိုသို့လုပ်မှ ယုံထင်ကြောင်ထင် အဖြစ်မျိုးမရှိနိုင်မှာပါ။

2. Say Thanks ။ ။

ရင်ထဲကလာသည့် ကျေးဇူးတင်စေကားပြောပါ။ လူဆိုတာ အသိအမှတ်ပြုခံချင်ကြတာချည်းပါ။ Thank you note ရေးပါ။ Thank you note ရေးခြင်းသည် ကုန်ကျမှုမရှိပါ။ သို့သော် မဟာသက်ရောက်မှုရှိစေပါသည်။

3. Empower through delegation ။ ။

အလုပ်တာဝန်ခွဲဝေပေးခြင်းဖြင့် လုပ်ပိုင်ခွင့် အပ်နှင်းပါ။ မိမိလုပ်နိုင်သလိုအခြားသူများလုပ်နိုင်ချင်မှလုပ်နိုင်မည်။ သို့သော် ပိုအရေးကြီးသော အရာများကို လုပ်ဆောင်နိုင်ရန် မိမိမှာ အချိန်ရှိရမည်ကိုမမေ့ပါနဲ့။

4. Adjust your style ။ ။

လုပ်နည်းလုပ်ဟန်ကို တသမတ်တည်းမထားပါနဲ့ ။ သင်၏အဖွဲ့ထဲမှာ စရိုက်မျိုးစုံ၊ လူပေါင်းစုံပါဝင်ပါသည်။ တပုံစံတည်း လူအားလုံးကို စီမံခန့်ခွဲ လို့မရပါ။ သင်စီမံအုပ်ချုပ်ခံချင်သလို အခြားသူများလည်းစီမံအုပ်ချုပ်ခံချင်ကြမည်လို့တွေး မထင်လိုက်ပါနဲ့။

5. Set small milestones ။ ။

တခါတလေ မနှစ်က ရရှိခဲ့သည့်အောင်မြင်မှုမျိုး ဒီနှစ်မှာ မရနိုင်ပါ။ ရနိုင်ခြေရှိသည့် target ကိုထားပါ။

6. Have fun ။ ။

ပျှော်ရွင်သောအလုပ်ခွင်ဖန်တီးပါ။ သင်၏ လုပ်ဖော်ကိုင်ဘက်များ သည် ပျှော်ပျှော်ရွှင်ရွှင်အလုပ်လုပ်ချင်ကြပါသည်။ အလုပ်ခွင်မှာ ၁၀ မီနစ်လောက် ပျှော်ရွှင်ဖွယ်ကစားနည်းကစားစေပါ။

7. Remove obstacles။ ။ကြိုးနီစနစ်ကို ဖယ်ရှားပါ။ ကြိုးနီစနစ်သည် တီထွင်ဖန်တီးဆန်းသစ်မှုကို အဟန့်အတားဖြစ်စေပါသည်။ paperwork တွေကို လျှော့ချပစ်ပါ။

8. Give feedback ။ ။ အကြံအဥာဏ်ပေးထောက်ပြနေပါ။ သင့်ကို အစီရင်ခံနေသော လုပ်ဖော်ကိုင်ဘက်များသည် သင်၏ ထောက်ပြအကြံအဥာဏ်တွေကို အလိုရှိပါသည်။ အကြံအဥာဏ်ပေးထောက်ပြနေခြင်းသည် သင်၏အဖွဲ့ကို ကုန်ထုတ်စွမ်းအားပိုမိုမြင့်မားစေရေး လုပ်ဆောင်ရာတွင် မရှိမဖြစ်အလွန်အရေးကြီးသော အရာတစ်ခုဖြစ်ပါသည်။

9. Raise your hand ။ ။

အားစိုက်လုပ်ဆောင်ပါ။ သင် အားစိုက်ကြိုးစားလုပ်ဆောင်နေသော အခါ သင်၏လူဖော်ကိုင်ဘက်များသည်လည်း အားစိုက်လုပ်ဆောင်လာကြမည်ဖြစ်ပါသည်။

10. Focus your time ။ ။ 80/20 ဥပဒေကျင့်သုံးပါ။ သင့်အလုပ်ချိန်၏ ၈၀% ကို အလုပ်၏ ၈၀% ကို ပြီးမြောက်စေသော ၀န်ထမ်းထု ၂၀%ပေါ်တွင် အသုံးပြုနေပါ။

မှတ်ချက် ။ ။ ဆီလျော်အောင်ဘာသာပြန်ထားခြင်းဖြစ်သည်။

စတုမဟာရာဇသုတ္တန်ဝယ် လဆန်း လဆုတ် ၈ရက် ဥပုသ်နေ့များဝယ် စတုမဟာရာဇ်နတ်မင်းကြီးတို့၏ အခြွေအရံ ပရိသတ်ဖြစ်သောနတ်တို့သည် ကျွန်ုပ်တို့ လူ့ပြည်လောကသို့ လှည့်လည် ကျက်စားကြကုန်၏.. ၁၄ ရက်ဥပုသ်နေ့များ၌ဝယ် စတာမဟာရာဇ်နတ်မင်းကြီးတို့၏သားဖြစ်သောနတ်တို့သည် ကျွန်ုပ်တို့ လူ့ပြည်သို့လှည်လည်ကျက်စားကြကုန်၏... ၁၅ ရက် ဥပုသ်နေ့၌ကား စတုမဟာရာဇ်နတ်မင်း ကြီးတို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့ လူ့ပြည်လောကသို့ လှည့်လည်ကျက်စားကြကုန်၏... အဘယ်ရည်ရွယ်ချက်နဲ့ လှည့်လည်ကြကုန်သနည်း မိဘကိုလုပ်ကျွေးသူ ရဟန်း အသက် သိက္ခာ ဂုဏ်ဝါ ကြီးသူတို့ကို ရိုသေလေ့ရှိသောသူ ၅ ရက်မြောက် ဥပုသ်၊ ၈ရက်မြောက်၊ ၁၄ ရက်၊ ၁၅ ရက်ဥပုသ်၊နေ့တို့၌ ဥပုသ်ကျင့်သုံးသူ၊ ၅ ရက် ဥပုသ်နေ့၏ အကြို အပို ဖြစ်သော ၄ ရက် ၆ ရက် ပဋိဇာဂရ ဥပုသ်၊ ၈ ရက် ဥပုသ်၏ အကြိုအပိုဖြစ်သော ပဋိဇာဂရ ၇ရက် ၉ ရက်ဥပုသ်၊ ၁၄ ရက်ဥပုသ်၏အကြို အပိုဖြစ်သော ၁၃ရက် ၁ ရက် ပဋိဇာဂရ ဥပုသ်နေ့တို့၌ ဥပုသ်ကျင့်သုံးသူ၊ ကုသိုလ်ကောင်းမှုပြုသောသူတို့သည် ဤလူ့ပြည် ဝယ် များစွာရှိကြပါကုန်၏လောဟု ရွှေပေလွှာကို ကိုင်ကာ လူ့ပြည်သို့သက်ဆင်း၍ စာရင်းယူကြလေ ကုန်၏။ ထိုမှနောက်၌ တာဝတိံသာနတ်ပြည် သုဓမ္မာနတ် သဘင်အစည်းအဝေးဝယ် ဆိုခဲ့ပြီးသော ကုသိုလ် ကောင်းမှုကိုပြုသူနည်းပါးကြတာကိုသိမြင်ရလျှင်ရွှေပေလွှာကိုဖတ်ကြားပြပြီး၍ ဒုဂ္ဂတိဘုံတို့၌ကျရောက်ကြရမည့်ဘေးကိုတွေး ကာ များစွာဝမ်းနည်းကြလေကုန်၏..... ဆိုခဲ့ပြီးသော ဥပုသ်နေ့တို့၌ကုသိုလ်ကောင်းမှုကို ပြုလုပ်ကြသည်ကို သိရသောအခါ တာဝတိံသာ နတ်ပြည်၌ရွှေပေလွှာကို နတ်သဘင်အစည်းအဝေး ဝယ်ဖတ်ကြားပြပြီး နတ်အပေါင်းတို့မှာ ယခုအခါ၌ လောကလူသားတို့သည်သုဂတိဘုံသို့လားရောက်ရပြီး ဒုဂ္ဂတိဘုံသို့မကျရောက်ကြကုန်ဟုသိရကာ များစွာ ဝမ်းမြောက် ဝမ်းသာရှိကြလေကုန်၏။ ကျွန်ုပ်တို့သည် ရွှေပေလွှာဝယ် အရေးခံကြရတော့ မည် ဘယ်လိုအရေးခံကြမည်လည်း ဝမ်းသာခြင်းနဲ့ အရေးခံကြမည်လား ဝမ်းနည်းခြင်းနဲ့ အရေးခံကြမည်လား ကိုယ်ပိုင်ဆုံးဖြတ်ချက်တို့ဖြင့်ဆုံးဖြတ်ချက်ချနိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်.....။ ပင်ပန်းသမျှ ရွှင်လန်းကြပါစေ မောင်ခတ်
လက်ပံတောင်းတောင် လုံခြုံရေးရဲကင်းအနီး မီးရှို့ကျိန်စာတိုက် လက်ပံတောင်းတောင်အနီး ကျေးရွာ ၁ဝ ရွာမှ ရွာသူရွာသား ၇ဝခန့်သည် လက်ပံတောင်းဒေသ ကျောက်ကြီးတောင်ခြေတွင် ကန်တော့ပွဲ ခုနစ်ပွဲ ပန်းဆီမီးများဖြင့် သကြားဗြမ္မာနတ်ဒေဝါများနှင့် တောင်စောင့်နတ်မင်းအားပူဇော်၍ တောင်ဖြိုသူများကို ကြိမ်စာတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ “လက်ပံတောင်းတောင်ကြီးကို ဖြိုသူ လယ်တီသိမ်ကို ဖြိုသူ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်နေသူတွေ ဒီလုပ်ငန်းကိုမရပ်ရင် တောင်ပြိုသလို ပျက်သလို သူတို့မိသားစုများပါ ပျက်စီးပါစေ။ ဝမ်ပေါင်ကုမ္ပဏီလုပ်ငန်းများ ပျက်စီးပါစေ အရှုံးပေါ်ပါစေ။ ငါတို့နိုင်ငံလာ စီးပွားရှာတဲ့ တရုတ်နိုင်ငံအစိုးရ ပျက်စီးပါစေ။ လက်ပံတောင်တောင်ကြီး တည်တန့်ပါစေ ဟုဆုတောင်းကျိန်ဆိုကြသည်။ တော်သလင်းလပြည့်နေ့ ညနေ ၅ နာရီ တွင်စတင်ပြီး နာရီဝက်ခန့် ဆုတောင်းပြီးနောက် အနက်ရောင်အခေါင်းစက္ကူပုံးကို မီးရှို့ခဲ့သည်။ အဆိုပါအခေါင်းသဏ္ဌာန်စက္ကူ ပုံးတွင် ဓာတ်ပုံများကပ်ထားပြီး ၎င်းတို့ကို အသုဘချခြင်းဖြစ်ကြောင်း ကျိန်စာတိုက်သူများက ပြောကြားကြကြောင်း သိရသည်။ ပြီးခဲ့သည့်ဝါခေါင်လပြည့်နေ့ကလည်း အဆိုပါကျောက်ကြီးတောင်ခြေတွင် ဒေသခံရွာသားများ ကျိန်စာတိုက်ပွဲလုပ်ခဲ့ပြီး ဩဂုတ် ၂၉ ရက်က ကံတောရွာနတ်တောင်ခြေနတ်စင်တွင် လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရသော လပေါင်း ၂၁ လပြည့်အတွက် ကျိန်စာတိုက်ကျင်းပခဲ့ကြောင်း သိရသည်။ ဆန္ဒပြခြင်းထက် ကျိန်စာတိုက်ပွဲများက အစွမ်းထက်မြက်ပြီး လူသေဆုံးထိခိုက်မှုများရှိ၍ ကျိန်စာတိုက်ခြင်းများကို ပြုလုပ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောကြားသည်။ EMG

Monday, September 8, 2014

အမြင်နှစ်ဖက်ရှိသူ။

လောကမှာလူဖြစ်လာရင် အမြင်နှစ်ဖက်ရှိတဲ့ပုဂ္ဂိုလ် ဖြစ်ဖို့လိုပါတယ်။ လူဆိုတာ မျက်စိနှစ်လုံး ရှိသလို အမြင်နှစ်ဖက်ရှိရပါမယ်၊ အမြင်နှစ်မျိုးဆိုတာ စီးပွားလည်း ရှာတတ်ရပါမယ်၊ ကိုယ်ကျင့် တရားဘက်ကလည်း လက်မလွတ်စေရပါ။ နှစ်ဖက်ညှိပြီး ဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရပါမယ်၊ ဆိုလိုတာက တစ်ဖက်က စီးပွားရေးလည်းလုပ်တယ်၊ နောက်တစ်ဖက်က ကုသိုလ်ရေးလည်းလုပ် တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဘ၀လည်း ကောင်းကျိုးတွေရရှိပြီး၊ နောက်ဘ၀လည်း ကောင်းကျိုး တွေရရှိကာ၊ လောကီလောကုတ္တရာ နှစ်ဖက်စလုံး ကောင်းပါတယ်။ ဒါကြောင့်မို့ မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ သတိပေးထားတာ- အန္ဓဆိုတဲ့ နှစ်ဖက်ကန်း ပုဂ္ဂိုလ်လည်း မဖြစ်စေနဲ့၊ တစ်ဖက်မြင်ပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့၊ လူ့ဘ၀ ရောက်လာလို့ရှိရင် နှစ်ဖက် မြင်တဲ့ပုဂ္ဂိုလ် ဖြစ်အောင် ကြိုးစားကြလို့ မြတ်စွာဘုရားက ဆုံးမထားပါတယ်၊ ဒါလည်း ဘုရားရဲ့ ဆုံးမသြ၀ါဒတစ်ခုပါပဲ၊ လူ့လောကမှာ ဒါလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ {၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။} (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား) ဦးသိန်းဝေ။

အကြမ်းဖက် တိုက်ခိုက်မည့် သတင်းများကြောင့် မောင်တောနယ်စပ် လုံခြုံရေးတိုးမြှင့်


အကြမ်းဖက်တိုက်ခိုက် မှုများ ပြုလုပ်မည့် သတင်းများ ထွက်ပေါ်နေမှုကြောင့် ရခိုင်ပြည် နယ် မောင်တောနယ်စပ်လုံခြုံရေးကို အထူးတင်းကျပ်ထားကြောင်း သတင်းရရှိသည်။

တစ်ဖက်နိုင်ငံ နယ်စပ်အ ခြေစိုက် ရိုဟင်ဂျာသွေးစည်းညီ ညွတ်ရေးအဖွဲ့ (RSO) မှ အ ကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ် မည့်သတင်းများ ထွက်ပေါ်နေမှု ကြောင့် နယ်စပ်လုံခြုံရေးကို တိုး မြှင့်ထားခြင်းဖြစ်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများကိုလည်း လုံခြုံရေး သတိထားရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း ရခိုင်ပြည် နယ် ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။ အသေးစိတ်အချက် အလက်များကိုမူ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့်အ တွက် ပြောဆိုနိုင်ခြင်းမရှိဟု ၎င်း က ဆိုသည်။

မကြာသေးမီ ရက်ပိုင်းက လည်း အယ်လ်ကိုင်ဒါအကြမ်း ဖက်အဖွဲ့ ခေါင်းဆောင် ဇာဝါဟီရီ က မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နိုင်ငံများတွင် ဂျီဟတ်လှုပ်ရှားမှု များ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။ မြန်မာအစိုးရတာဝန်ရှိ သူများက ယင်းခြိမ်းခြောက်မှုများအပေါ် လုံခြုံရေးအစီအမံများ ပြုလုပ်ထားပြီးဖြစ်၍ အစိုးရိမ်မလွန်ကြရန် ပြောကြားထားသည်။

စက်တင်ဘာ ၅ ရက်က မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြမ်းဖက် သောင်းကျန်းသူများ ၀င်ရောက်နေသည့် သတင်းကြောင့် လုံခြုံရေးကို ယခင်ကထက် သတိထားကြရန်၊ အစိုးရ၀န်ထမ်းများအနေဖြင့် သွားရောက်မည့်နေရာသို့ အကြီးအကဲများနှင့် လုံခြုံရေးတပ်ဖွဲ့သို့ အ ကြောင်းကြားကြရန် အစိုး ရဌာနများသို့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။

Sunday, September 7, 2014

သတိပေးတာပါ

● အတိုက်အခံပါတီကြီးရဲ့ ဝါဒဖြန့်ချီရေးသမားတွေ အနေနဲ့ အစိုးရနဲ့ စစ်တပ်ကိုရော ကြံ့ဖွံ့ကိုပါ အမှားထောက်ပြရာက ကြံဖန်အပြစ်ရှာသလိုဖြစ်ပြီး လူပြိန်းကြိုက်စကားတွေ ပြောမိလာလျှင် ပကတိတရား နှင့် ကင်းကွာပြီး မိခင်ပါတီကိုပါ ထိခိုက်စေနိုင်ကြောင်း သတိချပ်ကြစေလိုပါတယ်။ ● ဒေါ်အောင်ဆန်းစုကြည် လွန်ကာလမှာ ကိုယ့်ပါတီကို ဂုဏ်သိက္ခာရှိစွာ ရပ်တည်ပြီးဖြစ်နေအောင် ဗျူဟာကိုင်တွယ်သူများ အပါအဝင် ဝါဒဖြန့်သမားတွေမှာပါ တာဝန်ရှိကြောင်း အကြံပြုပါတယ်။ ● တောင့်တင်းတဲ့ နိုင်ငံရေး ပါတီကြီးများ ရေရှည်တည်တံ့ပါမှ ဒီနိုင်ငံရဲ့ အနာဂါတ် နိုင်ငံရေး အခြေအနေလှပမှာမို့ မြင်တတ်ကြပါခင်ဗျား။ ( Michael Hlaing ) Michael Hlaing အောင်မြင်တဲ့ကြော်ငြာဆိုတာ သူများပစ္စည်းမကောင်းကြောင်း ပြောပြီးကြော်ငြာရတာမဟုတ်ဖူးဆိုတာ NLD ဝါဒဖြန့်ချီရေး သမားတွေ မေ့လျှော့နေပုံရပါတယ်။ ဒါမှမဟုတ် ကိုယ့်ပစ္စည်း ကောင်းကြောင်းပြောစရာမရှိလို့လား ..?? လို့ ယူဆရမလိုလိုပါ .... ကြံ့ဖွံ့ကတော့ ပြောစရာကောင်းကွက်သိပ်မရှိလို့ထင်ပါတယ်။ ဘာမှကို ကြော်ငြာမနေတော့ဘူး။ အဲဒါကမှ ခတ်ကောင်းကောင်း။ စစ်သား/ လူထွက်အများစုကတော့ သူတို့ကောင်းကြောင်းပြောပြီး မှန်ကန်စွာကြော်ငြာကြပါတယ်။ စစ်သားလူထွက်အများစုပါနေတဲ့ အစိုးရအဖွဲ့ကိုကာကွယ်တာလည်း သူ့သံယောဇဉ်နဲ့သူ မှားတယ် မဆိုနိုင်ပါ။ အတိုက်အခံပါတီကြီးရဲ့ ဝါဒဖြန့်ချီရေးသမားတွေအနေနဲ့ အစိုးရနဲ့ စစ်တပ်ကိုရော ကြံ့ဖွံ့ကိုပါ အမှားထောက်ပြရာက ကြံဖန်အပြစ်ရှာ သလိုဖြစ်ပြီး လူပြိန်းကြိုက်စကားတွေပြောမိလာလျှင် ပကတိတရား နှင့် ကင်းကွာပြီး မိခင်ပါတီကိုပါထိခိုက်စေနိုင်ကြောင်းသတိချပ်ကြ စေလိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွန်ကာလမှာ ကိုယ့်ပါတီကိုဂုဏ်သိက္ခာ ရှိစွာ ရပ်တည်ပြီးဖြစ်နေအောင် ဗျူဟာကိုင်တွယ်သူများအပါအဝင် ဝါဒဖြန့်သမားတွေမှာပါတာဝန်ရှိကြောင်း အကြံပြုပါတယ်။ တောင့်တင်းတဲ့နိုင်ငံရေးပါတီကြီးများ ရေရှည်တည်တံ့ပါမှ ဒီနိုင်ငံရဲ့ အနာဂါတ်နိုင်ငံရေးအခြေအနေလှပမှာမို့ မြင်တတ်ကြပါခင်ဗျား။

အယ်လ်ကေဒါ ခြိမ်းခြောက်မှု အပြီးတွင် လုံခြုံရေးအတွက် အိန္ဒိယတပ်လှန့်


နယူးဒေလီ၊ စက်တင်ဘာ ၅

အယ်လ်ကေဒါအဖွဲ့က အိန္ဒိယ တိုက်ငယ်နိုင်ငံများတွင် အဖွဲ့ခွဲ တည်ထောင်ပြီးကြောင်း ထုတ်ပြန်သည့် ဗီဒီယို ထွက်ရှိလာပြီးသည့် နောက်တွင် အိန္ဒိယအစိုးရက နိုင်ငံတစ်ဝန်းလုံးရှိ လုံခြုံရေးတပ်များကို တပ်လှန့်ထားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

ဗီဒီယ ထုတ်ပြန်ဖော်ပြချက်တွင် အယ်လ်ကေဒါ ခေါင်းဆောင် အေမန်အယ် ဇာဝါဟီရီက အိန္ဒိယတိုက်ငယ် အတွင်းရှိ အယ်လ်ကေဒါများက ဂျီဟတ်အလံကို လွှင့်တင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အယ်လ်ကေဒါ ခေါင်းဆောင်၏ ယင်းသို့ ပြောဆို ထုတ်ပြန်လိုက်ခြင်းသည် အစ္စလာမ်မစ်နိုင်ငံတော် ဆိုပြီး လှုပ်ရှားနေသည့် IS အဖွဲ့ကို လက်မခံကြောင်း ပမာမခန့် ပြုလိုက်ခြင်း ဖြစ်နိုင်သည်ဟုလည်း ဆောင်းပါးရှင်များက ဆိုသည်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီး ရက်ဂ်ျနာဆင်းက ထိပ်တန်းထောက်လှမ်းရေး အရာရှိများနှင့် တွေ့ဆုံကာ ဝန်ကြီးချုပ်ထံ တင်ပြရန်အတွက် လုံခြုံရေး စီမံချက်များဆိုင်ရာ ကိစ္စကို ဆွေးနွေးလျက်ရှိသည်။

အိန္ဒိယ ထောက်လှမ်းရေးများက ဇာဝါဟီရီ၏ ရုပ်သံဖိုင်ကို သေသေချာချာ လေ့လာလျက်ရှိကာ သုံးသပ်သူများက IS ၏ အစ္စလာမ်မစ်ဝါဒ အပေါ် လွှမ်းမိုးမှုကို တန်ပြန်ခြင်း ဖြစ်မည်ဟု သုံးသပ်ကြသည်။

အိုစမာဘင်လာဒင်ကို ဆက်ခံသူတစ်ဦး အနေနှင့် အယ်လ်ကေဒါကို ဂျီဟတ် အဖွဲ့အစည်းများအတွင်း ခေါင်းဆောင်မှု နေရာကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် စိန်ခေါ်မှုများ ရှိနေမည် ဖြစ်ကြောင်း BBC ၏ လုံခြုံရေးဆိုင်ရာ ဆောင်းပါးရှင် ဖရန့်ခ်ဂါဒ်နာက ပြောကြားသည်။

အေမန်အယ်ဇာဝါဟီရီသည် အီဂျစ်လူမျိုး မျက်စိအထူးကု ခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ပြီး အသက် ၆၃ နှစ်အရွယ် ရှိပြီဖြစ်ကာ အိုစမာဘင်လာဒင် သေဆုံးသွားပြီးနောက် ၎င်း၏နေရာကို ဆက်ခံခဲ့သည်။ ယခုအခါ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်ခြားဒေသများတွင် ရွှေ့ပြောင်းလှုပ်ရှားလျက် ရှိသည်။

အိန္ဒိယတွင် လှုပ်ရှားနေသော အစ္စလာမ်မစ် စစ်သွေးကြွများသည် ကက်ရှ်မီးယား ခွဲထွက်ရေး သူပုန်များနှင့် ဆက်စပ်သူများသာ ဖြစ်ကြလေ့ရှိပြီး ပါကစ္စတန် အခြေစိုက် အယ်လ်ကေဒါ ဆက်စပ် အဖွဲ့အစည်းအချို့နှင့်လည်း ဆက်စပ်သည်။

ဂူဂျာရတ်ပြည်နယ်၊ မာဒရာပရာဒက်ရှ် ပြည်နယ်၊ အူတာပရာဒက်ရှ်နှင့် ဘီဟာပြည်နယ်တို့တွင် လုံခြုံရေးအရ တပ်လှန့်ထားမှုများ ပြုလုပ်ထားသည်ဟု ထိပ်တန်းအရာရှိတစ်ဦးက Reuters သတင်းဌာနကို ပြောကြားခဲ့သည်။

အယ်လ်ကေဒါ အဖွဲ့အစည်းက အိန္ဒိယတိုက်ငယ် အတွင်းရှိ နိုင်ငံများအတွက် အယ်လ်ကေဒါ ဂျီဟတ်များ လာပြီဟု ခြိမ်းခြောက်ထားရာ ယင်းဒေသတွင်း နိုင်ငံများတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့လည်း ပါဝင်သည်။









အယ်လ်ကိုင် ဝင်ရောက်လာမည်ဆိုလျှင် ဘာတွေပြင်ဆင်ထားသင့်သလဲ



အယ်လ်ကိုင်ဒါခေါင်းဆောင် ဇဝါဟရီက အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါ ဖွဲ့စည်းပြီး ဂျီဟာ့ဒ်မယ်လို့ ဆိုပြီးနောက်မှာ အိန္ဒိယရော မြန်မာမှာပါ တကယ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်သူနည်းပြီး လှန့်လုံးတစ်ခုအနေနှင့်ပဲ သဘောထားကြပါတယ်။ အိန္ဒိယရော မြန်မာပါ လုံခြုံရေးတိုးမြှင့်ကြတယ်ဆိုပေမယ့် လုပ်ရိုးလုပ်စဉ်ကနေ ပိုပြီးတင်ကျပ်လိုက်တဲ့ သဘောသာဖြစ်ပြီး တကယ်တမ်း အယ်လ်ကိုင်ဒါ ဝင်လာချိန်မှာ ဒီလုံခြုံရေးအစီအစဉ်တွေသည် မလုံလောက်ဘူး၊ မကာကွယ်နိုင်ဘူး ဖြစ်သွားပါလိမ့်မယ်။ အယ်လ်ကိုင်ဒါ သက်တမ်းတစ်လျှောက်မှာ အထူးသဖြင့် ဇဝါဟရီလက်ထက်မှာ ၎င်းတို့ပိုင်ပြီဆိုတဲ့ အနေအထားမှ ကြေငြာတတ်၊ ဝန်ခံတတ်၊ ထိုးစစ်ဆင်တတ်တာတွေကို သတိပြုရပါမယ်။ ဇဝါဟရီက အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် အယ်လ်ကိုင်ဒါ ဖွဲ့စည်းမယ်လို့ ကြေငြာလိုက်တာသည် အိန္ဒိယတိုက်ငယ် ဒေသတွင်းမှာ အယ်လ်ကိုင်ဒါတွေ ခြေကုပ်ရယူထားပြီးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။ ကျွန်တော်တို့ သိရမှာက ဘယ်သူတွေလဲ၊ ဘယ်မှာလဲ၊ ဘယ်လိုကာကွယ်ကြမလဲ။ တစ်နည်းပြောရလျှင် ဘာတွေသိထားသင့်ပြီး ဘာတွေပြင်ဆင်ထားရမလဲ။

ကျွန်တော်တို့ အနေနှင့် သိထားသင့်တဲ့ အကြောင်းအရာ ၃ ခု ပြင်ဆင်ထားရမယ့် လုပ်ငန်းစဉ် ၃ ခု ရှိပါမယ်။

၁။ သိထားသင့်သော အကြောင်းအရာ ၃ ခု

၁.၁။ အယ်လ်ကိုင်ဒါ စတင်ထိုးဖောက်နိုင်သည့် နိုင်ငံ

၁.၂။ အယ်လ်ကိုင်ဒါ သူလျှို ဝင်ရောက်နိုင်သည့် နည်းလမ်း

၁.၃။ အယ်လ်ကိုင်ဒါ၏ လက်ရှိ စစ်အင်အား

၂။ ပြင်ဆင်ထားရမည့် အကြောင်းအရာ ၃ ခု

၂.၁။ အကြမ်းဖက်မှုအားပေးသူ၊ အဖွဲ့အစည်းအား ထိရောက်စွာ အရေးယူမည့် ဥပဒေ

၂.၂။ အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများအချင်းချင်း နည်းပညာ၊ သတင်းအချက်အလက်၊ စစ်လက်နက်အင်အား ပူးပေါင်းဖလှယ်ခြင်း

၂.၃။ အကြမ်းဖက်မှု အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန်

၁.၁။ အယ်လ်ကိုင်ဒါ စတင်ထိုးဖောက်နိုင်သည့် နိုင်ငံ

အယ်လ်ကိုင်ဒါပစ်မှတ်ထားတဲ့ အိန္ဒိယတိုက်နယ် နိုင်ငံတွေက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသမ်၊ ဂူဂျရတ်၊ အာမက်ဒဘတ် နှင့် ကက်ရှ်မီးယားတို့ ဖြစ်ပါတယ်။ မှန်တန်းစဉ်းစားလျှင်တော့ သူပုန်နယ်မြေ ကက်ရှ်မီးယားကို အရင်ဆုံး ထိုးဖောက်နိုင်တယ် စဉ်းစားစရာပါ။ ဒါပေမယ့် တကယ်ဖြစ်နိုင်တာက ကက်ရှ်မီးယားသည် နောက်ဆုံးဖြစ်နိုင်ပြီး မဝင်မှာတောင် ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့အင်အားကြီး စစ်အင်အား ပိုင်ဆိုင်ထားတဲ့ နိုင်ငံနှစ်နိုင်ငံကြား အယ်လ်ကိုင်ဒါ မရပ်ရဲပါဘူး။ ပါကစ္စတန်ရော အိန္ဒိယပါ အယ်လ်ကိုင်ဒါကို ချေမှုန်းနေကြတာကလည်း အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ တစ်ခါ ဒေသခံ ကက်ရှ်မီးယား သူပုန်ကလည်း အယ်လ်ကိုင်ဒါကို လက်မခံပါဘူး။ အထက်ပါအချက်တွေအရ ကက်ရှမီးယားကနေ အယ်လ်ကိုင်ဒါ မစနိုင်ဘူး။ ကက်ရှမီးယား မဖြစ်နိုင်လျှင် မူဆလင်အများစု နိုင်ငံတွေ (တစ်ချို့ အိန္ဒိယပြည်နယ်တွေ) ဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂူဂျရတ် ကို စဉ်းစားရမယ်။ ဒီအထဲမှာ မြန်မာဘက်က မူဆလင်နယ်မြေနှင့်လည်း ဆက်စပ်တယ်၊ ပါကစ္စတန် အကြမ်းဖက်နယ်တွေနှင့်လည်း ဆက်စပ်တယ်၊ တိုင်းပြည်ကိုယ်၌ကလည်း မူဆလင်တိုင်းပြည်ဖြစ်ပြီး စစ်အင်အားမှာလည်း လျော့တယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ကို အယ်လ်ကိုင်ဒါ စတင်မည့် နေရာအဖြစ် တွေးလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်က စတယ်ဆိုလျှင် မြန်မာက ပြင်ဆင်ချိန် ရပါသေးတယ်။

၁.၂။ အယ်လ်ကိုင်ဒါ သူလျှိုများ ဝင်ရောက်နိုင်သည့် နည်းလမ်းများ

အယ်လ်ကိုင်ဒါရဲ့ ဒေသတစ်ခုအတွင်း ဝင်ရောက်လာခဲ့ဖူးသမျှကို လေ့လာကြည့်လျှင် ပထမ plot လို့ ခေါ်တဲ့ လျှို့ဝှက်ကြံစည်မှုတွေ နှင့် တိုက်ခိုက်တာကို တွေ့ရပါမယ်။ ကားဗုံးခွဲခြင်း၊ အသေခံဗုံးခွဲခြင်း၊ ပြန်ပေးဆွဲခြင်း တွေနှင့် စပါတယ်။ နောက်မှ military ခေါ်တဲ့ စစ်အင်အားက တွဲဖက်ပါတယ်။ ပထမ အစီအစဉ်ဖြစ်တဲ့ plot မှာ အကြမ်းဖက်သမားများက ပြည်ပက ဝင်ရောက်လာပြီး ပြည်တွင်းနေများနှင့် ပူးပေါင်းလုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနှင့် သိထားရမှာက ပြည်ပက ဝင်လာတတ်တဲ့လမ်းကြောင်းပုံစံ နှင့် ပြည်တွင်းနေတွေကို ဘယ်လို radicalize လုပ်မယ်၊ သင်တန်းပေးမယ် ဆိုတဲ့ ပုံစံတွေပါ။

အကြမ်းဖက်သမားတွေ ပြည်တွင်းကို ဝင်ရောက်ရာမှာ နည်းသုံးနည်းကတော့

- နယ်စပ်ဂိတ်တွေကနေတစ်ဆင့် ပိုက်ဆံပေး လာဘ်ထိုးဝင် (သို့မဟုတ်) ခိုးဝင်

- ပြည်ပက ဗီဇာဖြင့် ဝင်လာပြီး ပြည်တွင်းနေတစ်ယောက် ၎င်း၏ နေရာတွင် ဝင်ရောက်ကာ လူချင်းလဲလိုက်ခြင်း

- ပြည်ပ NGO အဖွဲ့ဝင်များအဖြစ် ဝင်ရောက်လာခြင်း တို့ ဖြစ်ပါတယ်။

ခုအချိန်မှ ဒီဝင်ပေါက်တွေကို ပိတ်မယ်ဆိုလည်း အချိန်မမီလောက်တော့ပါဘူး။ အယ်လ်ကိုင်ဒါ ဖွဲ့စည်းမယ်လို့ ကြေငြာကတည်းက အကြမ်းဖက်သမားတွေ စိမ့်ဝင်နေပြီး ဖြစ်မှာပါ။

သူတို့တွေ ဘယ်နေရာမှာ ပုန်းအောင်းနေမလဲ။ ဗလီတွေနှင့် မူဆလင်အိမ်တွေမှာပဲ ပုန်းခိုနေမှာပါ။ တစ်ချို့ဆိုလျှင် နှစ်လတာရှည်ကတည်းက ရောက်နေတာ ဖြစ်နိုင်ပြီး တစ်ချို့သော ပါတီ၊ အဖွဲ့အစည်းများရဲ့ အကာအကွယ်ကို ရယူဖို့ အသင်းဝင်တစ်ယောက်တောင် ဖြစ်နေနိုင်ပါတယ်။

၁.၃။ အယ်လ်ကိုင်ဒါ၏ လက်ရှိစစ်အင်အား

အယ်လ်ကိုင်ဒါက အကြမ်းဖက်မှုကျူးလွန်လျှင် plot ကျူးလွန်မှာလား၊ စစ်အင်အားပြ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ရဲမှာလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့အတွက် အယ်လ်ကိုင်ဒါ စစ်အင်အားကို မှန်းဆနိုင်ဖို့ လိုပါတယ်။ အယ်လ်ကိုင်ဒါရဲ့ စစ်အင်အားက ၎င်းနှင့် ချိတ်ဆက်ထားတဲ့ အဖွဲ့တွေကို အားကိုးအားထားပြုနေရတာပါ။ တစ်ဖက်မှာလည်း ဘဂ္ဂဒက်ဒီရဲ့ အစ္စလမ္မစ်နိုင်ငံတော်အဖွဲ့က အယ်လ်ကိုင်ဒါဆီက လူအင်အား ဖဲ့ယူနေလို့ အယ်လ်ကိုင်ဒါသည် အရင်လို အင်အားမရှိတော့ပါဘူး။ အိန္ဒိယတိုက်ငယ် အယ်လ်ကိုင်ဒါရဲ့ အင်အားဆိုတာသည်လည်း အင်ဒီးယန်း မူဂျာဟစ်ဒင် ကို အယ်လ်ကိုင်ဒါ နာမည်ပြောင်း ဖွဲ့စည်းရန်သာ ဖြစ်နိုင်ပါတယ်။ အဆိုပါ စစ်အင်အားနှင့် ဆိုလျှင်ကတော့ အင်အားကြီးမားလှတဲ့ အိန္ဒိယ စစ်တပ်၊ မြန်မာစစ်တပ်ကို မထိုးဖောက်နိုင်သေးပါဘူး။ အယ်လ်ကိုင်ဒါရဲ့ အဓိက ရည်ရွယ်ချက်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအခြေပြု လေ့ကျင့်ပေးထားသော အကြမ်းဖက်သမားများနှင့် ဖောက်ခွဲရေး၊ ထိပ်ပိုင်းပုဂ္ဂိုလ်များအား လုပ်ကြံခြင်းတို့သာ ဖြစ်နိုင်ပါတယ်။

၂.၁။ အကြမ်းဖက်မှုအားပေးသူ၊ အဖွဲ့အစည်းအား ထိရောက်စွာ အရေးယူမည့် ဥပဒေ

ပြည်ထောင်စုလွှတ်တော်မှာ မဖြစ်မနေ အမြန်ပြဌာန်းရပါမယ်။ အယ်လ်ကိုင်ဒါ၏ အကြမ်းဖက်မှု ဖြစ်ပေါ်လာလျှင် ကိုယ့်တုတ်နှင့် ကိုယ့်ကို ပြန်ရိုက်တယ် ဆိုသလို ကိုယ့်နိုင်ငံသား မူဆလင်တွေကို အကြမ်းဖက်သင်တန်းပေးပြီး ဒီအကြမ်းဖက်သင်တန်းဆင်း မူဆလင်တွေက အယ်လ်ကိုင်ဒါနာမည်ခံပြီး အကြမ်းဖက်တာတွေ ဖြစ်ပါမယ်။ ဒါကို ကာကွယ်ဖို့အတွက် အကြမ်းဖက်မှုနှင့် ပတ်သက်သမျှကို အရေးယူဖို့ လိုပါတယ်။ လက်ရှိ criminal law, penal code, အထူးဥပဒေများအရ အကြမ်းဖက်မှု ဖြစ်ရပ်များကို အရေးယူရာမှာ လက်တစ်လုံးခြား ရှောင်တိမ်းနိုင်မှုတွေ ရှိနေပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး ဗလီများ၊ ဘာသာရေးအဖွဲ့အစည်းများ ရဲ့ အကာအကွယ်ယူ လွတ်မြောက်နေတာတွေ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည်ဟု ယူဆရသူများကို ရက်အကန့်အသတ်မရှိ ထိန်းသိမ်းထားခြင်း၊ ဗလီများကို အပြီးအပိုင် ပိတ်သိမ်းခြင်း၊ မသင်္ကာလျှင် ထိန်းသိမ်းကာလာအဖြစ် ပိတ်သိမ်းခြင်း၊ အကြမ်းဖက်မှုနှင့် ဆက်နွှယ်သူများကို ကြီးလေးသော ပြစ်ဒဏ်များ စီရင်ခြင်းတို့ကို ပြဌာန်းသင့်ပါတယ်။

၂.၂။ အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများအချင်းချင်း နည်းပညာ၊ သတင်းအချက်အလက်၊ စစ်လက်နက်အင်အား ပူးပေါင်းဖလှယ်ခြင်း

အယ်လ်ကိုင်ဒါ၏ ပစ်မှတ်နိုင်ငံများ ဆိုရာဝယ် အိန္ဒိယ ပြည်နယ်အစိုးရအချို့၊ အိန္ဒိယ ဗဟိုအစိုးရ နှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်အစိုးရများကို ဆိုလိုပါတယ်။ အထူးသဖြင့် aအိန္ဒိယထောက်လှမ်းရေးနှင့် မြန်မာ၊ ဘင်္ဂလားထောက်လှမ်းရေးများ ပူးတွဲ အလုပ်လုပ်ကြရန် ဖြစ်ပါတယ်။ မြန်မာအစိုးရ၊ အိန္ဒိယအစိုးရတို့သည် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နယ်စပ်ရေးရာကိစ္စ မပြေလည်မှုများ ရှိသည်ဆိုလင့်ကစား အယ်လ်ကိုင်ဒါကာကွယ်ရေးကိစ္စ၌ သုံးနိုင်ငံ သဘောတူညီ အလုပ်လုပ်နိုင်သော ဘုံသဘောတူညီမှုတစ်ခုကို ညှိနှိုင်းထားရှိရပါမယ်။ အယ်လ်ကိုင်ဒါတပ်ဖွဲ့များအား နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခြင်း၊ အကြမ်းဖက်သံသယရှိသူအား နယ်စပ်ဖြတ်ကျော် ဖမ်းဆီးခြင်းတို့၌ ကြိုတင်ညှိနှိုင်း၍ သဘောတူညီချက် ယူထားကြရပါမယ်။

၂.၃။ အကြမ်းဖက်မှု အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန်

ဖွဲ့စည်းရန် စောလွန်းသေးသည်၊ ၎င်းအတွက် ကုန်ကျမည့် ဘတ်ဂျက်ကို နိုင်ငံတော်မှ ချမပေးနိုင် ဆိုသည့် အကြောင်းပြချက်များ ရှိနိုင်ပါတယ်။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိ law enforcement agencies များ၏ စွမ်းဆောင်ရည်အရ အယ်လ်ကိုင်ဒါ ရုတ်တရက် ဝင်ရောက်လာပါလျှင် ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ် မရှိပါ။ အကြမ်းဖက်မှု ကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော်ရန်၊ အယ်လ်ကိုင်ဒါ၏ ရှုပ်ထွေးပွေလီသော လျှို့ဝှုက်ကြံစည်မှုများကို ဖော်ထုတ်တားဆီးကာကွယ်နိုင်ရန် အကြမ်းဖက် အထူးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းရန် လိုအပ်ပါတယ်။

မျိုးမင်းသန့်

ဖော်ပြပါဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်။