Friday, June 20, 2014

From : .. နောင်တော်လေး ကျွန်တော်တို့ ပုလဲမြို့ကိုရောက်တော့ ဟောပြောပွဲ (၄)ပွဲ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပွဲစီစဉ်တဲ့ တလျှောက် NLD က ကောင်တွေ ဖျက်နေတယ်ဆိုတာ ကြားသိထားပြီးသားပါ။ ကျွန်တော်တို့ လက်တောင်း ကြီးကျေးရွာ ဟောပြောပွဲနဲ့ စပါတယ်။ NLD က ကောင်တစ်ကောင် ဟောပြောမယ့် ဓမ္မာရုံပေါ်ကို ရောက်လာပါတယ်။ ဦးနေမျိုးဝေက သူ့ကိုလက်တို့ပြီး လာပြောထားသူရှိလို့ NLD က ကောင်မှန်း သိသိနဲ့ ငါ့ညီ ဗီနိုင်းဝိုင်းကပ်စမ်းကွာလို့ ပြောလိုက်တယ်။ ကျုပ်ကူညီချင်မှ ကူညီမှာပေါ့ဗျတဲ့။ ရုပ်ကတော့ မိုက်တိမိုက်ကန်း ပေါ့ဗျာ။ . NLD ရဲ့ စွမ်းအားရှင်လေးတွေ ဖြစ်မှာပေါ့။ ဆရာတော်ရဲ့ သြ၀ါဒအပြီးမှာ ကိုသီရိ ဟောပါတယ်။ ကိုသီရိဟောနေချိန် ကျွန်တော် အင်တာနက် ဖွင့်ကြည့်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးစောင့်ဥပဒေ ကန့်ကွက်တဲ့ အဖွဲ့တွေ တွေ့ပြီး အမျိုးစောင့် ဥပဒေ ကန့်ကွက်တဲ့အဖွဲ့တွေထဲက ဇင်မာအောင်တို့က သူတို့ လုံခြုံရေး ခြိမ်းခြောက်ခံနေရပြီဆိုပဲ။ သူတို့ အမေကြီးကလည်း အိုအိုင်စီကို အကူအညီတောင်းပေးမယ်ဆိုပဲ။ အမျိုးဖျက်မယ့် အုပ်စုက အမျိုးစောင့် ဥပဒေကို မပျက် ပျက်အောင်ဖျက်မယ်ဆိုတော့ အတော်လေး ဒေါသထွက်သွားတယ်။ ကိုလတ်ဟောပြီးချိန်မှာ ကျွန်တော် ဟောတဲ့အခါကြတော့ သိပ်ပြီးများများစားစား မဟောတော့ပါဘူး။ ကိုသီရိလည်း အမျိုးစောင့်ဥပဒေ အကြောင်း ရှင်းလင်းဟောပြောပြီး ဖြစ်နေပါပြီ။ ကျွန်တော့်ဟောတဲ့အခါမှာ အမျိုးစောင့်ဥပဒေပါ (၁) ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (၂) လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ (၃) တစ်လင်တစ်မယားစနစ် ဥပဒေ (၄) လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တွေကို အနည်းငယ်မျှ ပြောပြီး အခု လွှတ်တော်ကိုယ်စားလှယ်ကြီး တစ်ဦးနဲ့ အမျိုးသမီး အခွင့်အရေး တန်းတူပေး ၊ လိင်တူ ချစ်သူများအဖွဲ့ စတဲ့ အမျိုးဖျက် အဖွဲ့က တိုင်းပြည်နဲ့ လူမျိုးအတွက် မရှိမဖြစ်လိုအပ်လို့ ပြဌာန်းမယ့် အမျိုစောင့်ဥပဒေကို မပျက် ပျက်အောင်ဖျက်မယ်လို့ ကြွေးကြော်နေကြပါတယ်။ အဲဒီလို အမျိုးဖျက်မယ့် ဟာတွေကို ကန့်ကွက်ရှုံချကြောင်း အကျဉ်းမျှ ပြောပြီး ကျွန်တော် နိဂုံးချုပ်ခဲ့ပါတယ်။ ဦးနေမျိုးဝေ ဟောပြောစဉ်မှာ ကျွန်တော် ဇော်ဖုန်းမြင့် NLD က ကောင်ကို တွေ့လိုက်ပါတယ်။ NLD အတွက်ဆို ရဲရဲတောက် သတ္တ၀ါလေးတစ်ကောင်ပါပဲ။ သူတို့လည်း သူတို့အလုပ် သူတို့လုပ် ကျွန်တော်တို့လည်း ကျွန်တော်တို့ အလုပ် ကျွန်တော်တို့လုပ်။ ဇော်ဖုန်းမြင့်နဲ့ နောက်ထပ် ဦးလေးကြီး တစ်ယောက်ပါ။ သူတို့ကို လက်ပံတောင်းကိစ္စမှာကတည်းက သိနေပြီးသားပါ။ အတိုက်အခံ ဖြစ်စရာမလိုတဲ့အတွက် လွှတ်ထားပေးလိုက် ပါတယ်။ ဒါပေမယ့် သူတို့ကတော့ ကျွန်တော်တို့ဟာ သူတို့၏ ကြီးစွာသော ရန်သူကြီးတွေလို သတ်မှတ်နေတာပါ။ ကျွန်တော်တို့ လက်တောင်းကြီး ဟောပြောပွဲပြီးရင် ညနေပိုင်း မုံသွင်ကျေးရွာကို သွားရောက်ပြီး ဆက်လက်ဟောပြောမှာပါ။ ကျွန်တော်မပြောချင်လွန်းလို့ မပြောတော့ဘူးလို့ နေတာပါ။ အကုန်ပြောပါတော့မယ်။ မုံသွင်ကို ဇော်ဖုန်းမြင့် ကျွန်တော့်တို့ရှေ့ကနေ ရောက်အောင်သွားပါတယ်။ ပွဲစီစဉ်တဲ့ ဆရာတော်တွေထဲမှာ NLD စွဲ ဆရာတော်လည်း ပါနေတာကြောင့် အဲဒီဘုန်းကြီးကို ဇော်ဖုန်းမြင့်တို့က အကြပ်ကိုင်ပြီး ပွဲပျက်အောင် ဖျက်ခိုင်းနေတာပါ။ ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွားတဲ့ ဆရာတော် ဦးကုဝေရလည်း အတော်ကို စိတ်ညစ်သွားပါတယ်။ သံဃာကို ဆဲဖို့လည်း ၀န်မလေး ၊ အမျိုးစောင့်ဥပဒေကို ဖျက်ဖို့လည်း ၀န်မလေးတဲ့ NLD တွေ ပါတီအတွက်ဆိုပြန်တော့ ဆရာတော်တွေကို ပြန်အသုံးချလာပြန်ပါတယ်။ ဆရာတော် အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ အစိုးရက ပြည်သူ နဲ့ ဒေါ်စုကို ရန်တိုက်တာ အောင်မြင်သွားပြီ ဆိုတဲ့ စာတွေ မုံသွင်ကျေးရွာမှာ လိုက်ကပ်ထားတာကို တွေ့လိုက်ရတယ်။ ဦးနေမျိုးဝေက ထားလိုက်ပါကွာဆိုပြီး လွှတ်ထားပေးတယ်။ ဟောပြောပွဲကျင်းပမယ့် ကျောင်းရှေ့ကနေ ဆရာတော်ကို စောင့်နေကြတယ်။ NLD က အရက်မူးနေသူ (၅)ဦးက ပွဲမလုပ်ဖို့ ဆရာတော်ကို ၀ိုင်းပြောနေကြပါတယ်။ ဦးနေမျိုးဝေက ဟောပြောပွဲလုပ်မယ့်နေရာကို သွားပြီး ဒီနေ့ပွဲကို ဖျက်တဲ့သူလည်း ရှိတယ်။ ပွဲလုပ်စေချင်တဲ့သူတွေရော ရှိလားလို့ ပရိတ်သက်ကို မေးပါတယ်။ အဲဒါဆို အပြတ်မေးမယ်။ ဟောပြောပွဲ လုပ်ရမလား (လုပ်ပါ)လို့ ပြောတဲ့သူတွေက အထဲမှာ ၊ ထပ်မေးတယ် (မလုပ်ပါနဲ့) လို့ အ၀မှာ ရပ်နေတဲ့ ဇော်ဖုန်းမြင့် ဦးဆောင်တဲ့ NLD တွေက ပြောတယ်။ ရှက်ဖို့လည်း ကောင်းပါတယ်။ ဦးနေမျိုးဝေက ဒီပွဲဟာ စည်းမဲ့ ကမ်းမဲ့ လုပ်တာမဟုတ်ပါဘူး။ ခွင့်ပြုချက်နဲ့ အညီစီစဉ်တာပါ။ ပွဲမလုပ်စေချင်တဲ့သူတွေက ကိုယ့်အိမ်ကိုယ်ပြန်ပြီး အေးအေးဆေးဆေး နေလို့ရပါတယ်။ ဘယ်သူမှ အဓမ္မ လာနားမထောင်ခိုင်းပါဘူးလို့ ပြောလွှတ်လိုက်ပါတယ်။ အဖျက်လုပ်ငန်းတွေ မှာ အတော်ဇွဲကြီးတဲ့ NLD လေးတွေက မပြန်ပါဘူး။ ဇော်ဖုန်းမြင့်ပါ ကင်မရာ လေးတစ်လုံးနဲ့ ပွဲထဲဝင်ပါတယ်။ သူတို့ရဲ့ သတင်းပေးမှုကြောင့်ပဲ လွှတ်တော်ထဲက အမတ်ကြီရှုပ်တွေကတောင် ပုလဲမှာ အမျိုးသားရေး ဟောပြောပွဲတွေ ပျက်တယ်ဆိုလို့ ၀မ်းသာအားရဖြစ်နေကြတယ်ဗျာ။ အဲဒီည ကျွန်တော် အင်တာနက်ထိုင်သုံးပြီး ပွဲဖျက် NLD လေးတွေအကြောင်း ရေးမလို့ပဲ ရှိပါသေးတယ်။ မိတ်ဆွေတစ်ယောက်က Toelay Toelay ဆိုတဲ့ အကောင့်နဲ့ နေမျိုးဝေ ဘာသာမဲ့တို့ရဲ့ ပွဲ ပျက်တယ်လို့ ၀မ်းသာ အယ်လဲ တင်ထားပြီး ပဲလဲသားတွေက လဒူတွေ မဟုတ်ဘူး ၊ နေမျိုးဝေ ကင်ချင်တိုင်း ကင် ဖုတ်ချင်တိုင်း ဖုတ်လို့ ရမယ့် အထဲမှာ မပါဘူးဆိုပဲ။ ကျွန်တော်တောင် ပြန်တင်လိုက်ပါသေးတယ်။ ပုလဲသားတွေက လဒူမဟုတ်ဘူး။ Toelay Toelay သာ လဒူပါလို့။ ဟောပြောပွဲမပျက်ဘဲနဲ့ ပျက်ပါတယ်လို့ ၀ါဒဖြန့်တာ လဒူလား ငတုံးလား စဉ်းစားကြပေတော့။ ဦးနေမျိုးဝေက လိုတာထက်ပိုဆိုးလာရင် ဖမ်းခိုင်းလိုက်။ တော်တော်တန်တန် ကိစ္စကိုတော့ မလုပ်ကြပါနဲ့လို့ ပွဲစီစဉ်သူတွေကို ပြောတယ်။ နောက်နေ့ မင်းတိုင်ပင်ရွာကို သွားပြီး ကျွန်တော်တို့ မနက်ပိုင်းဟောပါတယ်။ ပရိတ်သတ်တွေလည်း သဘောကျပါတယ်။ အဲဒီမှာ ထူးခြားတာက ဟောပြောပွဲကို စိတ်ပါဝင်စားရှိကြသလို အန်အယ်ဒီတွေ လူပါးဝပြီး အတင်းအကြပ် လက်မှတ်ထိုးခိုင်းနေတာတွေကိုလည်း သဘောမတွေ့ကြပါဘူး။ ပရိတ်သတ် တစ်ဦးက ကျွန်တော်တို့ ဒုဥက္ကဌ (၁)ကို ၄၃၆ လက်မှတ် ထိုးခိုင်းနေတာတွေနဲ့ ပတ်သက်ပြီး သူတို့ဘာမှ မသိရဘဲနဲ့ အတင်းလက်မှတ်ထိုးခိုင်းနေတယ်။ ဘယ်လိုလုပ်ရမလဲလို့ မေးတယ်။ ကိုရင်က ဖုန်းထဲမှာပါတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆)ကို ဖတ်ပြပြီး ညီမက ပြင်ဖို့ သဘောတူရင် လက်မှတ်ထိုးပေးလိုက် ၊ သဘောမတူရင် မထိုးလည်း နေလို့ရတာပဲ။ ထိုးပါ မထိုးပါနဲ့လို့ လုံးဝ အကြံမပေးခဲ့ပါဘူး။ ညနေပိုင်း ကျွန်တော်တို့ ပုလဲမြို့ပေါ်မှာ ဟောတော့ NLD က ကျောင်းဆရာထွက် ဦးလေးကြီး လာပါတယ်။ နောင်တော်လေးရေ မင်းတို့ပွဲ မိုးမချုပ်စေနဲ့ ပြဿနာ တက်နိုင်တယ်လို့ လာသတိပေးတယ်။ သူကိုလည်း ပြောပြလိုက်ပါတယ်။ ဦးလေးတို့ ပွဲဖျက်တဲ့အလုပ် လိုက်လုပ်တယ်ဆိုတာ ကောင်းတာ မဟုတ်ဘူး။ ကျွန်တော်တို့က မဟောရလည်း ဘာမှမဖြစ်ဘူး။ ပွဲဖျက်တာ NLD ပါဆိုရင် ခင်ဗျားတို့ Image ကို အများကြီး ထိခိုက်တယ်လို့ ပြောပြတယ်။ အေးပါတဲ့။ ဇော်ဖုန်းမြင့် လိုက်လုပ်နေတာ ကျွန်တော်တို့ သိပါတယ်လို့ ပြောပြတော့ ဟုတ်ပါဘူးကွာ ။ မှတ်တမ်းလိုက်ယူတာပါတဲ့။ ဇော်ဖုန်းမြင့်ခမျာမှာ ကျွန်တော်တို့ကို သိသိကြီးနဲ့ သူ့ဒေါသနဲ့သူ နှုတ်တောင် မဆက်ရဲပါဘူး။ ဗွီဒီယို ရိုက်တာတောင် ခိုးကြောင့်ခိုးဝှက် ရိုက်နေပါတယ်။ ကျွန်တော်တို့က မရိုက်နဲ့လို့လည်း မတားပါဘူး။ အဲဒီည ဟောပြောပွဲအပြီးမှာ ပုလဲမြို့ပေါ်က ကျူရှင်ဆရာ NLD ဥက္ကဌဆိုလား ဘာဆိုလားပေါ့ဗျာ။ မေးခွန်းမေးမြန်းခြင်း အစီအစဉ်မပါပေမယ့် ဦးနေမျိုးဝေက မေးချင်တဲ့သူ ရှိရင် မေးပါစေ ။ မေးခွန်း(၃)ခွန်းလောက် ခွင့်ပြုလိုက်ပါ ဆိုတော့ အဲဒီကောင် ရောက်လာတယ်။ ကျွန်တော်တို့ လုပ်နေတာကပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညှိနေသလို လာပြောသွားပါတယ်။ အဲဒီလို မညှိအောင် ပြုပြင်ဖို့ ဦးနေမျိုးဝေလုပ်ဆောင်ပါတဲ့။ အဲဒီ ပုဒ်မနဲ့အညီ ကုရ်အာန်ကျမ်းကို တားမြစ်ဖို့ လုပ်ဆောင်နေတာပါလို့ ဦးနေမျိုးဝေ အဖြေပေးခြင်း မပြီးဆုံးမှီမှာပဲ ကျူရှင် ဆရာလစ်သွားပါတယ်။ နောက်နေ့ ကျွန်တော်တို့ ကံပေါက်ကျေးရွာကို သွားပါတယ်။ ဆရာတော် ဦးကုဝေရရဲ့ နယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်ပိတ် NLD လေးတွေ အားကောင်းနေတဲ့ အခါကြတော့ အတိုက်အခိုက်လေးတွေ ဖြစ်ပါတယ်။ ပါတီပေါင်း (၆၀)လောက် ရှိတဲ့အထဲမှာမှ ဒီတစ်ပါတီသာ လိုက်ဖျက်နေတယ်ဆိုတော့ စဉ်းစားစရာပဲနော်။မနက်ပိုင်းကျွန်တော်တို့လာမယ့်လမ်းမှာ NLD ပါတီဝင်တွေဟာ ထမီကို အလံထောင်ထားတယ်။ ဆရာတော် ဦးကုဝေရလည်း အတော်ကို စိတ်ပျက်သွားပုံရတယ်။ ကျွန်တော်တို့ လုပ်နေတာက အစ္စလာမ်းမစ်အန္တရာယ် ၊ ကျွန်တော်တို့ကို လိုက်ဖျက်နေတာက NLD / အိုးက မပူ စလောင်းက ပူနေတဲ့ အဖျက်သမားတွေ ၊ ထမီးအလံထောင်တဲ့ ကောင်တွေကို ရှုံချပါကြောင်း ကျွန်တော်တောင် အသံကုန် ဟစ်ခဲ့ပါသေးတယ်။ ကျွန်တော်ပြောခဲ့ပါသေးတယ်။ နိုင်ငံရေးသမားဆိုတာ သဘောထားကြီးရတယ်လို့ ။ ကျွန်တော့် အဖေဟာ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ် ဘယ်လောက် သဘောထားကြီးခဲ့တယ်ဆိုတဲ့ သာဓကကိုပါ ထုတ်ပြောခဲ့တယ်။ ဒါပေမယ့် NLD က လက်ကိုင်တုတ် တစ်ဖက်ပိတ် ၊ ပုဂ္ဂိုလ်စွဲ ၀ါဒီလေးတွေက နားမလည် ရှာပါဘူး။ ကိုသီရိ ဟောပြောနေချိန်မှာ ဇော်ဖုန်းမြင့် အထဲကို ရောက်လာပြီး ပွဲစီစဉ်သူ ကိုဥာဏ် ကို ဓာတ်ပုံရိုက် သတဲ့။ ကိုဥာဏ်က ရိုက်စရာ မလိုဘူးလို့ ပြောတော့ အခြေအတင်ဖြစ်နေတာကို ကျွန်တော်က မြင်တယ်။ ဒါနဲ့ ဦးနေမျိုးဝေကို လက်တို့ပြီး ဇော်ဖုန်းမြင့် ဆီကို ခေါ်သွားတယ်။ ဇော်ဖုန်းမြင့် ဓာတ်ပုံရိုက်တာကို ရိုက်စရာ မလိုဘူး ဆိုပြီး ကိုဥာဏ်က တားတဲ့အပြစ်။ အဲဒါနဲ့ ဦးနေမျိုးဝေက ဇော်ဖုန်းမြင့်ကိုပါခေါ်ပြီး မင်းသိပ်ရိုက်ချင်လား ရိုက်စမ်းဆိုပြီး ရိုက်ခိုင်းလိုက်တာ။ ဇော်ဖုန်းမြင့်ရဲ့ ဆရာလို့ပဲ ဆိုပါတော့ဗျာ။ အခြေအတင်ဖြစ်မှာ စိုးလို့ ထင်ပါရဲ့ အထဲဝင်လာတယ်။ သူ့ပါတွဲရိုက်ပစ်လိုက်တယ်။ ဒီဗွီဘီကို ပို့တဲ့ သတင်းထဲက သုံးယောက်တွဲ ဓာတ်ပုံဟာ ဇော်ဖုန်းမြင့် ရိုက်ပါစေဆိုပြီး ရိုက်ခိုင်းလိုက်တာပါ။ သူက ဒီဗွီဘီကို ပို့ပြီး လှော်တယ်ဆိုတော့ သူ့အတွက် သတင်းပို့ခလေးတော့ ရတာပေါ့။ လက်ပံတောင်းကိစ္စမှာကတည်းက သူတို့လေးတွေမီဒီယာတစ်ပိုင်း နိုင်ငံရေးသမားလေးတွေ ဖစ်နေကြတာ။လုပ်စားတတ်နေကြပြီလေ။ ဆူပူအောင်လုပ်ပြီး သတင်းပို့ . . . သတင်းဖြစ်မှာ အကျိုးအမြတ်ရှိမှာကိုး။ တိုင်းပြည် အရေး သိလွန်းလို့တော့ မဟုတ်ပါဘူး။ လုပ်စားတတ်အောင် သင်ပေးထားကြတော့ လုပ်စားတာပေါ့ဗျာ။ ဒါလည်း မစို့မပို့နေမှာပါ။    ဟောပြောပွဲ မှာ ဦးနေမျိုးဝေက ဒီရွာမှာ နှစ်ခြမ်းကွဲနေမယ်ဆိုပြီး နိုင်ငံရေး သမိုင်းကြောင်းတွေကို ပြန်ရှင်းပြနေတယ်။ ရှင်းပြလို့မှ မပြီးသေးဘူး။ ပုလဲမြို့ပေါ်က ကျူရှင်ဆရာရဲ့ တပည့် တိုးဝေအောင်ဆိုတဲ့ အဝေးသင်တက်နေတဲ့ ကျောင်းသားလေးက မေးခွန်းမေးချင်လို့ပါတဲ့။ ဦးနေမျိုးဝေ ဘယ်ဘာသာကို ကိုးကွယ်ပါသလဲဆိုတာ သူ့အမေးချင်ဆုံး မေးခွန်း ၊ ပွဲပြီးတော့ သူ့ကိုမေးခွင့်ပြုလိုက်တယ်။ ကျူရှင်စရာ မေးတဲ့မေးခွန်းတွေပဲ ထပ်မေးတယ်။ သန္တိသုခ ကျောင်းတော်ကြီးကိစ္စမေးတော့လည်း သံဃာ့ကိစ္စဖြစ်တဲ့အတွက် သံဃာတော်တွေ ရှင်းလိုက်မယ်လို့ ပြောလိုက်တယ်။ ရွှေဝါရောင် အရေးအခင်းအကြောင်းမေးတယ်။ အဲဒီတုန်းက အသတ်ခံရတဲ့ သံဃာတော်တွေပုံကို ဘာလို့ မထည့်တာလဲလို့ မေးပါတယ်။ ကျွန်တော်တို့ လုပ်နေတာက အစ္စလာမ်းမစ်အစွန်းရောက် အန္တရာယ် သူတို့ဖြစ်စေချင်တာက။ သူရဲ့ မေးခွန်းတိုင်းအတွက် အဖြေက ရှိပြီးသားပါ။ မကြားဝံ့မနာသာတွေ ဖြစ်ကုန်မှာ စိုးလို့ မပြောခဲ့တာတွေကို အ

From : .. နောင်တော်လေး

ကျွန်တော်တို့ ပုလဲမြို့ကိုရောက်တော့ ဟောပြောပွဲ (၄)ပွဲ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပွဲစီစဉ်တဲ့ တလျှောက် NLD က ကောင်တွေ ဖျက်နေတယ်ဆိုတာ ကြားသိထားပြီးသားပါ။ ကျွန်တော်တို့ လက်တောင်း ကြီးကျေးရွာ ဟောပြောပွဲနဲ့ စပါတယ်။ NLD က ကောင်တစ်ကောင် ဟောပြောမယ့် ဓမ္မာရုံပေါ်ကို ရောက်လာပါတယ်။ ဦးနေမျိုးဝေက သူ့ကိုလက်တို့ပြီး လာပြောထားသူရှိလို့ NLD က ကောင်မှန်း သိသိနဲ့ ငါ့ညီ ဗီနိုင်းဝိုင်းကပ်စမ်းကွာလို့ ပြောလိုက်တယ်။ ကျုပ်ကူညီချင်မှ ကူညီမှာပေါ့ဗျတဲ့။ ရုပ်ကတော့ မိုက်တိမိုက်ကန်း ပေါ့ဗျာ။ . NLD ရဲ့ စွမ်းအားရှင်လေးတွေ ဖြစ်မှာပေါ့။

ဆရာတော်ရဲ့ သြ၀ါဒအပြီးမှာ ကိုသီရိ ဟောပါတယ်။ ကိုသီရိဟောနေချိန် ကျွန်တော် အင်တာနက် ဖွင့်ကြည့်လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးစောင့်ဥပဒေ ကန့်ကွက်တဲ့ အဖွဲ့တွေ တွေ့ပြီး အမျိုးစောင့် ဥပဒေ ကန့်ကွက်တဲ့အဖွဲ့တွေထဲက ဇင်မာအောင်တို့က သူတို့ လုံခြုံရေး ခြိမ်းခြောက်ခံနေရပြီဆိုပဲ။ သူတို့ အမေကြီးကလည်း အိုအိုင်စီကို အကူအညီတောင်းပေးမယ်ဆိုပဲ။ အမျိုးဖျက်မယ့် အုပ်စုက အမျိုးစောင့် ဥပဒေကို မပျက် ပျက်အောင်ဖျက်မယ်ဆိုတော့ အတော်လေး ဒေါသထွက်သွားတယ်။ ကိုလတ်ဟောပြီးချိန်မှာ ကျွန်တော် ဟောတဲ့အခါကြတော့ သိပ်ပြီးများများစားစား မဟောတော့ပါဘူး။ ကိုသီရိလည်း အမျိုးစောင့်ဥပဒေ အကြောင်း ရှင်းလင်းဟောပြောပြီး ဖြစ်နေပါပြီ။ ကျွန်တော့်ဟောတဲ့အခါမှာ အမျိုးစောင့်ဥပဒေပါ (၁) ဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (၂) လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ (၃) တစ်လင်တစ်မယားစနစ် ဥပဒေ (၄) လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ တွေကို အနည်းငယ်မျှ ပြောပြီး အခု လွှတ်တော်ကိုယ်စားလှယ်ကြီး တစ်ဦးနဲ့ အမျိုးသမီး အခွင့်အရေး တန်းတူပေး ၊ လိင်တူ ချစ်သူများအဖွဲ့ စတဲ့ အမျိုးဖျက် အဖွဲ့က တိုင်းပြည်နဲ့ လူမျိုးအတွက် မရှိမဖြစ်လိုအပ်လို့ ပြဌာန်းမယ့် အမျိုစောင့်ဥပဒေကို မပျက် ပျက်အောင်ဖျက်မယ်လို့ ကြွေးကြော်နေကြပါတယ်။ အဲဒီလို အမျိုးဖျက်မယ့် ဟာတွေကို ကန့်ကွက်ရှုံချကြောင်း အကျဉ်းမျှ ပြောပြီး ကျွန်တော် နိဂုံးချုပ်ခဲ့ပါတယ်။

ဦးနေမျိုးဝေ ဟောပြောစဉ်မှာ ကျွန်တော် ဇော်ဖုန်းမြင့် NLD က ကောင်ကို တွေ့လိုက်ပါတယ်။ NLD အတွက်ဆို ရဲရဲတောက် သတ္တ၀ါလေးတစ်ကောင်ပါပဲ။ သူတို့လည်း သူတို့အလုပ် သူတို့လုပ် ကျွန်တော်တို့လည်း ကျွန်တော်တို့ အလုပ် ကျွန်တော်တို့လုပ်။ ဇော်ဖုန်းမြင့်နဲ့ နောက်ထပ် ဦးလေးကြီး တစ်ယောက်ပါ။ သူတို့ကို လက်ပံတောင်းကိစ္စမှာကတည်းက သိနေပြီးသားပါ။ အတိုက်အခံ ဖြစ်စရာမလိုတဲ့အတွက် လွှတ်ထားပေးလိုက် ပါတယ်။

ဒါပေမယ့် သူတို့ကတော့ ကျွန်တော်တို့ဟာ သူတို့၏ ကြီးစွာသော ရန်သူကြီးတွေလို သတ်မှတ်နေတာပါ။ ကျွန်တော်တို့ လက်တောင်းကြီး ဟောပြောပွဲပြီးရင် ညနေပိုင်း မုံသွင်ကျေးရွာကို သွားရောက်ပြီး ဆက်လက်ဟောပြောမှာပါ။
ကျွန်တော်မပြောချင်လွန်းလို့ မပြောတော့ဘူးလို့ နေတာပါ။ အကုန်ပြောပါတော့မယ်။ မုံသွင်ကို ဇော်ဖုန်းမြင့် ကျွန်တော့်တို့ရှေ့ကနေ ရောက်အောင်သွားပါတယ်။ ပွဲစီစဉ်တဲ့ ဆရာတော်တွေထဲမှာ NLD စွဲ ဆရာတော်လည်း ပါနေတာကြောင့် အဲဒီဘုန်းကြီးကို ဇော်ဖုန်းမြင့်တို့က အကြပ်ကိုင်ပြီး ပွဲပျက်အောင် ဖျက်ခိုင်းနေတာပါ။ ကျွန်တော်တို့ကို ဦးဆောင်ခေါ်သွားတဲ့ ဆရာတော် ဦးကုဝေရလည်း အတော်ကို စိတ်ညစ်သွားပါတယ်။

သံဃာကို ဆဲဖို့လည်း ၀န်မလေး ၊ အမျိုးစောင့်ဥပဒေကို ဖျက်ဖို့လည်း ၀န်မလေးတဲ့ NLD တွေ ပါတီအတွက်ဆိုပြန်တော့ ဆရာတော်တွေကို ပြန်အသုံးချလာပြန်ပါတယ်။ ဆရာတော် အရှင်ဇ၀န မေတ္တာရှင် (ရွှေပြည်သာ) ရဲ့ အစိုးရက ပြည်သူ နဲ့ ဒေါ်စုကို ရန်တိုက်တာ အောင်မြင်သွားပြီ ဆိုတဲ့ စာတွေ မုံသွင်ကျေးရွာမှာ လိုက်ကပ်ထားတာကို တွေ့လိုက်ရတယ်။

ဦးနေမျိုးဝေက ထားလိုက်ပါကွာဆိုပြီး လွှတ်ထားပေးတယ်။ ဟောပြောပွဲကျင်းပမယ့် ကျောင်းရှေ့ကနေ ဆရာတော်ကို စောင့်နေကြတယ်။ NLD က အရက်မူးနေသူ (၅)ဦးက ပွဲမလုပ်ဖို့ ဆရာတော်ကို ၀ိုင်းပြောနေကြပါတယ်။ ဦးနေမျိုးဝေက ဟောပြောပွဲလုပ်မယ့်နေရာကို သွားပြီး ဒီနေ့ပွဲကို ဖျက်တဲ့သူလည်း ရှိတယ်။ ပွဲလုပ်စေချင်တဲ့သူတွေရော ရှိလားလို့ ပရိတ်သက်ကို မေးပါတယ်။ အဲဒါဆို အပြတ်မေးမယ်။ ဟောပြောပွဲ လုပ်ရမလား (လုပ်ပါ)လို့ ပြောတဲ့သူတွေက အထဲမှာ ၊ ထပ်မေးတယ် (မလုပ်ပါနဲ့) လို့ အ၀မှာ ရပ်နေတဲ့ ဇော်ဖုန်းမြင့် ဦးဆောင်တဲ့ NLD တွေက ပြောတယ်။ ရှက်ဖို့လည်း ကောင်းပါတယ်။ ဦးနေမျိုးဝေက ဒီပွဲဟာ စည်းမဲ့ ကမ်းမဲ့ လုပ်တာမဟုတ်ပါဘူး။ ခွင့်ပြုချက်နဲ့ အညီစီစဉ်တာပါ။ ပွဲမလုပ်စေချင်တဲ့သူတွေက ကိုယ့်အိမ်ကိုယ်ပြန်ပြီး အေးအေးဆေးဆေး နေလို့ရပါတယ်။ ဘယ်သူမှ အဓမ္မ လာနားမထောင်ခိုင်းပါဘူးလို့ ပြောလွှတ်လိုက်ပါတယ်။

အဖျက်လုပ်ငန်းတွေ မှာ အတော်ဇွဲကြီးတဲ့ NLD လေးတွေက မပြန်ပါဘူး။ ဇော်ဖုန်းမြင့်ပါ ကင်မရာ လေးတစ်လုံးနဲ့ ပွဲထဲဝင်ပါတယ်။ သူတို့ရဲ့ သတင်းပေးမှုကြောင့်ပဲ လွှတ်တော်ထဲက အမတ်ကြီရှုပ်တွေကတောင် ပုလဲမှာ အမျိုးသားရေး ဟောပြောပွဲတွေ ပျက်တယ်ဆိုလို့ ၀မ်းသာအားရဖြစ်နေကြတယ်ဗျာ။

အဲဒီည ကျွန်တော် အင်တာနက်ထိုင်သုံးပြီး ပွဲဖျက် NLD လေးတွေအကြောင်း ရေးမလို့ပဲ ရှိပါသေးတယ်။ မိတ်ဆွေတစ်ယောက်က Toelay Toelay ဆိုတဲ့ အကောင့်နဲ့ နေမျိုးဝေ ဘာသာမဲ့တို့ရဲ့ ပွဲ ပျက်တယ်လို့ ၀မ်းသာ အယ်လဲ တင်ထားပြီး ပဲလဲသားတွေက လဒူတွေ မဟုတ်ဘူး ၊ နေမျိုးဝေ ကင်ချင်တိုင်း ကင် ဖုတ်ချင်တိုင်း ဖုတ်လို့ ရမယ့် အထဲမှာ မပါဘူးဆိုပဲ။

ကျွန်တော်တောင် ပြန်တင်လိုက်ပါသေးတယ်။ ပုလဲသားတွေက လဒူမဟုတ်ဘူး။ Toelay Toelay သာ လဒူပါလို့။ ဟောပြောပွဲမပျက်ဘဲနဲ့ ပျက်ပါတယ်လို့ ၀ါဒဖြန့်တာ လဒူလား ငတုံးလား စဉ်းစားကြပေတော့။ ဦးနေမျိုးဝေက လိုတာထက်ပိုဆိုးလာရင် ဖမ်းခိုင်းလိုက်။ တော်တော်တန်တန် ကိစ္စကိုတော့ မလုပ်ကြပါနဲ့လို့ ပွဲစီစဉ်သူတွေကို ပြောတယ်။

နောက်နေ့ မင်းတိုင်ပင်ရွာကို သွားပြီး ကျွန်တော်တို့ မနက်ပိုင်းဟောပါတယ်။ ပရိတ်သတ်တွေလည်း သဘောကျပါတယ်။ အဲဒီမှာ ထူးခြားတာက ဟောပြောပွဲကို စိတ်ပါဝင်စားရှိကြသလို အန်အယ်ဒီတွေ လူပါးဝပြီး အတင်းအကြပ် လက်မှတ်ထိုးခိုင်းနေတာတွေကိုလည်း သဘောမတွေ့ကြပါဘူး။ ပရိတ်သတ် တစ်ဦးက ကျွန်တော်တို့ ဒုဥက္ကဌ (၁)ကို ၄၃၆ လက်မှတ် ထိုးခိုင်းနေတာတွေနဲ့ ပတ်သက်ပြီး သူတို့ဘာမှ မသိရဘဲနဲ့ အတင်းလက်မှတ်ထိုးခိုင်းနေတယ်။ ဘယ်လိုလုပ်ရမလဲလို့ မေးတယ်။ ကိုရင်က ဖုန်းထဲမှာပါတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၄၃၆)ကို ဖတ်ပြပြီး ညီမက ပြင်ဖို့ သဘောတူရင် လက်မှတ်ထိုးပေးလိုက် ၊ သဘောမတူရင် မထိုးလည်း နေလို့ရတာပဲ။ ထိုးပါ မထိုးပါနဲ့လို့ လုံးဝ အကြံမပေးခဲ့ပါဘူး။

ညနေပိုင်း ကျွန်တော်တို့ ပုလဲမြို့ပေါ်မှာ ဟောတော့ NLD က ကျောင်းဆရာထွက် ဦးလေးကြီး လာပါတယ်။ နောင်တော်လေးရေ မင်းတို့ပွဲ မိုးမချုပ်စေနဲ့ ပြဿနာ တက်နိုင်တယ်လို့ လာသတိပေးတယ်။ သူကိုလည်း ပြောပြလိုက်ပါတယ်။ ဦးလေးတို့ ပွဲဖျက်တဲ့အလုပ် လိုက်လုပ်တယ်ဆိုတာ ကောင်းတာ မဟုတ်ဘူး။ ကျွန်တော်တို့က မဟောရလည်း ဘာမှမဖြစ်ဘူး။ ပွဲဖျက်တာ NLD ပါဆိုရင် ခင်ဗျားတို့ Image ကို အများကြီး ထိခိုက်တယ်လို့ ပြောပြတယ်။ အေးပါတဲ့။ ဇော်ဖုန်းမြင့် လိုက်လုပ်နေတာ ကျွန်တော်တို့ သိပါတယ်လို့ ပြောပြတော့ ဟုတ်ပါဘူးကွာ ။ မှတ်တမ်းလိုက်ယူတာပါတဲ့။

ဇော်ဖုန်းမြင့်ခမျာမှာ ကျွန်တော်တို့ကို သိသိကြီးနဲ့ သူ့ဒေါသနဲ့သူ နှုတ်တောင် မဆက်ရဲပါဘူး။ ဗွီဒီယို ရိုက်တာတောင် ခိုးကြောင့်ခိုးဝှက် ရိုက်နေပါတယ်။ ကျွန်တော်တို့က မရိုက်နဲ့လို့လည်း မတားပါဘူး။ အဲဒီည ဟောပြောပွဲအပြီးမှာ ပုလဲမြို့ပေါ်က ကျူရှင်ဆရာ NLD ဥက္ကဌဆိုလား ဘာဆိုလားပေါ့ဗျာ။ မေးခွန်းမေးမြန်းခြင်း အစီအစဉ်မပါပေမယ့် ဦးနေမျိုးဝေက မေးချင်တဲ့သူ ရှိရင် မေးပါစေ ။ မေးခွန်း(၃)ခွန်းလောက် ခွင့်ပြုလိုက်ပါ ဆိုတော့ အဲဒီကောင် ရောက်လာတယ်။ ကျွန်တော်တို့ လုပ်နေတာကပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ညှိနေသလို လာပြောသွားပါတယ်။ အဲဒီလို မညှိအောင် ပြုပြင်ဖို့ ဦးနေမျိုးဝေလုပ်ဆောင်ပါတဲ့။ အဲဒီ ပုဒ်မနဲ့အညီ ကုရ်အာန်ကျမ်းကို တားမြစ်ဖို့ လုပ်ဆောင်နေတာပါလို့ ဦးနေမျိုးဝေ အဖြေပေးခြင်း မပြီးဆုံးမှီမှာပဲ ကျူရှင် ဆရာလစ်သွားပါတယ်။

နောက်နေ့ ကျွန်တော်တို့ ကံပေါက်ကျေးရွာကို သွားပါတယ်။ ဆရာတော် ဦးကုဝေရရဲ့ နယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်ပိတ် NLD လေးတွေ အားကောင်းနေတဲ့ အခါကြတော့ အတိုက်အခိုက်လေးတွေ ဖြစ်ပါတယ်။ ပါတီပေါင်း (၆၀)လောက် ရှိတဲ့အထဲမှာမှ ဒီတစ်ပါတီသာ လိုက်ဖျက်နေတယ်ဆိုတော့ စဉ်းစားစရာပဲနော်။မနက်ပိုင်းကျွန်တော်တို့လာမယ့်လမ်းမှာ NLD ပါတီဝင်တွေဟာ ထမီကို အလံထောင်ထားတယ်။ ဆရာတော် ဦးကုဝေရလည်း အတော်ကို စိတ်ပျက်သွားပုံရတယ်။ ကျွန်တော်တို့ လုပ်နေတာက အစ္စလာမ်းမစ်အန္တရာယ် ၊ ကျွန်တော်တို့ကို လိုက်ဖျက်နေတာက NLD / အိုးက မပူ စလောင်းက ပူနေတဲ့ အဖျက်သမားတွေ ၊ ထမီးအလံထောင်တဲ့ ကောင်တွေကို ရှုံချပါကြောင်း ကျွန်တော်တောင် အသံကုန် ဟစ်ခဲ့ပါသေးတယ်။

ကျွန်တော်ပြောခဲ့ပါသေးတယ်။ နိုင်ငံရေးသမားဆိုတာ သဘောထားကြီးရတယ်လို့ ။ ကျွန်တော့် အဖေဟာ အတိုက်အခံ နိုင်ငံရေးသမားတွေအပေါ် ဘယ်လောက် သဘောထားကြီးခဲ့တယ်ဆိုတဲ့ သာဓကကိုပါ ထုတ်ပြောခဲ့တယ်။ ဒါပေမယ့် NLD က လက်ကိုင်တုတ် တစ်ဖက်ပိတ် ၊ ပုဂ္ဂိုလ်စွဲ ၀ါဒီလေးတွေက နားမလည် ရှာပါဘူး။

ကိုသီရိ ဟောပြောနေချိန်မှာ ဇော်ဖုန်းမြင့် အထဲကို ရောက်လာပြီး ပွဲစီစဉ်သူ ကိုဥာဏ် ကို ဓာတ်ပုံရိုက် သတဲ့။ ကိုဥာဏ်က ရိုက်စရာ မလိုဘူးလို့ ပြောတော့ အခြေအတင်ဖြစ်နေတာကို ကျွန်တော်က မြင်တယ်။ ဒါနဲ့ ဦးနေမျိုးဝေကို လက်တို့ပြီး ဇော်ဖုန်းမြင့် ဆီကို ခေါ်သွားတယ်။ ဇော်ဖုန်းမြင့် ဓာတ်ပုံရိုက်တာကို ရိုက်စရာ မလိုဘူး ဆိုပြီး ကိုဥာဏ်က တားတဲ့အပြစ်။ အဲဒါနဲ့ ဦးနေမျိုးဝေက ဇော်ဖုန်းမြင့်ကိုပါခေါ်ပြီး မင်းသိပ်ရိုက်ချင်လား ရိုက်စမ်းဆိုပြီး ရိုက်ခိုင်းလိုက်တာ။ ဇော်ဖုန်းမြင့်ရဲ့ ဆရာလို့ပဲ ဆိုပါတော့ဗျာ။ အခြေအတင်ဖြစ်မှာ စိုးလို့ ထင်ပါရဲ့ အထဲဝင်လာတယ်။ သူ့ပါတွဲရိုက်ပစ်လိုက်တယ်။

ဒီဗွီဘီကို ပို့တဲ့ သတင်းထဲက သုံးယောက်တွဲ ဓာတ်ပုံဟာ ဇော်ဖုန်းမြင့် ရိုက်ပါစေဆိုပြီး ရိုက်ခိုင်းလိုက်တာပါ။ သူက ဒီဗွီဘီကို ပို့ပြီး လှော်တယ်ဆိုတော့ သူ့အတွက် သတင်းပို့ခလေးတော့ ရတာပေါ့။ လက်ပံတောင်းကိစ္စမှာကတည်းက သူတို့လေးတွေမီဒီယာတစ်ပိုင်း နိုင်ငံရေးသမားလေးတွေ ဖစ်နေကြတာ။လုပ်စားတတ်နေကြပြီလေ။ ဆူပူအောင်လုပ်ပြီး သတင်းပို့ . . . သတင်းဖြစ်မှာ အကျိုးအမြတ်ရှိမှာကိုး။ တိုင်းပြည် အရေး သိလွန်းလို့တော့ မဟုတ်ပါဘူး။ လုပ်စားတတ်အောင် သင်ပေးထားကြတော့ လုပ်စားတာပေါ့ဗျာ။ ဒါလည်း မစို့မပို့နေမှာပါ။




ဟောပြောပွဲ မှာ ဦးနေမျိုးဝေက ဒီရွာမှာ နှစ်ခြမ်းကွဲနေမယ်ဆိုပြီး နိုင်ငံရေး သမိုင်းကြောင်းတွေကို ပြန်ရှင်းပြနေတယ်။ ရှင်းပြလို့မှ မပြီးသေးဘူး။ ပုလဲမြို့ပေါ်က ကျူရှင်ဆရာရဲ့ တပည့် တိုးဝေအောင်ဆိုတဲ့ အဝေးသင်တက်နေတဲ့ ကျောင်းသားလေးက မေးခွန်းမေးချင်လို့ပါတဲ့။

ဦးနေမျိုးဝေ ဘယ်ဘာသာကို ကိုးကွယ်ပါသလဲဆိုတာ သူ့အမေးချင်ဆုံး မေးခွန်း ၊ ပွဲပြီးတော့ သူ့ကိုမေးခွင့်ပြုလိုက်တယ်။ ကျူရှင်စရာ မေးတဲ့မေးခွန်းတွေပဲ ထပ်မေးတယ်။ သန္တိသုခ ကျောင်းတော်ကြီးကိစ္စမေးတော့လည်း သံဃာ့ကိစ္စဖြစ်တဲ့အတွက် သံဃာတော်တွေ ရှင်းလိုက်မယ်လို့ ပြောလိုက်တယ်။

ရွှေဝါရောင် အရေးအခင်းအကြောင်းမေးတယ်။ အဲဒီတုန်းက အသတ်ခံရတဲ့ သံဃာတော်တွေပုံကို ဘာလို့ မထည့်တာလဲလို့ မေးပါတယ်။ ကျွန်တော်တို့ လုပ်နေတာက အစ္စလာမ်းမစ်အစွန်းရောက် အန္တရာယ် သူတို့ဖြစ်စေချင်တာက။ သူရဲ့ မေးခွန်းတိုင်းအတွက် အဖြေက ရှိပြီးသားပါ။ မကြားဝံ့မနာသာတွေ ဖြစ်ကုန်မှာ စိုးလို့ မပြောခဲ့တာတွေကို အ

From : .. 7day  သူရဘွဲ့နှင့် သူရဲ ကောင်းမှတ်တမ်းဝင်များပေးစရာ မလို၊ သစ္စာလေးချက်ပြင်ရန်လို အပ်ဟု ပြောမိခဲ့သည့် စကားများ နှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီး  ဦးအောင်မင်းက တပ်မတော် သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကိုယ်စားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။ ၁၉၇၃ ခုနှစ် တိုက်ပွဲဖြစ် စဉ်တစ်ခုတွင် ကျဆုံးနှင့် ဒဏ်ရာ ရစစ်သားများကို စွန့်စားကယ် တင်နိုင်ခဲ့သည့် ဆောင်ရွက်မှု ကြောင့် သူရဲကောင်းမှတ်တမ်းဝင် အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ဗိုလ်ချုပ်(ဟောင်း)၊ သမ္မတရုံးဝန် ကြီးဦးအောင်မင်းက UMFCCI တွင် ပြုလုပ်ပွဲတစ်ခု၌ ‘‘ကိုယ့်အ ချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအ တွက် သူရဘွဲ့တွေ၊ သီဟသူရဘွဲ့ တွေ ပေးစရာမလိုဘူး’’ဟု ပြော ကြားခဲ့သည်။ အဆိုပါသတင်းကို သတင်း စာစောင်အချို့က ဖော်ပြခဲ့သည့် အတွက် တပ်မတော်သားနှင့် စစ် မှုထမ်းဟောင်းများက ဦးအောင် မင်းအပေါ် အပြင်းအထန် ကန့် ကွက်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြ သည်။ အဓိကအားဖြင့် လူမှုကွန် ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာသုံးစွဲ ကြသည့် တပ်မတော်သားများစွာ နှင့် စစ်မှုထမ်းဟောင်းကြီးများက ဦးအောင်မင်း၏ ပြောကြားချက် ကို သည်းမခံနိုင်စရာဖြစ်ရပ်တစ်ခု အဖြစ် သတ်မှတ်၍ နေ့စဉ်ရက် ဆက်ထိုးနှက်ဝေဖန်မှုများ ပြင်း ထန်ခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ သမ္မတ ရုံး ၀န်ကြီးဦးအောင်မင်းက မိမိ၏ ပြောစကားအတွက် တပ်မတော် သားများနှင့် စစ်မှုထမ်းဟောင်း များအားလုံးကို တောင်းပန်လိုက် ခြင်းဖြစ်သည်။ ဦးအောင်မင်း ကိုယ်တိုင် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ သွားရောက်၍ ဇွန် ၁၇ ရက်တွင် တောင်းပန်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။ ‘‘အဲဒီနေ့က မီဒီယာတစ်ဦး က မေးတယ်။ သမိုင်းကြောင်း တစ်လျှောက် နှစ်ဖက်ကျဆုံး သွားခဲ့တဲ့ စစ်သည်များ၊ တိုင်းရင်း သားလက်နက်ကိုင်များရဲ့ အရေ အတွက်ကို ကိန်းဂဏန်းနဲ့ ဖော်ပြ ပေးပါလို့ တောင်းဆိုလာပါတယ်။ ဒါကြောင့်ဒီစကားကိုပြောခဲ့ရတာ ပါ။ ဒါ့အပြင်အိန္ဒိယနိုင်ငံ အင်ဖာ မှာရှိတဲ့ သူရဲကောင်းစစ်သည် ဗိမာန်မှာ ကိန်းဂဏန်းတွေမရေး ထားဘဲ စာကြောင်းလေး တစ် ကြောင်း ရေးထားတာကိုလည်း ပြောပြခဲ့ပါတယ်။ အဲဒါကတော့ မင်းတို့တွေ အိမ်ပြန်သွားကြရင် တစ်ခွန်း သူ့ကိုပြောလိုက်ပါ။ မျိုး ဆက်သစ်တွေအတွက် မနက် ဖြန်တွေရှိနေစေဖို့ ငါတို့တစ်တွေ ဒီနေ့မှာ ပေးဆပ်ခဲ့ပါပြီဆိုတာပါ ပဲ။ ခေတ်စနစ်တွေ ပြောင်းလဲနေ ပါပြီ။ ကျည်တစ်တောင့်မှ မကုန် ဘဲ ငြိမ်းချမ်းရေးရရင် ပိုမကောင်း ဘူးလား’’ဟု ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်းက အဆိုပါကိစ္စ နှင့် ပတ်သက်၍ 7 Day Daily အားရှင်းပြသည်။ ဦးအောင်မင်းတောင်းပန်မှု အပေါ် တပ်မတော်အငြိမ်းစား အရာရှိကြီးတစ်ဦးက ‘‘လူဆိုတာ တော့ ဘယ်သူဖြစ်ဖြစ်မှားတတ် တယ်။ ဒီလိုပြောခဲ့တဲ့အမှားက တပ်မတော်တစ်ရပ်လုံးအတွက် ရင်ထဲမှာ မခံစားစေချင်ဘူး။ ယောက်ျားပီပီ၊ စစ်သားပီပီ ကိုယ့် အမှားကိုယ် ရဲရဲဝံ့ဝံ့ဝန်ခံသွားတဲ့ အတွက် ဘာပဲပြောပြောကျေနပ် တယ်။ နောက်ထပ်လည်း ဒီလို မျိုးထိလွယ်ရှလွယ်ကာလကြီးမှာ တပ်အတွင်းမှာတင်ကို အမြင် စောင်းသွားနိုင်တဲ့ အပြောမျိုးကို မဖြစ်စေချင်ဘူးလို့ ပြောချင်ပါ တယ်’’ ဟုမှတ်ချက်ပေးသည်။      အရပ်ဘက်တွင် တာဝန်ထမ်း  ဆောင်နေသည့် တပ်မတော် သားဟောင်း အရာရှိတစ်ဦးက လည်း ‘‘ပြန်ပြီး တောင်းပန်တယ် ဆိုရင်တော့ ကောင်းပါတယ်။ တပ်မတော်သားဆိုတာ ရဲဘော်ရဲဘက်တွေ အချင်းချင်းပိုပြီး ခင်တွယ်ပါတယ်။ ဒါမျိုးရဲဘော်ရဲဘက်ဆက်ဆံရေးက သာမန်သံယောဇဉ် မဟုတ်ပါဘူး။ သစ္စာဆိုတာတွေ၊ စွမ်းရည်ဘွဲ့ပေးတာ တွေရဲ့ နောက်ကွယ်မှာ လေးနက် တဲ့ အဓိပ္ပာယ်တွေ အများကြီးရှိပါ တယ်။ စစ်သားအိုကြီးတွေ ဘယ် တော့မှ မသေဘူး။ တဖြည်းဖြည်း ချင်းသာ မှေးမှိန်ပျောက်ကွယ် သွားလေ့ရှိပါတယ်ဆိုတဲ့ စကား လိုပါပဲ။ ၀န်ကြီးဦးအောင်မင်း အနေနဲ့ ဒီသံယောဇဉ်တွေ၊ ဒီ စိတ်ဓာတ်တွေရှိနေလို့လည်း အခု လိုပြန်ပြီး တောင်းပြန်တာဖြစ်ပါ လိမ့်မယ်။ အဲဒီအတွက်နားလည် နိုင်ပါတယ်’’ဟု ပြောသည်။ ဦးအောင်မင်းက ‘‘ကျွန် တော်တပ်မတော်သားတွေအပေါ် ဘယ်တော့မှ သစ္စာမဖောက်ဘူး။ နောက်လည်း ဖောက်မှာမဟုတ် ဘူး။ ကျွန်တော်အခု ဆောင်ရွက် နေတာ စစ်သားတွေ အကျိုးအ ပြတ်မဖြစ်စေဖို့၊ ရဲမေတွေ မုဆိုး မမဖြစ်စေဖို့ လုပ်နေတာပါ။ နိုင်ငံ တော်က တာဝန်ပေးနေတဲ့အချိန် ထိ ကျွန်တော်ဆက်လုပ်နေမှာပါ’’ ဟု ဆက်လက်ဖြေကြားသည်။ ..

Thursday, June 19, 2014

အောင်မင်းရေး

From : .. https://www.facebook.com/femalesoldiers


ဝန်ကြီးခင်ဗျာ..

ဇွန်လ ၇ ရက်နေ့ UNFCCI ခန်းမမှာ ပြောခဲ့တဲ့ ဝန်ကြီးရဲ့ နိဂုံးချုပ်အမှာစကားမှာ “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေ မပေးသင့်ဘူး… တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သေစ္စာကို စောင့်သိရိုသေပါမယ်..’ ဆိုတဲ့ အချက်ပါနေတယ်…  သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး.. ဒါကို ဖျောက်ဖျက်ဖို့လိုတယ်…” လို့ ဝန်ကြီးပြောခဲ့ပါတယ်။ ဝန်ကြီးရဲ့စကားက စစ်သား အားလုံးကို အသည်းတဆစ်ဆစ်နာကျင်စေပါတယ်။ လက်ရှိ စစ်မှုထမ်းတွေတင်မက စစ်မှုထမ်းဟောင်းတွေနဲ့ ကျဆုံးစစ်သည်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေ အတွက်လည်း ထပ်တူထပ်မျှ ခံစားရပါလိမ့်မယ်။

ငြိမ်းချမ်းရေးကို အလိုချင်ဆုံးလူသားက စစ်သားပါ။ စစ်ဖြစ်ပွဲတွေမဖြစ်စေချင်ဆုံးက စစ်သားမိသားစုတွေပါ။ ဝန်ကြီးနဲ့ ဝန်ကြီးမိသားစုထက် စစ်သားအားလုံးနဲ့ မိသားစုများက ငြိမ်းချမ်းရေး ပိုလိုချင်ပါတယ်။

လူတစ်ယောက် (သို့မဟုတ်) စစ်သား တစ်ယောက်ကို မေးကြည့်ပါ။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။ ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည် မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။ သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့ စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။ စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။ ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဘဝတုန်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂) ခါပို့ခဲ့တာပဲ မဟုတ်လား။

ဒီလိုချီးမြှင့်နေတာ မြန်မာ့တပ်မတော် တစ်ခုတည်း မဟုတ်ပါဘူး။ အမေရိကန်အပါအဝင် နိုင်ငံတိုင်းမှာ ပြည်တွင်းစစ်ပွဲအတွင်း ထူးထူးချွန်ချွန် စွန့်လွတ်စွန့်စား ခဲ့သူ စစ်သားအားလုံးကို အသိအမှတ်ပြု ဘွဲ့တံဆိပ်တွေ ချီးမြောက်ခဲ့တာ ကမ္ဘာ့သမိုင်းမှာ အများအပြားတွေ့နိုင်ပါတယ်။ ပြည်တင်းစစ်ရပ်စဲရေး ငြိမ်းချမ်းရေးလုပ်နေတဲ့ ဝန်ကြီးတစ်ယောက် အနေနဲ့ ကမ္ဘာတဝန်းက ပြည်တွင်းစစ် သမိုင်းကြောင်းတွေ လောက်ကို တော့ သိဖို့ကောင်းပါတယ်။ 

နောက်တစ်ခုက ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့စစ်ပွဲတွေနဲ့ အရင်ကဖြစ်ခဲ့တဲ့ စစ်ပွဲအားလုံးဟာ သစ္စာလေးချက်မှာ ဒုတိယ အချက်ဖြစ်တဲ့ ကျဆုံး တပ်မတော်သားတွေရဲ့ သစ္စာကို စောင့်သိလို့ ဖြစ်နေတာ မဟုတ်ပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပါအပါအဝင် ဘယ်ဗိုလ်ချုပ်ကြီးတွေကမှ ကျဆုံး တပ်မတော်သားတွေ အတွက် စစ်တိုက်ရမယ်လို့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောဆိုခဲ့တာမျိး မြန်မာ့သမိုင်းမှာ မရှိခဲ့ဖူးပါဘူး။ ရုပ်ပျက်ဆင်းပျက်သေခဲ့ရတဲ့ စစ်သားပုံတွေ တပ်တွေမှာ ချိတ်ပြပြီး သွေးဆူအောင်လုပ်ဖို့ ဘယ်ဗိုလ်ချုပ်ကြီးတွေကမှ မညွန်ကြားခဲ့ဖူးပါဘူး။

တခြားနိုင်ငံတွေမှာ သေဆုံးစစ်သည်တွေ အတွက် စစ်သချိင်္ုင်းရှိပါတယ်။ မော်ကွန်းကျောက်စာတွေ ထိုးထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်သားတွေသေရင် အဆင်ပြေတဲ့နေရာ မြုပ်ရပါတယ်။ တခြားနိုင်ငံမှာ စစ်သားအလောင်းကို လက်တဖက်၊ ခြေတဖက်မကျန် ပြန်ကောက်ပါတယ်။ ပြည်ပက စစ်သားအ လောင်းတောင် လေယာဉ်နဲ့ ပြန်သယ်ပါတယ်။ မြန်မာနိုင်မှာ တောထဲတင် ဖြစ်သလိုမြုပ်လိုက်ရတဲ့ စစ်သားအ လောင်းတွေ မရေမတွက်နိုင်အောင်ရှိပါတယ်။ အသက်စွန့်လွတ်သွားတဲ့ စစ်သားတွေအတွက်၊ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် အစိုးရ ဘာလုပ်ပေးနိုင်ပါသလဲ? ဝန်ကြီးတို့ ဘာလုပ်ပေးနိုင်ပါသလဲ? ဘာမှ လုပ်မပေးနိုင်ပါဘူး။ တပ်မတော်ကလည်း  ကျဆုံးစစ်သည်တွေရဲ့ သစ္စာကို စောင့်သိရိုသေတာကလွဲပြီး ဘာမှလုပ်ပေးပိုင်ခွင့်မရှိပါဘူး။ ဝန်ကြီးရဲ့စကားက သွေးစိမ်းရှင်ရှင်ပန်းထွက်ပြီး သေခဲ့ရတဲ့ စစ်သားတွေနဲ့ ကျန်ရစ်သူမိသားစုတွေသာမက သစ္စာဆိုခဲ့ဖူးသူအားလုံးကို စော်ကားနေပါတယ်။ ဝန်ကြီးပြောသလိုဆိုရင် သမိုင်းတလျှောက် ဗကပ အပါအဝင် ပြည်တွင်းသောင်းကျန်းသူမှန်သမျှ ကိုတိုက်ခိုက်ရင်း ရှေးက အသက်ပေးသွားကြတဲ့ စွမ်းရည် ဘွဲ့တွေ ရခဲ့တဲ့ တပ်မတော်သားတွေကို သစ္စာဖောက်တာပါပဲ။ ဒီကနေ့ ဝန်ကြီး ဦးအောင်မင်း ဆိုပြီး ဒီလိုပြောနိုင်တာ၊ ဒီလိုနေနိုင်စားနိုင်တာ အဲဒီ အသက်ပေးသွားတဲ့ တပ်မတော်သားတွေကြောင့်၊ လက်ရှိ သစ္စာစောင့်သိနေတဲ့ တပ်မတော် သားတွေကြောင့် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

ဗိုလ်ချုပ်ဟောင်း တစ်ဦးကို အခုလိုပြောရတာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ဗိုလ်ချုပ်ဟောင်းက ဇီးသီးသည်မဗျိုင်းဖြစ်နေတော့ ဆက်ပြောရပါအုံးမယ်။ ဝန်ကြီးကို ဒီနေ့ ဒီနေရာရောက်အောင် ပုခုံးနဲ့ ထမ်းတင်ပေးခဲ့တာလည်း ဒီစစ်သားတွေဖြစ်ပါတယ်။ တစ်ချိန်က ဗိုလ်အောင်မင်းအသက်ကို ကာကွယ်ဖို့ နေ့မအိပ်ညမအိပ် စောက်ရှောက်ခဲ့တာလည်း ဒီစစ်သားတွေပါ။ ကုန်ကုန်ပြောရရင် လက်ပံတောင်းမှာ တရုတ်ကိုကြောက်ရပါတယ် ဆိုတဲ့စကား နာမည်ကြီးတုန်းကလည်း စစ်သားတွေကပဲ အင်တာနက် စာမျက်နှာများမှာ ၀န်ကြီးအတွက် အမုန်းခံ ဖာထေးပေးခဲ့ရသလို ဝန်ကြီးသမီး နဲ့ ရဲလေး မင်္ဂလာဆောင်ချိန် ထွက်လာတဲ့ သတင်းတွေကိုလည်း ဒီစစ်သားတွေကပဲ ကာပေးခဲ့ရတာပါ။

ဝန်ကြီးအနေနဲ့ သစ္စာလေးချက်ကို ပြင်ဖို့ ပြောနေတာ ၂၀၁၃ ကတည်းကပါ။ စစ်တပ်က အငြိမ်းစားယူသွားလို့ စစ်သားတွေအပေါ် ကိုယ်တိုင် သစ္စာမစောင့်သိချင်နေပါ သစ္စာဆူးစေမယ့် စကားမျိုးကို ကိုယ်တိုင်စိတ်ပါ၍ သော်လည်းကောင်း၊ တပါးသူ တိုက်တွန်း၍ သော်မလည်းကောင်း မပြောမိဖို့ ကြိုးစားပါ။ ဝန်ကြီးရဲ့ သစ္စာမဲ့မူတွေက ဝန်ကြီးအတွက်တင်မကပဲ ဝန်ကြီးကို အနားခေါ်ထားတဲ့ သမ္မတဦးသိန်းစိန် အတွက်ပါ တပ်မတော်တစ်ခုလုံးရဲ့ လေးစားထောက်ခံမှုတွေ လျှော့ကျသွားမှာကို သတိပြုစေချင်ပါတယ်။

လေးစားစွာဖြင့်
ဗိုလ်ကြီး နိုင်မင်းအောင်

.

 ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် သမ္မတကြီး အားထားရသူတွေထဲမှာပါသော ၀န်ကြီးဦးအောင်မင်းက   UNFCCI တွင် ပြောကြားသွားခဲ့သော နိဂုံးချုပ်အမှာစကားနှင့်ပါတ်သက်ပြီး   တပ်မတော်အသိုင်းအ၀ိုင်း တစ်ခုလုံးမှ မကျေမနပ်ဖြစ်နေကြောင်းသိရသည်။ UNFCCI ၏ နိဂုံးချုပ်အစည်းအဝေးတွင် ၀န်ကြီးဦးအောင်မင်းမှ တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမယ်..’ ဆိုတဲ့ အချက်ပါနေတယ်…  သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး နောက်တစ်ခုက “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေ မပေးသင့်ဘူး… .. ဒါကို ဖျောက်ဖျက်ဖို့လိုတယ်…” လို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ ၀န်ကြီးပြောခဲ့သော စကားနှင့်ပါတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင်လည်း အငြင်းပွားနေကြပြီး မီဒီယာသမားများမှ တမင်ရေးလိုက်သလား၊ ၀န်ကြီးက တကယ်ပဲ ပြောခဲ့သလားဟု ဝေခွဲမရဖြစ်နေသူများရှိနေသလို ၀န်ကြီးဦးအောင်မင်းသာ အမှန်တကယ်ပြောခဲ့ခြင်းဖြစ်ပါက လုံးဝ လက်သင့်ခံနိုင်စရာအကြောင်းမရှိဟု တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြောဆိုသည်။ ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒါက တပ်မတော်ကို ခုတုံးလုပ်ပြီးတော့ သူနာမည်ကြီးအောင် လူကြိုက်များအောင် ပြောတဲ့စကားပဲ၊ သူလဲ တပ်မတော်သားဘ၀က တက်လာတာ။ ဒီတပ်မတော်သားတွေကပဲ လုပ်ကျွေးလာခဲ့တာ၊ သူ့ကို တွန်းတင်ပေးလာခဲ့တာ။ ရှေ့တန်းမှာဖြစ်ဖ်ြစ သူလူကြီးဖြစ်တဲ့အခါပဲဖြစ်ဖြစ် နေပူမိုးရွာမရှောင် လုံခြုံရေးတာဝန်တွေကို ယူပေးခဲ့ရတာ။ ဒါကနိုင်ငံနဲ့ချီပြီးမပြောသေးဘူး။ သူ့တစ်ယောက်ထဲအတွက်တင် တပ်မတော်သားတွေ လုပ်ပေးခဲ့တာကို ပြောနေတာ။ ဒါတွေအားလုံးကို မေ့သွားပြီး ကိုယ်ကျင်လည်ကျက်စားခဲ့ရတဲ့ ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ရဲဘော်ရဲဘက်စိတ်မရှိစွာနဲ့ ခုလိုမျိုးပြောခဲ့တာတော့ လုံးဝမကောင်းဘူး။ ဘ၀မမေ့သင့်ဘူး ဟု အထက်ပါအရာရှိမှ ဆက်လက်ပြောဆိုသည်။ ဘယ်သူမဆို မေးကြည့်ပါ ကြိုက်တဲ့လူကို မေးကြည့်လို့ရပါတယ်။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။ ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည် မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။ သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့ စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။ စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။ ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဘဝတုန်းက တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂) ခါပို့ခဲ့တာပဲ မဟုတ်လားဟု တပ်မတော်သားတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတစ်ခုတွင် ဝေဖန်ခဲ့သည်။ ၀န်ကြီးဦးအောင်မင်း ထိုကဲ့သို့ ပြောဆိုခဲ့သည်မှာ ယခုချိန်မှမဟုတ်ဘဲ လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း အလားတူပြောဆိုခဲ့ဖူးသည်။ ငြိမ်းချမ်းရေးစင်တာတွင် တာဝန်ရှိသူတစ်ယောက်အနေဖြင့် တပ်မတော်အပေါ် ဤမျှအထိ ပြောဆို စော်ကားခဲ့ခြင်းမှာ လုံးဝမဖြစ်သင့်ဘဲ အထူးသဖြင့် ယခုကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အရေး ဆွေးနွေးနေသည့်ကာလများတွင် ပိုမိုဆင်ခြင်သင့်သည်။ တကယ်တော့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ဆုံးသူက စစ်သားတွေပဲ၊ ရှေ့တန်းမှာ ခြေပြတ်လက်ပြတ်ဖြစ်တာတွေ၊ မြို့ပြ ပြည်ရွာ ပျက်စီးတာတွေကို မမြင်ချင်ဆုံးသူတွေက စစ်သားတွေပဲဖြစ်မယ် ဆိုတာကတော့ တပ်မတော်သားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ မသိတော့ဘူးဆိုရင်လည်း ကိုယ့်နဖူးကိုယ် တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်လိုက်ပါတော့လို့သာ ပြောလိုက်ချင်တယ် တကယ်...သတင်းကြားကြားချင်း သူလိုလူတစ်ယောက်က ဒီလိုမျိုးပြောတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူးဟု တပ်မတော်တွင် အနှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် ညွန်ကြားရေးမှူးတစ်ဦးမှလည်း ရင်ဖွင့်ပြောဆိုခဲ့သည်။ လူဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်။ တာဝန်မယူနိုင်ဘဲ မပြောတာ အကောင်းဆုံးပဲ။ အခုဦးအောင်မင်းပြောလိုက်တာဟာ တို့ တပ်မတော်တစ်ခုလုံးကို စော်ကားလိုက်တာပဲ ၊ တပ်မတော်တစ်ခုလုံးကို စော်ကားလိုက်ရုံတင်မကဘူး ကျဆုံးလေပြီးတဲ့ တပ်မတော်သားအပေါင်းကိုလည်း စော်ကားလိုက်တာပဲလို့ ခံစားရတယ်၊ ဦးအောင်မင်းအနေနဲ့ သူပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူဖြေရှင်းသင့်တယ်။ သူလည်း စစ်တပ်ကထွက်သွားတဲ့လူတစ်ယောက်ပဲ၊ တပ်မတော်ကျေးဇူးတွေအများကြီးပါ ၊ အခြားတစ်ဖက်မှာလည်း ဦးအောင်မင်းက သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့အတွက် သမ္မတကြီးအနေနဲ့လည်း သူ့လက်အောက်ကလူတွေ နောက်နောင်ဒီလိုမျိုး  လက်လွတ်စပါယ်ပြောဆိုတာမျိုးတွေ မဖြစ်ရအောင် ၀င်ရောက်ထိန်းသိမ်းသင့်တယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း သွယ်ဝိုက်သက်ဆိုင်နေတယ်၊ သမ္မတကြီး  သဘောထားကရော ဒီလိုပဲရှိလို့ ၀န်ကြီးက ဒီစကားပြောရတာလားဆိုတာကလည်း စဉ်းစားစရာဟု တပ်မတော်အရာရှိကြီး တစ်ဦးမှ မှတ်ချက်ပြုခဲ့သည်။ အလားတူ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် စွမ်းရည် ဘွဲ့ ဆိုတာ ဘာလဲ ရှေ့ တန်း စစ်မြေပြင်မှာ …ဒါမှမဟုတ် အခြေအနေတစ်ခုမှာ ကိုယ့် အသက်ကို ပဓာန မထားဘဲ တိုင်းပြည် အတွက် တာဝန် နှင့် ဝတ္တရားအတွက် မိမိ ရဲဘော် ရဲဘက်များ အတွက် လူသာမန်တို့  လုပ်နိုင်ခဲတဲ့  ရဲဝံ့ စွန့် စားမှုမျိုးကို အံသြဘနန်း လုပ်ဆောင်သွားတဲ့ သူတွေကို ပေးအပ် ချီးမြှင့်တဲ့  ဘွဲ့ ထူးဂုဏ်ထူးတွေ ဖြစ်တယ်။ ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင်တော့ …စွမ်းရည်ဘွဲ့ တွေဟာ … လူတစ်ဦးချင်းရဲ့  ရဲစွမ်းသတ္တိ နဲ့  ပြည့်စုံတဲ့  …စွမ်းဆောင်မှု လုပ်ရပ်တွေအပေါ် မူတည်ပြီး … ဘွဲ့ တံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ် …ဘယ်မှာ မို့ လို့  … ညာမှာ မို့ လို့ ဆိုတဲ့  ကိစ္စတွေ နဲ့  မဆိုင်ပါဘူး … ဥပမာပြောရရင် … ဒီနှစ် သီဟသူရဘွဲ့ ရရှိသွားတဲ့ ဆရာအောင်သိန်းဟာ … ရန်သူ့ လက်ပစ်ဗုံး ပေါ်ကို …သူ့ ရင်ဘတ် နဲ့  ၀မ်းလျှားဝင်မှောက်ပြစ်လိုက်ပြီး … ကျန်တဲ့ အရာရှိ စစ်သည် ...သူ့  ရဲဘော်ရဲဘက်တွေ မထိခိုက်စေဖို့ … သူ့ အသက်ကို စွန့် သွားခဲ့ပါတယ် … ကောင်းပါပြီ …..ဒီလက်ပစ်ဗုံးဟာ ကေအိုင်အေ ကပစ်တဲ့  လက်ပစ်ဗုံးမို့ လို့  ဆရာအောင်သိန်း ဒီလို လုပ်တာလား … ?ကေအန်ယူ က ပစ်ရင်ရော ဒီလို မလုပ်တော့ဘူးလား …? ဘင်္ဂလားဒေ့ရှ် က ပစ်တဲ့  လက်ပစ်ဗုံး ဆိုရင်ရော ….? တရုတ် က ပစ်တာ ဆိုရင် ရော …? ဆရာအောင်သိန်း ရဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့ က ပစ်တဲ့  လက်ပစ်ဗုံးမှ ၀င်မှောက်မယ် …. ကျန်တဲ့ သူ ပစ်တာဆို သူ ဒီလိုမလုပ်ဘူးလို့  ဆုံးဖြတ်ထားပါ့မလား… ??? ဒါ ဦးနှောက်ရှိတဲ့ သူတိုင်း …စဉ်းစားတတ်တဲ့  ကိစ္စပါ …. ပြည်တွင်းစစ် ပဲ ဖြစ်ဖြစ် …ပြည်ပ စစ်ပဲ ဖြစ်ဖြစ် … စစ်သားတွေကတော့ ….သူ့ တာဝန်ကို သူ ကျေအောင် ထမ်းဆောင်မှာပါပဲ …. ဒီလို တာဝန်ထမ်းဆောင်တဲ့  နေရာမှာ …အသက်ကို ပဓာန မထားပဲ …. သူရသတ္တိအပြည့်  နဲ့ ရဲ ၀ံ့ စွန့် စားစွာ…တာဝန် ထမ်းဆောင်တဲ့ သူတွေကို လဲ စွမ်းရည်ဘွဲ့ တွေ ချီးမြှင့်ပေးရမှာ ဓမ္မတာပါပဲ … ဒါကို ပြည်တွင်းစစ်မို့ လို့  ....ပြည်ပစစ် မဟုတ်လို့  .... စွမ်းရည်ဘွဲ့ မချီးမြှင့်သင့်ဘူးပြောတဲ့  သူဟာ ...ခေါင်းထဲမှာ ဦးနှောက် မရှိပဲ ..... ဘာရှိနေသလဲ ဆိုတာကို ....စဉ်းစားလို့ မရနိုင်အောင်ပဲ ဖြစ်ရပါတယ် ... တည့် ပြောရရင် ...စစ်သား လုပ်ခဲ့ပြီး ... အမေရိကန် ပြည်တွင်းစစ်ကာလမှာ ....ရဲစွမ်းသတ္တိ ဆုတံဆိပ်ပေါင်း ... ၁၅၂၂ ခု ချီးမြင့်ခဲ့တယ် ဆိုတာတောင် မသိတဲ့  ....စစ်သားဟောင်း ၀န်ကြီး အတွက် .... စစ်သမိုင်းပြတိုက် နောက်ဖေးမှာ ...နောင်လာနောက်သားတွေ သိအောင် ... အမှားသရုပ်ပြ ကျောက်ရုပ်ထုပြီး ဂုဏ်ပြုသင့်ပါတယ် ...။ တစ်လက်စတည်း ဆက်ပြောရရင် .... တပ်မတော်သားတွေ နေ့ စဉ်ဆိုရတဲ့  …. သစ္စာဓိဋ္ဌာန် လေးချက်ထဲက ဒုတိယအချက် ဟာ … ငါတို့ သည် …. ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို … စောင့်သိရိုသေပါမည် … ဆိုတဲ့ အချက် ဖြစ်ပါတယ် … ကောင်းပါပြီ …. သစ္စာဆိုတာ ဘာလဲ …. သစ္စာဆိုတာကို ... အားလုံးနားလည်အောင် အဓိပ္ပာယ်ဖွင့်ရင် … မှန်သော ၊ စောင့်ထိန်းအပ်သော တရား လို့  … အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ် …. ငါတို့ သည် …. ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို …. စောင့်သိရိုသေပါမည်ဆိုတဲ့  စကားဟာ တိုင်းပြည် နဲ့  တပ်မတော် အပေါ် .... ထားရှိတဲ့ သစ္စာကို မဖောက်ဖျက်ဘဲ အသက်ကိုသာ အသေခံသွားကြတဲ့ …. ခေတ်အဆက်ဆက်က တပ်မတော်သားတွေရဲ့  သစ္စာတရားကို …. လေးစားပါမယ် ထောက်ထားပါမယ် ရိုသေပါမယ် သူတို့ နည်းတူ … တိုင်းပြည် နဲ့  တပ်မတော် အပေါ် သစ္စာရှိပါမယ်လို့  ဆိုလိုတာ ဖြစ်ပါတယ် … ဒီစကားဟာ ဘာ မှားပါသလဲ …. စစ်သားဟာ ….တာဝန် နဲ့  ၀တ္တရားကို အမြဲ ဦးစားပေးရပါတယ် … ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ် …ပြည်ပစစ်ပဲ ဖြစ်ဖြစ် …ကေအိုင်အေ ပဲ ဖြစ်ဖြစ် …. ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ဖြစ် ….အမိန့် ပေးရင်တော့ သွားတိုက်ရမှာပါပဲ … စစ်သားတွေဟာ …တိုင်းပြည် အပေါ် ….တပ်မတော် အပေါ် သစ္စာမရှိရဘူးလား… အမိန့် နဲ့  တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး ....အသက်ပေးသွားကြတဲ့  ….. ခေတ်အဆက်ဆက်က ....တပ်မတော်သားတွေရဲ့ သစ္စာတရားကို …. မလေးစားရဘူးလား …မရိုသေရဘူးလား…. ဒါ ကချင်စစ်နဲ့  ဘာဆိုင်လဲ …ဒါ ပြည်တွင်းစစ် နဲ့  ဘာဆိုင်သလဲ …. မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့  ခေါက်ရင်တော့ …. ခင်ဗျား ဇာတ်ထဲမှာသာ …၀န်ကြီး သွားလုပ်ပါတော့ လို့  … တပ်မတော်သား အားလုံးကိုယ်စား ပြောလိုက်ချင်ပါတာ့တယ်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာတော့ ၀န်ကြီးဦးအောင်မင်းပြောခဲ့သော စကားအပေါ် တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံးမှ ပြင်းထန်စွာ အမျက်ထွက်လျက်ရှိပြီး ထိုစကားအား ၀န်ကြီးဦးအောင်မင်းအနေဖြင့် အမှန်တကယ်ပြောခဲ့သလား၊ ပြောခဲ့သည်ဆိုလျှင် ၀န်ကြီးအနေဖြင့်  ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းနှင့်တကွ တပ်မတော်တစ်ရပ်လုံးအပေါ် ၄င်းစော်ကားခဲ့သော စကားနှင့်ပတ်သက်၍ မည်သို့မည်ပုံ တောင်းပန် ဖြေရှင်းမည်၊ မဖြေရှင်းပဲ ရေငုံနှုတ်ပိတ်နေမည်လား ဆိုသည်ကတော့  အသေအချာ စောင့်ကြည့်ရတော့မည်မှာ အမှန်ပင်ဖြစ်သည်။



ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံတော် သမ္မတကြီး အားထားရသူတွေထဲမှာပါသော ၀န်ကြီးဦးအောင်မင်းက   UNFCCI တွင် ပြောကြားသွားခဲ့သော နိဂုံးချုပ်အမှာစကားနှင့်ပါတ်သက်ပြီး   တပ်မတော်အသိုင်းအ၀ိုင်း တစ်ခုလုံးမှ မကျေမနပ်ဖြစ်နေကြောင်းသိရသည်။

UNFCCI ၏ နိဂုံးချုပ်အစည်းအဝေးတွင် ၀န်ကြီးဦးအောင်မင်းမှ တပ်မတော်က သစ္စာဆိုတဲ့အထဲမှာ အဓိကကျတဲ့ တစ်ချက်ဆိုရင် ‘ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမယ်..’ ဆိုတဲ့ အချက်ပါနေတယ်…  သစ္စာစောင့်သိနေရင်းနဲ့ တိုက်ပွဲက မပြီးတော့ဘူး နောက်တစ်ခုက “သူရဘွဲ့တွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေ မပေးသင့်ဘူး… .. ဒါကို ဖျောက်ဖျက်ဖို့လိုတယ်…” လို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးပြောခဲ့သော စကားနှင့်ပါတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများတွင်လည်း
အငြင်းပွားနေကြပြီး မီဒီယာသမားများမှ တမင်ရေးလိုက်သလား၊ ၀န်ကြီးက တကယ်ပဲ
ပြောခဲ့သလားဟု ဝေခွဲမရဖြစ်နေသူများရှိနေသလို ၀န်ကြီးဦးအောင်မင်းသာ
အမှန်တကယ်ပြောခဲ့ခြင်းဖြစ်ပါက လုံးဝ လက်သင့်ခံနိုင်စရာအကြောင်းမရှိဟု
တပ်မတော်အရာရှိငယ်တစ်ဦးမှ ပြောဆိုသည်။

ခင်ဗျားပဲ စဉ်းစားကြည့်လေ။ ဒါက တပ်မတော်ကို ခုတုံးလုပ်ပြီးတော့ သူနာမည်ကြီးအောင် လူကြိုက်များအောင် ပြောတဲ့စကားပဲ၊ သူလဲ တပ်မတော်သားဘ၀က တက်လာတာ။
ဒီတပ်မတော်သားတွေကပဲ လုပ်ကျွေးလာခဲ့တာ၊ သူ့ကို တွန်းတင်ပေးလာခဲ့တာ။
ရှေ့တန်းမှာဖြစ်ဖ်ြစ သူလူကြီးဖြစ်တဲ့အခါပဲဖြစ်ဖြစ် နေပူမိုးရွာမရှောင် လုံခြုံရေးတာဝန်တွေကို
ယူပေးခဲ့ရတာ။ ဒါကနိုင်ငံနဲ့ချီပြီးမပြောသေးဘူး။ သူ့တစ်ယောက်ထဲအတွက်တင်
တပ်မတော်သားတွေ လုပ်ပေးခဲ့တာကို ပြောနေတာ။ ဒါတွေအားလုံးကို မေ့သွားပြီး
ကိုယ်ကျင်လည်ကျက်စားခဲ့ရတဲ့ ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ရဲဘော်ရဲဘက်စိတ်မရှိစွာနဲ့
ခုလိုမျိုးပြောခဲ့တာတော့ လုံးဝမကောင်းဘူး။ ဘ၀မမေ့သင့်ဘူး ဟု အထက်ပါအရာရှိမှ
ဆက်လက်ပြောဆိုသည်။

ဘယ်သူမဆို မေးကြည့်ပါ ကြိုက်တဲ့လူကို မေးကြည့်လို့ရပါတယ်။ သူရဘွဲ့နဲ့ အသက်နဲ့ လဲမလား… သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်နဲ့ ခြေထောက် ၂ ချောင်း လဲမလားလို့ မေးကြည့်ပါ။
ဘယ်သူမှ မလဲပါဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို ခြေတု လုံလုံလောက်လောက်မရှိ၊ သေဆုံးစစ်သည်
မိသားစုအတွက် ထောက်ပံ့မှု လုံလုံလောက်လောက်မရှိတဲ့ တပ်မတော်မှာ ဘယ်သူမှ ဘွဲ့တွေမမက်မောပါဘူး။

သူရဘွဲ့တွေ၊ သူရဲကောင်း မှတ်တမ်းဝင်တွေ ရနေတဲ့ စစ်သားတွေဟာ ဒီဘွဲ့တွေကို လိုချင်လွန်းလို့ အသေခံ၊ ဒဏ်ရာရခံပြီး စစ်တိုက်နေတာလို့ ဝန်ကြီးထင်နေပြီလား။ ဘွဲ့ရအောင် ရှေ့အတင်းတက် စစ်တိုက်ခဲ့ပြီး ဘွဲ့မရလို့ သတင်းပို့တိုင်ကြားတဲ့ မြန်မာ စစ်သားတစ်ဦး တစ်ယောက်ကိုများ ဝန်ကြီးရဲ့
စစ်မှုထမ်းသက်တမ်း အတွင်းမှာ တွေ့ခဲ့ဖူးပါသလား။ ပြန်စဉ်းစားကြည့် ပါအုံး။
စစ်ပွဲပြီးသွားမှသာ အထက်လူကြီးများက အသိအမှတ်ပြု ချီးမြှောက်တာပါ။
ဝန်ကြီး ကိုယ်တိုင်လည်း တောင်ပိုင်းတိုင်းစစ်ဌာနာချုပ် တိုင်းမှူးဘဝတုန်းက တပ်ရင်းမှူး
ဒုတိယဗိုလ်မှူးကြီး လှဆွေ (ယခု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ကို ချီးကျူးဂုဏ်ပြု (၂)
ခါပို့ခဲ့တာပဲ မဟုတ်လားဟု တပ်မတော်သားတစ်ဦးမှလည်း ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတစ်ခုတွင် ဝေဖန်ခဲ့သည်။

ဝန်ကြီးဦးအောင်မင်း ထိုကဲ့သို့ ပြောဆိုခဲ့သည်မှာ ယခုချိန်မှမဟုတ်ဘဲ လွန်ခဲ့သော ၂
နှစ်ခန့်ကလည်း အလားတူပြောဆိုခဲ့ဖူးသည်။ ငြိမ်းချမ်းရေးစင်တာတွင်
တာဝန်ရှိသူတစ်ယောက်အနေဖြင့် တပ်မတော်အပေါ် ဤမျှအထိ ပြောဆို
စော်ကားခဲ့ခြင်းမှာ လုံးဝမဖြစ်သင့်ဘဲ အထူးသဖြင့် ယခုကဲ့သို့
တိုင်းရင်းသားလက်နက်ကိုင်အရေး ဆွေးနွေးနေသည့်ကာလများတွင် ပိုမိုဆင်ခြင်သင့်သည်။

တကယ်တော့ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်
စစ်မဖြစ်ချင်ဆုံးသူက စစ်သားတွေပဲ၊ ရှေ့တန်းမှာ ခြေပြတ်လက်ပြတ်ဖြစ်တာတွေ၊ မြို့ပြ ပြည်ရွာ
ပျက်စီးတာတွေကို မမြင်ချင်ဆုံးသူတွေက စစ်သားတွေပဲဖြစ်မယ် ဆိုတာကတော့
တပ်မတော်သားတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးအသိဆုံးဖြစ်မှာပါ။ မသိတော့ဘူးဆိုရင်လည်း
ကိုယ့်နဖူးကိုယ် တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်လိုက်ပါတော့လို့သာ ပြောလိုက်ချင်တယ်
တကယ်...သတင်းကြားကြားချင်း သူလိုလူတစ်ယောက်က ဒီလိုမျိုးပြောတယ်ဆိုတာ
ယုံတောင်မယုံနိုင်ဘူးဟု တပ်မတော်တွင် အနှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သည့်
ညွန်ကြားရေးမှူးတစ်ဦးမှလည်း ရင်ဖွင့်ပြောဆိုခဲ့သည်။

လူဆိုတာ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူသင့်တယ်။ တာဝန်မယူနိုင်ဘဲ မပြောတာ
အကောင်းဆုံးပဲ။ အခုဦးအောင်မင်းပြောလိုက်တာဟာ တို့ တပ်မတော်တစ်ခုလုံးကို
စော်ကားလိုက်တာပဲ ၊ တပ်မတော်တစ်ခုလုံးကို စော်ကားလိုက်ရုံတင်မကဘူး ကျဆုံးလေပြီးတဲ့
တပ်မတော်သားအပေါင်းကိုလည်း စော်ကားလိုက်တာပဲလို့ ခံစားရတယ်၊
ဦးအောင်မင်းအနေနဲ့ သူပြောခဲ့တဲ့ စကားအပေါ်မှာ တာဝန်ယူဖြေရှင်းသင့်တယ်။

သူလည်း စစ်တပ်ကထွက်သွားတဲ့လူတစ်ယောက်ပဲ၊ တပ်မတော်ကျေးဇူးတွေအများကြီးပါ ၊
အခြားတစ်ဖက်မှာလည်း ဦးအောင်မင်းက သမ္မတရုံးဝန်ကြီးတစ်ဦးဖြစ်တဲ့အတွက်
သမ္မတကြီးအနေနဲ့လည်း သူ့လက်အောက်ကလူတွေ နောက်နောင်ဒီလိုမျိုး 
လက်လွတ်စပါယ်ပြောဆိုတာမျိုးတွေ မဖြစ်ရအောင် ၀င်ရောက်ထိန်းသိမ်းသင့်တယ်။ 
ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သမ္မတကြီးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့်လည်း သွယ်ဝိုက်သက်ဆိုင်နေတယ်၊ သမ္မတကြီး  သဘောထားကရော ဒီလိုပဲရှိလို့ ၀န်ကြီးက ဒီစကားပြောရတာလားဆိုတာကလည်း
စဉ်းစားစရာဟု တပ်မတော်အရာရှိကြီး တစ်ဦးမှ မှတ်ချက်ပြုခဲ့သည်။

အလားတူ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးမှလည်း ၄င်း၏
လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် စွမ်းရည် ဘွဲ့ ဆိုတာ ဘာလဲ
ရှေ့ တန်း စစ်မြေပြင်မှာ …ဒါမှမဟုတ် အခြေအနေတစ်ခုမှာ
ကိုယ့် အသက်ကို ပဓာန မထားဘဲ တိုင်းပြည် အတွက် တာဝန် နှင့် ဝတ္တရားအတွက်
မိမိ ရဲဘော် ရဲဘက်များ အတွက် လူသာမန်တို့  လုပ်နိုင်ခဲတဲ့  ရဲဝံ့ စွန့် စားမှုမျိုးကို
အံသြဘနန်း လုပ်ဆောင်သွားတဲ့ သူတွေကို ပေးအပ် ချီးမြှင့်တဲ့  ဘွဲ့ ထူးဂုဏ်ထူးတွေ ဖြစ်တယ်။

ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင်တော့ …စွမ်းရည်ဘွဲ့ တွေဟာ …
လူတစ်ဦးချင်းရဲ့  ရဲစွမ်းသတ္တိ နဲ့  ပြည့်စုံတဲ့  …စွမ်းဆောင်မှု လုပ်ရပ်တွေအပေါ် မူတည်ပြီး …
ဘွဲ့ တံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ် …ဘယ်မှာ မို့ လို့  …
ညာမှာ မို့ လို့ ဆိုတဲ့  ကိစ္စတွေ နဲ့  မဆိုင်ပါဘူး …

ဥပမာပြောရရင် …
ဒီနှစ် သီဟသူရဘွဲ့ ရရှိသွားတဲ့ ဆရာအောင်သိန်းဟာ …
ရန်သူ့ လက်ပစ်ဗုံး ပေါ်ကို …သူ့ ရင်ဘတ် နဲ့  ၀မ်းလျှားဝင်မှောက်ပြစ်လိုက်ပြီး …
ကျန်တဲ့ အရာရှိ စစ်သည် ...သူ့  ရဲဘော်ရဲဘက်တွေ မထိခိုက်စေဖို့ …
သူ့ အသက်ကို စွန့် သွားခဲ့ပါတယ် …

ကောင်းပါပြီ …..ဒီလက်ပစ်ဗုံးဟာ ကေအိုင်အေ ကပစ်တဲ့  လက်ပစ်ဗုံးမို့ လို့ 
ဆရာအောင်သိန်း ဒီလို လုပ်တာလား … ?ကေအန်ယူ က ပစ်ရင်ရော ဒီလို မလုပ်တော့ဘူးလား …?
ဘင်္ဂလားဒေ့ရှ် က ပစ်တဲ့  လက်ပစ်ဗုံး ဆိုရင်ရော ….? တရုတ် က ပစ်တာ ဆိုရင် ရော …?

ဆရာအောင်သိန်း ရဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့ က ပစ်တဲ့  လက်ပစ်ဗုံးမှ ၀င်မှောက်မယ် ….
ကျန်တဲ့ သူ ပစ်တာဆို သူ ဒီလိုမလုပ်ဘူးလို့  ဆုံးဖြတ်ထားပါ့မလား… ???

ဒါ ဦးနှောက်ရှိတဲ့ သူတိုင်း …စဉ်းစားတတ်တဲ့  ကိစ္စပါ ….

ပြည်တွင်းစစ် ပဲ ဖြစ်ဖြစ် …ပြည်ပ စစ်ပဲ ဖြစ်ဖြစ် …
စစ်သားတွေကတော့ ….သူ့ တာဝန်ကို သူ ကျေအောင် ထမ်းဆောင်မှာပါပဲ ….

ဒီလို တာဝန်ထမ်းဆောင်တဲ့  နေရာမှာ …အသက်ကို ပဓာန မထားပဲ ….
သူရသတ္တိအပြည့်  နဲ့ ရဲ ၀ံ့ စွန့် စားစွာ…တာဝန် ထမ်းဆောင်တဲ့ သူတွေကို လဲ
စွမ်းရည်ဘွဲ့ တွေ ချီးမြှင့်ပေးရမှာ ဓမ္မတာပါပဲ …

ဒါကို ပြည်တွင်းစစ်မို့ လို့  ....ပြည်ပစစ် မဟုတ်လို့  ....
စွမ်းရည်ဘွဲ့ မချီးမြှင့်သင့်ဘူးပြောတဲ့  သူဟာ ...ခေါင်းထဲမှာ ဦးနှောက် မရှိပဲ .....
ဘာရှိနေသလဲ ဆိုတာကို ....စဉ်းစားလို့ မရနိုင်အောင်ပဲ ဖြစ်ရပါတယ် ...

တည့် ပြောရရင် ...စစ်သား လုပ်ခဲ့ပြီး ...
အမေရိကန် ပြည်တွင်းစစ်ကာလမှာ ....ရဲစွမ်းသတ္တိ ဆုတံဆိပ်ပေါင်း ...
၁၅၂၂ ခု ချီးမြင့်ခဲ့တယ် ဆိုတာတောင် မသိတဲ့  ....စစ်သားဟောင်း ၀န်ကြီး အတွက် ....
စစ်သမိုင်းပြတိုက် နောက်ဖေးမှာ ...နောင်လာနောက်သားတွေ သိအောင် ...
အမှားသရုပ်ပြ ကျောက်ရုပ်ထုပြီး ဂုဏ်ပြုသင့်ပါတယ် ...။

တစ်လက်စတည်း ဆက်ပြောရရင် ....

တပ်မတော်သားတွေ နေ့ စဉ်ဆိုရတဲ့  ….
သစ္စာဓိဋ္ဌာန် လေးချက်ထဲက ဒုတိယအချက် ဟာ …
ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို …
စောင့်သိရိုသေပါမည် …
ဆိုတဲ့ အချက် ဖြစ်ပါတယ် …

ကောင်းပါပြီ ….
သစ္စာဆိုတာ ဘာလဲ ….
သစ္စာဆိုတာကို ...
အားလုံးနားလည်အောင် အဓိပ္ပာယ်ဖွင့်ရင် …
မှန်သော ၊ စောင့်ထိန်းအပ်သော တရား လို့  …
အဓိပ္ပာယ် ဖွင့်ရမယ် ထင်ပါတယ် ….

ငါတို့ သည် ….
ကျဆုံးလေပြီးသော တပ်မတော်သားတို့ ၏ သစ္စာကို ….
စောင့်သိရိုသေပါမည်ဆိုတဲ့  စကားဟာ တိုင်းပြည် နဲ့  တပ်မတော် အပေါ် ....
ထားရှိတဲ့ သစ္စာကို မဖောက်ဖျက်ဘဲ အသက်ကိုသာ အသေခံသွားကြတဲ့ ….
ခေတ်အဆက်ဆက်က တပ်မတော်သားတွေရဲ့  သစ္စာတရားကို ….
လေးစားပါမယ် ထောက်ထားပါမယ် ရိုသေပါမယ် သူတို့ နည်းတူ …
တိုင်းပြည် နဲ့  တပ်မတော် အပေါ် သစ္စာရှိပါမယ်လို့  ဆိုလိုတာ ဖြစ်ပါတယ် …

ဒီစကားဟာ ဘာ မှားပါသလဲ ….

စစ်သားဟာ ….တာဝန် နဲ့  ၀တ္တရားကို အမြဲ ဦးစားပေးရပါတယ် …
ပြည်တွင်းစစ်ပဲ ဖြစ်ဖြစ် …ပြည်ပစစ်ပဲ ဖြစ်ဖြစ် …ကေအိုင်အေ ပဲ ဖြစ်ဖြစ် ….
ဘင်္ဂလားဒေ့ရှ် ပဲ ဖြစ်ဖြစ် ….အမိန့် ပေးရင်တော့ သွားတိုက်ရမှာပါပဲ …

စစ်သားတွေဟာ …တိုင်းပြည် အပေါ် ….တပ်မတော် အပေါ် သစ္စာမရှိရဘူးလား…
အမိန့် နဲ့  တာဝန်ကို ဦးထိပ်ပန်ဆင်ပြီး ....အသက်ပေးသွားကြတဲ့  …..
ခေတ်အဆက်ဆက်က ....တပ်မတော်သားတွေရဲ့ သစ္စာတရားကို ….
မလေးစားရဘူးလား …မရိုသေရဘူးလား….

ဒါ ကချင်စစ်နဲ့  ဘာဆိုင်လဲ …ဒါ ပြည်တွင်းစစ် နဲ့  ဘာဆိုင်သလဲ ….

မဆိုင်တဲ့ အပေါက်ကို ဂလိုင်နဲ့  ခေါက်ရင်တော့ ….
ခင်ဗျား ဇာတ်ထဲမှာသာ …၀န်ကြီး သွားလုပ်ပါတော့ လို့  …
တပ်မတော်သား အားလုံးကိုယ်စား ပြောလိုက်ချင်ပါတာ့တယ်ဟု လူသိရှင်ကြားဝေဖန်ခဲ့သည်။

မည်သို့ပင်ဖြစ်စေ ယခုအချိန်မှာတော့ ၀န်ကြီးဦးအောင်မင်းပြောခဲ့သော စကားအပေါ်
တပ်မတော် အသိုင်းအ၀ိုင်းတစ်ခုလုံးမှ ပြင်းထန်စွာ အမျက်ထွက်လျက်ရှိပြီး ထိုစကားအား
ဝန်ကြီးဦးအောင်မင်းအနေဖြင့် အမှန်တကယ်ပြောခဲ့သလား၊ ပြောခဲ့သည်ဆိုလျှင်
ဝန်ကြီးအနေဖြင့်  ကျဆုံးလေပြီးသော တပ်မတော်သားအပေါင်းနှင့်တကွ
တပ်မတော်တစ်ရပ်လုံးအပေါ် ၄င်းစော်ကားခဲ့သော စကားနှင့်ပတ်သက်၍ မည်သို့မည်ပုံ
တောင်းပန် ဖြေရှင်းမည်၊ မဖြေရှင်းပဲ ရေငုံနှုတ်ပိတ်နေမည်လား ဆိုသည်ကတော့  အသေအချာ
စောင့်ကြည့်ရတော့မည်မှာ အမှန်ပင်ဖြစ်သည်။