Tuesday, November 21, 2017

အောင်မြေသာစံမြို့နယ်တွင် လူသတ်ပြီး ပစ္စည်းများ ယူဆောင်သွားသူအား ဖမ်းဆီးမိ


အောင်မြေသာစံမြို့နယ်တွင် လူသတ်ပြီး ပစ္စည်းများယူဆောင်သွားသူအား မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်တို့မှ ပူးပေါင်းဖမ်းဆီးရမိ
မန္တလေးမြို့မှာ နိုဝင်ဘာလ ၁၄ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ခန်း တစ်ခုအတွင်း အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး သွေးအိုင်ထဲလဲကျသေဆုံးနေတဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်လို့ ကျူးလွန်သူကို အမှတ်(၂) နယ်မြေရဲစခန်းက နိုဝင်ဘာလ ၂၁ ရက်နေ့  ဒီနေ့ နေ့လည်မှာ ဖမ်းဆီးမိကြောင်း သိရပါတယ်။

သေဆုံးသူရဲ့ ဆိုင်ကယ်ကို မောင်းနှင်နေတဲ့ လူငယ်တစ်ဦးကို ရဲ က ဒီနေ့နေ့လည်ပိုင်းမှာ တွေ့ရှိခဲ့ရာကနေစလို့ လိုက်လံဖမ်းဆီးရာကနေတဆင့် အခုလိုဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်မှာ ၁၄-၁၁-၂၀၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ အချိန် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မင်္ဂလာဥယျာဉ်ရပ်နေ ဒေါ်ဌေးဌေးညွှန့် သည် သားဖြစ်သူ စိုင်းလုံ ၃၇ နှစ်၊ ဥပုသ်တော်ရပ်ကွက်၊ ရွှေမန်းတောင်ဘောလုံးကွင်းတိုက်တန်း၊ အခန်းအမှတ်(E-2)တွင်တစ်ဦး တည်းနေထိုင်သူထမင်းလာ မစားသဖြင့် သွားရောက်ခဲ့ရာ နေအိမ်သံတခါးအတွင်းမှ သော့ခတ် ပိတ်ထားသည်ကို တွေ့ရှိ၍ အတွင်း လိုက်ကာအား ဆွဲလှန်ကြည့်ရှုရာ စိုင်းလုံအား နေအိမ်အတွင်းအိမ်သာရှေ့၌လဲကျေနေသည်ကိုတွေ့ရှိ၍ ပတ်ဝန်းကျင်အကူအညီဖြင့် တံခါးသော့အားရိုက်ဖျက်ဝင်ရောက်ခဲ့ပြီး စိုင်းလုံအားကြည့်ရှုရာ လည်ပင်း/နဖူး/ယာမျက်ခုံး ပြတ်ရှဒဏ်ရာ၊ ယာချိုစောင်းပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးနေကြောင်းနှင့် ၎င်းဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး ၁ ကုံးနှင့် လက်စွပ်တို့မှာပျောက်ဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အမှတ်-၂ နယ်မြေရဲစခန်း (ပ)၃၂၇/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ အရအမှုဖွင့်ပြီး တရားခံဖော်ထုတ် ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက အနီးကပ် ကြပ်မတ်ပြီး အမှုစုံစမ်စစ်ဆေးအရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်စေခဲ့သည်။

၂၁.၁၁.၂၀၁၇ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် အမှတ်(၂) နယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးညွန့်၊ မန္တလေးခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် အောင်ကိုဝင်းနှင့် အဖွဲ့သည် အမှုမှတရားခံ ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ အောင်မြေသာစံမြို့နယ်၊ ၈၀x၁၇ လမ်းထောင့်တွင် မသင်္ကာလူငယ်တစ်ဦးမှ သေဆုံးသူ၏ ၄၅ယ/xxxxx Adixin ဆိုင်ကယ်အား မောင်းနှင်သွားကြောင်း တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးရာ ၈၀x၁၈ လမ်းထောင့်တွင် မသင်္ကာတရားခံ စောကညောထူး(ခ) ကရင်လေး ၂၂ နှစ်၊ ၃၅ လမ်း၊ ၆၈x၆၉ လမ်းကြားနေသူ အားဖမ်းဆီးရမိခဲ့သည်။

 စောကညောထူး(ခ)ကရင်လေးအား စစ်မေးရာ ၄င်းသည် ၁၄.၁၁.၂၀၁၇ ရက်နေ့တွင် အခင်းဖြစ်နေအိမ်၌ သေဆုံးသူ စိုင်းလုံနှင့် အတူရောက်ရှိပြီး စကားများရန်ဖြစ်ကာ ပြစ်မှုကျူးလွန်ခဲ့ကြောင်းနှင့် ၎င်းယူဆောင်ခဲ့သည့် စိုင်းလုံ၏ ရွှေထည်ပစ္စည်းနှင့် လက်ကိုင်ဖုန်း တို့အား သက်သေများရှေ့အပ်ပေး သဖြင့်သိမ်းဆည်းပြီး တရားခံအား အမြန် တရားစွဲတင်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဆက်သွယ်ရန် myitsonmediagroup@gmail.com

Sunday, November 19, 2017

သမိုင်းအလွဲများကို ချေဖျက် ကြပါစို့၊ အတိတ်ကို ပညာယူပြီး တိုင်းပြည်အနာဂတ်လှဖို့ ကြိုးစားကြပါစို့)

၁၉၈၅ နိုဝင်ဘာလ ၃ ရက်နေ့ နံနံက် ၁၁း၁၅ မြန်မာ့အသံမှ အရေးပေါ်ကြေညာချက် ထွက်ပ်ါလာတယ်။ သတင်း ကြေ ညာသူက ဦးကျော်စိုးဦး၊ သတင်းကို ယူလာပေးသူက ပြန် ကြားရေးဝန်ကြီး၊ သတင်းက ချိတ်ပိတ်စာအိပ်၊ စာအိပ်ပေးသူက လမ်းစဉ်ပါတီ ဥက္ကဌကြီး သမ္မတကြီး ဦးနေဝင်း၊ ကြားဖြတ် အရေးပေါ် ကြေညာချက် ဖြစ်၍ တနိုင်ငံလုံး နားစွင့် နေကြ တယ်။ TV ကလည်း တိုက်ရိုက် ထုတ်လွှင့်နေတယ်။

သတင်းကြေညာဖို့ စာအိတ်ဖောက်လိုက်ပြီးချိန်မှာ သတင်း ကြေညာသူဟာ လက်တွေ တုန်နေတယ်။ အသံကလည်း တုန်ရီအက်ကွဲနေတယ်။

အားလုံးကြားလိုက်ရတာကတော့

"၁၀၀ ကျပ်တန် ငွေစက္ကူများကို တရားဝင်ငွေကြေးအဖြစ်မှ ယခုအချိန်မှ စတင်၍ ရပ်ဆိုင်းလိုက် ပါကြောင်း"

တနိုင်ငံလုံး ဟင်၊ ဟာ၊ ကျွတ်၊ တောက် အသံတွေ မိုးမွှန် လျှံထွက်လာတယ်။

တချို့တွေက ငို၊ တချို့တွေက အရူးတပိုင်းဖြစ်၊ တချို့တွေ နှလုံးရပ်ပြီး သေကြ။ အစိုးရ ငွေကြေး လက်ထဲမှာ ထားမိတဲ့ အရာရှိကြီးငယ်တွေလည်း ထိုင်မရ၊ ထမရ နဲ့ပေါ့။

ဒီလောက် ပြည်သူတွေ ထိခိုက် နစ်နာနိုင်မယ့် အရေးကို ဘာကြောင့် ဆောင်ရွက်လိုက်ရကြောင်းကိုတော့ သိသူ နည်းသလို သိအောင်လည်း မလုပ်ခဲ့ကြပါဘူး။ ဒီအချိန်အထိ ဒီအချက်ကို အညှိုးတကြီးထားပြီး တိုက်ခိုက်စရာ အာခီးလီး ဖနောင့်ကြော အဖြစ် မှတ်ယူနေကြဆဲ။

သိသူတွေသေလို့ ကြားသူတွေရှားလာချိန် ဖြစ်လာပြီ။ သမိုင်း အမှားတွေနဲ့ ကျုပ်တို့ လူငယ်တွေ ခရီးဆက်နေကြလို့ မရ တော့။ သမိုင်းအမှားတွေက အမြင်အမှားတွေ မွေးပေးနေပြီး အသိအမှားတွေနဲ့ ခရီးဆက်ကြရင် မြန်မာရာဇဝင် အရိုင်း တွေ ထပ်တိုးပေတော့မည်။ ဒါကြောင့် သိမီသူတွေ ရှာဖွေ မေးမြန်းရင်း ကွက်လပ်ဖြည့် အမှားကို ပြင်ဆင်လိုက်ပါသည်။

၁၉၈၅ ခုနှစ် မြန်မာ့စီးပွားရေးသည် ဆုတ်ယုတ်နေပြီ။ လက်ရှိတံခါးပိတ် စီးပွားရေးစနစ်နဲ့ သွားလို့ မရမှန်းသိခဲ့ပြီး စီးပွားရေးစနစ်ပြောင်းလဲရေး အတွက် စီစဉ်ဆောင်ရွက် ခဲ့ကြတယ်။

ဒီအချိန်မှာ မြန်မာတပ်မတော် အတွက် အသုံးစာရိတ်တွေကိုလည်း လျော့ချခဲ့ရတယ်။ ဒါပေမယ့် စစ်ဆင်ရေးကတော့ လျော့မသွားခဲ့ဘူး။ တပ်ရိက္ခာတောင် ပုံမှန် မထောက်နိုင်တဲ့ အခြေအနေအထိ ရင်ဆိုင်လာရပြီ။

ရန်သူ့နယ်မြေရောက် ရှေ့တန်းထွက် တပ်တွေမှာ မီးကျိုး မောင်းပျက်တွေနဲ့ ကျည်မပါတဲ့ ဘက်ကပ်ခွံတွေနဲ့၊ ဟန်သာရှိတော့တဲ့ အခြေအနေ။

ဒီအချိန်မှာ KNU ဟာ တန်ခိုးထွားနေချိန်၊ မြန်မာလည်ပတ် ငွေကြေးရဲ့ ၃၀% ကျော်ဟာ KNU လက်ထဲမှာ ရှိနေခဲ့တယ်။

ငွေမဲမကြေညာမီ လတ်တလောကာလတွင် KNU လက်ထဲမှာ သတ္ထုရိုင်းနှင့် ကျွန်းသစ်ရောင်းရငွေဟာ ကျပ်ငွေ ၇ ဘီလီယန် လောက် အထိ ရှိနေတယ်။ ဒီအထဲမှာ အမြင့်ဆုံးငွေစက္ကူ ၁၀၀ တန်က ၅ ဘီလီယံကျော်ပါဝင်နေတယ်။

ဒီငွေ တွေနဲ့ ထိုင်းစစ်တပ် ကနေတဆင့် အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူဖို့ လုပ်ဆောင်နေတာဟာ ငွေပေး ချေဖို့ အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်း ပြည်တွင်း ပြည်ပ ထောက်လှမ်းရေးသတင်းတွေ ရရှိနေပြီ။

ဒီလက်နက်တွေသာ KNU လက်ထဲ ရောက်သွားခဲ့ရင် မြန်မာ့သမိုင်း တမျိုးဖြစ်ဖြစ်သွားမှာ သေချာတယ်။

ဒီအချိန်မှာ သမ္မတကြီး ဦးနေဝင်းဟာ ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်တယ်။ အဂ္ဂဗျူဟာဖြစ်လို့ အသိပေးသင့်တယ် ထင်တဲ့သူ ဝန်ကြီး ၇ ပါးကို အိမ်တော်ကို ခေါ်ပြီး ရှင်းပြလိုက် တယ်။ အားလုံး သဘောတူတဲ့ အတွက် ပြန်ကြားရေး ဝန်ကြီးကို ခေါ်ပြီး စာအိပ်ကိုချိတ်ပိတ်၍ ဒီကြေ ညာချက်ကို အခု ချက်ချင်း ရေဒီယိုနဲ့ ရုပ်သံကနေ ကြေညာဖို့ ခိုင်း လိုက်ရခြင်း ဖြစ်တယ်။

ကြေညာချက် မပြီးမချင်း အိမ် တော်ရောက်နေတဲ့ ဝန်ကြီး တွေကို တံခါး ပိတ်ထားခဲ့တယ်။ ကြေညာချက် ကို မြင်ရကြားရချိန်မှာတော့ အားလုံး ကြေကွဲညှိုးငယ်နေခဲ့ကြရပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်အတွက် သမိုင်းမှာ နာမည်ဆိုးတွင်စေမည့် လုပ်ရပ်ကို ရင်နာနာနဲ့ သတ္တိရှိစွာ လုပ်ဆောင်ခဲ့မှုကို ကျေးဇူး မတင်ချင်ရင် နေကြပါ။

မစော်ကားကြဖို့တော့ တားပါရစေ။

—————

ရိုဟင်ဂျာအရေး ကုလ ဆုံးဖြတ်ချက် ဖိလစ်ပိုင်ဆန့်ကျင်


___________________________________

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေ ထွက်ပြေးသွားစေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ မထောက်ခံဘူးလို့ ဖိလစ်ပိုင်သမ္မတရုံးက စနေနေ့မှာ ကြေညာလိုက်ပါတယ်။

ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ရခိုင်မြောက်ပိုင်း အရေးကို မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်း နေတဲ့အပေါ် ဖိလစ်ပိုင်အစိုးရက အသိအမှတ်ပြုတယ်လို့ ဖိလစ်ပိုင်သမ္မတရုံး ပြောခွင့်ရ Harry Roque ကဆိုပါတယ်။

ရခိုင်ဒေသပြဿနာဟာ ရှုပ်ထွေးပြီး၊ ပြစ်တင်ဝေဖန်မှုတွေနဲ့ ပြစ်ပယ်မှုတွေ လုပ်ထားမယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ပိုဆိုးသွားစေလိမ့်မယ်လို့ ဖိလစ်ပိုင်အနေနဲ့ ယုံကြည်တာကြောင့် ကုလသမဂ္ဂမှာ ဖိလစ်ပိုင်က ကန့်ကွက်မဲပေးခဲ့တာဖြစ်ကြောင်း ကြေညာချက်ပါ အချက်ကို ပြောခွင့်ရ Roque ကပြောပါတယ်။

ရခိုင်ဒေသမှာ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အခြေအနေကို စိုးရိမ်မိကြောင်း၊ ရခိုင်ပြဿနာဟာ သမိုင်းနဲ့ချီပြီး အမြစ်တွယ်လာတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာ သူတို့အနေနဲ့ ကောင်းစွာ နားလည်ထားကြောင်း ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပြီး၊ မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်း နေပုံကို အသိအမှတ် ပြုတယ်လို့လည်း ဖေါ်ပြထားပါတယ်။

#VOA
#Myanmar Online News

ယနေ့ မန္တလေးမြင်ကွင်း ***************** လူပေါင်းမရေတွက်နိင် အောင်အရမ်းများပြားတဲ့ မန္တလေးပြည်သူများရဲ့ တပ်​မ​တော်​ ​ထောက်​ခံပွဲ 19-11-2017 နေလည် ၁နာရီ မန္တလေးမြို့ 

နေမကောင်း ဖြစ်သူများကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး မထိုးရန် ဆုံးဖြတ်


=================================
၁၉..၁၁..၁၇
-
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပြီး ကျောင်းသူသေဆုံးခဲ့ပြီး
နောက် နေထိုင်မကောင်း ဖြစ်နေတဲ့သူတွေကို ဆေးထိုးမပေး
တော့ဘူးလို့ စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောပါတယ်။
-
“အစကတော့ သိပ်နေမကောင်းရင်လည်း ထိုးပေးတယ်။ အခုတော့ နည်းနည်းနေမကောင်းရင်လည်း မထိုးပါနဲ့တော့ ဆိုပြီး မနေ့က ဆုံးဖြတ်လိုက်တယ်။ အဲဒီအတွက် ဆိုးကျိုးကတော့ တော်တော်များများ ကလေးတွေ လွတ်ကုန်မှာပေါ့။” လို့ ပြောပါတယ်။
-
ကာကွယ်ဆေးထိုးတဲ့နေရာ ရောင်တာ၊ နီရဲတာ၊ နာတာ၊ နည်းနည်း
ဖျားတာ၊ ပျို့အန်မူးဝေတာ စတဲ့ မပြင်းထန်တဲ့ လက္ခဏာတွေ နည်း
နည်းပါးပါးဖြစ်နိုင်ပြီး ၁ ရက်၊ ၂ ရက်လောက်အတွင်းမှာ အလို
အလျောက် ပျောက်ကင်းသွားလေ့ရှိတယ်လို့ တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းက အသိပေးထားပါတယ်။
-
ပြင်းထန်တဲ့ လက္ခဏာမျိုးကိုတော့ ဂျပန်ဦးနှောက်ရောင် ကာကွယ်
ဆေးထိုးနှံ ပြီးခဲ့တဲ့ လက်ရှိအချိန်ထိ ကလေး ၅ သန်းကျော်ထဲက ၃ ယောက်မှာ ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်း တောင်သာက ၁ ယောက်၊ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်က ၁ ယောက်နဲ့ ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်က ၁ ယောက်တို့ ဖြစ်ပါတယ်။ တောင်သာနဲ့ မြောက်ဒဂုံက ကလေးနှစ်ယောက်ကတော့ ကနဦး ပြုစုမှု ပေးပြီး မကြာခင်မှာပဲ ပကတိပြန်ကောင်းသွားခဲ့ပြီး ပင်လောင်းက ကျောင်းသူလေးကတော့ သေဆုံး သွားခဲ့တာပါ။
-
အဲဒီကျောင်းသူမှာ နမိုးနီးယားရောဂါအခံရှိတယ်လို့ သိထားရပြီး ဒါနဲ့ ပတ်သက်တာ ရှိ၊ မရှိကတော့ အတိအကျမပြောနိုင်သေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောပါတယ်။
-
“မိဘတွေကို ပြောချင်တာက ဒါဟာလည်း ကာကွယ်ဆေးတမျိုးပါပဲ။ အရင်က ကျမတို့ ကာကွယ်ဆေး ၁၀ မျိုးတောင် ထိုးခဲ့ပြီးပြီလေ။ ကာကွယ်ဆေး ထိုးဖူးပြီးသား မိဘတွေပဲ။ ဘာလို့များ စိတ်ပူနေတာလဲလို့ ပြောချင်ပါတယ်။ ဒီဆေးက အရင်ထိုးခဲ့တဲ့ ဆေးတွေထက် နောက်ဆက်တွဲဆိုးကျိုး နည်းပါတယ်” လို့လည်း သူက ဆက်ပြော ပါတယ်။
-
ဒါ့အပြင် ဆေးထိုးပြီး မူးမော်တာတွေ လျော့ဖို့အတွက် ကလေးတွေ ကာကွယ်ဆေးမထိုးခင်မှာ အစာ အရင်ကျွေးထားဖို့၊ ဆေးထိုးပြီး
ကလေးကိုတော့ ဂတ်စ်မပါတဲ့ အချိုရည် ဒါမှမဟုတ် ရေတိုက်နိုင်တဲ့ အကြောင်းနဲ့ ကျောင်းဆရာ၊ ဆရာမတွေအနေနဲ့ကတော့ ကလေး
တွေကို နေပူကျဲကျဲ အောက်မှာ အကြာကြီး တန်းစီစောင့်ဆိုင်းနေရ
တာမျိုး မဖြစ်အောင်လို့ ကူညီပေးစေလိုကြောင်း တိုးချဲ့ ကာကွယ်
ဆေးထိုး လုပ်ငန်းက မေတ္တာရပ်ခံထားပါတယ်။
-
အရင်က ဆေးထိုးပြီးရင် စုရပ်မှာ နာရီဝက်စောင့်ခိုင်းထားပေမယ့် အခုတော့ ၁ နာရီခွဲအထိ စောင့်ဆိုင်းဖို့ သတ်မှတ်ထားတယ်လို့လည်း ဒေါက်တာ ထားထားလင်းက ပြောပါတယ်။
-
ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ကလေးတွေမှာ အဖြစ်များပြီး အဲဒီထဲက ၃၀ ရာခိုင်နှုန်းလောက် သေဆုံးနေပါတယ်။
-
အသက်ရှင်ကျန်နေသူတွေမှာလည်း နာတာရှည် ကိုယ်လက် အင်္ဂါမသန်စွမ်းတာ၊ အပြုအမူပိုင်းဆိုင်ရာ၊ အသိဉာဏ်ပိုင်းဆိုင်
ရာချွတ်ယွင်းတာတွေ ဖြစ်တတ်လို့ သူက ပြောပါတယ်။
======
DVB TV

ဒလမြီု့နယ် သပြေကုန်းကျေးရွာတွင် သမီးရည်းစား ချိန်းတွေ့ရာမှ မိဘများတွေ့ရှိ၍မုဒိမ်းမှု့ဖြစ်ပွား

နေရဲဇင် ဒလ
MCRA /S.H

========================*=========
(၁၅ ၁၁ ၂၀၁၇)ရက်နေ့ ည(၉)နာရီခန့်အချိန်တွင် မိခင်ဖြစ်သူ ဒေါ်ရီရီချို (ခ)ချိုချိုသည် အလုပ်မှ နေအိမ်သို့ခင်မွုန်းဖြစ်သူ ကိုနေလင်းထိုက်နှင့်အတူပြန်လာရာ နေအိမ်တွင် သမီးဖြစ်သူ မနီလာမိုး (၁၂)နှစ်(၈)လ သတ္တတန်းတတ်ရောက်နေသည် ကျောင်းသူ ကျန်စစ်သားရပ်ကွက် ဒလမြီု့နယ်နေသူအားမတွေ့ရှိသဖြင့် အစ်မဖြစ်သူ မမေစန္ဒာ(ခ)ငြိမ်းငြိမ်း ဗိုလ်ဆွန်ပတ်လမ်း သပြေကုန်းကျေးရွာ ဒလမြီု့နယ် နေသူနှင့်အတူ သမီးဖြစ်သူအားလိုက်လံရှာဖွေရာ ဒလမြီု့နယ် သပြေကုန်းကျေးရွာ ဗိုလ်ဆွန်ပတ်လမ်းရှိ ကျေးဇူးတော်အခမဲ့ ခရစ်ယာန် စာသင်ဝိုင်းပြုလုပ်နေသည် နေအိမ်ရှေ့တွင် သမီးဖြစ်သူစက်ဘီးအားတွေ့ရှိရပြီး ငှင်းစက်ဘီးအနီး ငှင်စာသင်ဝိုင်းအိမ်ရှေ့လမ်းမပေါ်မှ မောင်နန်လျန်းကိမ်း ဗိုလ်ချုပ် (၁)လမ်း ဗညားဒလရပ်ကွက်နေသူမှ နေအိမ်အတွင်းသို့ ဆရာမရေဟု လှမ်းခေါ်အချက်ပေးသဖြင့် ကျွန်မတို့လဲငှင်းစာသင်ဝိုင်း နေအိမ်အတွင်းသို့ဝင်ရောက်ခဲ့ရာ သမီးဖြစ်သူ မနီလာမိုးမှာ နောက်ဖေးအိပ်ခန်းအတွင်းမှထွက်လာသည်ကိုတွေ့ရှိခဲ့ရပြီး အိမ်ခန်းအပေါက်ဝတွင် ငှင်းကျောင်းမှ ဆရာမဖြစ်သူ မအေးသက်ကျော် အေးမြသာယာရပ်ကွက် မြစ်ကြီးနားမြီု့နယ်နေသူအား တွေ့ရှိခဲ့ရသောကြောင့် သမီးဖြစ်သူအားမေးမြန်းရာ သမီးဖြစ်သူနှင့် လွန်ခဲ့သော(၄)လကျော်ခန့်က ချစ်ကြိုက်​ဘူးသူ ငှင်းစာသင်ဝိုင်းနေ ဂိတဆရာ မောင်ပေါင်ဇမုန် ချင်း/ခရစ်ယာန် တာဟန်ရပ်ကွက် ကလေးမြီု့နယ်နေသူနှင့်(၁)နာရီခန့်အကြာ သမီးရည်းစားချိန်းတွေ့ရာမှ သားမယားအဖြစ် (၁)ကြိမ်ကျူးလွန်ခဲ့ကြကြောင်းပြောပြသိရှိရသဖြင့် ကျွန်မ၏သမီးဖြစ်သူ မနီလာမိုးအား သားမယားအဖြစ် ပြုကျင့်သူ မောင်ပေါင်ဇမုန် အားအရေးယူပေးပါရန်နှင့် သားမယားအဖြစ်ပြုကျင့်ခံရစေရန်ဖြားယောင်းသွေးဆောင် ဝိုင်းဝန်ကူညီကျသူ မောင်နန်းလျန်းကိမ်းနှင့် မအေးသက်ကျော် တို့(၃)ဦးအား အရေးယူပေးပါရန်တိုင်ကြားသဖြင့် ဒလမြီု့နယ်ပျော်ဘွယ်ကြီးနယ်မြေရဲစခန်းမှ (ပ)၂၈၈/၂၀၁၇ ရာဇဘတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၁၁၄ ဖြင့်အမှု့ဖွင့်လှစ်ပေးပြီး အမှု့စစ်အရာရှိအဖြစ် စခန်းမှူး ရဲအုပ်ကျော်သူမှအမှု့အားစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းရှိရှိရပါသည်။

နေရဲဇင် ဒလ
MCRA /S.H
မင်ရဲ ကျော်စွာ

အငြိမ်းစား ဒုရဲမှူးကြီးကို ``ရဲပြုတ်``ဟု ခေါ်ဆိုသည် မြောင်းမြကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး တရားစွဲခံရ


=================================
၁၉..၁၁..၁၇
-
မြောင်းမြမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဒေါ်ခိုင်ဇင်ဦး
ပါ ၁ ဦးအား မြောင်းမြမြို့မရဲစခန်းတွင် ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့
ဦးကျော်ငြိမ်းက တရားလိုပြုပြီး နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်
မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေး ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ဖြင့် အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
-
"အခုအချိန်အထိ ကျွန်မကို ဆက်သွယ်တာမျိုးမရှိဘူး၊ကျွန်မလည်း မေးနေတုန်းပဲ  ကျွန်မလည်း မသိဘူး”ဟု ဒေါ်ခိုင်ဇင်ဦးက ပြောသည်။
-
မြောင်းမြမြို့နယ်၊မြို့မရဲစခန်းတွင် ရှေနေ့ဦးကျော်ငြိမ်းက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမည်မသိသူတစ်ဦးနှင့် မြောင်းမြမြို့နယ်တိုင်း
ဒေသကြီးကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးအား နိုင်ငံသားများ၏ ပုဂ္ဂိုလ်
ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ
ပုဒ်မ ၁၀ဖြင့် ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့ဦးကျော်ငြိမ်းက တရားလို
ပြုပြီး အမှုဖွင့်တိုင်တန်းထားခြင်း ဖြစ်သည်။
-
အမှုနှင့်ပတ်သက်ပြီး မြောင်းမြရဲစခန်း စခန်းမှူးက "ဒီနေ့ မှဖွင့်တာရှိသေးတယ်။ စစ်ဆေးဖို့ ခွင့်ပြုချက် တောင်း နေတုန်းပါ၊ အမှုက တည်ဆောက်ရဦးမှာပါ”ဟု ရဲစခန်းလုပ်ဆောင်ထားမှုအား ပြောသည်။
-
အမှုဖွင့်သည့် ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေနေ့ဦးကျော်ငြိမ်းက ၎င်းအား ရဲပြုတ်ဟု ခေါ်ဆိုခြင်းအပါအ၀င် အမှုဖွင့်ရခြင်းအား ပြောသည်။
-
"အမှုဖွင့်တာ ကျွန်တော်ကို အစည်းအဝေးတစ်ခုမှာ သူနဲ့ ကိုပြူးက ကျွန်တော့်ကို ရဲပြုတ်လို့ပြောတယ်။ ကချင်ပြည်နယ် ပြောင်းတုန်းက
လည်း အပြစ်နဲ့ပြောင်းတယ်လို့ပြောတယ်။ ဒေါ်ခိုင်ဇင်ဦးက အေး ငါလည်း ကြားတယ်လို့ ပြောတယ်ဗျာ၊ကျွန်တော်က သက်ပြည့်ပင်
စင်စားလေ၊ ကျွန်တော်ဘဝမှာ ရာထူးတိုးတာတွေ၊  နာမည်ကောင်း
လက်မှတ်တွေ အကုန်ရှိတယ်။  ပြုတ်လာတာ မဟုတ်ဘူး၊ အခု အလုပ်က ရှေနေ့ နာမည် တစ်လုံးနဲ့ လုပ်စားရတာလေ။ ဂုဏ်သိက္ခာထိလို့ ဖွင့်လိုက်တာ”ဟု ဦးကျော်ငြိမ်းက ပြောသည်။
-
ထို့ကြောင့် နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂလိက
ဆိုင်ရာ ကာကွယ်ရေးဥပဒေပုဒမ ၁၀ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။
-
"လွှတ်တော်ကို အကြောင်းကြားလာရင် တိုင်းဒေသကြီးလွှတ်တော် ရဲ့ လုပ်ထုံးလုပ်နည်း၊နည်းဥပဒေတွေနဲ့ အညီလုပ်ဆောင်သွားမယ်။ အခုက အကြောင်းကြားတာ မရှိသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။
-
နိုင်ငံသားများ၏ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂလိက ဆိုင်ရာကာကွယ်ရေးဥပဒေပုဒ်မ ၈(စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂလိကဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်
စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦးဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြား
မှုကို ပုတ်ခတ်စော်ကားခြင်း သို့မဟုတ် ထိခိုက်နစ်နာစေရန် တစ်နည်း
နည်းဖြင့် ဆောင်ရွက်ခြင်းမပြုရ ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
-
ဖောက်ဖျက်ကျုးလွန်ကြောင်းပြစ်မှု ထင်ရှားလျှင် အနည်းဆုံး
ထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမည့်
အပြင် အနည်းဆုံး ငွေဒဏ် ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
=======
မဇ္ဈိမ

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ပြဿနာရှိသောနေရာများကို ဝန်ကြီးချုပ်ရုံးက တိုက်ရိုက်ကြီးကြပ်ကွပ်ကဲဆောင်ရွက်မည်


-------  မင်းသီဟန်  ---------
ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ပြဿနာရှိသောနေရာများကို ဝန်ကြီးချုပ်ရုံးက တိုက်ရိုက်ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက သတင်းမီဒီယာများသို့ ပြောသည်။

ဟိုတယ် နှင့် တည်းခိုခန်းများတွင် စီစီတီဗွီတပ်ရန်နှင့် သမီးရည်းစား စုံတွဲများကို ခေတ္တတည်းခိုခွင့် မပြုရန် ညွှန်ကြားထား


==================================
၁၉..၁၁..၁၇
-
မော်လမြိုင်မြို့ရှိ ဟိုတယ်များတွင် စီစီတီဗွီများတပ်ဆင်ရန်နှင့် မလိုလားအပ်သော ပြသနာများမဖြစ်ပေါ်စေရန်အတွက် သမီး
ရည်းစားစုံတွဲများအပြင် ခရီးသွားဧည့်သည်များကို ခေတ္တတည်းခိုခွင့်
မပြုရန် မော်လမြိုင်မြို့က ငွေမိုး ဟိုတယ်အပါအ၀င် ဟိုတယ်
လုပ်ငန်းရှင် (၄၀) ကျော်ကို ညွှန်ကြားထားကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
-
ဟိုတယ်တွင် အချိန်ပိုင်းလာရောက်တည်းခိုသူများထံမှ အထောက်
အထားများ (သို့မဟုတ်) နိုင်ငံသား စိစစ်ရေးကဒ်ပြားကို သေချာစွာ
စိစစ်ပေးရန်နှင့် သမီးရည်းစားစုံတွဲများအတွက် မလိုလားအပ်သော ပြသနာများ မဖြစ်ပေါ်စေရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ
စေသော ဆေးဝါးများ ရောင်းဝယ်ခြင်းများ တားဆီးနိုင်ရေးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။
-
၎င်းက “ခဏတာတည်းခိုခွင့်မပြုဘူး။ လာရင်လည်း မှတ်ပုံတင်ပါမှ လက်ခံရမယ်။ လူငယ်စုံတွဲ လမ်းမှားပေါ်မရောက်ဖို့၊အရွယ်မတိုင်ခင်မှာ မလိုလားအပ်တဲ့ ရောဂါဆိုးတွေ၊ ကိုယ်ဝန်တွေလည်း ရနိုင်တယ်။” ဟု ပြောကြားသည်။ ဟိုတယ်အခန်းများတွင် စီစီတီဗွီတပ်ဆင်ရန်ညွှန်ကြား
ထားသည်ဟု ကောလဟာလ များထွက်ပေါ်နေပြီး ဟိုတယ်
ပတ်ဝန်းကျင်ကိုသာ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဦးက ဆက်ပြောသည်။
-
“သူတို့(ဟိုတယ်နှင့် တည်ခိုခန်းလုပ်ငန်းရှင်များ) ဘက်ကတော့ အချိန်ပိုင်းတည်းခိုမှုကို အားလုံး လက်မခံဘူးဆိုရင် သူတို့လည်း လက်မခံဘူးပေါ့။တစ်ယောက်က လက်ခံပြီး တခြားလူက လက်မခံဘူး ဆိုရင်တော့ စီးပွားရေးအဆင်မပြေနိုင်ဘူးလို့ပြောတယ်။” ဟု ၄င်းကပြောသည်။
-
လုပ်ငန်းရှင်များကို သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးထားပြီး
ဖြစ်သည့်အတွက် လိုက်နာခြင်း မရှိပါက ဥပဒေအရ အရေးယူသွားရန် စီစဉ်ထားကြောင်းသိရသည်။
-
မွန်ပြည်နယ်တွင် ၂၀၁၇ခုနှစ် စာရင်းများအရ ဟိုတည်နှင့်တည်းခိုးခန်း ၄၉လုံးအထိရှိလာပြီး အခန်း ပေါင်း (၁၆၈၈)ခန်းရှိလာသည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
===========
Than Lwin Times

မြန်မာ့ အကြီးဆုံး ကျောက်စိမ်းတုံး အရောင်မတင်နိုင် သောကြောင့် လေလံမတင်နိုင် သေးဟုဆို


================================
၁၉..၁၁..၁၇
-
ဖားကန့်ရတနာနယ်မြေမှ တူးဖော် ရရှိသည့် အလေးချိန် တန် ၃၀၀ ကျော်ရှိ သော ကျောက်စိမ်းတုံးကို ခွဲခြမ်းစိတ်ဖြာထားသော်လည်း အရောင်မတင်နိုင်သေး၍ လာမည့်နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် လေလံမတင်နိုင်သေးကြောင်း ကျောက်စိမ်းလုပ်ငန်း
ကော်မတီ အတွင်းရေးမှူးဦးမင်းသူက ပြောကြား သည်။
-
ကျောက်လှပစေရန် အရောင်တင် ခြင်း၊ ဖြတ်ထားသည့်ကျောက်စိမ်းတွဲ များကို အတွဲတွဲခြင်းမပြုလုပ်ရသေး၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ လာမည့်ဒီဇင်ဘာလတွင် ကျင်းပ မည့် ကျောက်
မျက်ရတနာပြပွဲတွင် လေလံတင်နိုင်မည်မဟုတ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်း ဒုတိယ အထွေထွေမန်နေဂျာလည်း ဖြစ်သူ ၎င်းက ဆိုသည်။
-
မြန်မာ့အကြီးဆုံးကျောက်စိမ်းတုံး ကို ပိုင်းဖြတ်ရာတွင် ၂၈ ပိုင်းနှင့် အပိုင်း အစသေး ၁၈၃ စ ရရှိပြီး အလေးချိန် ၃၀၈ ဒသမ ၃၉၈ တန်ရှိကာ ယင်းကျောက်စိမ်းတုံးများကို ကျောက်မျက်ပြပွဲတွင် ပြသ သွားမည်ဖြစ်သည်။
-
အဆိုပါ ကျောက်စိမ်းတုံးကို အစိုးရနှင့် ရတနာတောင်တန်းကုမ္ပဏီက အကျိုးတူပိုင်ဆိုင်ခြင်းဖြစ်ပြီး လုပ်ထုံးလုပ်နည်းအရ လေလံပွဲတင်ရမည် ဖြစ်သော်လည်း ကျောက်စိမ်းတွဲခြင်း၊ အရောင်တင်ခြင်း တို့ပြီးမှသာ လေလံပွဲတင်နိုင်မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်းအတွင်းဝန် (သတ္တု
ကဏ္ဍ) ဒေါက်တာသိန်းစိုးက ဆိုသည်။
-
"ပြမယ့် ပြပွဲအတွက် အဲဒီကျောက်စိမ်းအတွဲတွေ တက်မလာသေးဘူး။ ပွဲက လည်း နည်းနည်းလိုသေးတယ်" ဟု ၎င်းကဆိုသည်။
-
ရတနာပြပွဲတွင်ရောင်းချမည့် ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲ
များကို နိုဝင်ဘာ ၁ ရက်မှ ၂၄ ရက်နေ့အထိ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက သတင်းထုတ်ပြန် ထားသည်။
=======
The Voice